ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

January 17, 2015

If you are a born again believer, you have the spirit of God inside of you. The same power that raised Christ from the dead dwells in you! You are not ordinary; you are a child of the Most High God!I think about Mary, the chosen mother of Jesus. She seemed ordinary to the people around her, but God chose her to do something extraordinary. 
He chose her to bring Jesus to the world and shine forth His glory!
Today, you and I have this same extraordinary purpose—to bring Jesus to the world and shine forth His glory! No matter where you are in the world, there are people around you who need what you have. Listen to the voice of the Holy Spirit inside when He prompts you to shine your light. Don’t be afraid to reach out to others, to share a word of kindness or even a smile. Be your best for God. Be an example of His goodness. 
Be a peacemaker. Be quick to repent when you know you’ve made a mistake. Love people. You never know what is going on in another person’s life when you encounter them. Loving hurting people is what’s closest to the heart of God.
There may be a lot going on in your life today. You may be thinking, “How can I reach out to someone when I’m hurting so badly?” The truth is, when we’re hurting, that’s the best time to reach out to someone and sow a seed of hope into their life. When you take your eyes off of your own circumstances and focus on helping others, God will make up the difference. He’ll help you tap into strength you didn’t know you had. He’ll give you peace that passes understanding. He’ll give you joy unspeakable and full of glory!
Jesus said the kingdom of God is inside of you, and it’s a kingdom that has no end! There’s no end to His strength; there’s no end to His joy; there’s no end to His peace, and there’s no end to His power! That’s mean you are fully equipped for whatever you are facing today and for all that God has for you to do. Remember, God chose to live inside of Mary, and He chooses to live inside of you. He chose you and equipped you to be His extraordinary representative in the earth!
“However, as it is written: ‘What no eye has seen, what no ear has heard, and what no human mind has conceived’ — the things God has prepared for those who love Him.” (1 Corinthians 2:9, NIV)

January 16, 2015

(အဦးသီးသောအသီး ဘယ်ကိုပေးရမည်နည်း)

 Hello...ခရစ်တော်၌ညီအစ်ကိုများအားလုံးးးးမင်္ဂလာပါ။ ဒီညဝေမျှချင်သည်.အကြောင်းအရာလေးကတော. ခရစ်ယန်ပါ...ဆိုတဲ.ယုံကြည်သူများအတွက်နားခါးသော၊မကြားချင်သော အရာထဲကတခုဖြစ်သည်. ထာဝရဘုရားကလူကိုတောင်းသောအရာ(သို.) ငါ.ဥစ္စာဟုဘုရားကပြောသည်.အလှူ ထဲမှအဦးသီးသောအသီးအကြောင်း အနည်းငယ်ဝေမျှလိုတယ်။ ဘုရားသခင်က လူလူချင်းပေးခိုင်းသည်.အလှူ (Man to Man)နှင်. ဘုရားကို တိုက်ရိုက်ပေးခိုင်းသည်.အလှူ (Man to God) ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။၁၀ဖို.တစ်ဖို.သည် လူကဘုရားကို ပေးရမည်. အလှူ ဖြစ်ပြီး ဘယ်လိုပေးမည်ဆိုတာလဲ ကျမ်းစာတွင်ရှင်းလင်း တိကျစွာဖေါ်ပြထားသည်။ EC/Gen:သဘောတူညီမှု နဲ.သုံးလို.ရပါတယ် လို. သိသိကြီးနဲ.ဟောနေသော Rev/Doc:ကြီးတွေအတွက် လွန်စွာ စိတ်မကောင်းဖြစ်မိတယ်။ *ဘုရားပိုင်အလှူ ငွေမဆိုထားဘိ၊ဘုရားပစ္စည်း ယူသုံးတာတောင် သမ္မာဟောင်းကလူတွေ ချက်ချင်းလဲသေတယ်နော်။ အဲဒီဘုရားကအခု မသေဘူး..ရှင်နေတယ်။ချက်ချင်း act:မယူခြင်းသည်နောင်တရဖို. ဂရုဏာကြာမြင်.စွာပြနေတာဖြစ်တယ်။(ယေ၃၁း၃)။ ဒီညဆယ်ဖို.တဖှို.ကိစ္စပြောဖို.မဟုတ်သည်.အတွက်ဒီမှာရပ်နားအုံးမယ်။ *အဦးသီးသောအသီးလည်း ဘုရားကိုတိုက်ရိုက်ပေးရမည်.အလှူ ဖြစ်တယ်။ သို.သော် ၁၀ဖို.တစ်ဖို.ကဲ.သို.ဘုရားကျောင်းသို.အရင်သွင်းဖို.မဟုတ်ပါ။ အချိန်ပြည်.ဘုရားအမှုတော်ဆောင်(သို.)ပျောက်ဆုံးသော ဝိညာဉ် ဖမ်းသည်.အစီစဉ်အားလုံးထံသို.ပေးသွင်းနိုင်သည်။(ဘုရားကျောင်းအလှူ ၊ ဒုက္ခသည်၊ဆင်းရဲသား၊Refreshment/Charity နဲ.မပတ်သက်ပါ) *လတိုင်း၊လတိုင်း ပေးဖို.မဟုတ်ပဲ ပထမဆုံးရသောလစာကိုပေးရမည်။ တနှစ်မှာ လစာတခါတိုးပါက တိုးသော လစာကိုသာ ပေးရမည်။ ဘုရားသခင် ဆင်းရဲ၍မဟုတ်ပါ၊အငယ်ဆုံးသောအရာ၌သစ္စာရှိ၊မရှိစုံစမ်း ပြီး ကောင်းကြီးများစွာပေးလိုသောဘုရားဖြစ်သည်။ (အာမင်းး) *အဦးသီးသောအသီးကို သမ္မာဟောင်းတွင်သာမက သမ္မာသစ်၌လဲ များစွာတွေ.ရသည်။ပေးမည်.အရာ၌မသိ၊မမြင်ဟန်ဆောင်လေ.ရှိလို.သာ (Rm 8:23,Jm 1:18 , 1cor 15:20-28,Jr 2:1-3,Ps 105:36,Ex 23:16) ကောင်းကြီးဖွင်.မဖွင်. မြီးစမ်းသည်.သက်သေခံချက်များစွာထဲမှ ကရင်တိုင်းရင်းသူလေယဉ်မယ်တဦး၏ သက်သေချက်ကို နားထောင်ခြင်းဖြင်. ၂၀၁၅ မှာအသစ်သောကောင်းကြီးများစွာ ရေတွက်နိုင်ကြပါစေသော်....
   

January 15, 2015

"ကူးစက်ပျံ့နှံ့သွားတော့သည်"

နယူးယော့(ခ်) မြေအောက်မီးရထား ပေါ်၌ ပြုသော သာမန်ကြင်နာမှုလေးက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ခေါင်းဆောင်းပါသည့် ရှပ်အင်္ကျီအနွေးထည်ဝတ်ထားသော လူရွယ်မှာ ခေါင်းကို အုပ်ထားကာ ခရီးသွားအဖိုးအိုတစ်ဦး၏ ပုခုံးထက် ခေါင်းတင်ရင်း အိပ်ပျော်နေသည်။ အခြား ခရီးသွားများက ထိုလူရွယ်ကို နှိုးလိုက်မည်ဟုပြောရာ အဖိုးအိုက “သူတစ်နေကုန် ပင်ပန်းထား တယ်နဲ့တူတယ်။ အိပ်ပါစေ။ တို့တွေလည်းဖြစ်တတ် ကြတာပဲ” ဟူ၍ ပြန်ပြောသည်။ မောပန်းနွမ်းနယ် နေသော လူရွယ်ကို သူ့ပုခုံးထက်၌ နောက်ထပ် တစ်နာရီအထိ အိပ်စေခဲ့သည်။ အဖိုးအိုဆင်းရမည့် မှတ်တိုင်ရောက်ခါနီးမှ ညင်သာစွာ ရွှေ့ ပြီး ထလိုက်သည်။ ထိုအတောအတွင်း အခြား ခရီးသည်တစ်ယောက်က ဓာတ်ပုံရိုက်ထားပြီး သူတို့ပုံကို လူမှုရေးမီဒီယာပေါ်တင်လိုက်ရာ ကူးစက်ရောဂါအလား ကူးစက်ပျံ့နှံ့သွားတော့သည်။ အဆိုပါ အဖိုးအို၏ ကြင်နာပြမှုက ကျွန်ုပ်တို့အားလုံး လိုလားတောင့်တနေသော ဘုရားသခင်၏နှလုံးသားကို ထင်ဟပ်ပြသသည့် ကြင်နာမှုနှင့်ပြည့်လျှံလွှမ်းနေသည်။ ယေရှု၏မိတ်ဆွေများက ကလေးငယ်များ၏အသံဗလံနှင့် အနှောင့်အယှက်ပေးမှုကို ကာကွယ်ပေးရန် ကြိုးစားကြစဉ် သခင်ယေရှု၏နူးညံ့ညင်သာမှုကို တွေ့မြင်ရသည်။ သခင်ယေရှုက ကလေးငယ်များကို လက်တော်ဖြင့် ပွေ့ပိုက်ကာ ကောင်:ချီးပေးခဲ့သည် (မာ ၁၀း၁၆)။ ထိုဖြစ်စဉ်တွင် သူငယ်များကဲ့သို့ပင် သူ့အား ယုံကြည်အားကိုးရန် ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်က ဖိတ်ခေါ်နေပါသည် (း၁၃-၁၆)။ ကိုယ်တော်၏မျက်မှောက်၌ ကျွန်ုပ်တို့အားလုံးသည် လုံခြုံမှုရှိကြောင်းကို ယေရှုရှင်က ကျွန်ုပ်တို့အားသိစေသည်။ နှိုးထနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော့် အပေါ် အမှီပြုနိုင်သည်။ ကျွန်ုပ်တို့မောပန်းနွမ်းနယ်သည့်အခါ ခိုနားရန် လုံခြုံ စိတ်ချရသောနေရာကို ကိုယ်တော် ပြင်ဆင်ပေးပါသည်။
 Mart DeHaan

(ယနေ...ငိုကြွေးနေသော အသင်းတော်များး)

ယနေ့မျက်မှောက်ခေတ်ကာလတွင် မြောက်များစွာသော အသင်းတော်မှာ ငိုကြွေးလျက်ပင်ရှိနေသည်။အဘယ့်ကြောင့်ဆိုသော် အသင်းတော်ကိုစောင့်ရှောက်ရန် ဘုရားဘိဒိတ်ပေးထားသော သင်းအုပ်များ အိပ်ငိုက်ကုန်ကြသည်။ကင်းစောင့်များ အိပ်ငိုက်နေ သောကြောင့်သူခိုးက အသင်းတော်ထဲ ၀င်ရောက်မွှေနှောက်လျက်ရှိနေသည်။ အသင်းတော်တွင်လူသာများနေပြီး ဘုရားဘုန်းမတွေ့ရတော့ပေ။ သင်းအုပ်များသစ္စာမဲ့ကုန်ကြပြီ။သင်းအုပ်များက အသင်းတော်သို့ လူမလာတော့မည်ကိုစိုးရိမ်နေသောကြောင့်၊လူနည်းသွားမည်ကို စိုးရိမ်နေကြသောကြောင့် ဘုရားတည်ဆောက်လိုသော အသင်းတော် ထက်လူသားအကြိုက်လုပ်နေကြပြီ။အသင်းတော်အတွင်း အပြစ်လုပ်မိသော သူများကို နှုတ်ကပတ်တော်အတိုင်း မလုပ်၊မစီရင် လူမျက်နှာ ကိုထောက်၊အားနာတာကြောင့် ဘုရားအလိုတော်ကိုဖီဆန်ခဲ့ကြပြီမဟုတ်လော။သင်းအုပ်များက ဤကဲ့သို့လုပ်ဆောင်နေကြသော ကြောင့် အသင်းတော်တွင်ရှိနေသောယုံကြည်သူများ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ်၊ အသင်းတော်တွင် အိမ်ထောင်ကွဲမှု့တွေ၊ဖောက်ပြန်မှု့တွေ အလွန်များပြားနေသည်။အသင်းတော်လူကြီးများမှအစ စနေနေ့ညတွင် လုပ်ချင်ရာလုပ်၊သောက်ချင်ရာသောက် ပြီးမှ တနင်္ဂနွေေ၇ာက် ရင်ဟန်ဆောင်ဘုရားအလုပ်လုပ်နေကြသည်။အသင်းတော်မည်သို့ ကောင်းကြီးဖြစ်မည်နည်း။ လူ့အကြိုက်အသင်းတော်ကို တည်ဆောက်နေကြသည်။ လူမျိုးရေး၊လူမှုရေးနှင့်အသင်းတော်ကို လုပ်ဆောင်နေကြသည်။အသင်းတော် တွင်မည်သည့် ဘုရားဘုန်းထင်ရှားမည်နည်း။ယုံကြည်သူများကလည်း မိမိအကြိုက်လုပ်ပေးတတ်သော သင်းအုပ်ကိုသာ လိုချင်နေကြ ပြီမဟုတ်လော။ဘုရားသခင်၏ အသင်းတော်ကို ညစ်ညူးစေကြပြီ။အသင်းတော်တွင် မတရားမှု့များ၊ဖောက်ပြန်မှု့များ များလွန်းနေခြင်းကြောင့် ထိုအသင်းတော်တွင်ရှိနေသော ယုံကြည်သူများ ၀ိညာဉ်ကျန်းမာခြင်းမရှိကြတော့ပါ။မြောက်များစွာသော အသင်းတော်များသည် လူမှု့ရေး၊လူမျိုးရေးနှင့်တည်ဆောက်သောအသင်းတော်ဖြစ်ကုန်ပြီ....ဘုရားအလိုတော် နှင့်တည်ဆောက်ခြင်းမျိုးမဟုတ် လူ့အကြိုက်လုပ်နေကြပြီ။။။။သင်းအုပ်များ၊သစ္စာမဲ့ကုန်ကြပြီ... သင်းထောက်များက သင်းမှောက်ဖြစ်ကုန်ကြပြီမဟုတ်လော..... မိတ်ဆွေ.... လူ့အကြိုက်ကိုလိုက်ပြီးကိုးကွယ်ခြင်းအမှု့ကိုပြုနေတုန်းလား.... ဘုရားသခင်သည် သန့်ရှင်းခြင်းအမှု့ကို နှစ်သက်သော ဘုရားဖြစ်ပါသည်။သန့်ရှင်းခြင်းမရှိသော အသင်းတော်သည် တစ်နေ့ဖြိုဖျက်ခြင်းခံရမည်ဖြစ်သည်။သန့်ရှင်းခြင်းအသက်တာ၌ တည်ဆောက်ခြင်းမရှိ သော ယုံကြည်သူအသက်တာသည်လည်း ဖျက်ဆီးခြင်းခံရမည်မှာအမှန်ဖြစ်သည်။ မိတ်ဆွေ.... သင်ရှိနေသော အသင်းတော်သည် ဘုရားသခင်၏အလိုတော်နှင့်တည်ဆောက်သော၊သန့်ရှင်းသော အသင်းတော်ဖြစ်နေ ပါသလား။ထိုသို့မရှိပါက အသင်းတော်အတွက် ဆုတောင်းပါ.... ထိုအသင်းတော်သည် ခရစ်တော်က အသွေးနှင့်ရွှေးနှုတ်ခဲ့သော အသင်းတော်ပင်ဖြစ်သည်။

