ထို့အတူ ငါ၏ နှုတ်ကပတ် စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။ (ဟေရှာ ၅၅း၁၁)
လုပ်ငန်းခွင်မှ ဝန်ထမ်းများအတွက် အမှုတော်ဆောင်သူအဖြစ် ထမ်းဆောင်စဉ် လူအမျိုးမျိုးနှင့် ကျွန်တော်စကားပြောခွင့်ရခဲ့သည်။ အချို့က ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို သံသယ ဖြစ်ကြသည်။ ကယ်တင်ခြင်းအတွက် ခရစ်တော်ကို ယုံကြည်ရန် အခက်အခဲဖြစ်စေသည့် အဓိက အချက် (၃)ချက်ကို ကျွန်တော်တွေ့ခဲ့သည်။
“ဘုရားရှိကြောင်း ယုံကြည်ရန်ဆန္ဒ မရှိပါ” ဟူသည့်အချက်က ပထမအချက် မဟုတ်ခြင်းက အံ့သြစရာပါ။ “ဘုရားက ၎င်းတို့ကို ဂရုစိုက်ရလောက်အောင် သူတို့သည် အရေးပါသူ ဖြစ်သလား”ဆိုသည့်အချက်က ပထမအချက် ဖြစ်နေသည်။ ဒုတိယအချက်မှာ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းနှင့် သူတို့မထိုက်တန်ဟုဆိုသည်။ တတိယအချက်မှာ ဘုရားသခင် ရှိနေပါသည် ဆိုလျှင် ၎င်းတို့နှင့် အဘယ်ကြောင့် မဆက်သွယ် သနည်းဟု အတွေးဝင်နေခြင်းဖြစ်သည်။
ထိုအတားအဆီး (၃)ရပ်ကို ပြန်ကြည့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘာပြောသည်ကို လေ့လာကြပါမည်။ ရှေ့ဦးစွာ ဘုရားသခင်သည် လူကိုမကစား၊ အရူး မလုပ်ပါ။ နှုတ်ကပတ်တော်ကိုဖတ်ပါက သူ့အကြံအစည်ကို အသေအချာအကောင်အထည် ဖော်မည်ဟု ကိုယ်တော် ကတိတော်ရှိထားသည် (ဟေရှာ ၅၅း၁၁)။
တစ်နည်းဆိုရလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆက်သွယ်နေကြောင်း သိရပါမည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ဘုရားသခင်၏မေတ္တာကရုဏာနှင့် ကျေးဇူးတော်အကြောင်း မကြာခဏ ပြောနေခြင်း ဖြစ်သည် (း၇)။
ကိုယ်တော်၏ခွင့်လွှတ်လိုစိတ်က မိမိကိုယ်ကို ခွင့်မလွှတ်နိုင် သောစိတ်ကို လွှမ်းခြုံသွားပါသည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏အသံကိုကြားနိုင် ကြောင်းသိလျှင်၊ ကရုဏာတော်၏လေးနက်မှုကိုတွေ့လျှင် ကိုယ်တော်ထံ အော်ဟစ်သော အခါ ကိုယ်တော်ဂရုပြုတော်မူကြောင်း အလွယ်တကူယုံကြည်နိုင်လိမ့်မည်။ ဘုရားသခင် ၏ အကြောင်းက အံ့သြဖွယ်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးကို မျှော်လင့်ခြင်းပေးနိုင်ပါသည်။ — Randy Kilgore

No comments:
Post a Comment