ခရစ်ယာန်မိဘကပဲမွေးမွေး တခြားဘာသာကပဲမွေးလာမွေးလာ သိထားသင့်လို့ရေးပါတယ်
လူငယ်ခေါင်းဆောင်တဦးက
မေးတဲ့မေးခွန်းလေးပါ ဒီလူငယ်ခေါင်းဆောင်က လူငယ် အချင်းချင်းလေးးစားခံရတဲ့သူတဦးပါ သူက ပြောင်းလဲလာတဲ့သူတွေကို Follow up လိုက်လုပ်ပေးနေသူ တဦးဖြစ်ပါတယ် ဘာသာခြား ကနေပြောင်းလဲလာသူတော်တော်များများဟာ ပြောင်းလဲခြင်းဆိုတဲ့ Change ကို အားလုံးပြောင်းပြီးခရစ်ယာန်နဲ့တူအောင်နေရမယ်လို့ ထင်တတ်ကြလေ့ရှိတာ တော်တော်တွေ့ရပါတယ် ဒါကြောင့် ခရစ်ယာန်တယောက်ရဲ့ အမူအကျင့်ကို အတုယူလေ့ရှိတတ်တယ် မြင်ရတဲ့ အရာတွေကိုလိုက်တုလေ့ရှိတတ်ပါတယ် ခရစ်ယာန်တွေလဲ ကျေးဇူးတော် ကိုပြောနေသင်နေပေမဲ့ ပညတ်ထဲမှာနေနေ တုန်းပါပဲ တကယ်တော့ ပညတ်ဆိုတာ Man center လူကိုဗဟိုပြုခြင်းဖြစ်တယ် တကယ့် ခရစ်ယာန် စစ်စစ်တယောက်ဟာ Christ center ခရစ်တော်ကို ဗဟိုပြုထားခြင်းပါ မိဘကို ရိုသေစွာပြုကြလော့ ဧဖက် ၆:၁ ကောလောသဲ ၃:၂၀ မှာပြောပေမဲ့ စွဲနေတတ်တာက ထွက် ၂၀:၃ ကိုလွဲလွဲလေးနဲ့ စွဲနေတတ်တယ် ငါမှတပါး အခြားသောဘုရားကို မကိုးကွယ် နဲ့ ဆိုတဲ့အဓိပ္ပါယ်မှာ မိဘ ပါမယ်လို့ထင်ပါသလား မိဘကို ဦးချရှိခိုးတာကို အပြစ်လို့ဆိုရင် အဲဒီအပြစ်ကို ယေရှုက သူ့ အဖနဲ့ တွေ့ ရင် ကြိမ်းသေကျူးလွန်မဲ့ သူပဲဖြစ်ပါလိမ့်မယ် ယေရှုဟာ
ကောင်းကင်တက်ကြွသွားပြီး အဖဘုရားနဲ့ တွေ့ရင် ဘာလုပ်မယ် ထင်ပါသလဲ လက်ဆွဲနှုတ်ဆက်ရုံပဲ လုပ်လိမ့် မယ်လို့ ထင်ပါသလား ကျေးဇူးတော်လို့ တကယ်ယုံကြည်ရင် Christ center သာဖြစ်ရမယ် မိဘကို ရိုသေလေးစားတာ လေးစားမှုကိုပြတဲ့ လက်အုပ်ချီရှိခိုးခြင်းကို အပြစ်အနေနဲ့မယူဆသင့်ပါဘူး အပြစ်လို့ သင်မပေးသင့်ပါဘူး လေးစားခြင်းကိုပြတဲ့ အမူအရာဟာ လူမျိုး နေရာဒေသ အပေါ်မှာကွဲပြားပါတယ် မြန်မာနဲ့ ယိုးဒယားမှာ လက်အုပ်ချီတယ် အိန္ဒယမှာ ဦးညွတ်ပြီးခြေထောက်ကိုကိုင်တယ် အရှေ့အလယ်ပိုင်းမှာ ပါးချင်းကပ်တယ် ဥရောပမှာ လက်ဆွဲနှုတ်ဆက်တယ် ဒါဟာ လေးစားခြင်းကိုပြတာသက်သက်ပါ ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံလာတဲ့ပြောင်းလဲ သူတဦးကို ခရစ်ာယာန်ဖြစ်လို့ မိဘကို ရှိခိုးတာ မလုပ်ရဘူးလို့သင်တာလုံးဝ မှားပါတယ် Men center လူဗဟိုပြုဘို့ သင်နေသလိုဖြစ်တယ် ကျနော်တင်ပြခဲ့တဲ့ ဧဖက် ၆: ၁ ကို English မှာ obey your parents in the Lord. လိုသုံးတယ် အဓိပ္ပါယ်က ကလေးတယောက်က မိဘကို ဘုရားလိုသဘောထားပြီးရိုသေရမှာဖြစ်တယ် ပြီးတော့ မိဘတွေဟာ ဘုရားကြိုတင်ခွဲခန့်ထားတဲ့ ဥပဇ္ဈာယ် ဆရာများလဲဖြစ်ပါတယ် ဒါပေမဲ့ ဒီဥပဇ္ဈာယ်ဆရာကတော့ လောကမှာနေစဉ်အတွက်သာဖြစ်တယ်ဆိုတာကိုတော့ နားလည်သဘောပေါက်အောင်သင်ပေးရမှာပေါ့ ဒုတိယ အချက် အနေနဲ့ ဘုရားသခင်ရဲ့အလိုတော်နဲ့ အညီ ရိုသေလေးစား ရမှာဖြစ်တယ် ပညတ်မှာလဲ မိဘကိုရိုသေပါဆိုတာ ပထမပညတ်ပဲဖြစ်တယ် ဧဖက် ၆: ၁-၉ ထိဖတ်ရင် မိဘကို ဘယ်လောက်ရိုသေရမယ် ဆိုတာသင်ပေးထားပါတယ် မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေးမှာ လေးစားခြင်း ချစ်ခြင်း နာခံခြင်း တွေပါတယ် ဒါတွေပျက်ပြားအောင် အစွန်းရောက် သင်ကြားခြင်းတွေမလုပ်သင့်ပါ ခရစ်တော်ကို ဗဟိုပြုသော အသက်တာ၌ လျောက်လှမ်းနှိုင်ကြပါစေ ကျေးဇူးတော်မှတပါး အခြားသောအရာ ကျွန်ပ်၌ မရှိပါ (ဆရာအဲလက်စ်)

No comments:
Post a Comment