ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 11, 2015

("ယေရှုခရစ်၏ဆွေစဉ်မျိုးဆက်စာရင်း")

 မြန်မာပြည်ခရစ်ယန်အားလုံးနီးပါးက ခရစ်စမတ်ကျရင်ပျော်မယ်၊ နှစ်သစ်ကျတော.နောင်တဖြင်. ဆက်ကပ်၊ပြီးရင် ကားတိုင်တင်မယ်၊ထမြောက်ပြီးရင်၊ ပင်တီကုတေ sermon ကြားပြီး 
အဲဒီ သံသရာလည်စက်ဝိုင်းမှာပဲ ပတ်ချာလည်ပြီး ကားတိုင်ဒီဘက်ကို ရောက်မလာနိုင်တာကို ဆင်ခြင် မိတယ်။နေ.တိုင်း ခရစ်တော်မွေးပြီး နေ.တိုင်း ငါ..ငါ…ငါ… ဆိုတာသေရမှာဖြစ်တယ်။ 
တရားဟောချက်လဲ မိုက်ခရိုဝေ.ဖ်ထဲနွေးပြီး ပြန်ကျွေးလေ.ရှိတယ်။ ခရစ်တော်မွေးမယ် ဆိုတာကို သိပေမဲ. ဘုရားဖွင်.ပြချက်မကြားတဲ. မာလခိမှရှင်မာသဲစပ်ကြား ယုံကြည်သူတွေလို ဖြစ်နေပြီ လားလို. အောက်မေ .ပြီး ထိုအချိန်မှာမှခရစ်တော်မွေးဖွါးခဲ.သလို ဒု-အကြိမ်ကြွ လာဖို. တကယ် နီးပြီပဲဆိုတာကို ပိုမိုနားလည်ရတယ်။ လူတချို. ကိုယ်.အမျိုး ကိုမေးရင် ဆိုက်ကားဆရာဆိုရင်တော. လုံးဝ မပြောချင်ဘူး။

 ဟိုးးးးးးအဝေးကြီး ဗိုလ်မှူး၊ဒေါက်တာ ဟာ ငါ.အမျိုးသမီးရဲ. 
သူငယ်ချင်း စသဖြင်. ဘာမှမဆိုင်တာကို ကြွားဖြစ်အောင် ဝါကြွား တတ်ကြတယ်။ယေရှု ရဲ. အမျိုးစာရင်းထဲမှာ ဂျူး လူမျိုးတွေ ရွံမုန်းပြီး ပြည်.တန်ဆာဟု လူတိုင်း သိတဲ. တာမာ၊ရာခတ်၊ဗါရှဲဘတ်နဲ ဂျူးတွေရန်သူMob လူမျိုးမှဆင်းသက်သူ Ruth လဲပါတယ်။ 
ဂျူး သမိုင်းမှာ မိန်းခလေးဆိုတာ ဘယ်တော.မှစာရင်းရေတွက်လေ.မရှိဘူး။ 

ဘာ. ကြောင်. နာမယ်ကြီး စာရာ၊ရေဗက်ခါ၊နောမိ၊ရာခေလတို.ကို ထည်.ရင်တောင် တော်သေးတယ်။ ယောကျာင်္း တွေကြည်. .ပြန်တော. မိန်းမကို ငါ.မိန်းမပါလို.မပြောရဲတဲ. အာဗရာဟမ်၊ အိရှက် အပြင် လိမ်လည် လှည်.ဖျား သူယာဂုတ် လဲတွေ.ရတယ်။ အိသရေလဘုရင်မှာ အသက်ငယ်ဆုံး ၁၂နှစ်ဖြင်. ၄၅နှစ်လုံးလုံး ဘုရင်ဖြစ်ပြီး အဆိုးဆုံးသတ်မှတ်ခံသူ မနာရှေ လဲပါပြန်တာကို တွေ.ရတယ်။Why?
 ဆိုတာ တွေးဘူးရဲ.လား။ရှင်မာသဲ (၁း၁-၁၇)သည် ထိုအချိန်တုန်းက အကြီးကဲများဖြစ်သော ဆာဒူကဲ၊ ဖါ၇ိရှဲများ၏ မိမိ လုပ်ဆောင်ခြင်းဖြင်. သန်.ရှင်းဖြောင်.မတ်ပြီး သူတပါးကို တရား စီရင် တတ်သော ငါ..ငါ...ဆိုသည်. အတွေး အခေါ်ဟောင်းကို တော်လှန် သည်.အနေဖြင်. ယေရှု ၏ ဆွေစဉ် မျိုး ဆက် သည် သန်.ရှင်းစုံလင်သော 
Clean Family Roots မှ မဟုတ်ကြောင်း၊ အပြစ် 
သားများ၏အဆွေနှင်. အပြစ်သားများကို ရှာရန်
 မွေးဖွါးလာခြင်းဖြစ် ကြောင်း
သိမှတ်စေရန် ရေးခြင်း ဖြစ် သည်။

ထို.ကြောင်. မိမိ၏မစုံလင် မပြည်.စုံခြင်း အတိတ်က
 ဖြစ်သမျှ အလုံး စုံသည် ယေရှု နှင်. တွေ.သည်.နေ.မှာ အဆုံးသတ်ပြီဖြစ်ကြောင်း၊ထိုအချိန်မှစပြီး သင်သည် 
လူသစ်(၂ကော ၁၅း၁၇) ဖြစ်ပြီဖြစ်ကြောင်း သင်ခန်းစာယူဖို.
 ဝေမျှ လိုက် ပါသည်။

အခန်းလွတ် ရှိသေးလားးး?

ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စမတ် ပြဇာတ်မှာ ပထမဆုံးပါဝင်သရုပ်ဆောင်တဲ.နေရာ သည် "အခန်းလွတ်မရှိတော.ပါ" ဆိုသည်.နေရာဖြစ်သည်အတွက် ဘာမှ ပြင်ဆင်စရာမရှိပါ။ တခုပြီးတခုပြီးလို. မာရိနှင်.သောသပ် ခဗျာ ဟော်တည်ခန်းမှ ပြန်ထွက်သွားသည်ကို စိတ်မကောင်းခြင်းများစွာဖြင်. ကြည်.ရုံကလွဲပြီး ထိုအချိန်က ဘာမှမခံစားချက်မရှိပဲ ပါဝင်လိုက်ခဲ.ရသည်ကို ပြန်လည်တွေးမိသည်။ ၂၀၁၄ ခရစ်စမတ်ရောက်ဖို. ရက်ပိုင်းပဲလိုတော.ပေမဲ. ယနေ.ခရစ်ယန်တွေ အေးတိ အေးစက်နေနိုင်လွန်းကြသည်ကို အားမလိုအားမရဖြစ်မိသည်။ မယုံကြည်သူတွေပင် ပို၍တက်ကြွပြီး သူတို.အရောင်းသွက်ဖို.Promotion တွေပေး၊ကြော်ငြာတွေပို.၊စာတိုက်မှာ အလုပ်အရှုပ်ဆုံးလဖြစ်သည်။ ကိုယ်.မြန်မာခရစ်ယန်တွေကတော. နှစ်တိုင်း အစား၊သောက်ကောင်းပြင်ဆင် မှုကလွဲရင် ဘာတိုးတက်မှု မှ လုံးဝမရှိ။ တချို.ကတော. ခရစ်စမတ်အမှီ အဝတ်လှလှ၊ဆံပင်ပုံစံသစ်၊ အိမ်သစ်၊ကားသစ်တွေနဲ.ကြိုဆို ပြင်ဆင်ကြလိမ်.မယ်။ ဥရောပကတော. ဒီဇင်ဘာလသည် အငြိမ်းချမ်းဆုံးနေလိုသော ဓလေ.ရှိသော်လည်း မနေ.က ခရူးဆိတ်စစ်ပွဲကို ဆွပေးသော ဘာသာရေး စစ်ပွဲအသွင်ဆောင်သော ခရစ်တော်မွေးဖွါးခြင်းကို ဂျာမဏီနိုင်ငံတွင် အိုးမဲသုတ်မည်. သိုးမည်းတွေရဲ. ချီတက်မှု လူသောင်းချီပြီးပြု လုပ်ခဲ.ကြတယ်။ ပါကိစ္စတန်မှာလည်းမနေ.က အပြစ်မရှိသော ကျောင်းသူ၊သား ၁၄၀ကျော် တာလီဘန်ချက်ဖြင်. အသက်ဆုံးခဲ.ရှာပြီ။ငြိမ်းချမ်းရေးကို ဆန်.ကျင်သော သားရဲ၏ ဖက်တော်သားတွေဖြစ်တယ်။ တနေ.ကလည်း Austalia စားသောက်ဆိုင် တိုက်ခိုက်မှု ကြောင်. ခရစ်စမတ်မျော်လင်.သူတွေ ဘဝဆုံးခဲ.ပြီ။ မိသားစုမှာတွင်ပင်လျှင် ချစ်ခြင်းမရှိတော.သောခေတ်ဖြစ်သည်.နည်းတူ B.William ၃၃နှစ်ဟာ မိန်းမနှင်.သမီး၂ဦးကို သေနတ်ဖြင်. ပစ်သတ်ခြင်းထက်မိုက်သူ ဘယ်သူရှိတော.မည်နည်း။ ချစ်သော ညီအစ်ကိုများအားလုံး...မိမိ၏ စိတ်နှလုံးကို သေချာ စစ်ဆေးပါက အထက်ပါ တခုမဟုတ်တခုမှာ ပါကြမှာပါ။မြောက်များစွာသော လူတွေက ဘာအလုပ်လုပ်မယ်ဆိုတဲ. လောကအရာက မိမိစိတ်နှလုံးအပြည်. နေရာယူ ထားတယ်။ တချို.က မာန်မာနထောင်လွှားခြင်းနှင်. ဇာတိသွေးသက်သေ ငါ.တို.လူမျိုး၊ငါတို.ဂိုဏ်း၊ငါတို.ဓလေ.၊ငါတို.ယဉ်ကျေးမှု က အခန်းပြည်.နေရာယူထားတယ်။ အိမ်ထောင်မိသားစုနှင်.အဖွဲ.စည်းတိုင်းမှာ တယောက်နဲ.တယောက် အပြန်လှန် လေးစားမှုမရှိ၊သားသမီးက မိဘ မရိုသေသလို အသက်ငယ်သောသူက ကိုယ်.ထက်လူကြီးလဲ ကြိုက်သလိုဝေဖန်ပြောဆိုပြီး (Respect each-other) လုံးဝမရှိသော လူနေမှု ပုံစံက လွမ်းမိုးပြီး ငါသိဆုံး၊ငါအတတ်ဆုံးဆိုပြီး တကယ်တမ်း သူဘာမှမသိတာကို သူ.ကိုသူမသိတော.လောက်အောင် စိတ်တွေဖေါက်ပြန် နေကြပြီ။ ခရစ်မတ်ကို နှစ်တိုင်းကျင်းပနေပေမဲ. အချင်းချင်း ချစ်ခြင်း လုံးဝ(လုံးဝ) မရှိ။ခွဲခြားမှု၊၊မုန်းတီးမှု နဲ. နှလုံးသားပိုင်ရှင်များအတွက် ခရစ်စမတ် ကျင်းပခြင်းသည်..."အခန်းလွတ်မရှိပါ" ကယ်တင်ရှင်ကို မောင်းနှင်သော သူများသာဖြစ်ကြောင်း။ ခရစ်တော်(ဘုရား၏သား) ကိုယ်တိုင် ကောင်းကင်ဘုံကို ထားခဲ.ပြီးအသက်စွန်.ခဲ.တယ်။ သိုးထိန်းတွေ သူတို.အသက်မွေးဝမ်းကျောင်းပြုသော သိုး ကိုထားခဲ.တယ်။ မာကု ပညာရှင်များ မူလ လမ်းဟောင်းကို ထားခဲ.ပြီး လမ်းသစ်လိုက်ခဲ.သလိုပဲ မိမိ၌ ဘုရားမကြိုက်မနှစ်သက်သောအရာ အားလုံး ဆုတောင်း ခြင်းဖြင်. ဖယ်ရှားကာ သန်.ရှင်းသောဝိညဉ်တော် မစခြင်းဖြင်. ခရစ်တော်အတွက် နေရာပေးနိုင်သူ များဖြစ်ကြပါစေ။

