နယူးယော့(ခ်) မြေအောက်မီးရထား ပေါ်၌ ပြုသော သာမန်ကြင်နာမှုလေးက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ခေါင်းဆောင်းပါသည့် ရှပ်အင်္ကျီအနွေးထည်ဝတ်ထားသော လူရွယ်မှာ ခေါင်းကို အုပ်ထားကာ ခရီးသွားအဖိုးအိုတစ်ဦး၏ ပုခုံးထက် ခေါင်းတင်ရင်း အိပ်ပျော်နေသည်။ အခြား ခရီးသွားများက ထိုလူရွယ်ကို နှိုးလိုက်မည်ဟုပြောရာ အဖိုးအိုက “သူတစ်နေကုန် ပင်ပန်းထား တယ်နဲ့တူတယ်။ အိပ်ပါစေ။ တို့တွေလည်းဖြစ်တတ် ကြတာပဲ” ဟူ၍ ပြန်ပြောသည်။ မောပန်းနွမ်းနယ် နေသော လူရွယ်ကို သူ့ပုခုံးထက်၌ နောက်ထပ် တစ်နာရီအထိ အိပ်စေခဲ့သည်။ အဖိုးအိုဆင်းရမည့် မှတ်တိုင်ရောက်ခါနီးမှ ညင်သာစွာ ရွှေ့ ပြီး ထလိုက်သည်။ ထိုအတောအတွင်း အခြား ခရီးသည်တစ်ယောက်က ဓာတ်ပုံရိုက်ထားပြီး သူတို့ပုံကို လူမှုရေးမီဒီယာပေါ်တင်လိုက်ရာ ကူးစက်ရောဂါအလား ကူးစက်ပျံ့နှံ့သွားတော့သည်။
အဆိုပါ အဖိုးအို၏ ကြင်နာပြမှုက ကျွန်ုပ်တို့အားလုံး လိုလားတောင့်တနေသော ဘုရားသခင်၏နှလုံးသားကို ထင်ဟပ်ပြသသည့် ကြင်နာမှုနှင့်ပြည့်လျှံလွှမ်းနေသည်။
ယေရှု၏မိတ်ဆွေများက ကလေးငယ်များ၏အသံဗလံနှင့် အနှောင့်အယှက်ပေးမှုကို ကာကွယ်ပေးရန် ကြိုးစားကြစဉ် သခင်ယေရှု၏နူးညံ့ညင်သာမှုကို တွေ့မြင်ရသည်။ သခင်ယေရှုက ကလေးငယ်များကို လက်တော်ဖြင့် ပွေ့ပိုက်ကာ ကောင်:ချီးပေးခဲ့သည် (မာ ၁၀း၁၆)။ ထိုဖြစ်စဉ်တွင် သူငယ်များကဲ့သို့ပင် သူ့အား ယုံကြည်အားကိုးရန် ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်က ဖိတ်ခေါ်နေပါသည် (း၁၃-၁၆)။
ကိုယ်တော်၏မျက်မှောက်၌ ကျွန်ုပ်တို့အားလုံးသည် လုံခြုံမှုရှိကြောင်းကို ယေရှုရှင်က ကျွန်ုပ်တို့အားသိစေသည်။ နှိုးထနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော့် အပေါ် အမှီပြုနိုင်သည်။ ကျွန်ုပ်တို့မောပန်းနွမ်းနယ်သည့်အခါ ခိုနားရန် လုံခြုံ စိတ်ချရသောနေရာကို ကိုယ်တော် ပြင်ဆင်ပေးပါသည်။
Mart DeHaan
Mart DeHaan
No comments:
Post a Comment