ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !
September 26, 2014
" ၀ိညာဉ်တော်၏အရှိန်ကိုမငြိမ်းစေကြနင့် "
ဧဖက် ၄း၃၀-၃၁ ၁။ စိတ်နှလုံးပိုင်းဆိုင်ရာ ခံစားချက်များ ၀ိညာဉ်တော်ကို စိတ်နာစေတဲ့အချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကနေ လာပါတယ်။ ဒါကြောင့်သင့်ခံစားချက်ကိုထိန်းနိုင်ဖိုသိပ်အရေး ကြီးပါတယ်။ 
စိတ်တိုခြင်း ၊စိတ်ဆိုးခြင်း နှင့်အမျက်ထွက်ခြင်းဟာလူတိုင်းဖြစ်တတ်တဲ့ အရာတွေဖြစ်ပါတယ်။ သို.သော် ကျမ်းစာက မဖြစ်နဲ့လို့တောမပြောပင်မဲ့ ၀ိညာဉ်တော်စိတ်နာတဲ့အထိ ၀ိညာဉ်အရှိန်ငြိမ်းတဲ့အထိတော့ မလုပ်မိဖို့ကျမ်းစာကသိပေးတယ်။
လူတိုင်း ဒေါသထွက်တတ်ပါတယ်။
သို့သော် အပြစ်မဖြစ်ဖို့တော့လိုတယ်။ ဧ၄း၂၆-၂၇ အပြစ်ဖြစ်တဲ့ဒေါသဆိုတာက နေ၀င်တဲ့အထိ ဒေါသကို ဆက်လက်သိုမှီးထားပြီးနောက်ဆုံးအဲ့ဒီဒေါသ အဲ့ဒီခံစားချက်ကြောင့်စာတန်က သင့်အသက်တာမှာ အခွင့်ရသွားခြင်းဖြစ်သည်။ နာမည်ကြီး အဇူဇါ နိုးထမူကြီး နိုင်ငံတကာကိုကူးစက်သွားတဲ့အဲ့ဒီနိုးမူကြီးကို ငြိမ်းသက်လိုက်တာက စိတ်ဆိုး ဒေါသထွက် ခြင်းကြောင့်လို့ ကြားနာမှတ်သားဖူးတယ်။ ဒါကြောင့်သင့်အသက်တာမှာ သာမာန်ခံစားချက်တွေ ကိုနေရာပေးတယ်ဆိုရင်အဲ့ဒီအရာက အသက်တာရဲ့ အထဲမှာ ကြာရှည်စွာအမြစ်စွဲရင် ၀ိညာဉ်တော်ကို စိတ်နာစေကာ နောက်ပိုင်းဝိညာဉ်တော်အရှိန်ကိုပါ ငြိမ်းလိုက်သလိုဖြစ်စေပါတယ်။
 (၂)နုတ်ပိုင်းဆိုင်ရာ ပြသနာများ နှလုံးသားဆိုင်ရာပြသနာတွေက ၀ိညာဉ်တော်အရှိန်ကိုငြိမ်းစေသလို နုတ်ပိုင်းဆိုင်ရာပြသနာတွေကလည်း ၀ိညာဉ်တော်ရဲ့အရှိန်ကိုငြိမ်းစေပါတယ်။ အဲ့ဒီအရာထဲက အချို့အရာတွေကတော့ အော်ဟစ်ငေါက်ခြင်း နှင့်သူအသရေပျက်အောင်ပြောဆိုခြင်းပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်က နူးညံ.သောသူဖြစ်တယ်။ ရုန်းရင်း ဆန်ခက်အမူတွေကို မကြိုက်သလို အဲ့ဒီအမူတွေကိုလည်း မလုပ်ဆောင်တတ်ပေ။ဒါကြောင့်သင့်နုတ်က ၀ိညာဉ်တော်မနှစ်သက်သော အော်ဟစ်ငေါက်ငေါက်ခြင်းနှင့်
သူ့အသေရေပျက်အောင်ပြောဆိုခြင်းတွေကို မရှောင်ကြဉ်ပါက သင့်သက်တာမှာ ၀ိညာဉ်တော်အရှိန်ကိုငြိမ်းသက်လိုက်သလို ဖြစ်စေပါတယ်။သင့်နုတ်ကိုသတိထားပါ။ 
 (၃)မနာလိုခြင်း မနာလိုခြင်းက သူများအသက်တာနှင့်ကိုယ်အသက်တာ နိုင်းယှဉ် ခြင်းမှ အမြဲတန်းစတင်လာပါတယ်။ တစ်ကယ်တော့ ဘုရားဟာသင့်ကို ဘယ်သူမှနဲ့မှမတူအောင်ဖန်ဆင်းထားပါတယ်။ သို့သော် လူက အမြဲတန်းကိုယ်အသက်တာကို ဘုရားသခင်ပြုတဲ့အမူကို မကျေနပ်ပဲ အမြဲတန်းဘုရားကို အပြစ်တင်တတ်သလို ကောင်းကြီး ရနေတဲ့ အောင်မြင်နေတဲ့လူတွေကို ဝေဖန်တတ် မနာလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲ့ဒီအရာကလည်း သင့်အသက်တာမှာ ကြာရှည်စွာထားရင် ၀ိညာဉ်တော်မကြိုက်နှစ်သက်သောကြောင့် သင့်အသက်တာမှာ ၀ိညာဉ်တော်ရဲ့အရှိန်ကိုငြိမ်းစေပါတယ်။ ဒါကြောင့် သင့်အသက်တာမှာ ၀ိညာဉ်တော်ရဲ့အရှိန်ကို မငြိမ်းစေဖို့ တိုက်တွန်းပါတယ်။
No comments:
Post a Comment