လူအမျိုးမျိုးတို့ ရှေ့မှောက်၌ပြင်ဆင် တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏။\လု ၂း၃၀-၃၁
၁၆ ရာစုနှစ်က မက်စီယို ရစ်စီသည် တရုတ်ပြည်သို့ ထွက်သွားရာ ခရစ်ယာန်ပုံပြင်များ ကို တစ်ခါမှ မကြားဖူးသေးသူများအတွက် သူက ခရစ်ယာန်ပန်းချီကားချပ်ရုပ်ပုံများ ယူသွားပြီး ပြသခဲ့ သည်။ မယ်တော်မာရိက သခင်ယေရှုလေးကို ပွေ့ချီထားပုံကို သူတို့က လက်သင့်ခံသည်။
သို့သော် ကားတိုင်ပေါ်အသေခံခြင်း ရုပ်ပုံကိုပြပြီး ဘုရားသားတော် အသတ်ခံရခြင်း အကြောင်းပြောပြ ရန် ကြိုးစားသောအခါ ပရိသတ်များ ထိတ်လန့် တုန်လှုပ်လျက် လက်မခံကြပါ။
ကားတိုင်ပေါ် အသေခံရသည့် ဘုရားကို သူတို့ လက်မခံကြပါ။ ခရစ်စမတ်ကဒ်တစ်ခုစီကို ပြန်ကြည့်ရင်း ကျွန်တော်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်နေ ကြောင်း သဘောပေါက်ခဲ့သည်။ ခရစ်စမတ်ပွဲတော် အစဉ်အလာများ ကျင်းပသည့်အခါ ဗက်လင်မြို့တွင်စခဲ့သောဇာတ်လမ်းက ကရာနီ ကားတိုင်တွင် အဆုံးသတ်ကြောင်း ကျွန်တော်တို့ စဉ်းစားမိမည် မဟုတ်ပါ။ ရှင်လုကာရေးသားသည့် ဖွားမြင်တော်မူခြင်း ခရစ်စမတ်အကြောင်းတွင် အဖိုးအို ရှုမောင်တစ်ဦးတည်းသာလျှင် ဘုရားသခင်ပြင်ဆင်သည့် အံ့သြနက်နဲမှုကို တွေ့မြင်ခဲ့ပုံရသည်။
“ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏”ဟု မြွက်ဆိုပြီး “သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်”ဟု နိမိတ်ဖတ်ခဲ့သည် (၂း၃၄-၃၅)။
အပေါ်ယံကြော၌ ဟေရုဒ်မင်းကြီး ဆက်လက်အုပ်စိုးမြဲ၊ ရောမတပ်က ဣသရေလပြည်ကို သိမ်းထားဆဲဖြစ်ပြီး အပြောင်းအလဲ ဘာမှမရှိသလောက်ဖြစ် သော်လည်း ဘုရားကတိထားတော်မူသော ကယ်တင်ရှင်ကြွဆင်းခဲ့ကြောင်း အတွင်းကျကျ ပြောင်းလဲမှုကြီးဖြစ်သွားကြောင်း ရှုမောင်သိခဲ့သည်။ — Philip Yancey

No comments:
Post a Comment