ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ် ခြင်းအခွင့်ကို ငါတို့သည် ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ ကို အဘယ်မျှလောက် ချစ်တော်မူ သည်ကို ကြည့်ရှုဆင်ခြင်ကြလော့။(၁ယော-၃း၁)
ပိုပိုဆိုးလာသော ခါးနာခြင်းဝေဒနာကို နှစ်အတော်ကြာ ဆာရာ ခံစားရသည်။ ဆရာဝန်က သူမအား ကာယကုထုံးပညာရှင်ထံ စေလွှတ်သဖြင့် နေ့တိုင်း အကြောဆန့်လေ့ကျင်ခန်း (၂၅) ခါ ပြုလုပ်ရန် ညွှန်ကြားသည်။ နာကျင်မှု လျော့နည်းသွား သော်လည်း လုံးဝမပျောက်ကင်းပေ။
ထို့ကြောင့် ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းပြီး အခြားကုထုံး ပညာရှင်တစ်ယောက်ထံ စေလွှတ်သည်။ ထို ဆရာက ပထမပညာရှင် လုပ်ခိုင်းသောအကြိမ်ကြိမ် အကြောဆန့်ခြင်းကို ဆက်မလုပ်ခိုင်းဘဲ၊ တစ်ကြိမ် သာပြုလုပ်ရန် ညွှန်ကြားသည်။ ရိုးရှင်းသော တစ်ကြိမ် အကြောဆန့်ခြင်းက အထိရောက်ဆုံး ဖြစ်ခဲ့ခြင်းက အံ့သြစရာပင်။
တစ်ခါတစ်ရံတွင် အရိုးရှင်းဆုံး သမ္မာတရားက အကောင်းဆုံးဖြစ်သည်။ ဓမ္မရေးရာ အတွေးအခေါ်များပြုစုသူ ဓမ္မပညာရှင် ကားလ် ဘတ် အား သူ့ဘဝတစ်ခုလုံးနှစ်၍ လုပ်ခဲ့ သည့် အမှုတော်ကို စာတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်ရန်ပြောရာ “ယေရှု ငါ့ကိုချစ်ပေ ၏”ဟု သူဖြေခဲ့သည်။ “ကျမ်းစာအားဖြင့် သိရသည်”ဟု သူထပ်မံ ဖြည့်စွက်သည်ဟုလည်း အချို့က ဆိုသည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏မေတ္တာက သိသာထင်ရှားပါသည်။ ကိုယ့် ဖာသာ ရုန်းကန်ကြိုးစားရခြင်းအဖြစ်မှ ကယ်တင်ရန် သားတော်ကို ပေးခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်များကို ယူဆောင်လျက် ခရစ်တော် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ ထို့နောက် ရှင်ပြန်ထမြောက်ခဲ့ပြီး သူ့ကို ယုံကြည်ခြင်းဖြင့် အသက်တာသစ်ကို ပေးသည်။ အံ့ဖွယ်မေတ္တာတော်ဖြစ်သည်။
ရှင်ယောဟန်က “ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်း အခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့” (၁ ယော ၃း၁)
ဟု ပြောထားသည်။ ကျွန်ုပ်တို့အတွက် သခင်ယေရှု၏မေတ္တာက အသက်တာရှိ ပြဿနာများ အားလုံးကို ဖယ်ရှားပေးလိုက်ခြင်း မဟုတ်ပါ။ သို့သော် ၎င်းသည် ဘုရားသခင်ထံမှ ငြိမ်သက် ခြင်းရရန်နှင့် ဘဝကို အဓိပ္ပာယ်ရှိရှိရှင်သန်ရန် ကျွန်ုပ်တို့ အစဉ်အမြဲအမှီပြုအားထားနိုင်သည့် သမ္မာတရားတစ်ခုဖြစ်သည်။

No comments:
Post a Comment