January 10, 2015

အသင်းတော်ရဲ့ ရာထူး အဆင့်အတန်း

Catholics  အသင်းတော်တွင်
 1. Priest 
2. Bishop 
3. Archbishop 
4. Cardinal 
 5. Pope ဆိုပြီး ရှိပါတယ်။
Pope ရဟန်းမင်းကြီးကို Cardinal တွေထဲကနေ မဲစံနစ်(၃ပုံ၂ပုံအထက်)နဲ့ ရွေးချယ် ရပါတယ်...ကက်သလစ် သာသနာ မြန်မာပြည်ရောက်တာ နှစ် ၅၀၀ အတွင်း မှာ Cardinal တပါးအရွေးခံရတာ ကက်သလစ် အသင်းတော်အတွက် သာမက မြန်မာ နိုင်ငံအတွက်ပါ ဂုဏ်ယူစရာကောင်းပါတယ်။ ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ ပုပ်ရဟန်းမင်းကြီး ရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့် ရှိသည့် ကက်သလစ် ဘုန်းတော်ကြီးအဖွဲ့ဝင်အဖြစ် အသစ်ရွေးချယ် တင်မြှောက်ခံရသူ များအနက် မြန်မာ နိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်းရရှိသည်။ အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သက်တော် (၈၀) အောက် ဘုန်းတော်ကြီး ၁၅ ပါးကို ပုပ်ရဟန်းမင်းကြီးက ဖြည့်စွက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဗာတီကန်နန်းတော်က အတည်ပြုကြေညာသည်။ National Catholic သတင်းဌာန၏အဆိုအရ ပုပ်ရဟန်းမင်း ရာထူးအတွက် အဆိုပြု တင်မြှောက်ခွင့်ရ ဘုန်းတော်ကြီးအဖွဲ့တွင် ယခင်က လုံးဝမပါဝင်ဖူးသည့် နိုင်ငံသုံးခုမှ ဘုန်းတော်ကြီး တစ်ပါးစီကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတို့မှာ ကိပ်ဗာဒီမှ ဘုန်းတော်ကြီး အာလင်ဒို ဂိုမက်စ်ဗာတာဒို၊ တွန်ဂါမှ ဘုန်းတော်ကြီးဆိုယာနီ ပါတီတာပိုင်နီမာဖီနှင့် မြန်မာ နိုင်ငံမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘိုတို့ ဖြစ်ကြကြောင်း သိရှိရသည်။ ပုပ်ရဟန်းမင်းကြီး ရွေးချယ်သော အခြားအဖွဲ့ဝင် ဘုန်းတော်ကြီးများမှာ ပေါ်တူဂီ၊ အီတလီ၊ မက္ကဆီကို၊ ဥရုဂွေး၊ စပိန်၊ ပနားမား၊ နယူးဇီလန်၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီ ယိုးပီးယားနိုင်ငံများမှ ဖြစ်သည်။ ရွေးချယ်ခံဘုန်းတော်ကြီးများအနက် ဗာတီ ကန်နန်း တော်၏ လုပ်ထုံးလုပ်နည်းများ နှင့် အကျွမ်းတဝင် အတွေ့အကြုံ ရှိသူဟူ၍ မော်ရိုကို မှ ဒေါမနစ် မမ်ဘာတီတစ်ဦးတည်းသာ ပါဝင်လာခဲ့သည်။ နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံး(ကာဒီနယ်)အတိုင်ပင်ခံ ရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်မောင်ဘို ရွေးချယ်ခံ ရကြောင်း ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် အမှုဆောင်အတွင်းရေးမှူး Moris ညွန့်ဝေကမိန့်သည်။ ‘‘အင်မတန်မှ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံသားရွေးချယ်ခံရတာ။ ဟိုအရင် သတင်း တွေ ထွက်တာရှိတယ်။ ကာဒီနယ်ဆိုတာ ကက်သလစ်ဂိုဏ်းမှာ အဆင့်မြင့်ပိုင်းမှာ ရှိတယ်။ မြန်မာတစ်ပြည်လုံးတင်မကဘူး။ ကမ္ဘာတစ်ခုလုံးမှာ အရေးပါတဲ့ တာဝန်ရှိ သူဖြစ်သွားတာ’’ဟု မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ပါမောက္ခ နှစ်ခြင်းဆရာတော် စော လှိုင်ဘွားက ၀မ်းမြောက်စကားဆိုသည်။ ဆရာတော်ကြီး ချားလ်မောင်ဘိုသည် ၁၉၄၈ခုနှစ်က မန္တလေးတိုင်း ရွှေဘိုခရိုင်၊ မုံလာရွာတွင် မွေးဖွားခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ရဟန်းဖြစ်ကာ ၂၀၀၃ခုနှစ်မှစ၍ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခြင်းဖြစ်သည်။ ဗာတီကန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဘုန်းတော်ကြီး ဖက်ဒရေကို လွမ်ဘာဒီက ပုပ်ရ ဟန်းမင်းကြီးသည် ယခုရွေးချယ်မှုတွင် အာရှနှင့် အာဖရိကဒေသမှ ဘုန်း တော်ကြီး များကို အဓိကဦးစား ပေးခဲ့ပြီး ကက်သလစ်ခရစ်ယာန် ဘာသာ ကောင်းစွာ ပျံ့နှံ့ထွန်း ကားပြီးဖြစ်သည့် မြောက်အမေရိက ဒေသကို ချန်လှပ်ထားခဲ့ကြောင်း ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီး ၁၅ ပါးအပြင် သက်တော်(၈၀)အထက် ဘုန်းတော်ကြီး ငါးပါးကိုလည်း တင်မြှောက်ရေးအဖွဲ့ဝင်များအဖြစ် သီးခြားရွေးချယ်ခဲ့ရာ အာဂျင် တီးနား၊ ကိုလံဘီယာနှင့် မိုဇင်ဘစ်နိုင်ငံများမှ ပါဝင်ခဲ့ကြသည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးများမှာမူ ပုပ်ရဟန်းမင်း ရွေးကောက်တင် မြှောက်မှုတွင် အသက်ကန့်သတ်ချက်ကြောင့် မဲပေးခွင့်ရမည် မဟုတ်ချေ။ အသစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီးများသည် ဖေဖော် ဝါရီ ၁၄ ရက်တွင် ဗာတီ ကန်ရှိ ပုပ်ရဟန်းမင်းရွေးချယ်ရေး အဖွဲ့ဝင်များနှင့် စတင်ပူးပေါင်း တာဝန်ထမ်း ဆောင်မည်ဖြစ်သည်။၎င်းတို့သည် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၏ နေရာကို ဆက်ခံ မည့် ပုဂ္ဂိုလ်အတွက် မဲပေး တင်မြှောက်ခွင့်ရှိမည်ဟု သိရ သည်။ ပုပ်ရဟန်းမင်း ရာထူးရွေး ချယ်တင်မြှောက်ရေးအဖွဲ့တွင် မဲပေးခွင့်ရဘုန်းတော်ကြီး အပါး ၁၂၀ ပါဝင်ပြီး ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ၂၄ ရာခိုင် နှုန်းရှိနေ သည့် ဥရောပတိုက်မှ ၅၇ ပါးနှင့် ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ထက်ဝက်မျှ ရှိနေသည့်လက်တင်အမေရိကမှ၂၁ပါးတို့လည်းပါဝင်ကြသည်။ Ref:The-IrishTimes

January 1, 2015

ပိုကောင်းမှာလား ပိုဆိုးမှာလား???


ပိုကောင်းမှာလား ပိုဆိုးမှာလား သင်သည် အဘယ်သူထံ၌ နည်းခံ ခဲ့ပြီးသည်ကို၎င်း၊အထက်က သင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ ၂ တိ ၃း၁၄-၁၅ နှစ်သစ်တိုင်း၌ ကျွမ်းကျင်သူ ပညာရှင် များက စီးပွားရေး၊ နိုင်ငံရေး၊ ရာသီဥတုနှင့် အခြားသော အကြောင်းအရာများစွာနှင့် ပတ်သက် ၍ ၎င်းတို့၏ခန့်မှန်းချက်များကို ထုတ်ပြန်ကြသည်။ စစ်ဖြစ်မည်လား၊ ငြိမ်းချမ်းမည်လား၊ ဆင်းရဲမွဲတေ မည်လား၊ ပြည့်စုံကြွယ်ဝမည်လား၊ တိုးတက်မှုရှိ မည်လား၊ ရပ်တန့်နေမည်လား စသည်ဖြင့် ခန့်မှန်း ကြသည်။ အရပ်တကာရှိလူများက ဤနှစ်သစ် သည် မနှစ်ကထက်ပိုကောင်းမည်ဟု မျှော်လင့် တတ်ကြသည်။ သို့သော် ဘာဖြစ်လာမည်ကို မည်သူမျှ မသိကြပါ။ သို့သော် သေချာသည့်အရာတစ်ခုရှိ သည်။ ကျွန်တော့်အသင်းတော်၌တရားလာဟော သည့်ဧည့်သည်ဆရာက “ကမ္ဘာကြီး ပိုကောင်းလာမှာလား၊ ဆိုးလာမှာလား” ဆိုသည့် မေးခွန်း၏အဖြေမှာ “ပိုကောင်းလာနိုင်သလို၊ ပိုလည်းဆိုးလာနိုင်တယ်”၊ “နှစ်မျိုးစလုံး ဖြစ်နိုင်တယ်” ဟုဆိုပါသည်။ ရှင်ပေါလုက တိမောသေအား (၂ တိ ၃း၁၊ ၁၃-၁၅)တွင် “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်။ … ဆိုးညစ်သောသူ၊ လှည့်ဖြားသော သူတို့မူကား သူတစ်ပါးကို၎င်း၊ ကိုယ်ကို၎င်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွား ကြလိမ့်မည်။ သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း … ဓမ္မကျမ်းစာကို ငယ်သော အရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်… အထက်က သင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့” ဟူ၍ပြောထားပါသည်။ ကျွန်ုပ်တို့ဘုရားသခင်၏ လမ်းတော်အတိုင်းလျှောက်လှမ်းရာ၌ ဘုရားသခင်၏ နှုတ်ထွက်ကျမ်းစကားသည် ကျွန်ုပ်တို့အား လမ်းညွှန်ပေးသည်၊ တည့်မတ်ပေးသည်၊ ခွန်အားတွန်းအားများပေးပါသည် (း၁၆-၁၇)။ ဆရာကြီး ဂျေ ဘီ ဖိလစ်က ကျမ်းပိုဒ်၊ ကျမ်းစကားများသည် ဘုရားသခင်၏အမှုတော်ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ကို စုံလင်စွာ ပြင်ဆင်ပေးသော “ပြီးပြည့်စုံသော လက်နက်” ဟုဖော်ပြထားသည်။ ကမ္ဘာကြီး၌ ၀ိညာဉ်အမှောင်က တိုး၍ ကြီးစိုးလွှမ်းမိုးနေပေရာ ခရစ်တော်၏ အလင်းသည် သူ့ကိုသိသော သားသမီးအယောက်စီတိုင်းအားဖြင့် သာ၍တောက်ပ ထွန်းလင်းနေသည်။ သခင်ယေရှုသည် ယနေ့၊ မနက်ဖြန်၊ ထာဝရအတွက် ကျွန်ုပ်တို့၏ ၀မ်းမြောက်ခြင်းနှင့် မျှော်လင့်ခြင်းဖြစ်သည်။ — David McCasland ကောင်းကင်ဘုံရှင်အဘ၊ ဤလောက၏အမှုအရေး ပြဿနာများသည် ကျွန်ုပ်တို့ကို ကိုယ်တော့်ထံမှ အာရုံလွဲသွားစေ၏။ နှုတ်တော်ထွက်အားဖြင့် ကျွန်ုပ်တို့ကို မြဲမြံစေ၍ ကျေးဇူးပါ။ မေတ္တာတော်၌ ပျော်မွေ့လျက် ထိုမေတ္တာကို သူတစ်ပါးအား ဝေငှနိုင်စေသား။ သင့်အနီးအနားရှိ ဆိုးညစ်သော မကောင်းမှု မှောင်မိုက်တန်ခိုးများသည် သင့်အတွင်းရှိနေသော သခင်ယေရှု၏ တန်ခိုးတော်ကို မယှဉ်နိုင်ပါ။