November 4, 2015

(1) Elohim ဖန်ဆင်းတော်မူသောဘုရား

El= Semitic word ဆီမိုက်ဂျူး အနွယ်ဝင်များ အသုံးပြုသည်
. ခွန်အားကြီး သောနတ် ဘုရား (Deity God) ဟု (Linguists) ဘာသာရပ်ဗေဒ ပညာ ရှင်များ သဘောတူ လက်ခံသည်။ 
Gen-14:18တွင် စတွေ.ရသည်။ အိသရေလ လူမျိုးများ 
ခါနန်ပြည်ရောက် သည်.အခါ သူတို. ကိုးကွယ်သည်. ဘုရားကို
 Elohim ဟု ခေါ်ဝေါ် သမုတ်ကြသည်။ 

EL ကို လူမျိုး၊ အမည် နမ်စားအဖြစ် (Isra-el, Smu-eL,
 EL-ijah, Jo-eL, Dani-el, Beth-eL) အသုံးပြုကြသည်။ 
EL-ah သည် အရေဗျာစကား(Aramic) =ဘုရား (God)ဟုသိရသည်။ 
EL အသုံးနှုံန်းအား မုလဟေဗြဲကျမ်းတွင် (238 )ကြိမ် နှင်. ELohim အသုံးနှံန်ူး ကို ( 2602)ကြိမ်ဖေါ်ပြ ထားသည်ဟု သိရသည်။ 

ELohim သည် တခုကိန်း မဟုတ်၊ (Plural)ဖြစ်သောကြောင်.
သုံးပါးတဆူ ဖြစ်ကြောင်း နားလည် ရသည်။ (Gen:1:26-27) 
 ELohim ကို ကမ္ဘာဦး ကျမ်း ၁း၁ တွင် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းတော်မူ၏” ဟု စတင် မိတ်ဆက် ပါသည်။ ထို.ကြောင်. အစအဦး (the beginning)ကို ဖန်ဆင်းသူသည် ဘယ်သူနည်း ဟု အငြင်းပွါး စရာမလိုတော.ပေ၊။(ယော၊၁း၁-၁၄) 

ထို.ကြောင်. သခင်ယေရှုသည် ကမ္ဘာမရှိမှီ ကတည်းက 
ရှိပြီးသော ဘုရားဖြစ်ပြီး၊ လွန်ခဲ.သော နှစ်၂၀၀၀ မှာ လူ.ဇာတိခံပြီး မွေးလာခြင်းဖြစ်သည်။ ကျမ်းစာအရ လက်ရှိကမ္ဘာ.သက်တမ်း ၆၀၀၀ ရှိသည်ဟု ပြောသော် လည်း တချို. (Gap သီအိုရီ)က ဖန်ဆင်းခြင်း ၆ ရက်ကိုသာ လက်ခံပြီး၊ ကမ္ဘာ.သက်တမ်း သည် သန်းပေါင်းများစွာရှိပြီဟု ကျမ်းစာကို တဝက် တပျက်(ကမ္ဘာဦးကျမ်း၊၁း၁)ကိုသာလက်ခံပြီး (၁း၂)ကို လက်မခံကြပေမဲ. သက်သေကိုတော. ယနေ. ထိမပြနိုင်ကြပါ။ 

သူတို.က(တစ်)ကိုရေးပြီး တစ်နောက်မှာ
သုည ကြိုက်သလောက်ထည်.ပြီး လူတွေဥဏ်မမှီအောင် လျှောက်ပြောနေကြခြင်းဖြစ်သည်၊(Ameba/bigbang 
မှစဖြစ်သည်ဟု) ဘယ်အရာမဆို၊ဖန်ဆင်းသူမရှိပဲ၊အလိုလိုဖြစ်လာသော
အရာလုံးဝမရှိပါ။ ဟေဗြဲ၊၁၁း၃၊ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှား သော အရာထဲကမဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏အမိန့် တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ဘုရားသခင်သည် အရာခပ်သိမ်းနှင်. အချိန်ကိုဖန်ဆင်းသော ဘုရားဖြစ်သည်။ ဘုရားသခင်သည်......လူသားများအတွက် အချိန်(အတိတ်၊ပစ္စုပန်၊အနာဂတ်)ကိုဖန်ဆင်းခြင်းဖြစ်သည်။ မနေ၊ယနေ.၊မနက်ဖြန်ဆိုသည်.အချိန်သည် ကိုယ်.ပြသနာဖြစ်သည်။ ဘုရားအတွက်အချိန်မရှိသောကြောင်. အချိန်သည် ဘုရားပြသနာမဟုတ်။ ဘုရားအတွက် (အတိတ်၊ပစ္စုပန်၊အနာဂတ်)လည်း ပြသနာလုံးဝမရှိပါ။ ဘုရားသည် eternal အစဉ်ထာဝရ ဖြစ်သောကြောင်. ဘုရားအတွက် အရာအားလုံးသည် Right now ယ္ခု ဖြစ်နေသည်။ ဘုရားသည် တချိန်တည်းတွင် နေရာတိုင်း၌ ရှိနေနိုင်သည်။ ထို.ကြောင်. အရာခပ်သိမ်းကို ဖန်ရှင်းသောဘုရား Elohim ဖြစ်ကြောင်း။ ဖတ်ရှုသူတိုင်း သမ္မာတရားအသိ၊သုတစုံလင်ခြင်းကောင်းကြီးရှိ၍ယုံကြည်ခြင်း တိုးပွါးနိုင်ကြပါစေ။

(၂)El-Shaddai( အနန္တတန်ခိုးရှင်အနန္တတန်ခိုးရှင် )

အနန္တတန်ခိုးရှင်အနန္တတန်ခိုးရှင် ဆိုတဲ. ဘုရားအမည်နာမ အကြောင်းဖြစ်တယ်။ El-Shaddai အမည် နာမအား
ကမ္ဘာဦး (၁၇း၁)တွင် ပထမဆုံး စတင်တွေ.ရသည်။
Abramထံ၌ (၆)ကြိမ် သူ.ကိုသူ ငါသည် El-Shaddai
 ဖြစ်ကြောင်းဖေါ်ပြကာ သူ.နာမည်လည်း
 Abraham ဟုပြောင်းလဲပေးသည်။

သမ္မာဟောင်းတွင်၄၈ကြိမ်တွေ.ရသည်။ (EL)=God
(Shaddai)=THE ALL MIGHTY ONE Gen:17တွင်
Abrahamသည် အသက် ၉၉နှစ် ရှိပြီး၊သူ.အမျိုး သမီး
ဆာရာအသက် ကြီးပြီ ဖြစ်သောကြောင်. သူတို.ဘက်မှ
.မျော်လင်.ချက် တခုမှမရှိ၊မည်သည်.ကုန်ကြမ်းမှမရှိ၊မျော်လင်. စရာမရှိတော.သော်လည်း ဘုရားသခင်သည် ကမ္ဘာဦး (၁၂)
တွင်ပေးသော ပဋ္ဋိညာဉ်ကို ပြည်.စုံ စေမည်. အကြောင်း၊
ငါသည် မရှိသော အရာကို ရှိအောင်လုပ်နိုင်သော
အန္တတန်ခိုးနှင်.ပြည်. စုံစေသောဘုရား၊ဘုန်းကြီးသောဘုရား
(I am El-Saddai)ဖြစ် .ကြောင်းဖေါ်ပြပါသည်။

 Isaac သည် သူ.သား Jacob ထံ ပြောရာ၌၄င်း၊ Jacob အား
အိသရေလ ပြောင်းရာ၌၄င်း (EL-Saddai)သုံးသည်။(35:11) ငါသည် ပြည်.စုံစေသောဘုရား ဖြစ်သည်ဟုထုတ်ဖေါ် ပြသခဲ.သည်။
ထိုနည်းတူ ယနေ. ယုံကြည်သူများအတွက် ခရစ်တော်၏ အသွေးတော်အားဖြင်.ပေးသော ပဋ္ဋိညာဉ်အသစ်သည် သာ၍ အာမခံချက်ရှိကြောင်း၊သင်သည် ဘယ်လောက်ပင် သေးငယ် ပါစေ၊မျော်လင်.ချက် ကုန်းကောက်စရာမရှိတော.သော်လည်း အာဗရမ်မှအာဗရာဟံ၊ယာကုပ်မှ အိသရေလ ပြောင်းသကဲ.သို.
ခရစ်တော်ကို ယုံကြည်သူတိုင်း Christian Faith ဖြစ်သော
New Abraham များ ဖြစ်ကြောင်း၊
El-Saddaiဘုရားသည် သင်.အ တွက် အရာခပ်သိမ်းပြည်.စုံစေမည်.
(THE ALL- MIGHTY - ONE) ဘုရားဖြစ်ကြောင်း ဝေမျှလိုက် ပါသည်။

(3)Jehovah Shalom(The Lord Our Peace "ငြိမ်သက်ခြင်းအရှင် "


(3)Jehovah Shalom
(The Lord Our Peace "ငြိမ်သက်ခြင်းအရှင် "
 ယောရှု ဦးဆောင်ပြီး အိသေ၇လလူမျိုးတို.သည် ဂတိတော်မြေ
ခါနန်သို. ရောက်သော်လည်း အစဉ်မပြေ၊ပရမ်းပတာ ဖြစ်ခြင်းနှင်. ကြုံတွေ.ရခြင်းအကြောင်းရင်းသည် ထာဝရဘုရား၏ ပညတ်ကို မလိုက်နာ၊ဘုရားစကားနားမထောင်ခြင်းကြောင်. ဖြစ်သည်။ (ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။

သင်တို့နေသော အာမောရိပြည်သား ကိုးကွယ်သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြဟု မိန့်တော်မူ၏။)တရားသူကြီး၊၆း၁၀။ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့်၊ အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊သူတို.အပြစ်ကိုလွတ်၍
 အောင်မြင်သောအခွင်. ပြန်ပေးသည်။

-ထာဝရဘုရားက အကယ်စင်စစ်ငါသည် သင်နှင့်အတူရှိသဖြင့်၊
သင်သည် လူတယောက်ကိုလုပ်ကြံသကဲ့သို့ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။ -ထာဝရဘုရားက၊
ချမ်းသာပါစေ။ မစိုးရိမ်နှင့်။သင်သည်သေဘေးနှင့် လွတ်လျက်
ရှိသည်ဟု မိန့်တော်မူ၏။(၆း၂၃-၂၄) ထိုအရပ်၌ ဂိဒေါင်သည်ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊
 ယေဟောဝါရှာလုံ “Jehovah Shalom”
အမည်ဖြင့်မှည့်လေ၏။

ထိုနည်းတူ
ကျွန်တော်တို.သည် ကယ်တင်ခြင်းရ၍ ဒု-မွေးခြင်း
ခံပြီးဖြစ် သော်လည်းဘုရားသခင်၏အလိုတော်ပြင်ပ
(Out of the will of God) ရောက်သွားသည်.အခါ ငြိမ်သက်ခြင်းဆုံးရှုံးတတ်ပါသည်။

ထာဝရဘုရား ထံသို. မိမိအပြစ်နောင်တရသည်.အခါ
မူလရရှိပြီး ဘုရားသခင်ထံမှပျော်ရွှင် ခြင်းထက်
သာလွန်သော ငြိမ်သက်ခြင်းကို (Jehovah Shalom)
ထံမှ ပြန်လည်ရရှိမည်ဖြစ်သည်။(အာမင်း)

