ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်း အလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်။ (ယော ၄း၁၄)
အရှေ့အာဖရိကသည် ကမ္ဘာပေါ်၌ အခြောက်သွေ့ဆုံးနေရာများအနက် တစ်ခု ဖြစ်ပြီး၊ ထိုအရပ်တွင် ‘နိုင်ရိုဘီ’ မြို့တော်မှာ ထင်ရှားသောမြို့ဖြစ်သည်။ ထိုအမည်မှာ ‘မာဆိုင်း’ ဘာသာစကားဖြစ်ပြီး “အေးမြသောရေ” ဟု အဓိပ္ပာယ်သက်ရောက်သည်။
သမိုင်းတစ်လျှောက် ရေရှိခြင်းသည် အသက်ပေးခြင်း၊ အရေးကြီးခြင်း၊ အကျိုးရှိခြင်း ကို ပုံဆောင်သည်။ ခြောက်သွေ့ဒေသ၌ ဖြစ်စေ၊ မိုးများဒေသ၌ဖြစ်စေ၊ ရေသည်မရှိမဖြစ် လိုအပ်ကြောင်း ပြောနေစရာမလို။ ခြောက်သွေ့ သောအရပ်၌ ရေထွက်သောနေရာကိုသိခြင်းက အသက်ရှင်ခြင်းနှင့်သေခြင်းဟူသည့် ခြားနားမှုကို ဖြစ်စေသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။
ဝိညာဉ်အသက်တာ၌လည်း ထိုအကြောင်းကို ပြောနေစရာမလို။ ဝိညာဉ်ရေးရာ၌ ဆာငတ်နေသော အမျိုးသမီးတစ်ဦးကို ရေတွင်း၌ တွေ့ဆုံရသော် သခင်က သူတစ်ပါးတည်းသာပေးနိုင်သော အသက်စမ်းရေအကြောင်းပြောပြခဲ့သည်။ ‘‘ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်” (ယော ၄း၁၄) ဟု သခင်မိန့်တော်မူ၏။
ဆာ ၄၂း၁-၂ ၌ ဖော်ပြထားသည့် ရေငတ်သောသမင်ကဲ့သို့ ကျွန်ုပ်တို့၏ဝိညာဉ်သည် ထာဝရဘုရားကို ဆာငတ်တောင့်တသည် (၆၃း၁)။ သခင်ယေရှုခရစ်ထံမှသာ ရရှိနိုင်သော ရေသည် နှလုံးသားကို ရွှင်လန်းစေသည့် သက်စမ်းရေအရင်းအမြစ်ပင်ဖြစ်သည်။ — Bill Crowde
No comments:
Post a Comment