December 31, 2014

HAPPY NEW YEAR

2014 တနှစ်တာဖြတ်သန်းခဲ.သမျှ တကမ္ဘာလုံးအတိုင်းအတာဖြင်. ကြည်.လိုက်ရင် လူသားအကျိုးပြုသောအရာ တစ်စုံတခုမှပြောစရာ မရှိသလောက် ဖြစ်ပြီး ဟေရှာယ (၅၉း၁-၁၉)က ပြောသည်. ဖြောင်.မတ်ခြင်းကို ခါးသီးခြင်းအသွင်သို. ပြောင်း စေသည်. မေတ္တာခေါင်းပါးခြင်း လည်ပင်းလှီး၊ ခေါင်းဖြတ်ခြင်း၊ ခလေးငယ်များအား မုဒိန်းကျင်.ခြင်း၊ များစွာသော လူ.အသက်သတ်ခြင်း အနိဌါရုံများအပြင် သဘာဝ ဘေးဒဏ်သင်.သည်. သန်းချီသောလူသားများ၊ အီဗိုလာ ကဲ.သို.သော မကြားစဖူး ရောဂါဆိုးများအပြင် အနှစ်ငါးထောင်မှာ မဖြစ်စဘူးသော တနှစ်တည်းတွင် နှစ်ကြိမ် အသွေးဖြစ်ခြင်းများကိုလည်း 2014 နှစ်တွင် ကြုံ တွေ.ခဲ.ရပါသည်။ ကမ္ဘာ.လူဦးရေ၏ ၇၅%သည် 2014Dec31 အထိ ခရီးဆုံးသို. ရောက် လာကြပြီး ထို နေစရာ၊စားစရာ ပူပင်သောကမရောက်သော သူအထဲမှာ သင်လည်းပါဝင်တယ် ဆိုတာ သတိရရဲ.လား။ ထိုသို.ဆိုသော် သင်သည် ၈% လူချမ်းသာစာရင်းဝင် ဖြစ်တယ်ဆိုတာ မမေ.နဲ။ ဆေးရုံကုတင်မှာ မအိပ်ရပဲ မွေ.ယာထူထူမှာအိပ်၊ အိပ်ရင်းနဲ. နုတ်ကပတ်တော်နားထောင်၊ IP လေးနဲ. တကမ္ဘာလုံးကို Chat လိုက် သေးတယ်။ ဒီ 2014 သေဆုံးသွားသူတွေ စာရင်းထဲတွင်လည်း သင်မပါဘူး၊ သင်. Bank အကောင်. ထဲမှာလဲ အချိန်တန်ရင် သုံးစရာအမြဲမပြတ်ဝင်နေဆဲ၊ ယနေ. အဖို.သုံးလောက်သော ငွေကြေးပမာဏကို အစဉ်သင်. သင် ပိုင်ဆိုင် နေတာအတွက်ကော ဘုရားကို ကျေးဇူးတင်ကြောင်း ပြောဘူးရဲ.လား။ စစ်ဘေးကြောင်. အမှု၊ ပြသနာမရှိ ထောင်နုတ်ခမ်း မနင်းရသောကြောင်. အခွင်.ထူးခံ သန်း၅၀၀ သော လူစာရင်း ထဲမှာပါနေပြီ။ ငတ်မွတ်ခြင်း ဘေးမရှိ၊ မိဘ ညီအကိုများ စုံလင်စွာရှိပြီး၊ စစ်ဘေး စစ်ဒဏ် ကြောင်. ညှင်းပန်းခြင်း မခံရသော ကြောင်. ကျေးဇူးတော် အထူး ခံသော သန်း ၃၀၀ စာရင်း ထဲမှာ သင်လည်း အပါ အဝင်ဖြစ်တယ်ဆိုတာ အတွက် ကော. ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ကျေးဇူး တော်ချီး မွမ်းပြီး သက် သေခံ ဘူးပြီလဲ?။(ဘေးလူတွေကို နှိုင်းဖို.မဟုတ်၊အပေါ်ကိုမော.ကြည်.ဖို.ပါ)။ သင်သည် မိတ်ဆွေ များကို ပုခုံးဖက်ပြီး လက်ဆွဲနုတ်ဆက် နိုင်သော ကြောင်. သာ၍ မင်္ဂလာရှိသောသူဖြစ်သည်။ အဘယ်ကြောင်. ဆိုသော် လူတိုင်းသည် ထိုကဲ.သို. မလုပ်နိုင်သောအရာကို သင်ပြုလေပြီ။ သင်. အတွက် ကျေးဇူးတော် ရေတွက်ပြီး ချီးမွမ်းစရာကလွဲပြီးရင် အခြား ဘယ်အရာမှ မရှိတော.ပါ။ မိတ်ဆွေ…တခုတော. ပြောပါရစေ။ ငွေကြေး ကြွယ်ဝချမ်းသာ၊ ပိုင်ဆိုင် ခြင်းကို ဘုရား မကန်.ကွက်၊မဆန်.ကျင်ဘူး။ သို.သော် ငွေကြေးက သင်.ကို ပိုင်ဆိုင်ဖို. ဘုရားလုံးဝ အလိုမရှိဘူး။ ငါ အလုပ်လုပ်ပြီး ငွေရှာ မှဖြစ်မယ် ဆိုတဲ. အတွေးခေါ်အပေါ်မှာ ရပ်တည်ခြင်းကို ဘုရား အလိုမရှိဘူး။ ငွေကြေးမရှိလည်း ထာဝရဘုရား တတ်နိုင်တယ် ဆိုတဲ. ထာဝရဘုရားအား ကိုးစားခြင်းMentality ကို ဘုရားအလိုရှိ တာဖြစ်တယ်။ လူတိုင်းက နှစ်ဟောင်းကုန်လို. နှစ်သစ်ကူးတော.မယ်ဆိုရင် မိမိ နှလုံးသားကို အကြွင်းမဲ.ပေးဆပ်ကြပါတယ်။ ဟိုဟာတော. ဖြတ်တော. မယ်၊ ဟိုအရာ မလုပ် တော.ဘူး၊ ဂတိဂဝတ်များစွာအား ဘုရားကို ပေးကြ လေ.ရှိတယ်။ သာ၍ အသုံးပြုပါ …အလိုတော်အတိုင်း အသက်ရှင်စေဖို. အသားကုန် မျက်ရည်မျက်ခွက်ဖြင်. ဆက်ကပ်ကြပါ တယ်။ မကောင်းဘူး လို.မဆိုလိုပါ်….။ဘုရားက ဂတိမတောင်းပါ။ သို.သော် ကိုယ်ပေးတဲ. ဂတိကို နောက်တပတ် New-Year ရောက်ရင် ပုံမှန် သောက်နေကျ၊ စားနေကျ၊ပြောနေကျ၊ ငုံနေကျ ခွေးမြီးကောက် ကျည်တောက် စွပ်သလို နဂိုသွားနေကျနေရာသွား၊ ဟိုအတင်း၊ ဒီအတင်းပြော၊ သောက်နေကျ၊ စားနေကျ ပုံမှန်ပဲပြန်လုပ်။ ထို.ကြောင်. ကျွန်တော်တို.၏ ညစ်ပေနေတဲ. နှလုံးသားကို ကိုယ်တော်အား မပေး၊ မဆက်ကပ်ပါနဲ.။ ကိုယ်တော်လုံးဝရွံ.မုန်းတယ်။ ကိုယ်တော်က သင်.နှလုံးသားကို အလိုမရှိဘူး။ ကိုယ်တော်ပေးသော နှလုံးသား အသစ်နဲ. အသက်ရှင်မှ လူဟောင်းက နှစ်သက်ပြီးမဖျက်နိုင်သော လုပ်မြဲလုပ်နေကျ အရာအားလုံးကို မလုပ်နဲ.ဆိုပြီး တားနေ၊ဖြတ် နေစရာ မလိုပဲ အလိုလို ပြန်မလုပ် ထားခဲ.တော.မှာဖြစ်တယ်။ (သု ၂၃း၂၆၊ယေ ၃၆း၂၆၊၂ကော ၅း၁၇)။ (သင်.မတတ်နိုင်မှာကို ကိုယ်တော်ကြိုသိသောကြောင်. သင်.အား ကူညီ ထောက်ပံ. လမ်းပြပေးမည်. သန်.ရှင်းသောဝိညဉ်တော်ကို စေလွတ် တာဖြစ်တယ်) 2014နှစ်တုန်းက ဆုံးရှုံးနစ်နာခဲ.သမျှ၊လူတွေက မနာလိုအမုန်းပွါးပြီး အရှက်တကွဲ အကျိုးနဲပြောခဲ.သမျှ ပြန်လည်စံမြုပ်ပြန်လွမ်းနေဖို. ကိုတော. ဘုရားအလိုမရှိတော.ပါ။ နှစ်ဟောင်းက သူများအပြစ်ကို Copyလုပ်၊သိမ်:ထားပြီး Paste နေမဲ.အချိန်မဟုတ်တော.ဘူး။ ပြီးခဲ.တာကို များများမေ.ပစ်ပြီး များများ ထားခဲ.နိုင်သူသည် များများမြန်မြန် လွတ်မြောက် ကျန်းမာစွာ အသက် ရှင်နိုင်သူဖြစ်တယ်။ ရှင်ယာဂုတ် သတိပေးတာက ၄း၁၄ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သော အရာဖြစ် သနည်း။ ခဏထင်ရှားပြီး မှ ကွယ် ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ သု ၂၇း၁ နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်၊၊ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။ ယောဘ ၇း၇-၁၆ ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့ တော်မူပါ၊၊ ငါ့ အသက်သည် အခိုးအငွေ့ဖြစ်၏။ ဆာလံ ၁၄၄း၎ လူသည်အငွေ့နှင့်တူပါ၏၊၊ သူ၏နေ့ရက်တို့သည် လွန် သွားတတ် သော အရိပ်ကဲ့သို့ဖြစ်တတ်၏၊၊ ထို.ကြောင်. လူ.အသက်တာသည် အလွန်တိုတောင်းပြီး တန်ဖိုးရှိကာ ရတောင်.ရ ခဲသောအရာဖြစ်သည်.အတွက် တယောက်နှင်.တယောက် မုန်းတီးခြင်း၊ ခွင်.မလွှတ်၊ နုတ်မဆက်နိုင်လောက်အောင် ခါးသီး နာကျဉ်းခြင်း အလုံးစုံကို မေ.ပစ် သင်ပုန်းချေနိုင်ပါမှ သင် လွတ်မြောက် နိုင်မှာဖြစ်တယ်။ ထိုအရာသည် ခရစ်တော်၏ လက်ဝါးကားကိုင်ကို ဆန်.ကျင်ဘက်ပြုသော အရာများဖြစ်ပြီး သင်.ဝိညဉ်ကို ညှိုးနွမ်း ချိနဲ. ကျဆင်းစေနိုင်ပါတယ်။ နာကျည်းခြင်းရှိသူသည် ဖြောင်.မတ်ခြင်းနှင်. မေတ္တာတရားကို သယ် ဆောင်သူများမဟုတ်ပဲ ခါးသီးခြင်းအဆိတ်အတောက်ကို တစက် ချည်း နေ.စဉ် သောက်သုံး နေသူများဖြစ်ပြီး နိဂုံးသည်လည်း သေခြင်း တရားသို. ဦးတည်နေသူများ ဖြစ်သည်.အပြင် 2015 နှစ်သစ်တွင် ကိုယ်တော် ပြင်ဆင်ထားသော ဆုလာဒ် များစွာနှင်. ဝေးကွာ ဆုံးရှုံး စေနိုင်သော အရာများ ဖြစ်သောကြောင်. တမန် တော်ရှင် ပေါလုက ဖိ၃း၁၃ “ညီအစ်ကိုတို့၊နောက်ကျ သောအရာ တို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသော အရာတို့ကို လှမ်းကမ်း၍၊ ၁၄ ယေရှုခရစ်အားဖြင့် ဘုရား သခင် သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှါ၊ ပန်းတုံး တိုင်သို့ ငါလိုက်ပြေး၏” ဆိုသကဲ.သို. ၂၀၁၄ မှ အနာ တရဖြစ် စေသည်.အလုံးစုံသော ဒဏ်ရာအပေါင်းကို လွမ်းမနေ တော.ပဲ year2015 မှာ ကိုယ်တော်ပြင်ဆင်ပေးသည်. ဆုလဒ် များစွာရရှိနိုင်သူများ ဖြစ်ပါ စေလို. မေတ္တာများစွာဖြင်. ဝေမျှလိုက်ပါသည်။ ဖတ်ရှုသူအယောက်တိုင်း နှစ်သစ်တွင် အောင်မြင်ခြင်း၊ စစ်မှန်သော ပျော်ရွှင်ခြင်းနှင်. လွတ်ခြင်းများစွာ ရရှိနိုင်ကာ ဝိညဉ်ရေးရာ၌ ကြီးထွား ရင်.ကျက်သောသူများဖြစ် ကြပါစေလို.ဆုမွန်တောင်းပေးပါတယ်။

December 23, 2014

(ယေရှု ခရစ်ဆွေစဉ်မျိုးဆက်စာရင်း)

 မြန်မာပြည်ခရစ်ယန်အားလုံးနီးပါးက ခရစ်စမတ် ကျရင်ပျော်မယ်၊ နှစ်သစ်ကျတော.နောင်တဖြင်. ဆက်ကပ်၊ပြီးရင် ကားတိုင်တင်မယ်၊ထမြောက်ပြီးရင်၊ ပင်တီကုတေ sermon ကြားပြီး အဲဒီ သံသရာလည်စက်ဝိုင်းမှာပဲ ပတ်ချာလည်ပြီး ကားတိုင်ဒီဘက်ကို ရောက်မလာနိုင်တာကို ဆင်ခြင် မိတယ်။နေ.တိုင်း ခရစ်တော်မွေးပြီး နေ.တိုင်း ငါ..ငါ…ငါ… ဆိုတာသေရမှာဖြစ်တယ်။ တရားဟောချက်လဲ မိုက်ခရိုဝေ.ဖ်ထဲနွေးပြီး ပြန်ကျွေးလေ.ရှိတယ်။ ခရစ်တော်မွေးမယ် ဆိုတာကို သိပေမဲ. ဘုရားဖွင်.ပြချက်မကြားတဲ. မာလခိမှရှင်မာသဲစပ်ကြား ယုံကြည်သူတွေလို ဖြစ်နေပြီ လားလို. အောက်မေ .ပြီး ထိုအချိန်မှာမှခရစ်တော်မွေးဖွါးခဲ.သလို ဒု-အကြိမ်ကြွ လာဖို. တကယ် နီးပြီပဲဆိုတာကို ပိုမိုနားလည်ရတယ်။ လူတချို. ကိုယ်.အမျိုး ကိုမေးရင် ဆိုက်ကားဆရာဆိုရင်တော. လုံးဝ မပြောချင်ဘူး။ ဟိုးးးးးးအဝေးကြီး ဗိုလ်မှူး၊ဒေါက်တာ ဟာ ငါ.အမျိုးသမီးရဲ. သူငယ်ချင်း စသဖြင်. ဘာမှမဆိုင်တာကို ကြွားဖြစ်အောင် ဝါကြွား တတ်ကြတယ်။ယေရှု ရဲ. အမျိုးစာရင်းထဲမှာ ဂျူး လူမျိုးတွေ ရွံမုန်းပြီး ပြည်.တန်ဆာဟု လူတိုင်း သိတဲ. တာမာ၊ရာခတ်၊ဗါရှဲဘတ်နဲ ဂျူးတွေရန်သူMob လူမျိုးမှဆင်းသက်သူ Ruth လဲပါတယ်။ ဂျူး သမိုင်းမှာ မိန်းခလေးဆိုတာ ဘယ်တော.မှစာရင်းရေတွက်လေ.မရှိဘူး။ ဘာ. ကြောင်. နာမယ်ကြီး စာရာ၊ရေဗက်ခါ၊နောမိ၊ရာခေလတို.ကို ထည်.ရင်တောင် တော်သေးတယ်။ ယောကျာင်္း တွေကြည်. .ပြန်တော. မိန်းမကို ငါ.မိန်းမပါလို.မပြောရဲတဲ. အာဗရာဟမ်၊ အိရှက် အပြင် လိမ်လည် လှည်.ဖျား သူယာဂုတ် လဲတွေ.ရတယ်။ အိသရေလဘုရင်မှာ အသက်ငယ်ဆုံး ၁၂နှစ်ဖြင်. ၄၅နှစ်လုံးလုံး ဘုရင်ဖြစ်ပြီး အဆိုးဆုံးသတ်မှတ်ခံသူ မနာရှေ လဲပါပြန်တာကို တွေ.ရတယ်။Why? ဆိုတာ တွေးဘူးရဲ.လား။ရှင်မာသဲ (၁း၁-၁၇)သည် ထိုအချိန်တုန်းက အကြီးကဲများဖြစ်သော ဆာဒူကဲ၊ ဖါ၇ိရှဲများ၏ မိမိ လုပ်ဆောင်ခြင်းဖြင်. သန်.ရှင်းဖြောင်.မတ်ပြီး သူတပါးကို တရား စီရင် တတ်သော ငါ..ငါ...ဆိုသည်. အတွေး အခေါ်ဟောင်းကို တော်လှန် သည်.အနေဖြင်. ယေရှု ၏ ဆွေစဉ် မျိုး ဆက် သည် သန်.ရှင်းစုံလင်သော Clean Family Roots မှ မဟုတ်ကြောင်း၊ အပြစ် သားများ ၏အဆွေနှင်. အပြစ်သားများကို ရှာရန် မွေးဖွါးလာခြင်းဖြစ် ကြောင်းသိမှတ်စေရန် ရေးခြင်း ဖြစ် သည်။ထို.ကြောင်. မိမိ၏မစုံလင် မပြည်.စုံခြင်း အတိတ်က ဖြစ်သမျှ အလုံး စုံသည် ယေရှု နှင်. တွေ.သည်.နေ.မှာ အဆုံးသတ်ပြီဖြစ်ကြောင်း၊ထိုအချိန်မှစပြီး သင်သည် လူသစ်(၂ကော ၁၅း၁၇) ဖြစ်ပြီဖြစ်ကြောင်း သင်ခန်းစာယူဖို. ဝေမျှ လိုက် ပါသည်။

December 17, 2014

"သင်တို.တွက် အခန်းလွတ်မရှိတော.ပါ"

ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စမတ် ပြဇာတ်မှာ ပထမဆုံးပါဝင်သရုပ်ဆောင်တဲ.နေရာ သည် "အခန်းလွတ်မရှိတော.ပါ" ဆိုသည်.နေရာဖြစ်သည်အတွက် ဘာမှ ပြင်ဆင်စရာမရှိပါ။ တခုပြီးတခုပြီးလို. မာရိနှင်.သောသပ် ခဗျာ ဟော်တည်ခန်းမှ ပြန်ထွက်သွားသည်ကို စိတ်မကောင်းခြင်းများစွာဖြင်. ကြည်.ရုံကလွဲပြီး ထိုအချိန်က ဘာမှမခံစားချက်မရှိပဲ ပါဝင်လိုက်ခဲ.ရသည်ကို ပြန်လည်တွေးမိသည်။ ၂၀၁၄ ခရစ်စမတ်ရောက်ဖို. ရက်ပိုင်းပဲလိုတော.ပေမဲ. ယနေ.ခရစ်ယန်တွေ အေးတိ အေးစက်နေနိုင်လွန်းကြသည်ကို အားမလိုအားမရဖြစ်မိသည်။ မယုံကြည်သူတွေပင် ပို၍တက်ကြွပြီး သူတို.အရောင်းသွက်ဖို.Promotion တွေပေး၊ကြော်ငြာတွေပို.၊စာတိုက်မှာ အလုပ်အရှုပ်ဆုံးလဖြစ်သည်။ ကိုယ်.မြန်မာခရစ်ယန်တွေကတော. နှစ်တိုင်း အစား၊သောက်ကောင်းပြင်ဆင် မှုကလွဲရင် ဘာတိုးတက်မှု မှ လုံးဝမရှိ။ တချို.ကတော. ခရစ်စမတ်အမှီ အဝတ်လှလှ၊ဆံပင်ပုံစံသစ်၊ အိမ်သစ်၊ကားသစ်တွေနဲ.ကြိုဆို ပြင်ဆင်ကြလိမ်.မယ်။ ဥရောပကတော. ဒီဇင်ဘာလသည် အငြိမ်းချမ်းဆုံးနေလိုသော ဓလေ.ရှိသော်လည်း မနေ.က ခရူးဆိတ်စစ်ပွဲကို ဆွပေးသော ဘာသာရေး စစ်ပွဲအသွင်ဆောင်သော ခရစ်တော်မွေးဖွါးခြင်းကို ဂျာမဏီနိုင်ငံတွင် အိုးမဲသုတ်မည်. သိုးမည်းတွေရဲ. ချီတက်မှု လူသောင်းချီပြီးပြု လုပ်ခဲ.ကြတယ်။ ပါကိစ္စတန်မှာလည်းမနေ.က အပြစ်မရှိသော ကျောင်းသူ၊သား ၁၄၀ကျော် တာလီဘန်ချက်ဖြင်. အသက်ဆုံးခဲ.ရှာပြီ။ငြိမ်းချမ်းရေးကို ဆန်.ကျင်သော သားရဲ၏ ဖက်တော်သားတွေဖြစ်တယ်။ တနေ.ကလည်း Austalia စားသောက်ဆိုင် တိုက်ခိုက်မှု ကြောင်. ခရစ်စမတ်မျော်လင်.သူတွေ ဘဝဆုံးခဲ.ပြီ။ မိသားစုမှာတွင်ပင်လျှင် ချစ်ခြင်းမရှိတော.သောခေတ်ဖြစ်သည်.နည်းတူ B.William ၃၃နှစ်ဟာ မိန်းမနှင်.သမီး၂ဦးကို သေနတ်ဖြင်. ပစ်သတ်ခြင်းထက်မိုက်သူ ဘယ်သူရှိတော.မည်နည်း။ ချစ်သော ညီအစ်ကိုများအားလုံး...မိမိ၏ စိတ်နှလုံးကို သေချာ စစ်ဆေးပါက အထက်ပါ တခုမဟုတ်တခုမှာ ပါကြမှာပါ။မြောက်များစွာသော လူတွေက ဘာအလုပ်လုပ်မယ်ဆိုတဲ. လောကအရာက မိမိစိတ်နှလုံးအပြည်. နေရာယူ ထားတယ်။ တချို.က မာန်မာနထောင်လွှားခြင်းနှင်. ဇာတိသွေးသက်သေ ငါ.တို.လူမျိုး၊ငါတို.ဂိုဏ်း၊ငါတို.ဓလေ.၊ငါတို.ယဉ်ကျေးမှု က အခန်းပြည်.နေရာယူထားတယ်။ အိမ်ထောင်မိသားစုနှင်.အဖွဲ.စည်းတိုင်းမှာ တယောက်နဲ.တယောက် အပြန်လှန် လေးစားမှုမရှိ၊သားသမီးက မိဘ မရိုသေသလို အသက်ငယ်သောသူက ကိုယ်.ထက်လူကြီးလဲ ကြိုက်သလိုဝေဖန်ပြောဆိုပြီး (Respect each-other) လုံးဝမရှိသော လူနေမှု ပုံစံက လွမ်းမိုးပြီး ငါသိဆုံး၊ငါအတတ်ဆုံးဆိုပြီး တကယ်တမ်း သူဘာမှမသိတာကို သူ.ကိုသူမသိတော.လောက်အောင် စိတ်တွေဖေါက်ပြန် နေကြပြီ။ ခရစ်မတ်ကို နှစ်တိုင်းကျင်းပနေပေမဲ. အချင်းချင်း ချစ်ခြင်း လုံးဝ(လုံးဝ) မရှိ။ခွဲခြားမှု၊၊မုန်းတီးမှု နဲ. နှလုံးသားပိုင်ရှင်များအတွက် ခရစ်စမတ် ကျင်းပခြင်းသည်..."အခန်းလွတ်မရှိပါ" ကယ်တင်ရှင်ကို မောင်းနှင်သော သူများသာဖြစ်ကြောင်း။ ခရစ်တော်(ဘုရား၏သား) ကိုယ်တိုင် ကောင်းကင်ဘုံကို ထားခဲ.ပြီးအသက်စွန်.ခဲ.တယ်။ သိုးထိန်းတွေ သူတို.အသက်မွေးဝမ်းကျောင်းပြုသော သိုး ကိုထားခဲ.တယ်။ မာကု ပညာရှင်များ မူလ လမ်းဟောင်းကို ထားခဲ.ပြီး လမ်းသစ်လိုက်ခဲ.သလိုပဲ မိမိ၌ ဘုရားမကြိုက်မနှစ်သက်သောအရာ အားလုံး ဆုတောင်း ခြင်းဖြင်. ဖယ်ရှားကာ သန်.ရှင်းသောဝိညဉ်တော် မစခြင်းဖြင်. ခရစ်တော်အတွက် နေရာပေးနိုင်သူ များဖြစ်ကြပါစေ။

December 10, 2014

ကျောက်ခဲများ ကြွေးကြော်ခြင်း/ခရစ်စမတ်သူရဲကောင်းနှင်. ထူးမြတ်သော ဖွားမြင်ခြင်း

 ကျောက်ခဲများ ကြွေးကြော်ခြင်း(လု၁၉း၂၈-၄၀)
 ယေရှုကလည်း ငါဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာ နေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ လု ၁၉း၄၀ ခရစ်စမတ်သည် တစ်နှစ်ထက်တစ်နှစ် ပို၍ စီးပွားရေးဆန်လာကြောင်း တွေ့လာရသည်။ ခရစ်ယာန်အများစုရှိသည့်နိုင်ငံများမှာ မိမိကိုယ်ကို ခရစ်ယာန်ဟု ခေါ်ဆိုသူများအတွက် ခရစ်စမတ် သည် ၀တ်ပြုကိုးကွယ်ခြင်းထက် ဈေးဝယ်သည့် ကာလဖြစ်လာသည်။ လက်ဆောင်များဝယ်ရန်၊ ပျော်ပွဲရွှင်ပွဲအတွက်ပြင်ဆင်ရန် စိတ်စော စိတ်မော လျက် ဘုရားသခင်၏တစ်ပါးတည်း သားတော် ကယ်တင်ရှင် ယေရှုခရစ်တော် မွေးဖွားလာသည့် အဓိကအကြောင်းရင်းကို အာရုံစိုက်ရန် ပို၍ခက်ခဲ လာသည်။ သို့ရာတွင် နှစ်စဉ်စီးပွားရေးဆန်သော ကုန်တိုက်ကြီးများမှ ဓမ္မသီချင်းသံများကိုလည်း ကြားရ၏။ လူသွားလူလာရှုပ်ထွေးသော နေရာများမှ “လောက၀မ်းမြောက် ဘုရားကြွလာ၊ မြေကြီးဘုရင်ခံယူ၊ နှလုံးခပ်သိမ်းနေရာပြင်ထား၊ ကမ္ဘာမြေမိုးအေးကျူး” ဟူ၍ကြားရစဉ်၊ သူကိုချီးမွမ်းကြသူများအား တိတ်ဆိတ်စွာနေခိုင်းရန် ဖာရိရှဲများက သခင်ယေရှုအား ပြောခိုင်းသည့်အကြောင်းကို စဉ်းစားမိသည်။ “ယေရှုကလည်း ငါဆိုသည်ကား ဤသူ တို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်ကြလိမ့်မည် ဟု မိန့်တော်မူ၏” (လုကာ ၁၉း၄၀)။ ခရစ်စမတ်ကာလတွင် ကျောက်ခဲများကြွေးကြော်ကြသံကို ကျွန်ုပ်တို့ကြား နေ ရသည်။ ကွယ်လွန်ပြီးဖြစ်သည့် ရှေးခရစ်ယာန်များရေးသားခဲ့သည့် ခရစ်စမတ် သီချင်းဟောင်းများကို ၀ိညာဉ်ရေး၌ အသေဖြစ်လျက် ဘုရားသခင်နှင့်ဝေးကွာနေကြ သူများကပင် သီဆိုကြသည်။ ခရစ်စမတ်၏စစ်မှန်သောသတင်းကောင်းကို ဖျောက်ဖျက် ရန် လူတို့ မည်သို့ပင်လုပ်ဆောင်ကြလည်း မအောင်မြင်ကြောင်း ၎င်းအချက်က သတိရ စေသည်။ ခရစ်တော်ကြွလာခြင်း ခရစ်စမတ်သတင်းကောင်းကို စီးပွားရေးဆန်ခြင်း သဘောက ကမောက်ကမဖြစ်အောင် ခြိမ်းခြောက်နေသော်လည်း ဘုရားသခင်က သူ၏ သတင်းကောင်းကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ နောက်နောင် အပြစ်ဒုက္ခမပွား၊ ဆူးပင်မနှောင့်ယှက်ပြီ၊ အမင်္ဂလာမှ မင်္ဂလာ ထုတ်ဖော်အောင် ကြွလာသည်။ ခရစ်စမတ်တွင် ခရစ်တော်ကို ဖယ်ထုတ်ခြင်းသည် ပင်လယ်ဒီရေကို နောက်ပြန်ဆွဲသကဲ့သို့ အချည်းနှီးသာဖြစ်သည်။

ခရစ်စမတ်သူရဲကောင်း နောက်တစ်ယောက်(မ ၁း၁၈-၂၅) သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍ မာရိအသရေကို မပျက်စေချင်သော ကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည် ဟု အကြံရှိ၏။ ခရစ်စမတ်ဇာတ်လမ်းတွင် ယောသပ်၏အခန်းကဏ္ဍသည် အရေးပါကြောင်း ကျွန်တော့် ဘ၀တစ်လျှောက်လုံး သတိမပြုမိခဲ့ပါ။ သို့သော် ကျွန်တော်ကိုယ်တိုင် ခင်ပွန်းနှင့် ဖခင်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ယောသပ်၏နူးညံ့သိမ်မွေ့သော စိတ်ထားနှင့် မြင့်မြတ်သောကိုယ်ကျင့်တရားကို အလွန်လေးစားခဲ့သည်။ မာရိ ကိုယ်ဝန်ရှိလာပုံကို မသိမီကပင် ဖောက်ပြား၍သစ္စာမဲ့မှုဟု ထင်ရသည့် ကိစ္စအတွက် သူမကို အရှက်မခွဲ၊ အပြစ်မပေးဟု ယောသပ် စိတ်ဆုံးဖြတ်ထားခဲ့သည် (မ ၁း၁၉)။ ကောင်းကင်တမန်က သူ့ကို့ မိန့်ကြား သည့်အတိုင်း ယောသပ် နာခံလုပ်ဆောင်ခဲ့သည် သာမက (း၂၄)၊ ခရစ်တော်မွေးဖွားပြီးသည့်အချိန် ထိတိုင် ဇနီးဖြစ်သူ မာရိနှင့်ရုပ်ပိုင်းနှီးနှောစပ်ယှက်မှုမရှိ၊ စောင့်ထိန်းနိုင်ခဲ့၍ (း၂၅) သူ၏နာခံမှုနှင့်နှိမ့်ချမှုကို ကျွန်တော်အလွန်အံ့ဩမိသည်။ ထို့ပြင် ယေရှုကို ကာကွယ်ရန် လိုလိုလားလားနှင့် အိမ်မှထွက်ခွာခဲ့ရသည် (မ ၂း၁၃-၂၃)။ ယေရှုကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် မဖြစ်မနေ သူတို့တာဝန်ယူရမည်ဟု သိလိုက်ရစဉ် ယောသပ်နှင့်မာရိတို့ခံစားရမည့် ဖိစီးမှုဒဏ်ကို စိတ်ကူးကြည့်လိုက်ပါ။ နေ့ရက်အချိန်တိုင်းတွင် ဘုရားသားတော်အတူရှိလျှက် သူ့မျက်မှောက်၌ သန့်ရှင်းခြင်းဖြင့် ရှင်သန်ရန် မပြတ်ခေါ်တော်မူခြင်းခံရ၍ ခံစားရသည့် စိတ်ရှုပ်ထွေးမှုနှင့် စိတ်ဖိစီးမှုဒဏ်များ ကိုလည်း စိတ်ကူးကြည့်လိုက်ပါ။ သို့သော် ယောသပ်သည် ထိုထူးမြတ်သောတာဝန် အတွက် ထာဝရဘုရား၏ယုံကြည်စိတ်ချမှုကို အကြွင်းမဲ့ခံရသူတစ်ဦးပေ။ မိမိ၏သားသမီး များကို ပြုစုပျိုးထောင်သည်ဖြစ်စေ၊ အခြားသူများ ယုံကြည်စွာ အပ်နှံထားသော ကလေး များကို ယခုပြုစုပျိုးထောင်သည်ဖြစ်စေ၊ ၎င်းသည် ကျွန်တော်တို့ အတုယူရမည့် အံ့ဖွယ် စံနမူနာတစ်ခုပင်ဖြစ်သည်။ အဘဘုရား၊ ကိုယ်တော်၏ဉာဏ်တော်သည် အကန့်အသတ်ရှိသော ကျွန်ုပ်တို့၏ သိနားလည်မှုထက် ပိုမိုသာလွန်ပေ။ ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ ထူးမြတ်သော အကြံအစည်တော်ကို ဖော်ဆောင်ရန် အဘဘုရားသခင်အား ကိုးစားနိုင်သောကြောင့် ကျေးဇူးတင်ပါ၏။စစ်မှန်သောအစေခံခြင်း၏လျှို့ဝှက်ချက်မှာ ဘုရားသခင် သင့်ကို ထားသည့်နေရာ၌ အကြွင်းမဲ့သစ္စာရှိခြင်းဖြစ်သည်။  

ထူးမြတ်သောဖွားမြင်ခြင်း ( ဟေရှာ ၇း၁၀-၁၅)
ကြည့်ရှုလော့။ သတို့သမီးကညာ သည် ပဋိသန္ဓေစွဲယူ၍ သား ယောကျာ်းကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့် ရလတံ့။ သမ္မာကျမ်းစာ၌ သားဦး ယောက်ျားလေးများ မွေးဖွားခြင်းက ထူးခြားအရေးပါသည်။ ကာဣန သည် ဘုရားသခင်၏ဖန်ဆင်းခြင်းအမှု အပြီးတွင် ပထမဆုံးမွေးဖွားသော သားဦးဖြစ်သည်။ ဣဇက် သည် ဣသရေလလူတို့၏အနာဂတ် မျှော်လင့်ချက်အဖြစ် မွေးဖွားလာသည်။ မိခင်တစ်ဦးက ဘုရား သခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့၍ ရလဒ်အဖြစ် ရှမွေလလေး မွေးဖွားလာသည်။ သူတို့အားလုံးမှာ အလွန်အရေးပါသည်။ ၎င်းတို့ကို ၀မ်းမြောက်စွာ မျှော်လင့်စောင့်စားခဲ့ကြသည်။ သမိုင်းမှတ်တမ်း ရေးထိုးသူများက ၎င်းတို့၏ မွေးဖွားခြင်းကို တိကျစွာဖော်ပြသည်။ ကျမ်းစာ၌ ၎င်းတို့တစ်ဦးချင်းစီ၏ မွေးဖွားခြင်းနှင့်ပတ်သက်၍ “မိခင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်ခဲ့ကြောင်း” (က ၄း၁၊ ၂၁း၂-၃၊ ၁ ရာ ၁း၂၀) တွေ့ရသည်။ ယခုတွင် နောက်ထပ်သားယောက်ျားလေးတစ်ဦးမွေးဖွားခြင်းအကြောင်းကို စဉ်းစားဆင်ခြင်ကြပါစို့။ ထိုဖွားမြင်တော်မူခြင်းအကြောင်းကို ပို၍ အသေးစိတ်တိကျစွာ ဖော်ပြထားသည်။ သခင်ယေရှု၏ဖွားမြင်ခြင်းအကြောင်း ရှင်းလင်းသေချာစွာ ဖော်ပြရာ၌ စကားလုံးအနည်းငယ်မျှဖြင့် မလုံလောက်ပါ။ မိ ၅း၂ ၌ သခင်ယေရှုမွေးဖွားမည့်အရပ်သည် ဗက်လင်မြို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ဟေရှာ ၇း၁၄တွင် သူ၏မိခင်သည် အပျိုစင် တစ်ဦးဖြစ်လိမ့်မည်။ ကိုယ်တော်သည် လူတို့အား အပြစ်မှကယ်တင်ရန် ကြွလာခဲ့ခြင်း ဖြစ်ကြောင်း ဟေရှာယ အခန်းကြီး (၅၃) တစ်ခုလုံး၌ ဖော်ပြထားသည်။ ကိုယ်တော်၏အမည်သည် မည်သို့ဖြစ်လိမ့်မည်၊ ဤသို့ခေါ်ရသည့် အကြောင်းရင်း (မ ၁း၂၁)၊ ကြိုတင်ပရောဖက်ပြုချက်များ ပြည့်စုံစေသည့် သခင်ယေရှု မွေးဖွားခဲ့သည့်နေရာ (မ ၂း၆)၊ ကိုယ်တော်၏မိခင်နှင့်ဖခင်တို့သည် ဘုရား၏ အကြံအစည် တော်၌ ပါဝင်ပတ်သက်ခဲ့ပုံ (မ ၁း၁၆) စသည်တို့ကို ဓမ္မသစ်ကျမ်း၌ ဆက်လက်ဖော်ပြ ထားသည်။ သခင်ယေရှု၏မွေးဖွားခြင်းက အထွတ်ဖြစ်သည်။ ကိုယ်တော်ကြွလာခြင်းက လောကကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့၏အသက်တာကိုလည်း ပြောင်းလဲစေနိုင်သည်။ ကိုယ်တော်အား ချီးမြှောက်ကြပါစို့။ အလင်းအသက်စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်းကင်းရှင်းတန်ခိုး ပေးပိုင်ရှင်သခင်မြတ်သည် လူ့ထာဝရသက်တည်ကြည် ရစိမ့်သောငှာ ကောင်းကင်မှ ဆင်းသက်သည်းခံ ဖွားမြင်ရ။ ခရစ်တော်သည် အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်ကြောင်း လူသားတို့ သိမှတ်လက်ခံကြသည်။

December 9, 2014

""....ခရစ်စမတ်သတင်းကောင်း...""