October 27, 2015

(4)Jehovah Tsikenu ယေဟောဝါဇေဒန

(4)Jehovah Tsikenu ယေဟောဝါဇေဒန 
(The Lord is my righteousness) 
ဘုရားသခင်သည် သူ၏ စံချိန်၊စံညွှန်း(Devine satandard)အား ငါသည် (ယေဟော ဝါဇေဒနု) ဖြောင်.မတ်ခြင်းအရှင် ဟု ကိုယ်တိုင်ဖေါ်ပြပါ သည်။ ဖြောင်.မတ်ခြင်း၏ ဆန်.ကျင်ဖက်သည် မဖြောင်.မတ်၊ မမှန်ကန်ခြင်း ဖြစ် သည်။ ဖြောင်.မတ်ခြင်းကို ဆာလောင်မှု မရှိသောသူသည် ဝိညဉ်ရေးရာ နာမကျန်းသူ သာ ဖြစ်သည်။ သင်သည် ဘုရား သခင်၏ စံညွန်းအား သူတပါးကို သက် သေခံပြောပြမည် ဆိုပါက လူသည် အမှားကို အမှန် ထင်ပြီး အမှန်ကို အမှား ထင်တတ် သည်. သဘော သဘာဝကြောင်. သင်. ကို အရုးထင် လိမ်.မည်။ ဘုရားသခင်နှင်. အပြစ် တရားသည် မည်သို.မျှ သဘာဝချင်း မတူသောကြောင်. တွဲလို.မရ၊ ပေါင်းစပ်၍ မရ နိုင်ပါ။ အပြစ် လောက၌ နေထိုင် ကျင် လည်သည်. ပုထုဇဉ် လူသားများ အတွက် ဘုရား သခင်၏ အကြံ စည်တော်မူကားးး… ယေရမိ၊၂၃း၅၊ “သန့်ရှင်းသော အညွန့်ကို ဒါဝိဒ် အဘို့ ငါပေါက်စေသည် အတိုင်း၊ ဥာဏ်ကောင်းသော ရှင်ဘုရင် တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်” ဟု ဖြောင်.မတ်သည်. ခရစ်တော်သည် အပျိုကညာ ဝမ်းမှ မွေးလာမည်. အကြောင်း ပရော ဖက်ပြုခြင်းသည်….သမ္မာသစ်၌ ပြည်.စုံခဲ.သည်။ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သော သူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသော သူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူ အားဖြင့် ဘုရား သခင်ရှေ့တော်၌ ဖြောင့်မတ်သော သူဖြစ်မည် အကြောင်း တည်း။” ၂ကော-၅း၂၁ ၌ ပြည်.စုံ လာသည်။ လူတိုင်းသည် အတိမှတ်ပြု (credit)ခြင်းခံ ချင်ကြသည်။ ဘုရားသခင်သည် အပြစ်သား များအတွက် ခရစ်တော်လုပ်ဆောင်ချက်အား အတိမှတ်ပြု သည်.နည်းတူ ယေရှုခရစ်ကို လက်ခံသည်. အပြစ်သား သည် ဖြောင်. မတ် သောသူဟု ယေရှုကြောင်. (credit) အတိမှတ်ပြု ခြင်း ခံရပါသည်။ ထိုဖြောင်.မတ်ခြင်း အကိုင်း၊ အညွန်.သည် ယေရှုကို လက်ခံချိန်မှ စ၍ ကောင်း ကင်ရောက်ချိန် အထိ ဆက်လက် ကြီးထွားရှင်သန် တိုးပွါး နေမည် ဖြစ်သည်။ မည်သို. အလုပ်လုပ် သနည်း ဆိုသော် လူတိုင်းအထဲ၌ ရှိသော ဝိညဉ်၏ သဘော သဘာဝသည် ဖြောင်.မတ်ခြင်းတည်း ဟူသော နုတ်က ပတ်တော်ရှင် (ယေရု)ကိုသာ အစားစာအဖြင်. ကျွေးပါမှ ကြီးထွား နိုင် မည်။ မှားသော အစာကျွေး မိပါက ပြန်လည် ကန်ထုတ် မည်ဖြစ်သည်။ ၁ယော၊၃း၉ တွင် (ဘုရားသခင် ဖြစ်ဘွားစေတော် မူသော သူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌မျိုးစေ့တော် တည် လျက် ရှိ ၏။)ဖြောင်.မတ်ခြင်း၊ သန်.ရှင်းခြင်းဝတ်လုံ ဒီနေ.ဝတ်၊မနက်ဖြန်ချွတ်ရန် မဟုတ် ပါ။ယနေ. ကမ္ဘာ.နေရာအနှံ.ရှိ ယုံကြည်သူ အပေါင်းအား အလွန်သေးငယ် သည်. ကမ္ဘာ. အလယ်ဗဟို ယေရှု ဆလင်မြို.၌ စုစည်း၍ ဘုရားသခင်. နိုင်ငံတော် တည်ထောင်မည်. အချိန်သည် မဝေးတော.ကြောင်း၊ အယောက် တိုင်းသည် ယေရှု ခရစ်ဖြောင်.မတ်ခြင်း (Jehovah Tsikenu) ကို ထာဝရဝတ်ဆင်ခြင်း အသက်တာ သို. လျှောက် လှမ်းနိုင်ကြပါစေ လို. မေတ္တာဖြင်. ဝေမျှ လိုက် ရပါသည်။(အာမင်း)

October 6, 2015

(၇နှစ်ကာလအပိုင်းခြားသို့မဟုတ် ရှီမီတာ Shemitah )


ကမ္ဘာ ပေါ်တွင် ပြက္ခဒိန် အမျိုးမျိုး ရှိပါသည်။ ဂရယ်ဂိုရီရယ် (Gregorian) တနည်း အားဖြင့် အနောက်တိုင်း ပြက္ခဒိန်သည် လူမှု အဖွဲ့ အစည်း အများစုမှ အသုံးပြု နေသော ပြက္ခဒိန် ဖြစ်သည်။ 

ဂျုးလူမျိုး များ၏ ပြက္ခဒိန် တနည်း အားဖြင့် ဟေဗြဲ ပြက္ခဒိန် သည် သမ္မာ ကျမ်းစာ ကိုအခြေခံ ရေတွက် ထားသော ပြက္ခဒိန် ဖြစ် ပါသည်။ အနောက်တိုင်း ပြက္ခဒိန် သည် နေကို ကြည့်ပြီး ရေတွက်ပြီး၊ အစ္စလာမ် ပြက္ခဒိန် သည် လ ကိုကြည့်ပြီး ရေတွက် ထားပါသည်။ ဟေဗြဲ ပြက္ခဒိန် သည် နေနှင့် လကို အခြေခံ ရေတွက် ထား၏။ ကမ္ဘာဦး ကျမ်း ၁း၁၄တွင် ဘုရား သခင်သည် နေ့ရက်၊ အချိန် များကို သိစေရန် နေနှင့်လ အပါ အ၀င် ကြယ်များကို မိုးကောင်းကင် တွင် ခန့်ထား၏။ ထို့ကြောင့် သခင် ယေရှု လူဇာတိခံ ယူလျှက် အစ္စရေး နိုင်ငံ ဗက်လင်မြို့ တွင်မွေးဖွါး သော အခါ မာကု ပညာရှိ များသည် ကြယ်ကို ကြည့်လျှက် ယေရှုထံ သို့အရောက် လာနိုင်ခဲ့ သလို ကြယ်များ ကိုကြည့်ပြီး မေရှိယ ဆိုသော ကယ်တင်ရှင် မွေးဖွါး လာမည် ကိုကြို တင်တွက် နိုင်၏။ ထို့ကြောင့် မိုးကောင်းကင် ရှိ နေ၊လ နှင့်ကြယ် များသည် လက်ရှိနှင့် အနာဂတ် များတွင် ဖြစ်ပျက် လာမည့် အရာ များကို ဖေါ်ပြလျှက် ရှိပါသည်။

 သို့သော် ဗေဒင် အတတ် ပညာသည် အကောင်းထက် ဆိုးကျိုး များသောကြောင့် အသုံး မပြုရန်၊ မလိုက် စားရန် ဘုရားသခင် တားမြစ် ထား၏။ ဤ ဆောင်းပါး တွင်ဗေဒင် ပညာ မပါဝင် သလို စာရေး သူသည် လည်း ဗေဒင် ပညာ မတတ် ကျွမ်းပါ။ ဘုရား သခင်မှ ကြိုတင် ပေးထားသော နိမိတ် များဖြစ်သည့် သူပြန် လာမည့် အချိန်၊ ကမ္ဘာကြီး အဆုံးခန်း ဖြစ်ပျက် လာမည့် နိမ်တ် လက္ခဏာ များကို သမ္မာကျမ်း စာထဲမှ ဖေါ်ပြ ချက်များကို ကမ္ဘာ ပေါ်တွင် ဖြစ်ပျက် နေသည့် အရာများ နှင့်ယှဉ်တွဲ ဖေါ်ပြထား သောဆောင်း ပါးသာ ဖြစ်သည်။ ၂၀၁၂ မရောက်ခင် ၎င်းနှစ် နှင့် ပတ်သက် သည့်ဟော ကိန်း များစွာ ထွက်ခဲ့ သော်လည်း မဖြစ်ပေါ် လာပါ။ သို့သော် စာရေးသူ သတိထား မိသည်မှာ ၎င်းဟောကိန်း များသည် မိုင်ရာပြ က္ခဒိန် (Mayan Calendar) နှင့် သိပ္ပံ ပညာကိုး ကားချက်တွင် မူတည်၏။ 

ဤ ဆောင်းပါး သည် ဟောကိန်း မဟုတ်၊ သမ္မာ ကျမ်းစာ ဖေါ်ပြချက် များကို ကမ္ဘာဖြစ် စဉ်များ နှင့်ယှဉ်တွဲ ဖေါ်ပြချက် ဖြစ်ပြီး ဆုံးဖြတ် ရွေးချယ်မှု သည် စာဖတ်သူ အပိုင်း ဖြစ်၏။ သို့သော်လည်း ဘုရားသခင် ဒုတိယ ကြိမ် ကြွလာမည့် နေ့ရက်ကို မည်သူမျှ မသိ၊ ကောင်းကင် တမန် ပင်မသိကြောင်း သမ္မာ ကျမ်းစာ ဖေါ်ပြ ချက်ကို သတိရ စေလို ပါသည်။ ဘုရား သခင်သည် သန့်ရှင်းခြင်း၊ တရား မျှတခြင်း နှင့်ပြည့်စုံ သည့် အလျှောက် သူလာမည့် အချိန်နှင့် ဆိုးဝါး သည့်ကမ္ဘာ့ ဖြစ်စဉ် များတွက် ကြိုတင် နိမိတ် လက္ခဏာများ ပေးထား သည်မှာ တရား မျှတသော ဘုရားသခင်၏ သဘော သဘာဝ ဖြစ်သည်။ သူအလို ရှိသည်မှာ သူချစ်သော လောက သားများ အားလုံး အဆင်သင့် ရှိနေစေရန် ဖြစ်၏။ နောက်ဆုံး သော နိမိတ် လက္ခဏာ များထဲမှ ၂ခုဖြစ်သော သွေးရောင်လ (Blood moon) နှင့် နေကြတ်ခြင်းများ ဆက်တိုက် ဖြစ်ပေါ် နေမှုများသည် နှစ် ၂၀၀၀ အတွင် လုံးဝ မဖြစ်ခဲ့ လူးသော အရာ များ ဖြစ်နေ၏။ အကြောင်းမှာ သွေးလ ၄ကြိမ် ဆက်တိုက် ဖြစ်စဉ် ထဲတွင် နေကြတ်ခြင်း ၂ကြိမ် ပါဝင်ပြီး ထိုဖြစ်စဉ် များအားလုံး သည် သမ္မာကျမ်း စာ၏ နေ့ထူး နေ့မြတ်၌ ကျရောက် နေပြန်၏။ 

