Greek စကားRev 22:12 `Soon” သည် နောက်မကျပဲ
without delay, quickly, at once အလျှင်မြန် ချက်ချင်း ဟူ၍ အဓိပယ်ရသည်။ ကနဦး ယုံကြည်သူများသည် ယေရှုခရစ်သည် သုတို.အသက်ရှင်စဉ်၌ပင် ကြွလာမည်ဟု ယုံကြည်မျော်လင်.
ခဲ.ကြသော်လည်း သူတို. ယုံကြည်သည်. အတိုင်း ကြွမလာသည်.
အခါ ဂတိတော်ပျက်သည်ဟု ထင်မှတ်ကြသည်။
သို.သော် ဘုရားသခင်သည် ဂတိပျက်သောဘုရားမဟုတ်ကြောင်း
ကျမ်းစာ၌ အတိလင်းဖေါ်ပြထားသည်။ ၂ပေ ၃း၃ရှေ့ဦးစွာ သိမှတ်
အပ်သော အရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်း
အတိုင်း ကျင့်နေ၍၊ ၄ သခင်ဘုရားကြွလာမည်ဟူသော
ဂတိတော်သည် အဘယ်မှာရှိသနည်း။
ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့်မည်။ ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလ
တရက်သည်၊ အနှစ်တထောင် ကဲ့သို့၎င်း၊ အနှစ်တထောင်သည်
တရက် ကဲ့သို့၎င်း ဖြစ်သည်အရာတခုကို မမေ့လျော့ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊
ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။
ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တ
ရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။
သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော
အသံနှင့်တကွ ပျောက်သွားလိမ့်မည်။
လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။
မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော
အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ (2 Pet. 3:8-10)
သခင် ယေရှုကိုယ်တိုင် လုကာ ၂၁း၃၄-၃၆၊ မာသဲ ၂၄း ၄၂ သင်တို့အရှင်သည်အဘယ်အချိန်နာရီ၌ရောက်လာမည်ကို
သင်တို့မသိ သောကြောင့်စောင့်နေကြလော့။
သူခိုးလာမည် အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်
မည်ကိုသင်တို့သိကြ၏။
ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ ရှင်ပေါလုက -၁ သက် ၅း၁ ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။
၂ အဘယ် ကြောင့်နည်း ဟူမူကား၊ သူခိုးသည် ညဥ့်အခါ
လာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို
သင်တို့ သည် သေချာစွာသိကြ၏။
ဗျာ၊ ၁၆း၁၆ အသံတော်ကား၊ သူခိုးကဲ့သို့ငါလာ၏။
အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာရှိ၏”
ခရစ်တော် အချိန်မရွေး ပြန်လာနိုင်ကြောင်း အစဉ်သင်.
ဖြစ်ကြရန် တိုက်တွန်းအပ်ပါသည်။

No comments:
Post a Comment