ကိုယ်တော်သည် အပြစ်ကို ဖြေတတ် သောဘုရား၊ ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရား ဖြစ်တော်မူသောကြောင့် သူ တို့ကို စွန့်ပစ်တော်မမူ။(နေဟမိ ၉း၁၇)။ အသက် ၁၀နှစ်အရွယ်တွင် ဂျင်းမ်က ခရစ်တော်နောက်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ဆယ့်ငါးနှစ်ကြာပြီးနောက် သူ့ဝန်ခံချက်မှေးမိန် သွားသည်။ လက်ရှိအချိန်အတွက်သာ အသက် ရှင်ပါ ဆိုသော ဒဿနအတွေးကိုခံယူပြီး အကျင့်ဆိုးများနှင့် ကျင်လည်သည်။ သို့နှင့် သူ့ ဘဝ ပျက်စီးတော့သည်။ အလုပ်တွင်လည်း ပြဿနာတက်၊ မိသားစုဝင်သုံးဦးလည်း ရှေ့ဆင့် နောက်ဆင့် ဆုံးသွားသည်။ ကြောက်ရွံ့စိုးရိမ်မှု နှင့်သံသယများက သူ့ကို ချုပ်ကိုင်လွှမ်းမိုးလာပြီး ကူရာမဲ့ကယ်ရာမဲ့ ဖြစ်လာသည်။ တစ်နေ့တွင် ဆာ ၁၂၁း၂ ကို ဖတ်မိသည်။ “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။” ဤနှုတ်ကပတ်တော်က သူ့ နှလုံးသားမှ ကြောက်ရွံ့စိုးရိမ်မှုနှင့် ရှုပ်ထွေးမှုများကို ဖယ်ရှားပစ်သည်။ သူသည် ဘုရား ထံမှ မစမှုကို ပြန်၍တောင်းခံသည်။ ဘုရားသခင်ကလည်း သူ့ကိုလက်ခံကြိုဆိုပါသည်။
ဂျင်းမ်၏ ဝိညာဉ်ရေးလမ်းခရီးက ရှေးဟောင်းဣသရေလသမိုင်းကြောင်းကို သတိရစေပါသည်။ ဣသရေလတို့သည် ဘုရားသခင်နှင့် တစ်မူထူးသည့် ဆက်ဆံရေးရှိ သည်။ သူတို့သည် ရွေးချယ်ခံရသော လူမျိုးတော်ဖြစ်သည် (နေ ၉း၁-၁၅)။ သို့သော် လည်း သူတို့သည် နှစ်ပေါင်းများစွာ ဘုရား၏ကောင်းမြတ်ခြင်းကို ပုန်ကန်ပြီး ဂရုမစိုက်ဘဲ နေကြသည်။ သူတို့အလိုအတိုင်း အသက်ရှင်ခဲ့သည် (း၁၆-၂၁)။ သို့သော် သူတို့က ဘုရားသခင်ထံပြန်လာပြီး နောင်တရသောအခါ ကိုယ်တော်က “အပြစ်ကို ဖြေတတ်သော ဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ကြွယ်ဝ သောဘုရားဖြစ်တော်မူသောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ” (း၁၇)။
ကိုယ်တော်နှင့်ဝေးနေသည့်တိုင် ဘုရားသခင်၏ဂုဏ်တော်များက ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်နီးလာအောင် တွန်းအားပေးသည်။ နှိမ့်ချလျက် ပုန်ကန်သောသဘော များကို စွန့်ပြီး ဘုရားအလိုအတိုင်း ပြန်လည်၍ မိမိကိုယ်ကိုဆက်ကပ်ပါက ကိုယ်တော်သည် ကရုဏာတော်နှင့် ကျွန်ုပ်တို့ကိုပြန်လက်ခံပြီး သူနှင့်ပိုနီးစေလိမ့်မည်။ — Jennifer Benson Schuldt
No comments:
Post a Comment