ထာဝရ ဘုရား၏ ထူးမြတ်သော နေ့ကြီး မတိုင်မှီ၊ နေသည် မှောင်မိုက် အတိ ဖြစ်လိမ့်မည်။ လသည် လည်း သွေး ဖြစ်လိမ့်မည်။ တမန်တော် ၂း၂၀ ၇နှစ်တစ်ကြိမ်နှင့်၇ကြိမ် (Shemitah and Jubilee) ထာဝရ ဘုရားသည် သိနတောင်တွင် မောရှေအား သူ၏ လူမျိုးတော်ကို ခါနန်ပြည် မ၀င်ခင်မှာ ကြားသည်မှာ- “ခြောက်နှစ် ပတ်လုံး လယ် လုပ်၍ အသီးကို သိမ်းရမည်။ ၁၁ သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ် ထား ရမည်။ ထွက်မြောက်ရာ ၂၃း၁၀-၁၁” ဤသဘော တရားသည် ကမ္ဘာဦးကတည်းကရှိခဲ့၏။ ထာဝရဘုရားသည် စကြ ၀ဏာ ဖန်ဆင်းခြင်းကို ၆ရက်ပြု လုပ်ခဲ့ပြီး ၇ရက် မြောက်နေ့တွင် ငြိမ်ဝပ်စွာနေလျှက် ထိုနေ့ကို ကောင်းကြီး ပေးတော်မူ၏။

 ထိုနည်းတူ ဣသရေလ အမျိုးသားများ အဲဂုတုပြည်မှ ထွက်ခွါပြီး သိနတောင် မရောက် ခင်တွင် ဥပုသ်နေ့ စည်းမျဉ်း စည်းကမ်းကို ပြဌန်း ခဲ့ပြီး ရက်သတ္တ တစ်ပတ်တွင် ၆ရက် အလုပ်လုပ်ပြီး ၇ရက် မြောက်နေ့တွင် အလုပ်မလုပ် ရဘဲ နားနေသော ဓလေ့စတင် ဖြစ်ပေါ် လာခဲ့သည်။ ၇နှစ်တာ ဆိုသော အချိန် ပိုင်းခြားကို ဟေဗြဲ ဘာသာဖြင့် ရှီမီတာ (Shimatah) ဟုခေါ်ပြီး ၇ ကြိမ်မြောက် ရှီမီတာ အပြီးတွင် နှစ် ၅၀ မြောက် ယုဘိလပွဲ (Jubilee) ပွဲကို ဆင်နွဲရန် ထာဝရ ဘုရားမှ ညွန်ကြား ထားပါသည်။ နှစ်၅၀ ယုဘိလပွဲ နှင့် ပတ်သက်ပြီး ဘုရားသခင် ပြောထား သည်မှာ- ခုနှစ် နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။ လွှတ်ခြင်း တရား ဟူမူကား၊ ကိုယ်နှင့် စပ်ဆိုင်သော သူအား ဥစ္စာကို ချေးငှား သော ကြွေးရှင် မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရ ဘုရား လွှတ်ခြင်း ကာလ ဖြစ်သော ကြောင့်၊ ထို ကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မတောင်းရ၊ တကျွန်း တနိုင်ငံ သား၌ တောင်းရသော အခွင့်ရှိ၏။ ညီအစ်ကို၌ ရှိသော ကိုယ် ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။ 

တရားသော ရာကျမ်း ၁၅း၁-၃ နှစ်၅၀ ယုဘိလ ပွဲအရ လွှတ်ခြင်း ထဲတွင် ကျွန်များကို လွှတ်လပ်သော လူအဖြင့် သတ်မှတ်ခြင်း၊ အကြွေး များကို လျှော်ပစ်ခြင်း၊ ပေါင်နှံထားသော ပစ္စည်းများ၊ ပေါင်ခံထား သောမြေများကို လျှော်ပစ်ပြီး မူလ ပိုင်ရှင်သို့ ပြန်လည်ပေး အပ်ခြင်း များ ပါဝင်သည်။ ပသခါပွဲ (Passover) ဣသရေလ လူမျိုးများ (ဂျုး) အီဂျစ်နိုင်ငံ၏ ကျွန်ဘ၀မှ ကယ်တင် ရာတွင် မောရှည်ကို ဦးဆောင်စေပြီး အံ့ဖွယ်အမှု ၁၀ခု ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံး အံ့ဖွယ်မှု ဖြစ်သော သားဦးသတ်ခြင်းတွင် ဣသရေလ လူမျိုးများ မထိရန်တွက် အခါ မလည် အနာအဆာ မရှိသော ဆိတ် သို့မဟုတ် သိုးသငယ်ကို သတ်ပြီး၊ ဘုရား သခင်မှ ပေးသော လွှတ်မြှောက် ခြင်းကို လက်ခံရ ယူကြောင်း အထိမ်းမှတ် သက်သေ လက္ခဏာဖြင့် တခါး တိုင်တွင် ၎င်းဆိတ် သို့မဟုတ် သိုး၏သွေး ကို သုတ်ထား ပါသည်။ ထို့နောက် ၎င်းဆိတ်သို့ မဟုတ် သိုးကို မီးကင်ပြီး တဆေးမပါသော မုန့်ဖြင့် စားရန်ထာဝရဘု ရားမှ စေခိုင်း ခဲ့ပါသည်။ 

ထိုနေ့သည် ပထမလ ၁၀ရက်ဖြစ်ပြီး ပဿခါပွဲ စတင်သော နေ့ဖြစ်ပါသည်။ လူသားအား လုံး၏ အပြစ်များကို သခင်ယေရှုမှခံယူပြီး လက်ဝါး ကပ်တိုင်တွင် အသေ သတ်ခြင်း ကိုလည်း ပသခါနေ့တွင် ခံယူ ခဲ့ပြီးထိုနေ့၌ လည်း နေကြတ် ခဲ့ပါသည်။ တံပိုးမှုတ်ပွဲတော် (Feast of Trumpet) တံပိုးမှုတ်ပွဲတော်ကို ၇လပထမရက် (1st day of Tishri) တွင်ကျင်းပ လေ့ရှိ၏။ ကျမ်းညွန်း များမှာ ၀တ်ပြုရာကျမ်း ၂၃း၂၄-၂၅၊ တောလည်ရာ ကျမ်း ၂၉း၁၊ သင်တို့သည် သတ္တမလ၊ ပဌမနေ့ ရက်၌ တန်ပိုး မှုတ်ပွဲ၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသော ဥပုသ် နေ့ကို စောင့် ရကြ မည်။ လောကီ အလုပ်ကို မလုပ်ရ။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော် သက္ကာကို ဆက်ရ မည်ဟု မိန့်တော် မူ၏။ ၀တ်ပြု ရာကျမ်း ၂၃း၂၄-၂၅ တံပိုး မှုတ်ခြင်းကို ဣသရေလ လူမျိုး များသည် နောင်တ တရားရပြီး ဘုရား သခင်၏ တရား စီရင်ခြင်း အတွက် အဆင် သင့် ဖြစ်စေ လိုအသော အထိမ်း အမှတ်ဖြင့် ကျင်းပ ကြပါသည်။ ထိုလ၁၀ရက် နေ့တွင် မူအပြစ် ဖြေရာ ယဇ်ပူဇော် သောနေ့ (Atonement day) ဖြစ် ပါသည်။ 

အပြစ်ဖြေရာနေ့ (Day of Atonement) သင်တို့သည် အစဉ် စောင့်ရသော ပညတ်တော် ဟူမူကား၊ အမျိုး သားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါး အမျိုးသား ဖြစ်စေ၊ သတ္တမလ ဆယ်ရက် နေ့၌ အလုပ်ကို အလျှင်း မလုပ်၊ ခြိုးခြံစွာ ကျင့် လျက်နေ ရကြ မည်။ အကြောင်း မူကား၊ သင်တို့သည် ထာဝရ ဘုရား ရှေ့တော်၌ အပြစ် ရှိသမျှ တို့နှင့် ကင်းစင်မည် အကြောင်း၊ ထိုနေ့ ရက်၌ ယဇ် ပုရော ဟိတ်သည် သင်တို့ကို စင်ကြယ် စေခြင်းငှါ၊ အပြစ် ဖြေခြင်း ကို ပြုရမည်။ ထိုနေ့ရက် သည် ထာဝရ ပညတ်တော် အတိုင်း၊ သင်တို့ ငြိမ်ဝပ် ရာဥပုသ် နေ့၊ ခြိုးခြံစွာ ကျင့်ရသော နေ့ဖြစ် သတည်း။ ၀တ်- ၂၃း၂၉-၃၁ အပြစ် ဖြေရာ ယဇ်ကို တစ်နှစ် တစ်ခါ ပြုလုပ်ရန် ထာဝရ ဘုရား စေခိုင်း ထားပြီး ထိုနေ့တွင် အလုပ် မလုပ်ဘဲ ဂျုးလူမျိုး များသည် အစာရှောင် ဆုတောင်း ခြင်းကို ယနေ့တိုင်း စောင့်ထိမ်း လျှက်ရှိ ပါသည်။ ကျင်းပသော ရက်မှာ ပထမလ ၁၀ ရက်နေ့ဖြစ်ပြီး အနောက်တိုင်း ပြက္ခဒိန် တွင် ၂၀၁၄၌ အောက်တိုဘာ လေးရက်တွင်ကျရောက်ပြီး ၂၀၁၅ အတွက် စက်တင်ဘာ ၂၃တွင် ကျရောက် ပါသည်။ 

၎င်းယဇ်ကို ယဇ် ပုရောဟိတ်သာ ဆောင်ရွက်ခွင့် ရှိပြီး ရှေးဦးစွာ ယဇ်ပရော ဟိတ်နှင့် သူမိသားစု အပြစ်ဖြေရန် နွားထီးပြိုကို မီးရှို့ ပူဇော်ရ၏။ ထို့နောက် တိုင်းပြည်နှင့် လူမျိုး အပြစ် ဖြေရန်ဆိတ် သငယ် ၂ကောင်ဖြင့် အပြစ် ဖြေရ၏။ ဆိတ်သငယ်ကို တဲတော်ရှေ့ ခေါ်လာပြီး ၎င်းဆိတ် ၂ကောင်ကို ထာဝရဘုရား တွက် ၁ကောင်နှင့် ဘေးမဲ့လွှတ်ရန် ၁ကောင်တွက် မဲချ (စာရေး တံချ) ရွေးချယ် ရပါသည်။ ထာဝရ ဘုရား တွက်မဲ ပေါက်သော ဆိတ်ကို ယဇ် ပူဇော်ပြီး ဘေးမဲ့ လွှတ်ရန် မဲပေါက်သော ဆိတ်ခေါင်း ပေါ်သို့ ယဇ်ပရောဟိတ် လက်ကိုတင် ပြီး တိုင်းပြည်နှင့် လူမျိုးများ၏ အပြစ်ကို ရေရွတ်လျှက် အပြစ် ဖြေခြင်းကို ပြုပြီး တောထဲသို့ ဘေးမဲ့ လွှတ်ရ ပါသည်။ 

သခင်ယေရှုသည် ပသခါတွင် အသတ်ခံရသော သိုးသူငယ် ဖြစ်သလို လူသား တစ်မျိုးနွယ် လုံးတွက် အပြစ်ဖြေရာ ယဇ်ကောင် အဖြင့် သန့်ရှင်းခြင်း အမှုကိုပါ တစ်ခါတည်း ဆောင်ရွက် ခဲ့ပါသည်။ ပိလမင်းရှေ့ နှင့် ပရိတ်သပ် အားလုံး ရှေ့မှာ ဘာမျှ မပြောတော့ဘဲ သိုးသငယ်လို တိတ်ဆိတ် ညိမ်သက်လျှက် ရှိနေခဲ့၏။ ထို့နောက် ယဇ်ကောင်တစ် ကိုသတ်ပြီး တစ်ကောင်ကို လွှတ်ခဲ့ရသော ဓမ္မဟောင်းကျမ်း ကိုပြည့်စုံ စေခြင်းဌာ အကျဉ်းသား ဗာရဗ္ဗကို လွှတ် ငြိမ်းချမ်းသာ ပေးခဲ့၏။ ဤသည်မှာ ယေရှုသည် လူသားများ အတွက် အပြစ်ဖြေရာ ယဇ်ကို တစ်ခါတည်းဖြင့် ထာဝရ ပြီးပြည့်စုံ အောင် ဆောင်ရွက် ခဲ့ပါသည်။ သကေနေပွဲ/၃၃ တဖန် မောရှေအား ထာဝရ ဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့ အား ဆင့်ဆို ရမည်မှာ။ ၃၄ သင်တို့သည် သတ္တမလ ဆယ်ငါးရက် နေ့မှ စ၍ ခုနစ် ရက်ပတ်လုံး ထာဝရ ဘုရားဘို့ သကေနေ ပွဲကို ခံရကြမည်။ 

