ဤ ကမ္ဘာမြေကြီးနှုင်. ဂလက်စီအားလုံး ဧကန်အမှန် ပျက်စီးမည်ဟု ထာဝရဘုရား မိန်.တော်မူခဲ.ပြီးဖြစ်သည်. အတိုင်း ထိုနေ.ရက်သည် ရှေ.မကြာတော.သည်. အချိန်၌ ရောက်လာမည် ဖြစ်သည်။
ထိုသို. ရှိသမျှသော မြေကြီး ၊လ၊ ကြယ် နက္ခတာရာ အားလုံး
ဖျက်စီးပြီးမှ ကောင်းကင်သစ် နှုင်. မြေကြီးသစ်
ပေါ်လာမည် ဖြစ်သည်။
ထို.ကြောင်. ဤ ယာယီတဲ ဖြစ်သော လောကအရာ အတွက် စိတ်အာရုံ သိပ်မထားပဲ နုတ်ကပတ်တော်ကို နေ.ည မပျက် ဆင်ခြင်၊ မိတ်သဟာယပြု၊ ဆုတောင်း၊ အသက်တာ သန်.ရှင်းခြင်းဖြင်. သခင်ဘုရား ကြွလာမည်. နေ.ရက် သိပ်မကြာတော.ဘူး ဆိုသည်. အကြောင်း မေတ္တာဖြင်. သတိပေးဝေဌလိုက်ပါတယ်။
2 Petet 3:10 ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော
အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည်
ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော အရာတို့သည်
ကျွမ်းလောင်ကြလိမ့်မည်။
Heb 12:27 အထက်က ဗျာဒိတ်တော်အသံသည် မြေကြီးကို
လှုပ်သည်ဖြစ်၍၊ ယခုတဖန် ငါသည် မြေကြီးနှင့်ကောင်းကင်ကို လှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။ တဖန်ဟူသောစကား၏ အဓိပ္ပါယ်ကား၊
မလှုပ် သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။
Jere 51:25- ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖျက်ဆီးတတ်သော သဘောရှိ၍၊ မြေကြီးတပြင်လုံး ကို ဖျက်ဆီး တတ်သောတောင်ကြီး၊ သင့်တဘက်၌ငါနေ၏။ သင့်အပေါ်မှာငါ၏ လက်ကို ဆန့်လျက် ကျောက်
တို့မှ သင့်ကို လှိမ့်ချ၍၊မီးနှင့်ကျွမ်းလောင်သောတောင် ဖြစ်စေမည်။
တိုက်ထောင့် အထွဋိကျောက်၊ တိုက်မြစ်ကျောက်တစုံတခု ကိုမျှ
သင်၏ အထဲကမနှုတ်မယူရ၊ အစဉ်မပြတ်ပျက်စီးလျက်
နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊
Zephaniah 1:18 ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကိုမကယ်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တပြည်လုံးကိုလောင်လိမ့်မည်။ ပြည်သူပြည် သားအပေါင်းတို့ကို အလျှင်အမြန်စီရင်၍ အကုန်အစင်သုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။
Zephaniah 3:18 တိုင်းနိုင်ငံပြည်သား အမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်းလောင်းမည်ဟု
ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတပြင်လုံးကို လောင်ရလိမ့်မည်။

No comments:
Post a Comment