၁။လူတွေနားလည်သဘောပေါက်သော ကိုးကွယ်ခြင်းနဲ. ဘုရား ကိုးကွယ်စေချင်သောပုံစံ ကွဲလွဲနေတတ်ပါတယ်။
လူတွေက ကိုးကွယ်ခြင်းဆိုတာ အစဉ်အလာတစ်ခုလိုလုပ်ဆောင် ဖို.သာ အားသန်ပြီး မိမိ ကြိုက် သလို မိမိကျေနပ်သလို၊လူကို ဗဟိုပြု(Men center) လုပ်ဆောင် ခြင်းနှင့်သာကျေနပ်နေကြသည်။ ဘုရားက နာမ်ဝိညာဉ်ဘုရား ဖြစ် ပြီး သူ.ကိုကိုးကွယ် သောသူမှန်သမျှသည် နာမ်၊ဝိညာဥ၊်သစ္စာနှင့် ကိုးကွယ်ခြင်း ကို နှစ်သက်ပါသည်။ ကိုးကွယ်ခြင်းဆိုတာက ကိုယ်ကကျေနပ်သလို ကိုးကွယ်ဖို.မ ဟုတ်ပဲ ဘုရားနည်းလမ်း အတိုင်း ဘုရားကျေနပ်ဖို. အရေးကြီးပါသည်။ ကိုးကွယ်ခြင်း ဆိုတာက အပြင်ပိုင်း ဟန်ပန်အမူအရာထက် အတွင်း ဝိညာဉ်ထဲ ကဖြစ်ဖို့ အရေးကြီးပါသည်။ များစွာသော ကိုးကွယ်ခြင်း များသည် အတွင်းနှလုံးသား နှင့် ကိုးကွယ် ခြင်းများထက် အပြင်ပိုင်းလူတွေ ချ မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း လုပ် ရိုးလုပ်စဉ်များကို နှလုံးသားမပါပဲ လုပ်ဆောင် နေကြသည်က များသည်။ ယခင်သမ္မာဟောင်းကိုးကွယ် ခြင်းမှာ ယဇ်ကောင် မပါရင် ဘုရားက လက်မခံပါ။ဘယ်သူက ဘယ်ပုံစံ ကိုးကွယ်တယ်ဆိုတာထက် ယဇ်ကောင် ပါဖို့က အရေးကြီးတယ်။ ကာဣန နှင့် အာဗေလ ကိုးကွယ်တဲ့အခါမှာ နှစ်ယောက်စလုံး ကိုးကွယ်ဖို့ လာရောက်သော်လည်း ဘုရားချမှတ်တဲ့ယဇ်ကောင်ပါပြီး လာရောက်ကိုးကွယ်သော အာဗေလ ယဇ်ပူဇော်ခြင်းကိုသာ ဘုရားက လက်ခံခဲ့ပြီး ကာဣန နှင့်သူ့ ပူဇော်သက္ကာ ကို ငြင်းပယ်ခဲ့တယ်။ အကြောင်းက ယဇ်ကောင် မပါ လို့ဖြစ်တယ်။ ယနေ့များစွာ သောလူတွေ ကိုးကွယ်ဖို့ ချဉ်းကပ်လာကြသော်လည်း ဘုရားသတ်မှတ်တဲ့ ဝိညာဉ်အထဲက နှလုံးသားနဲ့ကိုးကွယ် ခြင်း မဟုတ်ပါက ဘုရားလက်ခံမည်မဟုတ်ချေ။
၂။သစ္စာနှင့်ကိုးကွယ်ခြင်း ကိုးကွယ်ခြင်း။
နေရာနှင့်မဆိုင်ပဲ သစ္စာရှိခြင်းနဲ့ဆိုင်ပါသည်။ ရှာမာရိအမျိုးသမီးက ယေရူကို မေးသည် ဘယ်နေရာမှာ ကိုးကွယ်တာ အသင့်တော်ဆုံးနဲ့ အမှန်ဆုံးလည်း?? ယေရူကဒီအဖြေကို ပေးခဲ့ တယ်။ သစ္စာနဲ့.ကိုးကွယ် ခြင်း။ နေရာနှင်. အဆောက်အအုံထဲမှာမူတည်ပြီး ကိုးကွယ် ခြင်းမဟုတ်ပဲ သစ္စာရှိစွာ ဖြင့်အသက်ရှင်ကိုးကွယ် ခြင်း ဖြစ်ရမည်။ နေ့ရက်နှင့်နေရာ အပေါ်မှာကိုးကွယ် ခြင်းကို ခရစ်ယာန်များစွာ လုပ်ဆောင်နေကြပြီး ဘုရားနှစ်သက်သော ကိုးကွယ် ခြင်း တော့ မဟုတ်ပေ။ထွက် ၂၀:၂၄ မှာတော့ ကိုးကွယ်တဲ့ အရပ်ခပ် သိမ်းမှာ ကြွလာမယ်လို့ဘုရားက ကတိရှိပါတယ်။ တစ်ကယ်လည်း လုပ်ခဲ့တယ်။ ဒံယေလ သူငယ်ချင်းတွေကရုပ်ထု အပြည့် ရှိတဲ့ ဗါဗုလုန် နိုင်ငံမှာ ဘုရင့်အမိန့်နဲ့ ရုပ်ထုကြီးကို ကိုးကွယ်ဖို့ ငြင်းဆန်ပြီး မီးလောင်နေတဲ့ မီးပုံကို ရွေးခဲ့ပါတယ်။ သူတို့ သစ္စာ နဲ့ ကိုးကွယ်ခြင်းကို ဘုရားဂုဏ်ပြု ပြီးဘုရားကိုယ်တိုင်အဲ့ဒီမီးပုံအလယ်မှာ ကြွလာခဲ့ပါတယ်။ သစ္စာနဲ့ကိုးကွယ် ခြင်းကို နှစ်သက်တဲ့ ဘုရားပါ။ ဒါကြောင့် လုပ်ရိုးလုပ်စဉ် သမရိုးကျလူတွေတောင် ပျင်းတဲ့ ကိုးကွယိခြင်းကနေ ဘုရား အလိုရှိတဲ့ ဘုရားကိုယ်တိုင် ကြွ ပြီး နေရာယူတဲ့ နာမ်၊ဝိညာဉ်၊ သစ္စာနဲ.ကိုးကွယ်ခြင်းဖြင့် လာဝရဘုရားထံတော်ပါးသို. ချဉ်းကပ်ကြပါစို.။

No comments:
Post a Comment