နှစ်စဉ်-နှစ်တိုင်း ဆောင်းဝင်ပြီဆိုသည်နှင့် လူသားအားလုံးသည် ခရစ်စမတ်ရာသီကို မျှော်တတ်ကြသည်။ ခရစ်စမတ်ကာလသည် လှပသော ဆောင်းနှင်းပွင့်လေးများ တဖွဲဖွဲကျနေသည့်ညချမ်းအခါမှာ ယေရှုခရစ်ဖွားမြင်ခဲ့သည့် အချိန်ကာလလေးကို ပြန်လည်အောက်မေ့ရန်အလိုငှာ ကျင်းပကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့လူသားများသည် အကြိမ်ဘယ်လောက်မြောက်ဆိုကာ မွေးနေ့များ ကျင်းပလေ့ရှိသော်လည်း ခရစ်စမတ်သည် ထိုမွေးနေ့များ ကျင်းပပုံနှင့်မတူပါ။ တစ်နှစ်ထက်တစ်နှစ်တိုးသွားသော ငွေရတု၊ စိန်ရတု၊ နှစ်ပတ်လည် အထိမ်း အမှတ်နေ့များ ကျင်းပပုံနှင့်လည်း မတူပါ။ သခင်ယေရှု၏ ဘယ်နှစ်ကြိမ်မြောက် မွေးနေ့ဟု မရှိပါ။ ဖွားမြင်ခဲ့သည့် အချိန်ကာလလေးကိုသာ ပြန်လည်အောက် မေ့ခြင်းအထိမ်းအမှတ်နဲ့သာကျင်းပကြခြင်းဖြစ်သည်။ Christmas ဟူသောစကားလုံးသည် Christes Moesse ဟူသော စကားလုံးမှ ဆင်း သက်လာပြီး အေဒီ ၁၀၀၀ နောက်ပိုင်းတွင် စတင်အသုံးပြုခြင်းဖြစ်သည်။ အဓိပ္ပာယ် မှာ “ခရစ်တော်၏လူစု”ဖြစ်၏။ ခရစ်စမတ်ဟူသည် “ခရစ်တော်၏ မွေး ဖွားခြင်း”ဟု အဓိပ္ပာယ်ရ သည်။ အေဒီ ၄၀၀ မတိုင်မီကတော့ ခရစ်စမတ်နေ့ကို အတိအကျ သတ် မှတ်ခြင်းမရှိခဲ့ပေ။ ဇန်န၀ါရီ ၆ ရက်၊မတ် ၂၅ ရက်၊ ဒီဇင်ဘာ ၂၅ ရက်စသဖြင့် အသီး သီးကျင်းပခဲ့သည်။ အေဒီ ၁၈၀ ၌ ဟစ်ပိုလီတပ်က ဒီဇင်ဘာ၂၅၊ ဗုဒ္ဓဟူးနေ့ဟု ဖော်ပြ ခဲ့ပြီး ကွန်စတင်တိုင်း ဧကရောက်ဘုရင်ကြီးစိုးသောကာလ အေဒီ ၃၂၀ တွင် ရောမ မြို့ ရှိအသင်းတော်များ၌ ဒီဇင်ဘာ ၂၅ ကို သတ်မှတ်ခဲ့သည်။ အေဒီ ၃၅၄ တွင် ဖီလို ကယ်လပ်၏ ပြက္ခဒိန်၌ ဒီဇင်ဘာ ၂၅၊ သောကြာနေ့ဟု ဖော်ပြခဲ့သည်။ ဆီးရီးယားနှင့်အာမေးနီးယား နိုင်ငံတို့မှလွဲ၍ နိုင်ငံအသီးသီးတွင် ဒီဇင်ဘာ ၂၅ ဟု သတ်မှတ်ခဲ့ကြပြီး ယခုအခါ အနောက်နိုင်ငံတချို့တွင် ဇန်န၀ါရီ ၆ ရက်နေ့ကို ခရစ် စမတ်နေ့အဖြစ် ယနေ့တိုင် ကျင်းပဆဲဟုသိရသည်။ ခရစ်ယာန်ဘာသာဝင်များက ခရစ်စမတ်ကို Christmas ဟုရေးခြင်းကိုသာ လက်ခံ ကြပြီး X’mas ဟု အလွယ် ရေး ခြင်းကို နှစ်သက်လက်ခံခြင်းမရှိပါ။ ခရစ်စမတ်ကာလရောက်ပြီဆိုသည်နှင့် လူငယ်များပျော်ကြသည်။ အသင်းတော်မှ သူငယ်ချင်းများနှင့် ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းဖို့ အသင့်ဖြစ် နေကြ သည်။ အပေါင်းအသင်းများစုဝေးကာ ခင်ရာမင်ရာအိမ်များဆီသို့ အလှည့်ကျ တေး သီချင်းများသီဆိုရင်း ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပွဲများလုပ်ကြသလို၊ ခရစ် စမတ် ညချမ်းမှာ ယေရှုခရစ်တော်မွေးဖွားရာကို သတိရစေခြင်းအလို့ငှာ ပြဇာတ် ကပြချင်း များ၊ သီချင်းဆိုပြိုင်ပွဲများ ပြုလုပ်လေ့ရှိကြသည်။ အိမ်တိုင်းမှာ ခရစ်စမတ် သစ်ပင် လေးများ အလှဆင် ချိတ်ဆွဲလေ့ရှိကြသည်။ ခရစ်စမတ်သစ်ပင်လေးများဖြစ်ပေါ်လာပုံကို အချို့က ရှေးရောမအင်ပါယာရှိ Saturanalia လူမျိုးများ၏ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့သည့် အမြဲစိမ်း သစ်ပင်မှ စတင် သည်ဟုဆိုပြီး အချို့က မြောက်ပိုင်းဥရောပရှိ သစ်ပင်ကိုးကွယ်သည့် Druid လူမျိုး များက အစပြုခဲ့သည်ဟု ဆိုသည်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်တွင် ဂျာမန်လူမျိုးများ က စတင် အသုံး ပြုခဲ့ကြောင်း သိရှိရပြီး ပြဇာတ်ပြရန် ပြင်ဆင်သည့် အခါ အသုံးပြုလေ့ရှိသည်ကိုတွေ့ရသည်။ ပရဒိသုဘုံ သစ်ပင်ဟုခေါ်ဆိုကာ ယင်းသည် ဧဒင်ဥယျာဉ်ကို ပြသခြင်းဖြစ်သည်ဟု ဆိုသည်။ ပြဇာတ်ကပြပြီး သည့်အခါ အိမ်တွင်အလှပြင်ဆင်ရာ၌ အသုံးပြု လေ့ရှိ သည်။ မည်သို့ဖြစ်စေ ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားလျက် အပေါ်သို့ကျဉ်းမြောင်းသွားကာ အဖျားချွန်းလျက် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံ ရှိရပါမည်။ ထိုကြယ်သည် ဗက်လင်ကြယ်ကို ဖော်ဆောင်ခြင်း ဖြစ်ကာ ခရစ်တော် မွေးဖွားရာ ဗက်လင်မြို့ကို ညွှ့န်ပြသော နိမိတ် လက္ခဏာလည်းဖြစ်၍ လွန်စွာ အရေးကြီးလှ၏။ ခရစ်စမတ်သစ်ပင် ပတ်လည်တွင် လက်ဆောင်ထုပ်များ စုပုံချိတ်ဆွဲနိုင်သော်လည်း အဓိပ္ပာယ်မဲ့ မဖြစ်စေရပါ။ ခေတ်မီစွာ မည်မျှပင် တီထွင်ဆန်းသစ်လျက် ပြိုးပြိုး ပြက် ပြက် ချိတ်ဆွဲစေကာမူ ထိပ်ဦးအဖျားတွင် ကြယ်တစ်စင်းမရှိလျှင် ထိုခရစ်စမတ် သစ် ပင်သည် အတုအယောင် ခရစ်စမတ်သစ်ပင်သာ ဖြစ်ပေမည်။ ခရစ်စမတ်နေ့မရောက်ခင်ကတည်းက ကြိုတင်ပြီးတော့ ခရစ်တော်မွေးဖွားရာကို သတိရအောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ရပ်ဝေးနေ အပေါင်းအသင်း မိတ်ဆွေ များက မိဘမောင်ဖွားများနှင့် ဆွေးမျိုးမိတ်သင်္ဂများဆီသို့ အထိမ်းအမှတ်ကဒ်များ ပေးပို့ကြသည်။ ချစ်ခင်သူများအား စာတိုက်မှ ပေးပို့ခြင်းရှိသလို အင်တာနက် သုံးစွဲ သူများက အသင့်လုပ်ပြီး ကတ်ပြားပုံစံအမျိုးမျိုး Download လုပ်ယူပြီး ဆုတောင်း စာသားများ ရိုက်နှိပ်ကာ အီးမေးလ်စနစ်ဖြင့် မြန်ဆန်စွာပေးပို့နိုင်ပါပြီ။ ဒါ့ထက် နည်းပညာ ပိုမို ကျွမ်းကျင်သူများကတော့ ဒီဇိုင်းဆော့ဖ်ဝဲလ်များ၊ အင်နီ မေးရှင်းများအသုံးပြုကာ ကိုယ်တိုင် တီထွင် ဖန်တီးထားသည့် ၊ တစ်ကမ္ဘာလုံး မည်သူနှင့်မျှ မတူသည့် ကိုယ်ပိုင်ခရစ်စမတ်ကတ်ဆန်းဆန်းလေးများ ပြုလုပ်ကာ အင်တာနက်မှတစ်ဆင့် အပြန်အလှန်ပေးပို့နိုင်ပြီဖြစ်သည်။ ခရစ်စမတ်ကဒ်များ ဝေငှသည့်အလေ့အထပေါ်ပေါက်လာရခြင်းမှာ ၁၈၄၂ ခုနှစ်က ပန်းချီဆရာကြီး Egley သည် ခရစ်တော်မွေးဖွားခြင်းသတင်းကောင်းကို ဝေငှသည့် အနေဖြင့် ကတ်ပြား များပေါ်တွင် မွေးဖွားခြင်းဆိုင်ရာ ရုပ်ပုံများရေးဆွဲကာ သူ၏မိတ်ဆွေ အယောက် ၁၀၀ ထံ ပေးပို့ရာက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၈၄၉ ခုနှစ်တွင် Sir Henry Cole ဆိုသူက ပန်းချီပညာရှင်တစ်ဦးဖြစ်သူ John C. Horsely ကို အခကြေး ငွေပေး၍ ရေးဆွဲစေကာ ခရစ်စမတ်ကတ်ဟု အမည် ပေးခဲ့ သည်။ ၄င်းကတ်များကို ၁၈၇၅ ခုနှစ် အမေရိကန်နိုင်ငံတွင် စတင်သုံး စွဲခဲ့ကြသည်။ ၁၈၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများကမူ ယနေ့ခေတ်ကဲ့သို့ ခရစ်စမတ် ကတ်များအလွယ်တကူ ပေးပို့နိုင် ခြင်းမရှိ ခဲ့ပေ။ ယနေ့တွင် နှစ်စဉ် ဒီဇင်ဘာရောက် တိုင်း ခရစ်စမတ်ကတ်များတွင် ဆုတောင်းလွှာများ ရေးလျက် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ပေးပို့သည့်ဓလေ့ထွန်း ကားကျယ်ပြန့်ခဲ့ လေပြီဖြစ်သည်။ ခရစ်စမတ်ကာလမှာ မေ့လျော့ပြီးချန်ထားခဲ့လို့ မရသည့် အရာသည် စန်တာ ကလော့စ် (Santa Claus) လို့အများဆုံးခေါ်ဝေါ်သုံးနှုန်းကြပြီး ခရစ်စမတ်ဖိုးဖိုးကြီးဟု ကလေးများက ခေါ်ကြသည့် လက်ဆောင်ပစ္စည်းထုတ်ကြီး ပခုံးပေါ်ထမ်းပြီး မှုတ် ဆိတ်မွှေးဖွားဖွားဖြင့် ကလေးများကြားသွားလေနေသည့် အနီ ရောင်အဝတ် အစား ဝတ် ပုပု၀၀လူကြီးပဲဖြစ်သည်။ Santa Claus ဆိုသည့်အသုံးအနှုန်းသည် သူတော် စင်နိကောလပ်စ်၊ စိန့်နိကောလပ်စ်(St. Nickolas)မှ ဆင်းသက်လာ၍ Saint Nicko -las မှတစ်ဆင့် Sinter Klaus ဖြစ်လာကာ နောက်ဆုံးတွင် Santa Claus ဖြစ်လာ ခြင်းဖြစ်သည်ဟု ဆိုကြသည်။ နယူးယောက်တွင် နှစ်ပေါင်းများစွာက အခြေချနေထိုင်ခဲ့သော ဒတ်ခ်ျလူမျိုးတို့က စတင်ခေါ်ဝေါ် ခြင်းဖြစ်သည်ဟုသိရပြန်သည်။ သူတော်စင်နိကောလပ်စ်သည် က လေးသူငယ်များအား လက်ဆောင်ပစ္စည်းများ ဆောင်ကြဉ်းပေးလာသူဖြစ်သည်ဟု ဒတ်ခ်ျတို့က ယုံကြည်ကြကာ ဒီဇင်ဘာ ၆ ရက်နေ့ တိုင်း ကရုဏာမေတ္တာတော်ရှင်ကို ဂုဏ်ပြုလျက် ပွဲတော်လုပ်ကြသည်။ ဒတ်ခ်ျတို့၏ သူတော်စင်ပွဲတော်မှာ ခရစ်စမတ် ချိန်ခါနှင့် တစ်လတည်း ဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ် ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပု၀၀၊ မုတ်ဆိတ် ဖြူဖြူ၊ သိုး မွေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုး ပေါ်လာခြင်း ဖြစ်သည်။ ယနေ့ လူအများမြင်တွေ့ နေကြရသော စန်တာကလော့စ်ရုပ်သွင်မှာ ဂျာမနီ နိုင်ငံ သား တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်မှာ မွေးဖွားသည့် အမေရိကန် နိုင်ငံ သား သောမတ်စ် နတ်စ်ထ် ဆိုသူ ပန်းချီဆရာက ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူ ငယ်စဉ် က အိမ်နီးချင်း ပုပု၀၀ အဘိုးအိုတစ်ဦး ပြုံးရွှင်သော မျက်နှာဖြင့် ကလေးများကို လက်ဆောင် လိုက်ပေးသည်ကို မြင်ယောင်ကာ ကရုဏာအပြည့်နှင့် ပုပု၀၀ အဘိုးအို ပုံရေးဆွဲခဲ့သည်ဟု ဆိုသည်။ သို့နှင့် ခရစ်စမတ်ရောက်တိုင်း အထူးချစ်ခင်စွာ လက် ဆောင်ပေးသည်ဆိုသော စန်တာကလော့စ်ကို ကလေးများက အားကိုးတကြီး မျှော်ကြသည်။ အနောက်နိုင်ငံများတွင် ကလေးများက စာတိုက်သို့ စာများ ပေးပို့ကာ စန်တာကလော့စ်ထံ လိုချင်တာများ တောင်းကြသည်။ အီးမေးလ်များဖြင့်လည်း စန်တာကလော့စ်ထံ စာများပေးပို့ကြသည်။ လိမ္မာသည့် ကလေးများကိုသာ စန်တာဘိုးဘိုးက ချစ်သည်ဟု မိဘများက ပြောဆိုသွန်သင်ထား၍ ကလေးများက စာများထဲတွင် သူတို့မည်မျှလိမ္မာကြောင်း၊ မည်မျှ မိဘကို ကူညီ လုပ်ကိုင်ပေး ကြောင်း သူတို့အရည်အသွေးများကို ဖော်ပြကာ သူတို့လိုချင်တာ တောင်းခံကြ သည်ဆို၏။ စာတိုက်ဝန်ထမ်း အင်တာနက်ဝန်ထမ်း ဗော်လန်တီယာများက ခရစ်စမတ်ချိန်ခါတွင် ကလေးများပျော်ရွှင်အောင် စာများ ပြန်ရေးပေးကြသည်ဆို၏။ မိဘများကလည်း ဘိုးဘိုးစန်တာ ပေးသွားသည်ဆိုကာ လက်ဆောင်ပစ္စည်းများကို ကလေးများ အိပ်ချိန်မှာ တိတ်တခိုးပေးလေ့ရှိသည်။ ခရစ်စမတ်ချိန်ခါ တွင် ကလေးများ အထူးပင် လိမ္မာယဉ်ကျေးစွာ နေထိုင်လေ့ရှိပြီး သူတို့ အနှစ် သက်ဆုံး လူကို ဆန္ဒမဲခွဲ ကောက်ခံပါက စန်တာကလော့စ် မှတစ်ပါး အခြား လူမရှိပါချေ။ စန်တာကလော့စ်သည် ကလေးတို့၏ဇာတ်လိုက်၊ မျှော်လင့်ခြင်းတစ်ခုဖြစ်သလို အနာဂတ်လည်း ဖြစ်သည်။ စန်တာ ကလော့စ် တကယ်မရှိဟု မည်မျှဆိုဆို ယနေ့ တိုင် ခရစ်စမတ်ရောက်လေတိုင်း ကလေးတို့သည် စန်တာကလော့စ်ကို အားကိုး တကြီး မျှော်လင့်မိကြမြဲပင်။ သို့နှင့် ခရစ်စမတ်အခါသမယမှာ လှပစွာ တန်ဆာဆင်ထားသော ခရစ်စမတ် သစ်ပင် နှင့် ခရစ်စမတ်ဖယောင်းတိုင်များ ထွန်းညှိထားသည့် ညချမ်းအခါသမယမှာ သာယာ ချိုမြိန်စွာ လွင့်ပျံလာသော ဂုဏ်ကျေးဇူးတော် ချီးမွမ်းသော ဓမ္မတေးသံသာများ ပျံ့လွင့်နေသည့် အချိန်မှာ စန်တာကလော့ဖိုးဖိုးဆီက ရရှိသော လက်ဆောင်များနှင့် ပေါင်းစပ်လိုက်သည်နှင့် ပျော်ရွှင်ဖွယ်ကောင်းသာ ခရစ်စမတ်အချိန်အဖြစ် ပြည့်စုံ သွားပါတော့သည်။ အားလုံးပဲ ဘုရားသခင်ကောင်းချီးပေးပါစေ။

