သေစေသောအပြစ်ခုနစ်မျိုး
သေစေသောအပြစ်ခုနစ်မျိုးတို့သည်
ကနဦးအသင်းတော်တွင် လူသားများသည်
အပြစ်နွံထဲသို.ကျဆင်းခြင်း အကြောင်းနှင့်
ပတ်သက်ပြီးနောက်လိုက်သူများကို ပညာပေး ရန်နှင့်
သွန်သင်ရန်အတွက်အသုံးပြုထားသောအချက်ခုနစ်ခု
များဖြစ်ကြသည်။“သေစေသော”အပြစ်ခုနစ်ခုတို့အကြောင်းနှင့်
ပတ်သက်ပြီး အယူအဆလွှဲမှားခြင်းသည် ၄င်းတို့သည် ဘုရားသခင်ခွင့်မလွှတ်နိုင်သောအပြစ်များဖြစ်သည်ဟု
ပြောဆိုခြင်းဖြစ်သည်။သမ္မာကျမ်းစာထဲတွင်ဘုရားသခင်
ခွင့်မလွှတ်နိုင်သောအပြစ်သည်မယုံကြည်ခြင်းအပြစ်ဖြစ်သည်
ဟုဖော်ပြ ထားပါသည်။အကြောင်းမှာသခင်ယေရှုခရစ်တော်သည်
လက်ဝါးကပ်တိုင် ပေါ်တွင်အသေခံခြင်းအားဖြင့်ရရှိသော
ခွင့်လွှတ်ခြင်းရရှိခြင်းကိုသူတို့သည်ငြင်းဆို
ခဲ့ကြသောကြောင့်ဖြစ်သည်။သေစေသောအပြစ်
ခုနစ်မျိုးတို့သည်သမ္မာကျမ်းစာနှင့်ညီညွှတ်သလော။
ညီညွှတ်သည်။ မညီညွတ်ပေ။သုတ္တံ၆း၁၆-၁၉ထဲတွင်
“ ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊
စက်ဆုပ်ရွံ့ရှာတော်မူသောအခုနစ်ပါးဟူမူကား၊
(၁) ထောင်လွှားသောမျက်နှာ တစ်ပါး၊
(၂) မုသာ၌ကျင်လည်သောလျှာတပါး၊
(၃)အပြစ်မရှိသောသူ၏အသက်ကိုသတ် သောလက်တပါး၊
(၄) မကောင်းသောအကြံကိုကြံစည်သောနှလုံးတပါး၊
(၅)အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေတပါး၊
(၆) မုသားစကားကိုပြော၍မမှန်သောသက်သေတပါး၊
(၇) အပေါင်းအဘော်ချင်းရန်တွေ့စေခြင်းငှါပြုတတ်သော
သူတပါးတည်း။” သို့သော်လူအများစု တို့သည်
အပြစ်ခုနစ်ပါးတို့သည် သေစေသောအပြစ်အဖြစ်
မသိရှိခဲ့ကြပေ။ရာစုနှစ်၆တွင်Pope Gregory the Great က
သေစေသောအပြစ်သည်အောက်ပါအတိုင်းဖြစ်သည်ဟု
ဖော်ပြထားပါသည်။၎င်းတို့မှာ-မာန်မာနထောင်လွှားခြင်း၊
မနာလိုဖြစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ကာမဂုဏ်တပ်မက်ခြင်း၊
စိတ်ဆိုးခြင်း၊ အစားကြီးခြင်းနှင့်ခိုးခြင်းစသည်တို့ဖြစ်သည်။
ဤအရာများသည် မငြင်းပယ်နိုင်သောအပြစ်များ
ဖြစ်ကြသော်လည်း သမ္မာကျမ်းစာထဲတွင်
“သေစေသောအပြစ်များ”အဖြစ်ဖော်ပြထားခြင်းမရှိပေ။
သေစေသော အပြစ်ခုနစ်ခုစာရင်းပြုစုခြင်းမှတဆင့်
အခြားသောအပြစ်များစွာရှိသေးသည်။မည်သည့်အပြစ်မဆို
အပြစ်ခုနစ်ပါးတို့၏အစိတ်အပိုင်းတွင်ပါဝင်ပတ်သက်လျက်ရှိသည်။
ပို၍အရေးကြီးသောအရာတစ်ခုသည် ဤသေစေအပြစ်
ခုနစ်ပါးတို့သည် “သေစေသော” အပြစ်မဟုတ်သည်ကို
ကျွန်ုပ်တို့နားလည်သိရှိရမည်ဖြစ်ည်။ အပြစ်ဟူသမျှသည်
သေခြင်းဖြစ် စေသည် (ရောမ ၆း၂၃)။
သခင်ယေရှုခရစ်တော်အားဖြင့် “သေစေသောအပြစ်များ”
အပါအ၀င် ကျွန်ုပ်တို့၏ အပြစ်ဟူသမျှတို့သည်
ခွင့်လွှတ်ခြင်းရရှိခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်ကို
ချီးမွမ်းလိုက်စမ်းပါ (မဿဲ ၂၆း၂၈၊တမန် ၁၀း၄၃၊ဧဖက်၁းရ)။

No comments:
Post a Comment