ငါတို့ကို ခရစ်တော်၌ ရွေးကောက် တော်မူသည်နှင့်အညီ... ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း အလိုတော်ရှိ သော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။ဧ၁း၎-၆
ဇနီးဖြစ်သူ မာလင်းနှင့် ကျွန်တော် လက်ထပ်ခဲ့သည်မှာ ၂၅ နှစ်ကျော်ပင် ရှိခဲ့ပါပြီ။ ကျွန်တော်တို့နှစ်ဦး ပထမဆုံးချိန်းတွေ့စဉ်က ပြော ခဲ့သည့် အကြောင်းများကို ကျွန်တော်ဘယ်တော့မှ မမေ့နိုင်ပါ။ သူမက ခြောက်လသမီးအရွယ်တွင် မွေးစားခံခဲ့ရကြောင်း ပြောပြသဖြင့် ကျွန်တော်က မိဘအရင်းများကို သိလိုစိတ်ဖြစ်မိသလားဟု မေးရာ၊ သူမက “ကျွန်မဖေဖေနဲ့ မေမေက အဲဒီနေ့မှာ တခြားကလေးတွေကို ရွေးချယ်လို့ရနိုင်တာပဲ၊ ဒါပေမယ့် ကျွန်မကို သူတို့ ရွေးချယ်လက်ခံပြီး မွေးစားခဲ့တယ်၊ ဒီမိဘတွေက ကျွန်မရဲ့မိဘအရင်း (အစစ်အမှန်)ပါပဲ”ဟု တုံ့ပြန် ဖြေကြားခဲ့ပါသည်။ မွေးစားမိဘတို့၏ကျေးဇူးကို ခံစားချက် အပြည့်နှင့် အလေးအနက်ဖော်ပြသည့် သူမ၏ ကျေးဇူးသိတတ်မှုမျိုးကို ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ပတ်သက်ဆက်နွယ်မှုသဘော၌လည်း ထင်ရှားပေါ်လွင်စေသင့်သည်။ ခရစ်တော်၏ နောက်လိုက်များအနေနှင့် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထက်ရပ်ကောင်းကင်ဘုံမှ မွေးဖွားလာသူများဖြစ်ကြပြီး ဘုရားသခင်၏ မိသားစုတွင် မွေးစားခြင်း ခံကြရသည်။ ငါတို့သည် ဘုရားသခင်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်း လွတ်လျက်ဖြစ်မည်အကြောင်း ရှင်ပေါလုက “ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကိုရမည် အကြောင်း အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏” ဟု ရေးသားခဲ့ပါသည် (ဧ ၁း၃-၆)။ ဤဆောင်ရွက်ချက်၏သဘောတရားကို ဆင်ခြင်ကြည့်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရွေးချယ်ခြင်းခံရပြီး ကိုယ်တော်၏သားသမီးများအဖြစ် လက်ခံမွေးစားခြင်း ခံရပါသည်။ ထိုမွေးစားမှုကြောင့် ကျွန်ုပ်တို့နှင့်ဘုရားသခင်ကြား လုံးဝသစ်လွင်သော စပ်ဆိုင်ပတ်သက်မှုကား ဘုရားသခင်သည် ကျွန်ုပ်တို့၏ချစ်သောအဖဖြစ်လာသည်။ ဤပတ်သက်ဆက်နွယ်မှုက အဖဘုရားသခင်ကို ချီးမွမ်းကျေးဇူးတင်လျက် ကိုးကွယ်လိုစိတ်တို့ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်ပါစေသား။

No comments:
Post a Comment