သင်တို့သည်မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး ၍၊ ... ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။ ၂ ကော ၃း၃
၁၉၆၃ ခုနှစ် နိုဝင်ဘာလ၊ သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရသည့် တစ်နေ့ တည်းမှာပင် ခရစ်ယာန်ခေါင်းဆောင် ကလိုက်ဗ် စတက်ပယ်စ် လူးဝစ်လည်း ကွယ်လွန်ခဲ့သည်။ အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက် ပညာရှင်ကြီးသည် ဘုရားမဲ့ဝါဒီဘဝမှ ခရစ်ယာန်ဘာသာကို ယုံကြည် သက်ဝင်လာသူဖြစ်ပြီး ထိရောက်အကျိုးရှိသော စာပေများရေးသားနိုင်သူလည်း ဖြစ်သည်။ခိုင်မာ သော ခရစ်ယာန်တရားတော်ကို အခြေခံသည့် အသိပညာပေးစာအုပ်များ၊ အပျော်ဖတ်သိပ္ပံ ဝတ္ထုများ၊ ကလေးစာပေများနှင့် အခြားစာအုပ် စာပေမျိုးစုံကို ရေးသားခဲ့သည်။ သူ့စာအုပ်များ အားဖြင့် နိုင်ငံရေးသမားတစ်ဦး၊ နိုဗယ်ဆုရ သိပ္ပံ ပညာရှင် တစ်ဦးအပါအဝင် လူမြောက်များစွာတို့ ပြောင်းလဲလာရန် ဘုရားရှင်အသုံးပြုခဲ့သည်။ လူအချို့က သူတို့ရေးသားသည့် စာအုပ်စာပေများအားဖြင့် ခရစ်တော်အကြောင်း ဝေမျှရန် စေစားခံရသည်။ သို့သော် ယုံကြည်သူတိုင်းသည် မိမိ၏အသက်ရှင်မှုအားဖြင့် လူတို့ဖတ်နေသည့် ခရစ်တော်၏စာဖြစ်ရန် စေစားခံရသည်။ ‘‘သင်တို့သည် မှင်နှင့်ရေးထား သောစာ မဟုတ်။ အသက်ရှင်တော်မူသောဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေးထားသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏’’ ဟုရှင်ပေါလု မိန့်ကြားထားသည် (၂ ကော ၃း၃)။ ဘုရား၏သတင်းစကားကို ရေးထားသောစာရွက်ကို ရှင်ပေါလုပြောနေခြင်းမဟုတ်ဘဲ၊ အခြားသူအပေါ်မိမိ၏ဆက်ဆံမှု၊ သမ္မာသတိတည်ကြည်မှုဖြင့် ကြိုးစားအသက်ရှင်မှု စသည်တို့၌ ထူးခြား ခြားနားအောင် သခင်ယေရှုက မည်သို့ပြုပေးသည်ကို ရှင်သန်သော စာအားဖြင့် ထင်ရှားအောင်ပြသနိုင်ပါသည်။ ဆရာကြီး စီ အက်စ် လူးဝစ် ကဲ့သို့ ထိရောက်လွှမ်းမိုးမှုမျိုး ပေးနိုင်သူမဖြစ်နိုင် ငြားလည်း ကျွန်ုပ်တို့ကိုချစ်ပြီး ရွေးနုတ်ခဲ့သည့် သခင့်ဘုန်းထင်ရှားစေရေး မိမိသည်လည်း စေစားစေခိုင်းခံရပါသည်။ —Dennis Fisher

No comments:
Post a Comment