အဘယ်သို့နည်းဟူမူကား၊ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ဆုံးရှုံးသောသူတို့၌၎င်း၊ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင် ဖြစ်ကြ၏။၂ ကော၂း၁၅
အချို့သော အမွှေးရနံ့များသည် မေ့ ပျောက်မရနိုင်အောင် အမှတ်ရစရာအဖြစ် ကျန်ရစ် တတ်သည်။ မကြာသေးမီက မုတ်ဆိတ်ရိတ်ဆပ်ပြာ ကုန်တော့မည်ဟု ခင်ပွန်းသည်က ကျွန်မကိုပြော သည်။ “ကျွန်မ ဝယ်ပေးပါ့မယ်”ဟုပြောရာ၊ သူက ဘူးပုံစံကိုပြရင်း “ဒီလို အမျိုးအစားထဲကပဲ ဝယ် ပေးပါလား။ ဒါကိုယ့်အဖေ အမြဲသုံးနေကျလေ၊ ကိုယ်လည်း ဒီရနံ့ကိုကြိုက်တယ်”ဟု သူက ပြော သည်။ ကလေးဘဝက အမေ ကျွန်မကို ခေါင်းလျှော် ပေးတိုင်း သုံးနေကျ ခေါင်းလျှော်ရည်ရနံ့ကို ပြန် သတိရရင်း ကျွန်မ ပြုံးမိသည်။ မိမိအနားမှာ မရှိ တော့သည့် ချစ်ရသူများ၏နှစ်လိုဖွယ်အမှတ်တရ များကို အမွှေးရနံ့များက Tomနှင့်ကျွန်မတို့ နှစ်ဦး စလုံးအတွက် ဆောင်ယူပေးသည်။ Oliver Wendell Holmes က အခြားသောအရာများထက် သင်းကြိုင်မွှေးပျံ့ သောရနံ့များက “အမှတ်တရများ၊ အတွေးပုံရိပ်များ၊ အတိတ်ဟောင်း၏ခံစားချက်များ၊ ချစ်ခင်ရင်းနှီးမှုစသည့် စိတ်ခံစားမှုများကို ပိုပြီးလွယ်ကူစွာ ဖြစ်ပေါ်တတ်သည်” ဟု ကောက်ချက်ချပါသည်။ ထို့ကြောင့် ကျွန်မတို့၏အသက်တာများသည် လူအပေါင်းကို ဘုရားထံသို့ ရောက်အောင် ဆွဲဆောင်ပေးနိုင်သော အမွှေးနံ့သာများ မဖြစ်သင့်ပေဘူးလား။ ၂ ကော ၂း၁၅ တွင် “အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ ဆုံးရှုံးသော သူတို့၌၎င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။” ဟူ၍ ဖော်ပြထား သည်။ ကျွန်မတို့၏ မွှေးရနံ့များသည် ဘုရားသခင်အတွက် ဝမ်းမြောက်ကျေနပ်စရာဖြစ်စေ သလို၊ တစ်ပါးသူတို့ကို ကိုယ်တော့်ထံဆွဲဆောင်သော အမွှေးနံ့ (သို့) ကိုယ်တော်ကို လူတို့ ရွံရှာလျက် ဝေးလွင့်စေမည့်အနံ့ တစ်ခုခုဖြစ်လိမ့်မည်။ ယေရှု၏စွန့်လွတ်ပူဇော်မှုအကြောင်း ကို သိနားလည်ကြသော ကျွန်မတို့အနေဖြင့် တစ်ပါးသူတို့အား ခရစ်တော်အကြောင်း သတိပေးပြောကြားမည့် ခရစ်တော်၏အမွှေးအကြိုင်ဖြစ်ရန် အခွင့်အရေးရှိသည်။ ခရစ်တော်နှင့်သဏ္ဌာန်တူခြင်း အမွှေးရနံ့သည် ကယ်တင်ရှင်ထံသို့ မလာဘဲ မနေနိုင်အောင် ဆွဲဆောင်သည့် စွဲမက်စရာရနံ့များဖြစ်သည်။
– Cindy Hess Kasper-

No comments:
Post a Comment