ဝတ်ပြုရာကျမ်း ၂၃း၃၃-၃၄ သကေနေ ပွဲဆို သည်မှာ ဣသရေလ 
လူမျိုးများ နှစ် ၄၀ တောတွင်း နေထိုင်ခဲ့သော တဲပုံစံကို ဆောက်လုပ်ပြီး ထာဝရ ဘုရား၏ အကွယ် အကာနှင့် ကျေးဇူးတော်ကိုပြန် လည်ရေတွက်သည့် အောက်မေ့ဖွယ် နှင့် ချီးမွမ်းခြင်းအစီ စဉ်ဖြစ် သည်။ သကေနေ တဲငယ်ကို သစ်ကိုင်း များဖြင့် တည်ဆောက်ပြီး အမိုး ကိုလည်း သစ်ကိုင်း သစ်ရွက် များဖြင့် ဆောက်ရ ပါသည်။ မိုးရွာလျှင် မိုးစိုပြီး ညဖက်တွင် ကြယ်လ များကို တွေ့မြင် ရပါသည်။ အီဂျစ် လက်အောက် ကျွန် ဘ၀မှ လွတ်မြောက်ပြီး တောထဲတွင် နေခဲ့ရသော သမိုင်းကို သတိရ သော အနေဖြင့် ဂျုး လူမျိုးများ ယနေ့ တိုင်ကျင်း ပလျှက်ရှိ နေပါသည်။ ၂၀၁၅ သကေန ပွဲသည် စက်တင်ဘာ ၂၇ တနင်္ဂနွေ ညနေမှ အောက်တို ဘာလ ၄ရက် တနင်္ဂနွေ ညနေထိ ဖြစ်သည်။ သမ္မာ ကျမ်းစာ ပြက္ခဒိန် သို့မဟုတ် ဣသရေလ (အစ္စရေး) ပြက္ခဒိန် အရ ယခု လက်ရှိ အချိန် (၂၀၁၅) သည် ၇ကြိမ် မြောက် ရှီမီတာ နှစ်နှင့် အတူ နှစ် ၅၀ ယုဘိလ နှစ်သို့ ကျရောတ် တော့မည် ဖြစ်သည်။ ၇ကြိမ် မြောက် ရှီမီတာနှစ် သည် ၂၅ စက်တင် ဘာ၂၀၁၄ မှ ၁၃ စက်တင်ဘာ ၂၀၁၅ ဖြစ်ပါသည်။ ဤနှစ် ကာလ အပိုင်း ခြားတွင် ထူခြားမှု များစု နေပါသည်။ 

၂၀၁၄ ရှီမီတာ နှစ် မ၀င်ခင် ပဿခါပွဲနေ့ (April 2014) တွင် လသည် သွေးနှင့် ပြည့်နေသော အရောင် (Blood moon) ဖြစ်ခဲ့ပြီး ဤ ရှီမီတာ နှစ်အထွက် ယုဘိလနှစ် အတွင်းရှိသော သကေနေ ပွဲနေ့ (Sukkot) တွင် သွေးနှင့် ပြည့် သောလ ဖြစ်ပေါ်မည်။ ဒိပြင် ၇ကြိမ်မြောက် ရှီမီတာ နှစ်အတွင်း သကေနေပွဲ ကျရောက်သော နေ့နှင့် ပဿခါနေ့တွင် သွေးဖြင့် ပြည့်သောလ နှစ်ကြိမ် ဖြစ်ပေါ် ခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့ သွေးလ ၄ခါဆက် တိုက်တွင် နေ၂ခါ ကြတ်သော ဖြစ်စဉ်တွင် နှစ် ၂၀၀၀ တွင်း မရှိခဲ့။ ယခုစာ ရေးနေသည့် ချိန်ထိ သွေးလ ၃ကြိမ်နှင့် နေကြတ်ခြင်း တစ်ကြိမ် ဖြစ် ပေါ်ခဲ့ပြီး နောက်ထပ် နေကြတ်ခြင်း ၁ကြိမ်နှင့် သွေးလ ၁ကြိမ် ၂၀၁၅ စက်တင်ဘာ ၂၈ တွင် ဖြစ်ပေါ် ပါသည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ သမိုင်း မှတ်တမ်း များကို သမ္မာ ကျမ်းစာ ထဲမှ ရှီမီတာ နှစ်များနှင့် ယှဉ်ကြည့်သော် ထူးခြားဖြစ် စဉ်များ စွာ တွေ့ရ၏။ အောက်တွင် ဖေါ်ပြ ထားသော အချက် အလက် များကို လေ့လာ ကြည့်ပါ။ တိုက်ဆိုင်မှု ဟုတ်မ ဟုတ်စာ ဖတ်သူ ဘဲဆုံး ဖြတ်ပါ။ ရှီမီတာနှစ် ထူးခြားဖြစ်စဉ်များ 1916-1917 ပထမ ကမ္ဘာစစ်ဖြစ်၊ နှစ်ဖက် စစ်သည် ပေါင်း ၉သန်း ကျော်နှင့် အရပ်သား ၇သန်း ကျော် သေ ဆုံးခဲ့။ ဂျာမဏီ၊ ရုရှား၊ အော တိုမန်၊ အော်စထရို- ဟန်ဂေရီ အင်ပါ ယာရှုံးနိမ့်။ 1923-1924 အော်တိုမန် အင်ပါယာ လုံးဝ ကျဆုံးပြီး တူရကီနိုင်ငံဖြစ်ပေါ်လာ။ တိုကျို၊ ယိုကို ဟားမား တွင် ၇.၉ ပြင်းအား ငလျှင်လှုပ်၊ လူ၁၄၂ ၀၀၀ သေဆုံး။ 

1930-1931 တူရကီ- ဂရိချစ် ကြည်ရေး လက်မှတ် ရေးထိုး။ Bank of United State အမေရိကဘဏ်ငွေကြေး ဆုံးရှုံးမှု ကြောင့်ပိတ်လိုက်ရ၊ ဝေါစထရိစတော့ ဈေးကွက် ပြိုကျ (၁၉၂၉ အောက်တိုဘာ) နယူးဇီလန်၊ နီဂါရာ ဂွာငလျှင်၊ ဂျပန် တပ်မန်ချုးရီးရား တောင် ပိုင်း ကိုသိမ်းပိုက်။ 
1937-1938 အမေရိကန်နိုင်ငံစီးပွါးရေးကျ၊ ဂျုးလူမျိုး နှိပ်ကွပ်ရေး ဥပဒေအီတလီ တွင်ပြဌန်း၊ အာရှနှင့် ပစိဖိတ်ကို လွှမ်းမိုး ရန်ဂျပန် ကြိုးပမ်း၊ ဒုတိယ ကမ္ဘာစစ် (၁၉၃၉-၁၉၄၅)၊ 1944-1945 ဂျပန် အနူမြူဗုံး ကျဲခံရပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံး။ မြန်မာနိုင်ငံဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရ။ 
1951-1952 ကိုရီးယားစစ်ပွဲ(၁၉၅၀-၁၉၅၃)၊ နိုင်ငံပေါင်း၄၈နိုင်ငံနှင့်ဂျပန်ငြိမ်းချမ်းရေးလက်မှတ်ထိုး။ 
1958-1959 ဖဆပလပြိုကွဲခြင်းကြောင့်ဝန်ကြီးချုပ်ဦးနုမှ ဗိုလ်ချုပ်နေ၀င်းအားတိုင်းပြည်ခေတ္တထိမ်းရန် လွှဲပြောင်းပေး။ ဆိုဗီယက်ပြည်ထောင်စုမှနျှူကလီးယားလက်နက်ပိုင်ဆိုင်လာ။ 1965-1966 အမေရိကန်အကြွေးဝယ်စနစ်ပြဿနာ၊ငွေတန်ဖိုးကျပြီးစီးပွါးရေးထိုးကျ။ 1972-1973 သန္ဓေသား/ကိုယ်ဝန်ဖျက်ချခြင်းကို အမေရိကန်မှာတရားဝင်ခွင့်ပြု၊ ဗီယက်နမ်ကိုစစ်ရှုံး။ ကမ္ဘာ ငွေကြေးပြဿနာဖြစ်။ 1979-1980 အမေရိကန်ငွေစုငွေချေးပြသာနာစတင်-၁၀နှစ်ကြာခဲ့။ 
 1986-1887ဆိုဗီယက်ပြည်ထောင်စုချာနိုလိုင်းနျူကလီးယား
ဓါတ်ပေါင်းဖိုပေါက်ကွဲ၊ စတော့ရှယ်ယာဈေးကွက်ထိုးကျ ။မြန်မာနိုင်ငံငွေကြေးပြဿာနာ၊ စက်တင်ဘာ ၅ ရက်တွင် ၂၅ ကျပ်တန်သိမ်း၊ နိုင်ငံရေးပြဿနာဆက်တိုက်ဖြစ် ၈၈ အရေးခင်းဆက်ဖြစ်။ 
 
1993-1994 မက္ကစီကိုငွေကြေးပြဿနာ၊ 2000-2001 အမေရိကန်ဝေါထရိတ်စင်တာတိုက်ခိုက်ခံပြီးပြိုကျ၊ စတော့ရှယ်ယာအဆိုးဝါးဆုံးထိုးကျ၊ အမေရိကန်နှင့်တာလီဘန်စစ်ဖြစ်။ 2007-2008 ကမ္ဘာငွေကြေးပြဿနာဖြစ်၊ စီးပွါးကျ၊ မြန်မာနိုင်ငံသို့နာဂစ်မုန်တိုင်းဝင်ခဲ့။ 2014-2015 လိင်တူထိမ်းမြားခွင့်ကိုအမေရိကန်တွင်တရားဝင်ခွင့်ပြု။ ဘာသာရေးအစွန်းရောက်အကြမ်းဖက်လူသတ်ပွဲများဖြစ်လျှက်ရှိ၊ ဆီးရီးယားပြည်တွင်းစစ်၊ အီရတ်စစ်ပွဲ၊ ISIS၊ အီရန်နျူကလီး ယားအရေး၊နိုင်ငံများစွာမှပြည်တွင်း နိုင်ငံရေးပြဿနာများ၊ သဘာဝဘေးအန္တာရယ်များ၊ ရသီဥတုအ ပြောင်းအလဲများ။ ??? 

