*အချင်းလူသား သင်၏ အမျိုးသား ချင်းတို့အား ဟောပြော၍
ဆင့်ဆိုရမည်မှာ-ငါသည်တစုံတခုသောပြည်သို့ထားဘေး
ရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတယောက်ကို ယူ၍ကင်းစောင့်ထားပြီးမှ၊ထိုသူသည်ထားဘေးရောက်သည်ကိုမြင်လျက်
တံပိုးမှုတ်၍ သတိပေးသော်လည်း၊တစုံတယောက်သောသူသည်
တံပိုး မှုတ်သံကိုကြားလျက်နှင့်အမှုမထား သောကြောင့်၊ကိုယ့်အသက်ဆုံးသော
အပြစ်ကိုကိုယ်တိုင်ခံရမည်၊၊
အမှုထားသောသူမူကားကိုယ့်အသက်ကို ကယ်တင်လိမ့်မည်။သို့မဟုတ်ကင်းစောင့်ထားသောသူသည်
ထားဘေး -ရောက်ကြောင်းမြင်လျက်တံပိုးမမှုတ်၊ ပြည်သားတို့အားသတိမပေးသောကြောင့် ထားဘေးရောက်၍တစုံတယောက်သောသူအသက်ဆုံးလျှင်၊
ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊
သူ၏အသက်ကို ကင်းစောင့်သောသူ၌ငါတောင်းမည်၊ထိုအတူ-အချင်းလူသား၊သင့်ကို ဣသရေလအမျိုး၌
ကင်းစောင့်စေခြင်းငှါငါခန့်
ထားသောကြောင့်၊ သင်သည်ငါ၏
နှုတ်ထွက်စကားကိုနာခံ၍သူတို့ကိုသတိပေးရမည်။ ငါသည်လူဆိုးအား၊အိုလူဆိုး၊အကယ်စင်စစ်သင်သည်အသေခံရမည်ဟု ဆိုသောအခါ ဆိုးသောသူကိုသူ၏လမ်းမှလွှဲစေခြင်းငှါ
သင်သည် သတိမပေးလျှင်၊ထိုလူဆိုးသည် မိမိအပြစ်ကြောင့်
အသက်ဆုံး လိမ့်မည်။ သို့ရာတွင်၊သူ၏အသက်ကို
သင်၌ငါတောင်းမည်။
သို့မဟုတ်လူဆိုးကို သူ၏လမ်းမှလွှဲစေခြင်းငှါသင်သည်
သတိပေး၍သူသည်မလွှဲဘဲနေလျှင်၊ မိမိအပြစ်ကြောင့်အသက်ဆုံး သော်လည်းသင်သည်ကိုယ်အသက်ကို ကယ်တင်ပြီ။ယေဇကျေလ(၃၃:၂-၉)မာကု၊၁၃း၃၃။
ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့ မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။

No comments:
Post a Comment