ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကိုရသောလူတိုင်း မိမိ အဘို့ကိုခံ၍ ဝင်စားခြင်းငှာ၎င်း၊ ကြိုး စားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာ ၎င်း၊ ဘုရားသခင့် ကျေးဇူးတော် ကြောင့် အခွင့်ရှိ၏။( ဒေ ၅း၁၉ )
Daring To Draw Near စာအုပ်တွင် ယခင်နှစ်များစွာက ဘုရားသခင်သည် သူ့ကို ဇိမ်ခံပစ္စည်းများစွာ ပါရှိသည့် လှပသောအိမ်ကြီး တစ်လုံး ပေးသနားကြောင်း ဒေါက်တာဂျွန်ဝှိုက် ရေးသားခဲ့သည်။ ထိုအိမ်နှင့်ပတ်သက်၍ သူ့ ခံစားချက်က အပြောင်းအလဲမြန်သည်။ ၎င်းသည် ဘုရားကျေးဇူးပြုသည့် လက်ဆောင်ဟု သူသတိရလျှင် ဝမ်းမြောက်ပြီး ကျေးဇူးတော်ချီးမွမ်းသည်။ သို့သော် မိတ်ဆွေ များနှင့်နှိုင်းယှဉ်ပြီး ဤသို့သော အိမ်ကြီး အိမ်ကောင်းကို ပိုင်ဆိုင်ရခြင်းကြောင့် မာန်တက် ပြီး ဝမ်းမြောက်ခြင်း ကွယ်ပျောက်ရသည်။
ထို အိမ်က သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ သစ်ပင်ပန်းမန်များရှင်းရ၊ ပြုစုပျိုးထောင်ရနှင့် အရေးမပါ သောအလုပ်များ လုပ်နေရသည်ဟုမြင် လာသည်။ “အနတ္တအချည်းနှီးလို့ခံစားရတော့ အမြင်ကန်းစေပြီး နှလုံးသားမှာ ဝန်ပိစေ တယ်။ ဒါပေမဲ့ ကျေးဇူးတင်စိတ်က အမြင်ကိုကြည်စေပြီး ဝန်ပေါ့စေတယ်” ဟု ဆိုခဲ့သည်။
ဒေသနာဆရာကလည်း ရုပ်ဝတ္ထုပစ္စည်းများနှင့် စည်းစိမ်ခံစားရာ၌ ဘုရားသခင်ကို ကဏ္ဍတိုင်းတွင် မျက်မှောက်ပြုသည်။ မိမိလုပ်အား၏ အကျိုးကို ခံစားရန်အခွင့်၊ ဝမ်းမြောက်ရန်အခွင့်ကို ဘုရားသခင်ပေးသနားပါသည် (၅း၁၈-၁၉)။
ဘဝအသက်တာ အစမှအဆုံးတစ်လျှောက်လုံးတွင် ဘုရားသခင်သည် မပြတ် ကောင်းချီးဆုများ ချပေးသူဖြစ်သည်။ ကျွနုပ်တို့က ထိုက်တန်၍ မဟုတ်ပါ။ ကျွန်ုပ်တို့ကို ကိုယ်တော်က ထူး၍ကျေးဇူးပြုစရာအကြောင်း မရှိငြားလည်း ကိုယ်တော် ကျေးဇူးပြုပါသည်။
ဤအချက်ကိုသတိရပါလျှင် အတ္တသဘောမရှိသင့်၊ စည်းစိမ် ခံစားခြင်းကို အပြစ်ရှိဘိသို့ မခံစားသင့်ပါ။ မည်သည့်စည်းစိမ်ခံစားရသည်ဖြစ်စေ၊ မိမိ၌ ရှိသမျှ၊ မိမိခံစားရသမျှ စည်းစိမ်သည် ကျေးဇူးပြုတော်မူသောဘုရားသခင် ပေးသနား သည့် လက်ဆောင်များပေတည်း။ — Dennis J. DeHaan

No comments:
Post a Comment