ကမ္ဘာ့သမိုင်း ဖြစ်စဉ်နှင့်လက်ရှိ ကမ္ဘာ့ဖြစ်ရပ် များသည် သမ္မာ ကျမ်းစာ ထဲတွင် နှစ်ပေါင်း များစွာမှ ကြိုတင် ရေးသား ထားသည်မှာ အသက်ရှင် နေသော နှုတ်ကပတ်တော် ၏ သက်သေ ဖြစ်သည်။ ဗျာဒိတ် ကျမ်းတွင် ဖေါ်ပြ ထားသော ပထမ တံပိုး မှုတ်ခြင်းသည် ပထမ ကမ္ဘာစစ်၊ ဒုတိယ တံပိုးသည် ဒုတိယ ကမ္ဘာစစ်၊ တတိယ တံပိုးသည် ယခင် ဆိုဗီယက် ပြည်ထောင်စု ရှိ ချာနိုလိုင်း နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲခြင်း၊ စတုထ္ထ တံပိုး မှုတ်ခြင်း သည် ပင်နာတူပို မီးတောင် ပေါက် ကွဲခြင်းဖြစ်၊ ပဉ္စမ တံပိုးသည် ပင်လယ်ကွေ့ စစ်ပွဲနှင့် ဆဒ္ဒ ဟူစိန်ကျဆုံး ခန်းဖြစ်၏။ ISIS အကြမ်းဖက်အဖွဲ့၊ အရှေ့လယ်ပိုင်းပြဿနာဖြစ်သော ဆီရီးယား၊ အီရတ်၊ အီရန် နျူကလီးယား နှင့် နိုင်ငံရေး ခြေလှမ်း၊ တူရကီ နိုင်ငံရေး ခြေလှမ်းများ၊ ISIS အကြမ်းဖက် အဖွဲ့၊ အခြား သော အကြမ်း ဖက်များ အဖွဲ့၏ လုပ်ရပ်များ သည် ဆဌမ တံပိုး ဖေါ်ပြခြင်းများ အတိုင်း ဖြစ်နေ၏။ 

ဒိပြင် အခြား နိုင်ငံ ကြီးများ၏ နိုင်ငံရေး ခြေလှမ်း နှင့် စစ်ရေး တည်ဆောက်မှု များသည် နောက်ဆုံး စစ်ပွဲဖြစ်သော အာမေဂဒုံစစ်ပွဲတွက် အဆင်သင့် ဖြစ်လျှက် ရှိကြောင်း သက် သေပြ နေ၏။ မေးခွန်း တစ်ခုမှာ ဤအဖြစ် အပျက် များကို သမ္မာကျမ်းစာ ထဲတွင် နှစ်ပေါင်း ထောင်ချီ ကြို တင်ရေး ထားသည့် ဘုရား သခင်၏ ရည်ရွယ်ချက် က အဘယ်ကြောင့် နည်း။ အဖြေမှာ ဘုရား သခင်သည် တရား မျှတသော ဘုရား၊ သန့်ရှင်းသော ဘုရားဖြစ်သည့် အားလျှော်စွာ သူလာမည့် အချိန်တွင် သူ့ သားသမီးများ အဆင်သင့်ဖြစ်နေ စေရန် ရည်ရွယ် ထား၏။ လူသား များ၏ ရွေးချယ် ခွင့်သည် လူ့လောက အသက်ရှင် စဉ်ကာလ နှင့် ဘုရား သခင် မလာခင် အချိန်များတွင်သာရှိသည်။ 

ထိုအချိန်နောက်တွင်လူသားများရွေးချယ်ခွင့်မရှိတော့။ အဘယ်ကြောင့် ဆိုသော ထိုဘုရားသည် ဘုရား တကာ ဘုရား (ဒံယေလ ၂း၄၇)၊ ဘုရင် တကာ ဘုရင်၊ အရှင်တကာ အရှင် (ဗျာဒိတ် ၁၉း၁၆)ဖြစ် သော ကမ္ဘာပေါ်ရှိ လူမျိုး တိုင်း၏ ဘုရားဖြစ်၏။ အသက်ရှင်သော ဘုရားလည်း ဖြစ်သောကြောင့် သူ့ကို ခေါ်သော သူတိုင်းကို ထူးလေ့ရှိ၏။ ထို အသက်ရှင် သော ဘုရားသည် ခရစ်ယာန် များနှင့် သာဆိုင်သော ဘုရား မဟုတ်။ လူမျိုး တိုင်းနှင့် ဆိုင်သော ဘုရားဖြစ်၏။ ထိုအသက် ရှင်သော ဘုရားကို လူတိုင်း စမ်းသပ် နိုင်၏။ မိတ်ဆွေ ဆိုးယုတ်သော နောက်ဆုံးသော အချိန်ကာလတွက် အဆင်သင့် ဖြစ်ပြီလား။ ခရစ်တော်၏ ဒုတိယကြိမ် ပြန်လာခြင်းသည် ခရစ်ယာန် များကို လာခေါ်ခြင်း မဟုတ်ပါ။ 

ဒုတိယကြိမ် ကြွလာ ခြင်းသည် ဘုရား သခင်သည် သူ၏ သားသမီးများကို လာရောက် သိမ်း ယူခြင်း ဖြစ်သည်။ ခရစ်တော်၏ သားသမီး များကို မည်သို့ သတ်မှတ်နိုင် သနည်း။ ရောမ ၈း၁၀ အရ “ခရစ်တော်၏ ဝိညာဉ်ကို မရသော သူမည် သည် ကား ခရစ်တော်နှင့် မဆိုင်။ ” ခရစ်တော်၏ ၀ိညာဉ် ဖြစ်သော သန့်ရှင်းသော ၀ိညာဉ်တော် သင့် အထဲတွင် ရှိရန် လိုပါသည်။ ယေရှုသည် သင့် နှလုံးသား တံခါးကို နေ့စဉ် ခေါက်လျှက် ရှိနေပါသည်။ 
ပထမ တဆင့် အနေဖြင့် သူ့ကို လက်ခံ နေရာ ပေးရန်လို၏။ 
 ဒုတိယ အဆင့်အနေ ဖြင့် မိမိ၏ စိတ်ဝိညာဉ်ကို သူ့စိတ်တိုင်းကျ ပြုပြင်သန့်ရှင်း စေပြီး အပြည့် အ၀ အုပ်စိုးခွင့်ပေးမှ ထိုအသက်ရှင် သော ဘုရား၏ စိတ် ၀ိညာဉ်သည် သင့်အထဲတွင် ပြည့်ဝစွာ လှုပ်ရှား နိုင်၏။ 

ကြမ်းတမ်း ဆိုးယုတ် လှသော ဤ နောက်ဆုံး သော အချိန် ကာလကို သင့် ခွန်အားဖြင့် ကျော်ဖြတ် ပါက မဖြစ်နိုင်ပါ။ ယေရှုနှင့် ကျော်ဖြတ်မှသေချာ၏။ ရှင်မဿဲ ၂၅ ထဲတွင် ဖေါ်ပြ ထားသော သတို့ သမီး ၁၀ယောက် သည် ခရစ်ယာန် များကို ပြောထားသော ကျမ်းညွန်းးဖြစ်၏။ ဆီမရှိသော သတို့သမီး ၅ယောက်သည် ယေရှု၏ ညင်းပယ်ခြင်းကို ခံရပြီး ကျန်ရစ်ခဲ့၏။ ဆီသည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ပုံဆောင် ၏။ မိတ်ဆွေ… သန့်ရှင်းသော ၀ိညာဉ်တော် ကို မညင်းပယ် မိပါစေနှင့်။ ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးအားလုံးကို သိရှိရယူနိုင်ပါစေ။Ko-ဒီးဒီ

September 24, 2015

မိမိယုံကြည်ခြင်းကြောင်.၊ ခရစ်ယန်များ အသတ်ခံနေ။


-20th မှ 21st ရာစုအတွင်း သန်းပေါင်း(200) ကျော်သော 
နိုင်ငံပေါင်း(105 ~190)မှယုံကြည်သူများ သည်နေ.စဉ် ခြိမ်းချောက်ခံရပြီး(၅)မိနစ်လျှင် တစ်ဦးနေ.စဉ်အသတ်ခံနေရသည်။ ထိုအထဲတွင် ကိုယ်မပါသေးဘူး၊ 
ဘုရားဘုန်းတော်အတွက် ကိုယ်.အလှည်.ရောက်
မလာနိုင်ဘူးလို.လဲ ပြောလို.မရဘူး။ဘုရားသခင်.
အကြံစည်တော်ထဲမှာ
သက်ဝင်လှုပ်ရှားရင်း အလိုတော်ကို
ဝန်ခံနိုင်ကြပါစေ။(အာမင်း) 

ခရစ်ယန်သတင်းတခုဖေါ်ပြချက်အရ ထိပ်ဆုံး၁၀နိုင်ငံစာရင်းကို အောက်ပါ အတိုင်းတွေ.ရသည်။ မြောက်ကိုးရီးယားတွင်ယုံကြည်သူ ၁၀၀ လျှင် 
၉၂ ဦးသည် ခြိမ်းချောက်ခြင်း၊သတ်ဖြတ်ခံနေရသည် ဟုသိရသည်။ထိုသူတို.အတွက် ဆုတောင်းပေးကြရအောင်။ 
1)North Korea─ score 92/100 2)Somalia ─ score 90/100 3)
Iraq─ score 86/100 4)Syria─ score 83/100 5)
Afghanistan─ score 81/100 6)Sudan─ score 80/100 7)
Iran─ score 80/100 8)Pakistan─ score 79/100 9)
Eritrea─ score 79/100 10)Nigeria─ score 78/100 (ကိုယ်ခန္ဒာကိုသာသတ်၍ စိတ်ဝိညဉ်ကို မသတ်နိုင်သော သူတို.ကို မကြောက်ကြနှင်.။ကိုယ်ခန္ဒာနှင်. စိတ်ဝိညဉ်တို.ကို ငရဲ၌ဖျက်စီးနိုင်သော သူကိုသာ၍ကြောက်ကြလော.။ရှင်မာသဲ-၁၀း၂၈)

September 12, 2015

( လောက၌-ချစ်ခြင်းမေတ္တာ ရှိပါအုံးမလား--)


ဘုရားအကြံစည် လူတွေ မသိနိုင်ဘုးး။ ဘုရားသခင် လုပ်လိုက်ရင် အရမ်းလှတာပဲ...(အာမင်း) ကမ္ဘာမှာ ဟိုးလေး တကြော် နာမည်ကြီး သွားသည်. ၃နှစ် အရွယ် ကလေးလေး တယောက် ပင်လယ်ကယ် ၌ တွေ.ရသည်. အလောင်း သည် သန်းချီသော Fb သမား များ၏ ရင်ကို စုတ် တသပ်သပ် ဖြစ်စေကာ အကြင်နာ တရားဖြာ စေခဲ. ပါသည်။ (4.09.2015) ISIS တိုက်ခိုက် မှုကြောင်. Germany သို. ထောင်ချီသည်. Syria ပြည်သူ များသည် ဒုက္ခသယ် အဖြစ် ထွက်ပြေး တိမ်းရှောင်ရင်း -၁၂ ဦး ရေမြုပ်ခဲ.ရာ ငါးဦးသည် ကလေး ငယ်များ ဖြစ်ကြောင်း သိရသည်။ မြင်ရသည်.ကလေးသည် ၃နှစ်သာ ရှိသေးသည် ဟု သိရသည်။ ရာချီသော မူဆလင် များသည် ခရစ်တော်ကို၊ ယုံကြည် လက်ခံကာ နှစ်ခြင်း ခံနေကြပြီ။(ဟာလေ လုယား) ရာမ၊၈း၂၈၊ ဘုရားသခင်ကို ချစ်သော သူတည်း ဟူသော ကြံစည်တော် မူခြင်း အတိုင်း ခေါ်တော် မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာ တို့သည် တညီ တညွတ် တည်း ပြုစုကြ သည်ကိုငါတို့ သိကြ၏။ ( ယေရမိ၊၂၉း၁၁၊) ငါသည် သင်တို့ကို အကျိုး နည်းစေခြင်းငှါ၊ ကြံစည်သော အကြံ မဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည် အကြောင်း၊ ငြိမ်ဝပ် စေခြင်းငှါ သာ၊ သင်တို့အဘို့ ကြံစည်သောအကြံ တို့ကို ငါသိ၏။ (ဘုရားနှင်. သဏ္ဍန်တူ ဖန်ရှင်း ထားသော လူသား အချင်း ချင်း မေတ္တာ ခေါင်းပါးကာ သတ်ဖြတ် နေခြင်း သည် ဖန်ဆင်း ရှင် ဘယ်လောက် စိတ်နာ မလဲ ဆိုတာ တွေးပြီး စိတ်မ ကောင်း ဖြစ် မိတယ်။သို.သော် သမ္မာ ကျမ်းစာ ပြည်.စုံ လာခြင်း မဟုတ် ပါလားး။ -ထိုအမှု အရာ တို့သည် ဒုက္ခ ဆင်းရဲခြင်း ၏ အစ အဦး ဖြစ်သတည်း။ ထိုကာလ၌ လူအများ တို့သည် သင်တို့ကို ညှင်းဆဲခြင်း၊ အသေသတ်ခြင်း ကို ခံစေခြင်းငှါ အပ်နှံကြ လိမ့်မည်။ ငါ၏ နာမကြောင့် လည်း ခပ်သိမ်း သော လူမျိုးတို့သည် သင်တို့ကို မုန်းကြ လိမ့်မည်။ထို ကာလ၌ အများသော သူတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်၍၊ အချင်း ချင်း တ ယောက်ကို တယောက် အပ်ကြလိမ့်မည်။ အချင်းချင်း မုန်းကြ လိမ့်မည်။ မတရားသော အမှု တို့သည် များပြားသဖြင့် အများသော သူတို့၏ ချစ်ခြင်း မေတ္တာသည် ခေါင်းပါး လိမ့်မည်။ (မာသဲ-၂၄း၈-၁၄၊)