CHRISTMAS ခရစ်စမတ်ဆိုတာ..??

ခရစ်စမတ်ဆိုတာ..??
ဒီမေးခွန်းကို အားလုံးက ခရစ်ယာန်ဘုရားမွေးနေ့ပွဲလို့ ဆိုကြမှာပဲ။ ဒါပေမယ့် ယေရှုခရစ်တော် မွေးဖွားလာတာ ခရစ်ယာန်အတွက်သာ မဟုတ်ဘဲ လောကမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ၊ ပညာရှိ၊ ပညာမဲ့မရွေး၊ လူသားတိုင်းအတွက် ဖြစ်တယ်။ ခရစ်စမတ်နေ့ ဖြစ်လာရခြင်းအကြောင်းမှာ အရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားသခင်က မိမိဖန်ဆင်းထားသော လူသားများ အပြစ်သံသရာဝဲဂယက်မှာ နှစ်မြုပ်နေသည်ကို မကြည့်ရက်၍ သားတော် ယေရှုအမည်ဖြင့် လောကကြီးသို့ ကြွဆင်းလာကာ လူ့ဇာတိ ခံယူခဲ့သည့် ၀မ်းမြောက်စရာ ဘုရားသခင်၏ မွေးနေ့ရက်မြတ် ဖြစ်တယ်။ ခရစ်စမတ်ပွဲတော်ကို ကမ္ဘာနှင့်အ၀ှမ်းကျင်းပလေ့ရှိတယ်။ဒါပေမဲ့ ခရစ်စမတ်ရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို မသိကြသူတို့နဲ့ အနောက်တိုင်း ယဉ်ကျေးမှု ဖုံးလွှမ်းလာမှုကြောင့် ယနေ့ ခရစ်စမတ်ပွဲ တစ်ချို့ဟာ ယမကာဖုံးလွှမ်းတဲ့ပါတီပွဲများ ဖြစ်နေကြတယ်။ အမှန်စင်စစ်ယေရှုခရစ်ဟာ အနောက်တိုင်းမှာ မွေးဖွားခြင်းကို ခံယူခဲ့ခြင်းမဟုတ်ပါ။ အရှေ့အလယ် ပိုင်းခေါ် ကမ္ဘာ၏ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ ထိစပ်သည့် အစ္စရေးနိုင်ငံတည်ရာ ပါလက်စတိုင်း ဒေသတွင် မွေးဖွားခြင်းကို ခံယူခဲ့ခြင်းဖြစ်သည်။ ဖန်ဆင်းရှင်ဘုရားသခင်က ကမ္ဘာလောကအတွက် ယေရှုခရစ် ကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ပွဲဖြစ်တဲ့ ခရစ်စမတ်ဟာ Night club အရက်သောက်ပွဲ လုံး လုံးမဟုတ်ပါ။ မိမိတို့အပြစ်များကြောင့် အနာဂါတ်မျှော်လင့်ချက်မဲ့၍ ၀မ်းနည်းကြသော လောကသား များကို အပြစ်မှကယ်တင်ခဲ့တဲ့ ဘုရားရှင်ရဲ့ မွေးနေ့တော်ပွဲကို ဘယ်သူတွေက အရက်သောက်ပွဲနဲ့ ကြိုဆို ချင်ကြမလဲ။
ခရစ်စမတ်အနှစ်သာရ၊အဓိပ္ပါယ်
 ကောင်းသောအကျင့်ကိုသိလျက် မကျင့်ပဲ နေသောသူသည် အပြစ်ရှိ၏။ လူတွေဟာ အများ အားဖြင့် ကိုယ့် ကိုယ်ကိုအပြစ်ရှိမှန်း အပြစ်သားမှန်း မသိကြဘူး။ဒါပေမဲ့ လူတိုင်း အပြစ် ကျူးလွန်ကြတယ်။ အပြစ်ရှိသူတိုင်း ခံရမယ့်အခဟာ သေခြင်းဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ လူသားတိုင်း သေနေကြတယ်။ သေပြီးရင် မပြီးသေးဘူး၊ ငရဲမှာ ပြစ်ဒဏ် ထာဝရခံဦးမယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ လူသားတိုင်းကို ချစ်ရုံတင်မက သနားတယ်။ ဘယ်သူမှပျက်စီးခြင်း ငရဲထဲရောက်ဖို့ အလိုတော်မရှိဘူး။ ဒါကြောင့်လည်း အပြစ်၌ နစ်မွန်းလျက်ရှိသော ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ သားတော်အဖြစ် လူ့ဇာတိခံယူခြင်းဖြင့် ခရစ်စမတ်ဆိုတာ ဖြစ်ပေါ် လာခဲ့ရခြင်း ဖြစ်တယ်။
မင်္ဂလာရက်မြတ်ခရစ်စမတ် 
သခင်ယေရှုဟာ ဘုရားစင်စစ်ကနေ လူ့ဘ၀ကိုခံယူပြီး လောက သားတွေဆီ ကြွဆင်းလာခြင်းဖြင့် ဘုရား သခင်ရဲ့မေတ္တာ၊ ကရုဏာ၊ ကောင်းမြတ်တော်မူခြင်းကို ထင်ရှားစေခဲ့တယ်။ လူသားတွေဆီ ဘုရားသခင်ကြွ လာပြီး လူသားတွေခံရမယ့် အပြစ်ဒဏ်အတွက်ကားတိုင်မှာ အသေခံပေးချေဖို့ ဖြစ်တယ်။သခင်ယေရှုဟာ ကျွန်ုပ်တို့ခံရမည့် အပြစ်၏ အခသေခြင်းကို လက်ဝါးကပ်တိုင်မှာ အသေခံပြီးပေးချေခဲ့တယ်။ (၃)ရက် မြောက် သောနေ့မှာ သေခြင်းတရားကိုအောင်နိုင်ပြီး ရှင်ပြန် ထမြောက်ခဲ့တယ်။ ယနေ့အသက်ရှင်လျက် ရှိတယ်။ တကယ်လို့သာ သခင်ယေရှုဟာ သေခြင်း တရားကို မအောင်မြင်ခဲ့ဘူးဆိုရင် ခရစ်စမတ်ဆိုတာ ကမ္ဘာ့ပြက္ခဒိန်မှာ ပါစရာမရှိဘူး ။ ခရစ်စမတ်ပွဲလည်း ကျင်းပဖို့ အကြောင်းမရှိဘူး။ ဘာကြောင့်လည်းဆိုရင် သေသွားတဲ့ သူများအတွက် ဘယ်သူမှ မွေးနေ့ပွဲကျင်းပရိုး မရှိဘူး။ ခရစ်စမတ်ဆိုတာ မွေးနေ့ပွဲတော်ပါ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သံသရာဝဋ်ဆင်းရဲနဲ့ အပါယ်ငရဲမှ လွတ်မြောက်ခွင့်ပေးသော နေ့ဟာ ခရစ်စ မတ်နေ့ ဖြစ်တယ်။ ဒါကြောင့် ခရစ်စမတ်ဟာ မင်္ဂလာရက်မြတ်ဖြစ်တယ်။ မိတ်ဆွေအတွက် အလိုအပ်ဆုံး အရာကို ဘုရားသခင် ပေးသနားခဲ့ပြီ။ သခင်ယေရှု ကြွလာ ခဲ့ရခြင်းဟာ မိတ်ဆွေအတွက်ဖြစ်ပြီး လက်ဝါး ကပ်တိုင်မှာ အသေခံရခြင်း ဟာလည်း မိတ်ဆွေရဲ့ အပြစ်အတွက် ဖြစ်တယ်။ သခင်ယေရှုရဲ့ အသေခံပေး ဆပ် ခြင်းဟာ မိတ်ဆွေအတွက်ဆိုတာ ယုံကြည်စိတ်ချတယ်ဆိုရင် ဒီခရစ်စမတ်ဟာ မိတ်ဆွေအတွက် ဖြစ် တယ်။ ဘယ်သူမဆို ယေရှုခရစ်ဟာ မိမိရဲ့အပြစ်ကြွေးအတွက် အသေခံပေးဆပ်ပြီးကြောင်း ယုံကြည် လက်ခံရင် ဘုရားသခင်ပေး တဲ့ ခရစ်စမတ်လက်ဆောင် အပြစ်လွှတ်ခြင်းကျေးဇူးကို ခံစားရမယ်။ အပြစ် အမှောင်ထဲမှာ မျှော်လင့်ရာမဲ့နေတဲ့ ကျွန်ုပ်တို့လူသားတွေအတွက် မျှော်လင့်ခြင်းနဲ့ ငြိမ်သက် ပျော်ရွှင်ခြင်း ခံစားရဖို့ ခရစ်စမတ်ဖြစ်လာတယ်။ ယေရှုဘုရားကို မိတ်ဆွေရဲ့ စိတ်နှလုံးထဲမှာ လက်ခံယုံကြည်လျှင် ခရစ်စမတ်ဟာ မိတ်ဆွေရဲ့ အသက်တာမှာ အဓိပ္ပါယ်ရှိလာမယ်။ မိတ်ဆွေရဲ့ ယခုဘ၀၊ နောင်ဘ၀အတွက် လုံခြုံစိတ်ချမှု ရလိမ့်မယ်။ ဒီနေ့ခရစ်စမတ် ဟာ မိတ်ဆွေအတွက် မင်္ဂလာရက်မြတ် ဖြစ်လာမယ်။ မွေးနေ့ရှင် ယေရှုဘုရားထံ ဒီလိုဆုတောင်းပါ။ "အရှင်ယေရှုဘုရား အကျွန်ုပ်ဟာ အပြစ်သားဖြစ်ပါတယ်။အကျွန်ုပ်အပြစ်အတွက် လောက ကိုကြွလာပြီး အသေခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကျွန်ုပ်အသက်တာကို အုပ်စိုး တော်မူပါ ဘုရား-အာမင်။ "

December 8, 2014

(မွေးနေ.ရှင် ယေရှု ၏တောင်းဆိုသော အချက်များ) ..

