-အာဒံကိုဘုရားဖန်ဆင်းပေးပြီးဘုရားသခင်နဲ့အတူနေထိုင်ခဲ့ရပါတယ်။ အင်မတန်ဝမ်းမြောက်စရာပါ။အသက်၉၃၀ထိ
အသက်ရှင်ခဲ့ပါတယ်။ -သားစဉ်မြေးဆက်ကို ကမ္ဘာဦးကျမ်း အခန်းကြီး၅အရဆိုရင်
သူရဲ့သား၊မြေး၊မြစ် အဆင့်ပေါင်း ၉ဆင့်မြောက်မှာ နောဧရဲ့ဖခင်
လာမက်ကို ဖွားဖြင်ပါတယ်။ အဲဒိနောက် အာဒံသေဆုံးသွားပါတယ်။ဒါကြောင့်အာဒံဟာသားစဉ်မြေးဆက် ၉ဆက်စလုံးမွေးဖွားတာကိုပဲမြင်လိုက်ရပြီး
သေဆုံးရတဲ့အတွက် ၀မ်းမြောက် သောဖခင်လို့ ဆိုရပါမယ်။
-လာမက်ရဲ့သား နောဧကိုမွေးဖွားပြီးတဲ့နောက်
နောဧရဲ့အသက်တာကြည့်မယ်
ဆိုရင်နောဧခေတ်မှာ လူတွေအင်မတန်ဆိုးရွားလွန်းလို့
ဘုရားသခင်က ကမ္ဘာကြီး ကိုရေလွှမ်းဖျက်ဆီးခဲ့ပါတယ်။
- နောဧကမ္ဘာကြီး၊လူသားအားလုံး ရေလွှမ်းသေဆုံးသွားတာကို
မြင်ခဲ့ရပါတယ်။ နောဧအသက်၉၅၀နှစ်အထိအသက်ရှင်ခဲ့ပါတယ်။
နောဧရဲ့သားစဉ်မြေးဆက်ကိုကမ္ဘာဦးကျမ်း အခန်၁၁အရဆိုရင်
အဆင့်ပေါင်း၉ဆင့်ဖေါ်ပြထားပါတယ်။ -အသက်အပိုင်းအခြားကိုကြည့်ခြင်းအားဖြင့်နောက်ဆုံးအာဖြဟံ၏ ဖခင် တေရကိုဖွားမြင်ပါတယ်။ အဲဒီနောက် နောဧ သေဆုံးပါတယ်။
နောဧ မသေဆုံးခင် အာဒံကဲ့သို့ သားစဉ်မြေးဆက်၉ဆက်စလုံး
မွေးဖွားတာကို လည်း မြင်ခဲ့ရပါတယ်။
-လူသားအားလုံးသေဆုံးတာမြင်ရပြီးသားစဉ်မြေးဆက်
၉ဆက်စလုံး မွေးဖွား တာကို မြင်လိုက်ရတဲ့ နေဧဟာဝမ်းနည်း၊
ဝမ်းသာအဖြစ်ရဆုံးဖခင်လို့ဆိုရမယ်။
-အဲဒီနောက်ပိုင်း လူသက်တမ်းကို ၁၂၀နှစ်အဖြစ်
သတ်မှတ်ပေးခဲ့ပါတယ်။အာဗြာဟံရဲ့နောက်ပိုင်းမှာ
လူသားများဟာအသက်၁၂၀ပတ်ဝန်း
ကျင်လောက် နေထိုင်ရသော်လည်းဆာလံကျမ်းမှာ
အသက်၇၀လို့ ဆိုပြန်ပါတယ်။
-အသက်ရှည်ခြင်းဟာ ကောင်းသော်လည်း
ဘုန်းတော်ထင်ရှားရေးအတွက် အသက်ရှင်နိုင်ဖို့ပါ။
သခင်ယေရှုဟာ ၃၃နှစ်မှာကားတိုင်ပေါ်အသေခံခဲ့ပါတယ်။ အလက်ဇန္ဒြားဂရိတ်ဘုရင်ကြီးဆိုသူလည်း၃၃နှစ်အရွယ်
မှာသေဆုံးခဲ့ပါတယ်။
- မြန်မာခေါင်းဆောင် အောင်ဆန်းကလည်း ၃၃နှစ်
အရွယ်မှာသေဆုံးခဲ့ပါတယ်။ အသက်၃၃နှစ်အရွယ်မှာ
သေဆုံးသွားတဲ့ ယုံကြည်သူ၊ ဘုန်းတော်ထင် ရှားစေသူ
များစွာရှိပါတယ်။
ကျွန်တော်တို့ကတော့သခင်ယေရှုနဲ့စာရင် အသက်ပိုရှည်နေပါတယ်။

No comments:
Post a Comment