သင်တို့အရှင်သည် အဘယ် အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေ ကြလော့။မ ၂၄း ၄၂
“ပွမ်ပေမြို့သို့ တစ်နေ့တာ” ပြပွဲသို့ သွားရောက်လေ့လာစဉ် အေဒီ ၇၉၊ သြဂုတ် ၂၄ ရက်နေ့သည် ပုံမှန်နေ့လေးအဖြစ် အစပြုခဲ့ သည်ဟူသော ခေါင်းစီးလေးက ကျွန်တော့်အာရုံကို အထပ်ထပ်ဖမ်းစားခဲ့သည်။ လူဦးရေ နှစ်သောင်းခန့် ရှိသော ချမ်းသာကြွယ်ဝသည့် ရောမဆိပ်ကမ်းမြို့ လေးတွင် လူတို့သည် အိမ်နှင့်ဈေး၌ နေ့စဉ် လုပ်ငန်းများလုပ်ဆောင်လျက် ပုံမှန်သွားလာ လှုပ်ရှားနေကြသည်။ မနက် (၈) နာရီခန့်တွင် မြို့ အနီးရှိ Vesuvius မီးတောင်မှ မပြောပလောက် သည့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် နေ့လည်ပိုင်းတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့သည်။ ၂၄ နာရီအတွင်း ပွမ်ပေမြို့နှင့် မြို့သူမြို့သားများ သည် ထူပျစ်သော ချော်ရည်များကြား နစ်မြုပ်သွား သည်။ လုံးဝ မျှော်လင့်မထားသောအဖြစ်တည်း။ သခင်ယေရှုက သူ့နောက်လိုက်များအား လူတို့အလုပ်ရှုပ်နေချိန်၊ စားသောက် လျက် ထိမ်းမြားစုံဖက်လျက်နေချိန်၊ ရှေ့မှာဘာဖြစ်မလဲ မည်သူမျှ သတိမထားမိချိန်တွင် သူပြန်လာမည်ဟု ပြောခဲ့သည်။ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်” (မ ၂၄း၃၇)။ ခရစ်တော်၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အသက်ရှင်စဉ် သတိရှိရှိနှင့် အသင့် ပြင်ဆင်လျက်နေရန် တိုက်တွန်းနှိုးဆော်လိုခြင်းဖြစ်သည်။ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” (း၄၄)။ ပုံမှန်နေ့လေး၌ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ကို ကြိုဆိုရခြင်းက အဘယ်မျှအံ့သြ ဝမ်းမြောက်စရာကောင်းလိုက်မည်နည်း။ — David McCasland

No comments:
Post a Comment