ယုံကြည်သူများစွာသည် ကယ်တင်ခြင်းအကြောင်း သေ ချာမသိပဲ၊ ကယ်တင်ခြင်းစိတ်ချမှုမရှိပဲ ခရစ်စမတ်ပွဲ ပြီးရင်နှစ်သစ်၊ ပြီးတာ နဲ ခရစ်တော်အသေခံ ခြင်း၊ Esther Sunday ၊ပင်တီကုတေနေ. များကို ရာသီ ပြောင်းသည်နှင်.အမျှ အကြိမ်ကြိမ် ကျင်းပလေ.ရှိ နေကြသည်။ 
 ဟေရုဒ်မင်းနှင်. ကျမ်းတတ်များသည် ယေရှုမွေးဖွါးခြင်းအကြောင်းကို ဦး နှောက်ဖြင်. သိကြသော်လည်း ထိုသူနှင်.သိကျွမ်းတွေ.ဆုံရန် ဆန္ဒမရှိ၊ ဆန်.ကျင်ငြင်းဆန်ကြပါသည်။မာကုပညာရှိ၊သိုးထိန်းများသာလျှင် ယေရှု နှင်.တွေ.ခွင်.ရသူများဖြစ်သည်။ သင်သည်လည်း ဦးနှောက်ဖြင်.သာ သိသော သူဖြစ်ပါက ခရစ္စမတ်သည် သင်.အတွက် အဓိပါယ်မရှိပါ။ ရှင်ပေါလုက(၁ကော၂း၁၂)(ဂလာတိ ၄း၆)(ရောမ ၈း၉) တွင် ခရစ် တော်၏ ဝိညဉ်မရသောသူသည် ငါနှင်.မဆိုင်ဟု ပြောခဲ.သလို (လုကာ ၁၃-၂၅-၂၇)တွင်လည်း “သင်တို.အဘယ်အရပ်က လာသည်ကို ငါမသိ”ဟု သင်.ကို ခရစ်တော်ကပြော ခဲ.သော် ..ကိုယ်တော်..ကျွန်ုပ်ကျမ်း စာကျောင်းတက်ပြီးHome cell နဲ.P & w မှာပါဝင် တရားဟောဘူးတယ်။ အသင်းတော်ရဲ.EC၊ငွေထိန်း၊ အသင်းတော်လူကြီး၊အတွင်းရေးမှူး၊ဥက္ကဌ ဘယ်နှစ်နှစ်လုပ်ဘူးတယ်၊ချက်ပြုတ်ရေးအမြဲတာဝန်ယူ၊လှူဒါန်းဘူးတယ် လို. ကိုယ်ကပြောသော်လည်း ခရစ်တော်၏ဝိညဉ်မရလျှင် “သင်.ကို ငါ မသိ” ဖြစ်မှာသေချာတယ်။ သို.ကဲ.သို.သော အခြေအနေ မရောက်မှီ ကျွန်တော် တို.ကို ကယ်တင်ရန် ကြွလာခြင်းတည်းဟူသော ကယ် တင်ခြင်း သတင်းကောင်းကို သေချာသဘောပေါက်ရန် အပူတပြင်း ခရစ်စမတ်ရက် အတွင်း လေ.လာကြပါစို.လို. တိုက်တွန်းလိုပါတယ်။
 မွေးနေ.ရှင်၏တောင်းဆိုချက်များ 
(၁)လူအပေါင်းကယ်တင်ခြင်းသို.ရောက်၍ သမ္မာတရားသိရန်(၁တိ ၂း၎) (၂)ပျောက်ဆုံးဝိညဉ်များကယ်တင်ခြင်းသတင်းဝေမျှရန်(ယော ၁၉း၂၈) (၃)ငါ၏အလိုတော်ဆောင်ခြင်းသည် ငါစားစရာ ဖြစ်၏ (ယော ၄း၃၂-၃၄)
(၄)ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင်.ပြည်.ရန်(ဧဖက် ၅း၈) (၅)မတရားသောမေထုန်၊ကိလေသာညစ်ညူးခြင်းကိုရှောင်ရန်(ဧ ၅း၃)
 (၆)မုသာစကားရှောင်၍ မှန်သောစကားကို အချင်းချင်းပြောကြလော.။
(၇) ပူဇော်သက္ကာထက်မြတ်သော နှိမ်.ချခြင်းဖြင်.(မိက္ခာ ၆း၆-၇)
 (၈)ကျိုးပဲ.သောနှလုံးသားကို နှစ်သက်တော်မူသည်။
 (၉)သန်.ရှင်းစင်ကြယ်သော သီလ ရှိကြလော.(ယာ ၁း၂၇) (၁၀)ဆယ်ဖို.တစ်ဖို.အားငါ.ဘဏ္ဍာသိုက်သို.သွင်းလော.(မာခိ၃း၁၀-၁၂) အထက်ဖေါ်ပြပါအရာများသည် မွေးနေ.ရှင် တောင်းဆိုသောအရာဖြစ်ပြီး သင်သည် မွေးနေ.ရှင်အား ပီတိဝမ်းမြောက်စေလိုပါက သူ.တောင်းဆိုချက် ပြည်.စုံစေဖို. ဝိညဉ်တော်အကူညီဖြင်. တတ်စွမ်းနိုင်မည်ဖြစ်ကြောင်း၊ အယောက်တိုင်း မွေးနေ.ရှင်ယေရှုအလိုကျ ပူဇော်နိုင်သူများဖြစ်ကြပါစေ။

December 3, 2014

သေသောအခါ ကောင်းကင်နိုင်ငံတော်သို့ ရောက်မည်ကို မည်သို.သိမည်နည်း?

မိတ်ဆွေသည် ထာဝရအသက်ရရှိခဲ့ကြောင်းနှင့် သေသောအခါ ကောင်းကင်နိုင်ငံတော်သို့ ရောက်မည်ဖြစ်ကြောင်းကို မိတ်ဆွေသေချာစွာသိရှိပါသလား။ ထိုသို့သေချာသိရှိရန် ဘုရားသခင်က အလိုတော်ရှိသည်။ သမ္မာကျမ်းစာက “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ ဤအရာများကိုသင်တို့အား ငါရေး၍ပေးလိုက်၏” (၁ယောဟန်၊ ၅း၁၃)။ မိတ်ဆွေသည် ယခုဘုရားသခင်၏ရှေ့တော်မှောက်၌ ရပ်၍ဘုရားသခင်က “အဘယ့်ကြောင့် ငါမင်းကိုကောင်းကင်နိုင်ငံတော်သို့ဝင်ခွင့်ပြုရမည်နည်း”ဟုမေးမြန်းသည်ဆိုကြပါစို့။မိတ်ဆွေသည် မည်ကဲ့သို့ဖြေဆိုရ မည်နည်း။ မည်သို့ပြန်ဖြေရမည်ကိုမသိဘဲ မိတ်ဆွေသည် ကြောင်အမ်းအမ်းအနေအထားသို့ရောက်နိုင်ပေမည်။ မိတ်ဆွေသိရှိရန် လိုအပ်သောအချက်သည် ဘုရားသခင်က ကျွန်ုပ်ကိုချစ်၍ သူပြင်ဆင်ထားခဲ့သော လမ်းကိုလျှောက်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်ထာဝရကာလတွင်မည်သည့်နေရာသို့ရောက်ကြမည်ကိုသိရှိခြင်းဖြစ် သည်။ ဤအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ ပြောထားပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီ သားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ ကျွန်ုပ်တို့သိရှိရန်လိုအပ်သော၊ မသိခဲ့သောပြသာနာက ကျွန်ုပ်တို့နှင့် ကောင်းကင်နိုင်ငံတော် ကွာဝေးစေပါ သည်။ ထိုပြသာနာသည် ကျွန်ုပ်တို့၏ဇာတိက ကျွန်ုပ်တို့နှင့် ဘုရားသခင်တို့၏ မိတ်သာဟာရဖွဲ့ခြင်းကို ပျက်ပြားစေ သည်။ကျွန်ုပ်တို့သည် သဘာဝအလိုအလျောက်အားဖြင့်ဖြစ်စေ၊ မိမိရွေးချယ်မှုအားဖြင့်ဖြစ်စေ၊ အပြစ်ကျေးကျွန်ဘ၀သို့ ရောက်ရှိသောသူများဖြစ်သည်။ “အဘယ့်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့ တော်၌ အသေရေပျက်ကြပြီ”(ရောမ၊ ၃း၂၃)။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမကယ်တင်နိုင်ပေ။” ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်သည်မဟုတ်၊ ဘုရားသခင်၏သနားတော်မူ ရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာအခွင့်မရှိ(ဧဖက် ၂း၈-၉)။ ကျွန်ုပ်တို့သည် သေခြင်းခံထိုက်သောသူများ၊ ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံထိုက် သောသူများဖြစ်သည်။ အပြစ်၏အခကားသေခြင်းပေတည်း(ရောမ ၆း၂၃)။ ဘုရားသခင်သည် သန့်ရှင်း၍ တရားလျက်အပြစ်ရှိသောသူတို့ကို ဒဏ်ခတ်တော်မူသော ဘုရားသခင်ဖြစ် သည်။ သို့သော်သူက ကျွန်ုပ်တို့ကိုချစ်၍ ခွင့်လွှတ်ခြင်းတရားကို ပြင်ဆင်ပေးခဲ့ပါသည်။ သခင်ယေရှုက “ငါသည် လမ်း ခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယောဟန် ၁၄း၆)ဟုပြောထားပါသည်။ ကားတိုင်တော်ပေါ်တွင် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။ “ခရစ်တော်သည်ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက် တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခြင်းငှာ ဖြောင့်မတ်သောသူသည် မဖြောင့်မတ်သောသူ တို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏” (၁ပေ ၃း၁၈)။ သခင်ယေရှုသည် သေခြင်း မစ္စုန်မာန်ကိုအောင် ၍ထမြောက်ခဲ့သည်။ “ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်းထမြောက်တော်မူ၏” (ရောမ၊ ၄း၂၅)။ ထို့ကြောင့်မေးထားသော မေးခွန်းကိုပြန်ကြည့်ကြပါစို့။ ၄င်းသည် “ကျွန်ုပ်သည်သေသောအခါ ကောင်းကင်နိုင်ငံတော်သို့ ဘုန်းတော်ဝင်စားလိမ့်မည်ဟု သေချာကြောင်းကို မည်သို့သိရှိနိုင်မည်နည်း။” အဖြေသည် သခင်ယေရှုခရစ်တော်ကိုယုံကြည်လျှင် မိတ်ဆွေသည် ကယ်တင်ခြင်းရရှိသည် (တမန်၊ ၁၆း၃၁)။ ထိုသူကို လက်ခံ သမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကိုပေး တော်မူ၏” (ယောဟန် ၁း၁၂)။ မိတ်ဆွေသည် ထာဝရအသက်ကို အခမဲ့ပေးအပ်သော ဆုကျေးဇူးအဖြစ် ရယူနိုင်သည်။ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကားငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေ တည်း” (ရောမ ၆း၂၃)။ ယခုမိတ်ဆွေသည် ကြွယ်ဝသော အသက်တာနှင့် အဓိပ္ပါယ်ရှိသောအသက်တာဖြင့် အသက်ရှင်နိုင်သည်။ ယေရှုက “ငါမူကား သူတို့သည် အသက်လွှတ်ရုံမျှသာမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ ငါလာသတည်း” (ယောဟန၊် ၁၀း၁၀) ဟုပြောခဲ့ပါသည်။ သခင်ယေရှုက “ငါသည်သွား၍ သင်တို့နေရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါထံသို့ သိမ်းဆည်းမည်” ဟုကတိပြုခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အတူထာဝရကာလအတွင်း ကောင်းကင်နိုင်ငံတော်၌စိုးစံကြပါလိမ့်မည်။ မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံလို၍ ဘုရားသခင်ထံမှ လွှတ်ငြိမ်း ခြင်းအခွင့်ရယူလိုလျှင် ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမပါဘဲ ဆုတောင်းခြင်း သို့မဟုတ် တခြားဆုတောင်းခြင်းဖြင့် မိတ်ဆွေကို မကယ်တင်နိုင်ပေ။ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းကသာ မိတ်ဆွေကိုအပြစ်နွှံထဲ မှ ကယ်တင်နိုင်ပါ သည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေက ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းနှင့် သူပြင်ဆင်ပေးထားသော ကယ်တင်ခြင်းတရားအတွက် ကိုယ်တော်ကိုကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။ “ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်ကိုပြစ်မှားကြောင်းနှင့် ထိုအပြစ်တရားအတွက် တရားစီရင်ခြင်းပြစ်ဒဏ်ကို ကျွန်ုပ်သည် ခံထိုက်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်ခံထိုက်သော အပြစ်အကြွေးအားလုံးကိုသခင်ယေရှုခရစ်တော်က ယူဆောင်သွားခဲ့သောကြောင့် ကျွန်ုပ်သည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏။ ကျွန်ုပ်သည် အပြစ်ဒုစရိုက်နွံထဲမှ ရုန်းထွက်၍ ကယ်တင်ခြင်းရရှိရန် ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏အံ့သြဖွယ်သော ကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းတရား၊ ထာဝရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏! အာမင်!

December 2, 2014

သခင်ယေရှုသာလျှင် ကောင်းကင်လမ်းခရီးဖြစ်သလော?

