JR 17:9 စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။စိတ်နှလုံးသဘောကို အဘယ်သူသိနိုင် သနည်း။
JR 16:12အခြားတပါးသော ဘုရားနောက်သို့လိုက်လျက်၊ ဝတ်ပြုကိုးကွယ် သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်၎င်း၊ ဘိုးဘေးကျင့်သောအကျင့်ထက်၊ သင်တို့သည်သာ၍ဆိုးသော အကျင့်ကိုကျင့်သဖြင့်၊ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ခိုင်မာသော သဘောသို့ လိုက်သောကြောင့်၎င်း၊၁၃သင်တို့နှင့် သင်တို့၏ ဘိုးဘေး မသိသော ပြည်သို့ ဤပြည်ထဲကသင်တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌သင်တို့သည် ငါ၏ကျေးဇူးကို မခံရ။အခြားတပါးသော ဘုရားတို့ကို နေ့ညဥ့်မပြတ် ဝတ်ပြုရကြမည်။
GEN:5 မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊သူ၏စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ ၆ မြေကြီးပေါ်မှာ လူကို ဖန်ဆင်း
တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။
GEN 8:21လူတို့သည် ငယ်သောအရွယ်မှစ၍၊စိတ်နှလုံး အကြံအစည် ဆိုးကြ၏။
PS 53:1ဘုရားသခင် မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက် ကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသော သူတယောက်မျှ မရှိ၊ ၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ၊၊ တညီတညွတ် တည်းဆွေးမြေ့ ယိုယွင်းခြင်း ရှိကြ၏၊၊ကောင်းသော အကျင့်ကိုကျင့်သော သူမရှိ၊၊ တယောက်မျှမရှိ ။
PRoverb 28:26 မိမိစိတ်နှလုံးကို ကိုးစားသော သူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
Ecc 9:3 နေအောက်မှာ ပြုသမျှသော အမှု၌ ပါသောဝမ်းနည်းစရာ ဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်းသော အမှုနှင့်
တွေ့ကြုံရတက်၏။ အကယ်စင် စစ်လူသားတို့၏ စိတ်နှလုံး သည် ဒုစရိုက်သဘောနှင့် ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွား တတ်ကြ၏။ ၄ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသော သူသည်
မြော်လင့်စရာရှိ၏။ အသက်ရှင် သောခွေး သည် သေသောခြင်္သေ့ ထက်သာ၍ ကောင်းမြတ်၏/
MT 15:19 မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊သူ့အသရေကိုဖျက်ခြင်း အရာတို့ သည် နှလုံးထဲကထွက်လာ၍၊ ၂၀ လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏။
MT 7:21 သခင်၊ သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း
ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်
ဘုံ၌ရှိတော် မူသောငါ့ခမည်းတော်၏ အလိုကို ဆောင်သော
သူသာလျှင် ဝင်ရလိမ့်မည်။
HB3:12ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရား သခင့်ထံ တော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍
ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ်အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။
MK 2:17 ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့ သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလို ရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာ သည်မဟုတ်၊ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
MK7:23 ဤဆိုးညစ်သောအရာများတို့သည်အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
RM 1:21 အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံး မိုက်မဲခြင်းသို့ ရောက်ကြ၏။ ၄ ထိုကြောင့် သူတို့သည် မိမိတို့ ကိုယ်ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
RM 7:21 ထိုသို့ကောင်းသော အကျင့်ကို ငါကျင့်ချင်သောခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏။
ISAIH 1:2 ထာဝရဘုရား မိန်၌တော်မူသည်ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန် ကန်ကြပြီ၊၊ ၃ နွားသော်လည်း မိမိအရှင်ကိုသိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြင်းဇောင်းကို သိ၏၊၊ ဣသရေလအမျိုးသားတို့မူကား ငါ့ကိုမသိကြ၊၊ ငါ၏လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ ၄ ဆိုးယုတ်သော အမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သော လူစု၊ မတရားသဖြင့် ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား၊၊ ထာဝရဘုရားကို စွန့်ကြပြီ၊၊ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊ ၅ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည် နည်း၊၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊၊ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ၆ ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ထိခိုက်၍ ရောင်သော အနာ၊ရိယွဲသောအနာ သက်သက်ရှိ၏။ထိုအနာများကို မနှိပ်မနယ်ရ၊၊ အဝတ်နှင့်မစည်းရ၊၊ဘယောင်းဆီနှင့်မပြော့စေရသေး၊
ISAIH 6: ၁၀ သူတို့မျက်စိ မမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့် မပြောင်းလဲ၊ သူတို့အနာရောဂါကိုငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့နားကိုလည်း ထိုင်းစေလော့၊၊ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။

No comments:
Post a Comment