မစိုးရိမ်နှင့် ငါသည် မစမည်၊(ဟေ-၄၁း၁၃)


သင်၏ ဘုရား သခင် ထာဝရ ဘုရားက မစိုးရိမ်နှင့်။ ငါ မစမည်ဟု သင့်အား ဆိုလျက်၊ သင်၏ လက်ျာ လက်ကို ကိုင်မည်။ (ဟေရှာ ၄၁း၁၃) ကျွန်မ၏ မိဘများနှင့် အတူ မိသားစု လိုက် ခရီး မထွက် ဖြစ် တာ့သည့် နောက်ပိုင်း တွင် ကျွန်မနှင့် မိုင်ရာပေါင်း များစွာ ဝေးသည့် နေရာ၌ နေထိုင်သူ အဘိုး အဘွားများ ရှိရာသို့ မရောက် သလောက် ဖြစ်သွား ခဲ့သည်။ သို့နှင့် တစ်နှစ်တွင် ၀စ်ကွန်စင် ရှိ လန်းဒ်အို လိပ်ခ်မြို့.လေး ရှိ အဘိုး အဘွား များထံသို့ ရက်ရှည် သွားရောက် လည်ပတ် ရန် ဆုံးဖြတ် ခဲ့သည်။ အပြန် ခရီးတွင် အဘွားက လေဆိပ်သို့ လိုက်ပို့သည်။ သူက လေယာဉ်တစ်ခါမှ မစီးဖူး သဖြင့် သူ၏ စိုးရိမ် စိတ်ကို ကျွန်မအား စတင် .ပြောပြသည်။ ‘‘မြေးစီး သွားမယ့် လေယာဉ်က သေးသေး လေးပဲ။ … လေထဲမှာ မြေးကို ကိုင်ဆွဲ ထားတဲ့ အရာ ဘာတစ်ခုမှ မရှိဘူး မဟုတ်လား… အဲဒီလောက် အမြင့်ကို သွားဖို့တော့ ဘွားက သိပ်ကြောက် တာပဲ” ဟု ပြော ခဲ့သည်။ တကယ်တမ်း ကျွန်မ လေယာဉ်ပေါ် ရောက်ချိန် တွင် ပထမဆုံး အကြိမ် လေယာဉ် စီးရ သကဲ့သို့ ကြောက်နေ မိသည်။ ‘‘ဒီလေ ယာဉ်ကို ဘယ်အရာက အသေအချာ ဆွဲကိုင်ထား တာလဲ’’။ အကြောင်းမဲ့ ကြောက်ရွံ. ခြင်းဖြစ်စေ သည်. ၊ ကြောက် သင့်သော ကြောက်ရွံ. ခြင်းဖြစ်စေ၊ ၎င်းကို ကျွန်ုပ်တို့ ကြောက်လန့် စရာ အကြောင်း မရှိပါ။ ပြည်သူ လူထုကြား ဒါဝိဒ်၏ ရေပန်း စားကျော် ကြားမှု ကို မနာလို ဖြစ်ကာ ရှောလုမင်းက ဒါဝိဒ်ကို မရပ် မနား သဲသဲ မဲမဲ လိုက်ဖမ်း နေသည်။ ရှောလုမင်းကို ကြောက်ရွံ. သောကြောင့် ဒါဝိဒ်သည် ၀ရမ်းပြေး အဖြစ် ရှင်သန် နေရသည်။ ဒါဝိဒ်သည် သူနှင့် ဘုရား သခင်၏ မိတ်ဖွဲ့ ရင်းနှီး မှုတစ်ခု တည်းမှသာ စိတ်အေး ချမ်းလျက် သက်သာ နှစ်သိမ့်မှု ကို ရရှိခဲ့သည်။ ဆာလံ ၃၄ တွင် ဒါဝိဒ်က ` ငါသည် ထာဝရ ဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက် ဖွယ်သော အကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော် မူ၏´ ရေးသား ခဲ့သည် (း၎)။ .ကောင်ကင် ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏ အဖသည် ဉာဏ်ပညာ အလုံးစုံနှင့် ပြည့်ဝပြီး ချစ်ခြင်း အလုံးစုံနှင့် စုံလင် တော်မူ၏။ ကျွန်ုပ်တို့ကို ကြောက်စိတ်များ စတင် လွှမ်းမိုးလာပါက ခေတ္တမျှ ငြိမ်ဝပ်လျက် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ကို အမြဲ ကိုင်ဆွဲ ထားမည် ဖြစ်ကြောင်းကို သတိရ အောက်မေ့ရန် လိုပါသည်။

(ခွန်အားရသော နောက်ဆုံးသောကလ၏တရားဟောချက်များ)

                                                       

                    
    

September 9, 2015

(-၆၆၆-နောက်ဆုံးသောကာလမှာ)

ဘုရားသခင်ကနောက်ဆုံးသောကာလမှာ-ဖြစ်ပျက်လာမည့် 
အရာမှန် သမျှကို သူ၏ သမ္မာကျမ်းစာထဲတွင် အ ပြည်စုံစုံ ထည့်သွင်း ထားပြီးဖြစ် သည်။ ချစ်သော ယုံကြည်သူ ဓမ္မမိတ်ဆွေများ သိရှိထားပြီး ဖြစ်လိမ့်မည် ဟုထင်ပါသည်။ အရင်က- မကိန်းဂဏန်း များဖြစ်သော- ၃၃၃ သုံးသုံး လုံး၊ ၅၅၅သုံးလုံး၊ ၉၉၉ကိုးသုံးလုံး များပေါ်ထွန်း ခဲ့ပြီးပါပြီ။ 

အခုပေါ် လာတာက ကိန်းဂဏန်း တွေထဲမှာ- "စုံကိန်း" (သို့) စုံဂဏန်း
 "666 ဖြစ်နေတာ သတိပြု နိုင်ကြပါစေ။ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းစဉ်က- (၆)ရက် လုံးလုံး ဖန်ဆင်းခဲ့ပြီး။ (၇)ရက်နေ့မှာ ဘုရား သခင်က လုပ်ငန်းပြီးမြောက်ပြီး အနားယူ တယ်လို့ပါသည်။ ထို့ကြောင့် နံပါတ်(၆)သည် လူ၏ပြည့်စုံခြင်းဖြစ်ပြီး။ (၇)သည် ဘုရား၏ ပြည့် စုံခြင်း ဖြစ်ကြောင်း နားလည်ရမည်။ အချို့သော သာမန် ခရစ်ယာန်များ၊ အမည်ခံ ဘာသာဝင် များသည် ခွဲခွဲခြားခြား သိရှိနိုင်ရန် ခက်ခဲမည်ဖြစ် သည်။ သို့ဖြစ်၍ စာရေးသူမှ ကျမ်းစာ အထောက် အထား အချို့ဖြင့် အနည်း ငယ်ရှင်းပြ ချင်ပါသည်။ 

၆၆၆ တံဆိပ်တုံးက ဘာအတွက်လည်း၊ ဘယ်နေရာမှာ မျိုးမှာသုံးမလဲ၊ ဘယ်သူတွေ ဦးဆောင် မည်နည်း၊ ဘာအကျိုး ပေးသနည်း၊ ဘယ်နိုင်ငံမှာ စမည်နည်း- တံဆိပ် အထု မခံရင် ဘာဖြစ်မည်၊ အထုခံရင် ဘာဖြစ်မည် စသဖြင့်- စာရှူ သူများ ထံမှ မေးခွန်း ပေါင်း များစွာ မေးစရာ ရှိပါလိမ့်မည်။ အရင် တစ်ခါက နဲနဲရှင်းြ့ပသလို မိတ်ဆွေတွေ ရေးတဲ့ ဟာလဲ ရှယ် လုပ်ပေးခြင်းဖြင့် အသိပေးဖူးပြီ။ ၆၆၆ ခြောက်သုံးလုံး နံပါတ်ကိုခွေး၊ တိစ္ဆာန်တွေ၏ ကိုယ်တွင်း ထဲမှာ၊ အထိန်းစက် ကရိယာ တပ်ဆင်ပေး ခြင်းဖြင့် သုံးတာပါ။ မိမိ ပိုင်ဆိုင်သော တိရိစ္ဆာန် ပျောက်ဆုံး ပါက 
Internet Scan ဖတ်ခြင်းဖြင့် လွယ်ကူစွာ ပြန်တွေ့ ရတာကို အခြေခံပြီး။ 

အခုမှာကား- မိမိ နိုင်ငံသား၊ မိမိ၏ လူမျိုး ခရီး သွားလို့ ပျောက်ဆုံးရင်၊ တိုင်း တစ်ပါးမှာ အဖမ်း ခံရင်၊ အသတ်ခံရင်၊ အိမ်ပြန် မလာရင်- ဒီနံပါတ် ၆၆၆ ဖြင့် ရှာဖွေ ရတော့မှာ ဖြစ်တယ်။ ဆန်စေ့ လုံးလေး ခန့်သာ ရှိတဲ့ အပြား သေးသေး လေးကို လူ၏ အသား ထဲမှာ sms ကင်္ဒပြားလေး ဖုန်းထဲ ထည့်သည့် အလား ပြုလုပ် တပ်ဆင် တော့မှာ ဖြစ်တယ်။ 
ဘယ်လို လူမျိုး ပုဂ္ဂိုလ် တွေက စမလဲ၊ ဘယ် ဘာသာဝင်လဲ -
 ခရစ်ယာန် ထိပ်တန်း ခေါင်းဆောင် တွေ စမှာပါ။ ပုပ်ရဟန်း မင်းကြီးနဲ့ လက်ရှိ အမေရိကန် သမ္မတက အခုတလော-၆၆၆နဲ. အထူး အောင်မြင် နိုင်ရေး အတွက် စည်းလုံး နေပြီ ဖြစ်ပါသည်။ 

၆၆၆ သည်လူ၏ အရေအတွက် ဖြစ်ကြောင်း၊ သားရဲ ၏တံဆိပ် လက်မှတ်၊ ခရစ်တော် ဘုရားကို ပုန်ကန် လာမည့်သူ၏ တံဆိပ်တုံး၊ Anti- Christ၏ အမှတ် လက္ခာ ဖြစ်ကြောင်းကို Rev.13:18 တွင်ဖော် ပြထားသည်။ ဤတံဆိပ် တုံးကြီးကို ဘယ်သူတွေပေါ် ထုမည် နည်း? Rev.13:16-17> ငွေရ တတ်သော သူအပေါ်၌၎င်း၊ ဆင်းရဲသောသူ၊ 
ကျွန်ခံရသောသူ အပေါ်၌၎င်း၊ လွတ်သောသူ၊ အကြီးအငယ် 
ရှိသမျှတို့ အပေါ်၌၎င်း၊ လူ၏ လကျာ် လက်၌ ဖြစ်စေ၊ လူ၏
 နဖူးပြင် ပေါ်၌ဖြစ်စေ ထိုတံဆိပ် လက်မှတ် ခံစေခြင်းငှာ 
စီရင်ကြမည့် အကြောင်း တိကျ ပြတ်သားစွာ ဘုရားသခင်က 
မိမိ၏သမ္မာ ကျမ်းစာ ထဲတွေ ကြိုတင် သတိပေး ထားပြီး ဖြစ်သည်။ 