  “ကျွန်ုပ်သည် အကျင့်စာရိတ္တကောင်းမွန်သောသူဖြစ်သောကြောင့်
 ကောင်းကင်နိုင်ငံတော်သို့ရောက် ရှိပါလိမ့်မည်။” “ကောင်းပေသည်။ ကျွန်ုပ်သည် ဆိုးသွမ်းသောအမှုတချို့ပြုခဲ့၍ ကောင်းသောအမှုပြုခြင်းသည် ပို၍ များပြား လာသောကြောင့် ကျွန်ုပ်သည် ကောင်းကင်နိုင်ငံသို့ သွားရမည်။” “ကျွန်ုပ်သည်သမ္မာကျမ်းစာအတိုင်း အသက် မရှင်လျှင်လည်း ဘုရားသခင်က ကျွန်ုပ်ကို ငရဲထဲသို့ပို့လိမ့်မည်မဟုတ်ပေ။ ခေတ်ကာလသည် ပြောင်းလဲသွားခဲ့သည်။” “ကလေးသူငယ်တို့ကိုညှင်းပန်းနှိပ်စက်သောသူများနှင့် လူသတ်သမားတို့သာလျှင် ငရဲသို့သွားလိမ့်မည်။” ဤခံယူချက်များကို လူမျိုးအများစုထဲတွင် ပေါ်ပေါက်လေ့ရှိသည်။ သို့သော်သမ္မာတရားအရကြည့်လျှင် သူတို့ အားလုံးသည် လိမ်ညာသောသူများဖြစ်ကြသည်။ ဤလောကကို အစိုးရသူ၊ စာတန်သည် ထိုသူတို့၏ ဦးနှောက်အတွေးထဲ၌ ဤမှားယွင်းသောခံယူချက်တို့ကို ထည့်သွင်းပေးခြင်းဖြစ်သည်။ စာတန်နှင့်သူ၏နည်းလမ်းကို လိုက်လျှောက်သော သူတို့သည် ဘုရားသခင်၏ရန်သူများဖြစ်ကြသည် (၁ပေ ၅း၈)။ စာတန်သည်အစဉ်အမြဲ သူတော်ကောင်းယောင် ဆောင်သည် (၂ကော ၁၁း၁၄)။ သို့သော် ဘုရားသခင်ထံမှမလာသောဆိုးညစ်သော အတွေးအခေါ်များကို လူတွေ၏ စိတ်နှလုံးထဲသို့ ထည့်သွင်းပေးခြင်းဖြင့် စာတန်က လူတွေကို ထိန်းချုပ်သည်။ “ထိုသို့မယုံကြည်သောသူတို့ကားဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသောခရစ်တော်၏ဘုန်းအသရေ နှင့်ပြည့်စုံ သော ဧ၀ံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ၊ ဤလောကကိုအစိုးရသော ဘုရားသည် လူတို့၏ ညာဉ်မျက်စိကို ကွယ်စေ၏ (၂ကော ၄း၎)။ ဘုရားသခင်က သေးငယ်သော အပြစ်ကို ဂရုမစိုက်ဟု ယုံကြည်ခြင်းနှင့် ငရဲမီးအိုင်သည် “ဆိုးသွမ်းသောသူ များ” အတွက်ဖြစ်သည်ဟု ယုံကြည်ခြင်းသည်မုသာ ဖြစ်သည်။ “အနည်းငယ်သော လိမ်ညာမှုအပါအ၀င် အပြစ်တရား အားလုံးက ကျွန်ုပ်တို့ကိုဘုရားသခင်နှင့် ခွဲခွာစေပါသည်။ လူအားလုံးသည် အပြစ်ဒုစရိုက်ကို ပြုကြပြီ။ မိမိကိုယ်ကို ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံသို့ရောက်ရန် ကောင်းမှုပြုနိုင်သောသူတစ်စုံတစ်ယောက်မျှမရှိပေ (ရောမ ၃း၂၃)။ ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိခြင်းသည် ကျွန်ုပ်တို့ပြုသော ကောင်းမှုကုသိုလ်က ကျွန်ုပ်တို့ပြုခဲ့ သော အကုသိုလ်ထက်သာလွန်ခြင်းကြောင့် မဟုတ်ပေ။ ထိုသို့ချိန်ခွင်လို ချိန်ဆလျှင် ကျွန်ုပ်တို့အားလုံးသည် ငရဲမီးအိုင် ထဲသို့သွားရပါလိမ့်မည်ဖြစ်သည်။ “ကျေးဇူးတော်အားဖြင့်ရှိလျှင်ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူး သည်ကျေးဇူးမဟုတ်။ ကိုယ့်ကျင့်သောအကျင့်အားဖြင့်ရှိလျှင် ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကျင့်သော အကျင့်သည် အကျင့်မဟုတ်” (ရောမ ၁၁း၆)။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရန် ကောင်းမှုကုသိုလ်တစ်စုံတစ်ခုမှ မပြုနိုင်ပေ (တိတု ၃း၅)။ “ကျဉ်းသောတံခါးကို ၀င်ကြလော့။ ပျက်စီးခြင်းလမ်းသို့ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ၀င်သောသူတို့သည် များကြ၏” (မဿဲ ၇း၁၃)။ လူတစ်စုံတစ်ယောက်သည်အပြစ်ရှိလျက်ပင် ဘုရားသခင်က ခွင့်လွှတ်လိမ့်မည်ဟု ယူဆတတ်ကြသည်။ ဘုရားသခင်က ခွင့်လွှတ်မည်မဟုတ်ပေ။ “သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သော ၀ိညာဉ်၏အလိုနှင့်အညီ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူ၏” (ဧဖက် ၂း၂)။ ဘုရားသခင်က ဤလောကကိုဖန်ဆင်းခဲ့သောအချိန်တွင်လိုအပ်မှုမရှိပဲပြည့် စုံအောင်ဖန်ဆင်းခဲ့သည်။ အရာအားလုံးး သည်ကောင်းမွန်သည်။ ထို့နောက် ဘုရားသခင်က လူအာဒံနှင့် ဧ၀ံကို ဖန်ဆင်းခဲ့၍ သူတို့အပေါ်တွင် ရွေးချယ်နိုင်သော အခွင့်အရေးပေးခဲ့သည်။ ထို့ကြောင့်သူတို့သည် ဘုရားသခင်၏စကားတော်ကိုနာခံမည်လော သို့မဟုတ် ငြင်းပယ်မည် လောဟူသော ရွေးချယ်မှုကို သူတို့၏တာဝန်ဖြစ်သည်။ သို့သော်ဘုရားသခင် ဖန်ဆင်းခဲ့သော ပထမဆုံးသော လူသား အာဒံနှင့် ဧ၀တို့သည် စာတန်၏စုံစမ်းသွေးဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို နာမခံခဲ့ပေ။ ထို့ကြောင့်သူတို့သည် အပြစ်ဒုစရိုက်ပြုခဲ့ကြသည်။ ထိုအပြစ်တရားက သူတို့ (ကျွန်ုပ်တို့အပါအ၀င် အာဒံခေတ်နောက်မှလာသော လူသားအားလုံး)သည်ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာရမဖွဲ့နိုင်တော့ပေ။ ဘုရားသခင်သည် ပြည့်စုံသည်။သန့်ရှင်းသည်။အပြစ်တရားကိုတရားစီရင်သည်။ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သောကြောင့် မိမိကိုယ်ကိုကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ဘုရားသခင်နှင့် နီးကပ်စွာမိတ်သာဟာရမဖွဲ့နိုင်တော့ပေ။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ သည်ကောင်းကင်နိုင်ငံတော်၌် သူနှင့်အတူ တလုံးတ၀နေထိုင်နိုင်သော နည်းလမ်းကို လမ်းဖွင့်ပေးထားခဲ့သည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ အပြစ်တရား၏အခကားသေခြင်းပေတည်း။“ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှု ခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရောမ ၆း၂၃)။ သခင်ယေရှုသည် လူဇာတိကိုခံယူခဲ့သည်။ သို့မှသာလျှင် သူသည် ထာဝရအသက်လမ်းကိုညွှန်ပြနိုင်၍ ကျွန်ုပ်တို့၏အပြစ်ကြွေးပေးဆပ်နိုင်မည်ဖြစ်သည်။ သူက ကျွန်ုပ်တို့၏အပြစ်ကြွေးအားလုံးပေးဆပ်ခဲ့သောကြောင့် ကျွန်ုပ်တို့ပေးဆပ်ရန်မလိုတော့ပေ။ သူသည် သေပြီးသုံးရက် မြောက်သောနေံတွင်ရှင်ပြန်ထမြောက်ခဲ့၍ (ရောမ ၄း၂၅)၊ သေခြင်းတရားအပေါ်အောင်မြင်ခြင်းကို သူက စီမံ ဆောင်ရွက်ပြီးခဲ့ပါသည်။ ဘုရားသခင်နှင့် လူစပ်ကြားတွင် သခင်ယေရှုက တံတားခင်းပေးခဲ့သည်။ ထို့ကြောင့်ယုံကြည် သောသူတို့သည် ဘုရားသခင်နှင့်အတူ မိတ်သာဟာရဖွဲ့နိုင်ခြင်းဖြစ်သည်။ ထာဝရအသက်ဟူမူကား မှန်သောဘုရား သခင်တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော သခင်ယေရှုကိုသိကျွမ်းခြင်းတည်း (ယောဟန် ၁၇း၃)။ စာတန်ကဲ့သို့များစွာသော သူတို့သည် ဘုရားသခင်ကိုယုံကြည်ကြသည်။ သို့သော် ကယ်တင်ခြင်း ရရှိနိုင်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ပြန်လာ၍ သူနှင့်မိတ်သာဟာရဖွဲ့ကာ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်ကို ကျောခိုင်းလျက်သခင်ယေရှုနောက်တော်သို့လိုက်ရမည်ဖြစ်သည်။ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ဖြစ်စေ၊ လုပ်ဆောင် သမျှတို့၌ ဖြစ်စေ သခင်ယေရှုကို ကိုးစားရမည်ဖြစ်သည်။ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သောသူ အပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ ပြီ။ ခြားနားခြင်းအလျင်းမရှိ (ရောမ ၃း၂)။ ခရစ်တော်ကလွှဲ၍ ကယ်တင်ခြင်းလမ်းသို့ ပို့ဆောင်ပေးနိုင်သောလမ်းမရှိ ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ယောဟန် ၁၄း၆ ထဲတွင် “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခရစ်တော်ထံသို့မရောက်ရ” ဟုသခင်ယေရှုကမိန့်ဆိုခဲ့သည်။ သခင်ယေရှုတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်ပေးနိုင်သော ဘုရားဖြစ်သော ကြောင့် သခင်ယေရှုသာလျှင် ကယ်တင်ခြင်းလမ်းသို့ပို့ဆောင်ပေးနိုင်သောလမ်းသွယ်ဖြစ်သည် (ရော ၆း၂၃)။ ဘာသာ တရားသွန်သင်သူတို့က အပြစ်တရားနှင့် ၄င်း၏အကျိုးသက်ရောက်မှုတို့ကို နက်ရှိုင်းစွာသို့မဟုတ် လေးနက်စွာ သွန်သင်ခြင်းမရှိပေ။ သခင်ယေရှုခရစ်တော်ပြင်ဆင်ပေးနိုင်သော အပြစ်ကြွေးအားလုံးပေးဆပ်ကျေအေးခြင်းကိုလည်း ဘာသာတရားတစ်ခုကမှ မစွမ်းဆောင်နိုင်ပေ။ အပြစ်ကြွေးအားလုံးပေးဆပ်ရန် “ဘာသာတရားတည်ထောင်သူ” တစ်ဦးမျှ ဘုရားမှလူဖြစ်လာခဲ့သည်(ယောဟန် ၁း၁၂-၁၄)ဟူ၍မရှိပေ။သခင်ယေရှုသည် ဘုရားသခင်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်နိုင်ခြင်းဖြစ်သည်။ သခင်ယေရှုသည် အသေခံနိုင်ရန် လူဇာတိကိုခံယူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိနိုင်သည်။ ထိုသခင်၏ နာမတော် မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ (တမန် ၊ ၄း၁၂)။

December 1, 2014

ဘုရားသခင်နှင့် မှန်ကန်မှုကို မည်သို့ ရရှိမည်နည်း?

 ဘုရားသခင်နှင့်မှန်ကန်မှုကို ရရှိနိုင်ရန် ကျွန်ုပ်တို့သည် မှားယွင်းသောအရာကို ဦးစွာသိရှိရန်လိုအပ်သည်။ ဆိုလိုချက်သည် အပြစ်တရားဖြစ်သည်။ “လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီတညွတ်တည်းဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ (ဆာလံ ၁၄း၃)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်ကို တော်လှန်ပုန်ကန်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ”လမ်းလွှဲသောသိုးစုနှင့်တူ”ပါသည်။ (ဟေရှာ၊ ၅၃း၆)။ အပြစ်၏အခသည်သေခြင်းဖြစ်သည်ဟူသော သတင်းသည် သတင်းကောင်းမဟုတ်ပေ။ “ပြစ်မှားသော ၀ိညာဉ်ရှိသမျှတို့သည် သေရမည်” (ယေဇ၊၁၈း၎)။ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်က ကျွန်ုပ်တို့ကို ကယ်တင်ခြင်းလမ်းသို့ သွေးဆောင်ပို့ဆောင်ခြင်းဟူသောသတင်းသည် သတင်းကောင်းဖြစ်သည်။ သခင်ယေရှုက သူ၏အဓိကရည်ရွယ်ချက်ပန်းတိုင်သည် “ပျောက်ဆုံးသောဝိညာဉ်တို့ကိုရှာဖွေရန်နှင့် ကယ်တင်ရန်အတွက်ဖြစ်သည်။“ ဟုကြွေးကြော်ခဲ့သည် (လုကာ ၁၉း၁၀)။ သူသည် ကားတိုင်တော်ပေါ်တွင်အသေခံသောအခါ သူပြောခဲ့သောစကား “အမှုပြီးပြီ” (ယောဟန် ၁၉း၃၀) သည် သူ၏ရည်၇ွယ်ချက်အားလုံးပြီးစီးသွားခဲ့ကြောင်းကို သခင်ယေရှုကကြွေးကြော်ခဲ့ ခြင်းဖြစ်သည်။ ဘုရားသခင်နှင့်စစ်မှန်သော မိတ်သာဟာရဖွဲ့ခြင်းရှိမှသာလျှင် မိတ်ဆွေသည် အပြစ်ရှိကြောင်း အသိအမှတ်ပြု ရန်အစပြုလာပါလိမ့်မည်။ ထို့နောက် ဘုရားသခင်ထံတော်သို့ သွား၍အပြစ်တရားအတွက် နောင်တရပါလိမ့်မည်(ဟေရှာ၅၇း၁၅) ထို့ပြင်အပြစ်တရားကိုစွန့်ပယ်ရန် ဆုံးဖြတ် ချက်ချနိုင်ပါလိမ့်မည်။“ကယ်တင်ခြင်း သို့ရောက်စေခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏“ (ရောမ ၁၀း၁၀)။ ဤအပြစ်ဝန်ချတောင်းပန်ခြင်းထဲတွင် ယုံကြည်ခြင်းလည်းပါဝင်ရမည်။ အထူးသဖြင့် ယုံကြည်ခြင်းသည် သခင်ယေရှု၏ အသေခံခြင်းနှင့် အံ့သြဖွယ်ကောင်းသော ရှင်ပြန်ထမြောက်ခြင်းတို့က သခင်ယေရှုသည် ကယ်တင်ဖြစ်ရန် အရည်အချင်းပြည့်မီစေကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ “အဘယ်သို့နည်းဟူမူကား သင်သည် သခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” (ရောမ၊ ၁၀း၉) ။ ယောဟန် ၂၀း ၂၇၊ တမန်၊ ၁၆း၃၁၊ ဂလာ ၂း၁၆၊ ၃း၁၁၊ ၂၆ နှင့် ဧဖက် ၂း၈ -ကဲ့သို့သော ကျမ်းပိုဒ်တို့တွင် ယုံကြည်ခြင်း၏အရေးကြီးမှုတို့ကို ဖော်ပြထားပါသည်။ ဘုရားသခင်နှင့် မှန်ကန်မှုကိုရရှိခြင်းသည် မိတ်ဆွေကိုယ်စား ဘုရားသခင်ပြုခဲ့သောအမှုပေါ်တွင် မိတ်ဆွေ၏ တုံ့ပြန်မှုကိစ္စမျိုးဖြစ်သည်။ သူက ကယ်တင်ရှင်ကို စေလွှတ်ခဲ့ပါသည်။ ထိုကယ်တင်ရှင်က အပြစ်တရားချည်နှောင်ခြင်း မှလွတ်မြောက်ရန် ယဇ်ပူဇော်ခြင်းအမှုကို လုပ်ဆောင်ပေးခဲ့သည် (ယောဟန် ၁း၂၉)။ မိတ်ဆွေအတွက် သူက ကတိ တော်ပေးထားခဲ့ပါသည်။၎င်းသည်“ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက် ရကြလတ္တံ” (တမန်တော်၊၂း၂၁)။ နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းတရားအတွက် အကောင်းဆုံးသော ပုံဥပမာသည် ပျောက်သွားသောသား ဖြစ်သည် (လုကာ ၁၅း၁၁-၃၂)။ သားငယ်က သူ့ခမည်းတော်ပေးသော လက်ဆောင်တို့ကို ရှက်ဖွယ်ကောင်းသော အပြစ်ဒုစရိုက်ထဲ၌ ဖြုန်းတီးခဲ့ပါသည် (အခန်း ငယ် ၁၃)။ သူသည်မှားယွင်းသောအမှုပြုကြောင်းကို မိမိကိုယ်ကို အသိ အမှတ်ပြုသောအခါ အိမ်သို့ပြန်လာရန် စိတ်ဆုံးဖြတ်ချက်ချခဲ့ပါသည်(အခန်းငယ် ၁၈)။သူသည် မိမိကိုယ်ကို သားအရာ ရရှိသည်ဟုပင် မတွေးဝံ့ချေ (အခန်းငယ် ၁၉)။ သူသည် ဒုစရိုက်ပြုသောသူအဖြစ် မိမိကိုယ်ကိုသိရှိခဲ့ပါသည်။ ဖခင်ကြီးက အရင်တုန်းကသူ့ကို ပုန်ကန်ခဲ့သော သားငယ်ကိုချစ်ခဲ့ပါသည် (အခန်းငယ် ၂၀)။ သူလုပ်မှားသမျှ အားလုံးကို ခွင့်လွှတ်၍ ပွဲကျင်းပပေးခဲ့ပါသည် (အခန်းငယ် ၂၄)။ ခွင့်လွှတ်ခြင်းနှင့်ကတိတော်အပါအ၀င် ဘုရားသခင်သည် သူ၏ကတိတော်များ စောင့်ထိန်းခြင်းအမှု၌ အလွန် ကောင်းပေသည်။ “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏“ (ဆာလံ၊ ၃၄း၈)။ မိတ်ဆွေသည် ဘုရားသခင်နှင့် မှန်ကန်မှုကိုရလိုပါက ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမရှိဘဲ ဤဆုတောင်း ခြင်းကို မြွက်ဆိုခြင်းသို့မဟုတ် တခြားဆုတောင်းခြင်းက မိတ်ဆွေကို ကယ်တင်နိုင်မည်မဟုတ်ပေ။ သို့သော် မိတ်ဆွေ သည်အပြစ်နွံထဲမှ ကယ်တင်နိုင်သော ခရစ်တော်ကို ယုံကြည်မှသာလျှင် ကယ်တင်ခြင်းရရှိမည်ဖြစ်ပါသည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေက ဘုရားသခင်ကိုကိုးစားကြောင်းနှင့် သူပြင်ဆင်ပေးထားသော ကယ်တင်ခြင်း တရားအတွက် ကိုယ့်တော့်ကို ကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။ “ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားကြောင်းနှင့်ထိုအပြစ်တရားအတွက်တရားစီရင်ခြင်းပြစ်ဒဏ်ကိုကျွန်ုပ်သည်ခံထိုက်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်မထိုက်သောပြစ်ကြွေးအားလုံးကိုသခင်ယေရှုခရစ်တော်က ယူဆောင်သွား ခဲ့သောကြောင့် ကျွန်ုပ်သည် သခင် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏။ ကျွန်ုပ်သည် အပြစ်ဒုစရိုက်နွံမှရုန်းထွက်၍ကယ်တင်ခြင်း ရရှိရန်ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ကိုယ်တော်၏အံ့သြဖွယ်ကောင်းသောကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းတရား၊ ထာဝရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို ကျေးဇူတင်ပါ၏!အာမင်!