ထိုတံဆိပ် လက်မှတ် လက်မခံ သောသူ မည်သူမဆို ကုန်ရောင်း ဝယ်ခွင့် မရှိ၊ ခရီးသွား လာခွင့် မရှိ၊ ဘာဆို ဘာမှ လုပ်ကိုင်ခွင့် မရှိအောင် ပိတ်ပင် တားမည့် အကြောင်း ဖော်ပြ ထားသည်။ Rev.14:9=> ထို ၆၆၆ တံဆိပ် လက်မှတ် လက်ခံသော သူသည်၊ ရုပ်တု ဆင်းတုကို ကိုးကွယ် သောသူ ဖြစ် သောကြောင့်၊ ဘုရားသခင်ကို ဆန့်ကျင် ဖက်ပြုသော သူများ၏ 
အပေါင်း အသင်းဝင် ဖြစ်သောကြောင့်၊ ဘုရား သခင်၏ အမျက်ဒေါသ ဖလားကို သောက်ရမည့် အကြောင်း သတိပေး ထားပါသည်။ 
Rev.20:4=> ထိုတံဆိပ် ၆၆၆ကို လက်မခံ သူများ၊ ရုပ်တု ဆင်းတု၊ ရုပ်ဖွားတော်ပုံ များ၏ ရှေ့၌ ဝတ်မပြု သူများ၊ ဦးမချ သူများအား- လည်ပင်းဖြတ် သတ်ဖြတ်မည့် အကြောင်း ဖော်ပြပါသည်။ 

ဤကဲ့သို့ ဆိုးဝါးသော ဘေးဒဏ်ကြီး ချဉ်းကပ်လာ ခါနီးတွင် (သို့)
 ၆၆၆နံပါတ် တံဆိပ်တုံး လူများ၏ နဖူးပေါ်တွင် တံဆိပ်တုံး မရိုက် သွင်းမှီ- မြေပင်လယ် တို့ကို မငြင်း ဆဲပါနဲ့ ဟု ၎င်းကြီးသော အသံဖြင့် လူသားများက ကြွေးကြော် လာမည့် အကြောင်း ဖော်ပြ ထားသည်။ Rev.7:3။ ထိုတံဆိပ် လက်မှတ် (666)ကို လက်ခံသော သူများ၊ သားရဲနဲ့ သူ၏ ရုပ်တုများ အားလက်ခံ ကိုးကွယ် သူများ အပေါ်၌ -နေ့ညဥ့်မပြတ် သက်သာ မရကြ ဟုကြီးသော အသံနဲ့ဘုရား သခင် ၏ကောင်းကင် တမန်က ကြွေးကြော်လေ။ Rev.14:11။ ယုံကြည်သူ တိုင်း ဆင်ခြင် နှလုံးသွင်းပြီး သားရဲ၏ တံဆိပ် လက်မှတ်၊ ရုပ်တု ကိုးကွယ် ရန်မြူဆွယ် ဖျားယောင်းခြင်း ဘေး အန္တာရာယ် လက်ထဲမှ အစဉ်အမြဲ လွတ်မြောက် နိုင်ကြပါစေ။

September 7, 2015

( သန်.ရှင်းသောဝိညာဉ်တော် တံဆိပ်ခတ်ခြင်းရည်ရွယ်ချက် )

ဤအရာကိုသဘောပေါက်ပါက ခရစ်တော်ကို 
လက်ခံရရှိထားသော သင်သည် ငါ-ဘယ်သူလဲဆိုတာ စိတ်ချယုံကြည်မှုရှိနိုင်ပါစေ(အာမင်း)

(1)A finished transaction(ပြီးစီးသောလုပ်ဆောင်ပေးမှု) 
စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ ကို ခေါ်၍ ငွေကိုချိန်ခွင်နှင့် ချိန်ပေး၏။Jer-32:10 -အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ် ဆောင်ရွက်စရာဘို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။John:17:4 -ယေရှုသည် 
ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော် ကိုစွန့်တော်မူ၏(John:19:30) 

(2)Ownership (ပိုင်ဆိုင်မှု ) -ဓမ္မသတ်ထုံးစံအတိုင်းတံဆိပ်ခတ်သောစာချုပ်တစောင်နှင့်
 ဖွင့်ထားသော လက်ခံတစောင်ကိုယူ၍၊(Jer:32:12) 
-သခင်ဘုရားသည် မိမိလူတို့ကိုသိကျွမ်းတော်မူ၏ ဟူ၍၎င်း၊ သခင်ဘုရား၏နာမတော်ကိုဝန်ခံသောသူမည်သည်ကား၊ 
မတရားသော အမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏(2Tim:2:19) 

 (3)Security (လုံခြုံ စိတ်ချမှု ) -Esth:8:8-သို့ရာတွင် ရှင်ဘုရင်လက်စွပ် နှင့်တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာ ကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့်တော်စာကို တဖန်ရေး၍၊ လက်စွပ်တော် နှင့် တံဆိပ် ခတ်ရမည်ဟု မိဖုးရာဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏ - ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကိုပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့စေခြင်းငှါ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့ တံဆိပ်ကို ခတ်တော်မူ၏။(Dan:6:17) - ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသောဘုရား သခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်။(Eph:4:30)

September 3, 2015

!!......နောက်ဆုံးသောကာ၌လူ.အသိပညာတိုးပွါးလာမည်......!!


ကားကို(German Karl Benz-1885)လေယဉ်ကို Wrightညီအကို
(1903) လောက်မှစတင်ပြီး တည်ထောင်ခဲ.သည်။
လွန်ခဲ.သောနှစ် ၁၅၀ ကျော်က အမြန်ဆုံး လူသုံးယဉ်သည် မြင်းလှည်းဖြင်.သာ ခရီး သွားကြသည်ကိုသိရသည်။
သို.သော် ယနေ.သိပ္ပံ ပညာတိုးတက်သော IT ခေတ်တွင်
လူ.အသိပညာ အလွန်အမင်းတိုးတက်လာသည်.အတွက်
အာကာသ -လကမ္ဘာသို. ယခင်က၁၉၆၉ခုနှစ် မေလ၂၆ နေ. ၂ရက် ခွဲဖြင်.သွားခဲ.သောခရီးကို(၈နာရီ၃၅မိနစ်) သာကြာပါတော.သည်။

အကယ်၍သာ လူ.နှလုံးက ခံနိုင်ရည်ရှိမည်ဆိုပါက
သည်.ထက်များစွာ အမြန်နှုန်း ဖြင်.သွားနိုင်သော ယဉ်ကို
တီထွင်နိုင်မည်ဟု သိရသည်။လူ.အသိပညာ အံ.မခန်း တိုးတက် လာခြင်းသည် ဘုရားသခင် ဥာဏ်ပညာပေးခြင်း ကြောင်.သာဖြစ်ပြီးကောင်း ကျိုးများစွာရှိသော်လည်းနောက်ဆုံးသောကာလသို. ဦးတည်နေသည်.လက္ခဏာSign ပြည်.စုံလာခြင်း ဖြစ်ကြောင်းယုံကြည်သူများသတိထားသင်.ပေသည်။

-အာမုတ်၊၈း၁၁ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသော
 ကာလ ရောက် လိမ့်မည်။အစာခေါင်း ပါး၍မွတ်သိပ်ခြင်း ဘေးမဟုတ်၊ရေငတ်ခြင်းဘေးလည်း မဟုတ်၊ထာဝရဘုရား၏အမိန့်တော်ကိုမကြားရသော မွတ်သိပ်ခြင်းဘေးခြင်းဘေးဖြစ်လိမ့်မည်။လူတို့သည်
ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ပင်လယ် တပါးမှသည်ပင်လယ်တပါး တိုင်အောင်လှည့်လည် ၍၊
တာင်မြောက်ပြေး သွားသော်လည်း မတွေ့ရကြ။ -ဒံယေလ၊၁၂း၎၊အမှုကုန်ရသည်ကာလတိုင်အောင်၊
ဤစကားတော်တို့ ကို ပိတ်၍ စာစောင်ကို တံဆိပ် ခတ်ထားလော့။ အများသောသူတို့သည် ထိုစာ ကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွါးလိမ့်မည် ဟု ပြောဆို၏။

September 2, 2015

(ယုံချင်ယုံ မယုံချင်နေ- သူ.Timing ကာလစေ.သောအခါကြွလာမည်)

များစွာသောသူများ ခရစ်တော်(ပ)ကြိမ်ကြွ လာမည်.Timing ကို မသိကြ၊မယုံကြည်ကြ၊ သတိမထားကြ၊စိတ်မဝင်စားကြပါ။ ဖါရိရှဲနှင်.ခရစ်တော်နောက်လိုက်(၁၂)ပါးအပါဝင် ကျမ်းအလွန်တတ်သူများအားလုံးမထင်မှတ်ခဲ.ကြပါ။ သိုသော် သူတို.မယုံကြည်၊လက်မခံလို.ခရစ်တော် မကြွလာပဲမနေပါ၊ကာလအချိန်စေ.သောအခါ ကြွလာခဲ.သည်။ ထိုအထဲတွင်(၄)အုပ်စုကသာ သတိထားပြီးစောင်. .မျော်ကြပါသည်။ (၁)သိုးထိန်းများ-(ယနေ.သိုးထိန်းဖြစ်သည်.သင်းအုပ် များလည်း ဝိညဉ်နားမျက်စိဖွင်.ကာ ခရစ်တော်ကြွ လာခြင်းကိုသတိထားသင်.ပါပြီ) (၂)ဒံယေလ ကဲ.သို.ဘုရားဖွင်.ပြသူများ၊ (၃)Simeon ကဲ.သို.ပရောဖက်များ၊ (၄)Anna ကဲ.သို.သော ပရောဖက်မများသာသိရှိ နိုင်ကြသည်။ထိုနည်းတူ မြောက်များစွာသောယနေ.ခရစ်ယန် များသည်လည်း ကောင်းကင်နိုင်ငံအကြောင်းလုံးဝ စိတ်မဝင်စား၊ငရဲလည်းအယုံကြည်မရှိ၊ခရစ်တော် ပြန် လည်ကြွလာခြင်းအတွက် ရင်မခုန်၊ဂရုမစိုက်၊ စိတ်မ ဝင်စား၊သတိမထားသည်သာမက-ယေရှုခရစ်တော် သူလာသည်.အချိန်လာပါစေ၊ ငါတို. အစဉ်သင်.ဖြစ် ဖို.ပါပဲ-လို.သာ လစ်လျှူရှု ပြောတတ်ကြတယ်။ (ထိုသူတော.ကျန်ခဲ.ဖို.သေချာတယ်) ကျွန်တော်တို. မယုံလို.၊စိတ်မဝင်စားလို. ဒု-ကြိမ်မကြွ လာပဲ မနေပါ။ ခရစ်တော်သည် သူ.တိုင်ပင် Timing ကာလအချိန်စေ.သောအခါ ကြွလာမည်ဖြစ်သည်။ ခရစ်တော်က အစဉ်သင်.ဖြစ်ပြီး၊အိပ်နေဖို.မပြော ထားပါဘူး၊စောင်.နေဖို.(waiting)မှာတာဖြစ်တယ်။ -မိကာ၊၇း၇၊ငါမူကားထာဝရဘုရားကိုမြော်လင့်မည်။ -ဆာ၊၃၇း၇၊ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့၊၊ -တိ၊၂း၁၃၊ငါတို့ကို ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့ သည်မြော်လင့်လျက်။ -၁ကော၊၁း၇၊ ထိုကြောင့် သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍ နေစဉ်၊ဆုတော်တစုံတခုမျှမလျော့ဘဲ စုံလင်လျက် ရှိကြ ၏။ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ နေ့ရက် ၌ အပြစ် တင်စရာအခွင့်နှင့်ကင်းလွတ်မည် အကြောင်း၊ သင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံ စေတော်မူလိမ့်မည်။ (အယောက်တိုင်းဘုရားကောင်းကြီးရှိပါစေ၊အာမင်း)