ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ ၏။(( ဖိ ၂း၉))
မြေးမလေး`မဂ္ဂီ’တို့ မိသားစုသည် မီချီဂန်ပြည်နယ် ဂရန်းရက်ပစ်သို့ လာရောက် လည်ပတ်ပြီး မစ်ဇိုရီရှိ သူတို့အိမ်သို့ပြန်သွား ကြပြီ။ ရက်အတော်ကြာသည်အထိ ‘မဂ္ဂီလေး’ မှာ အိမ်အနှံ့လျှောက်သွားရင်း ပျော်ရွှင်စွာဖြင့် ‘မီချီဂန်၊ မီချီဂန်’ ဟု တစ်ကြော်ကြော် အော်နေ ကြောင်း သူ့မိခင်က ပြောပြသည်။
ထိုအမည်က ‘မဂ္ဂီ’ အတွက် တစ်ခုခု ဆွဲဆောင်နေ၍ဖြစ်မည်။ ထိုအမည်ကို ခေါ်၍ ကောင်းခြင်း၊ မီချီဂန်၌ ပျော်ရွှင်ခဲ့ရခြင်း စသည် ဖြင့် ဖြစ်ကောင်းဖြစ်မည်။ ၁ နှစ်သမီးလေးက ဘာကြောင့် ထိုနံမည်ကိုစွဲရသည်ကို ပြောရန် ခက်လှပါသည်။ သို့သော် တစ်စုံတစ်ရာ သက်ရောက်မှုကြောင့် ထိုအမည်ကို အဆက်မပြတ်ပြောနေခြင်းဖြစ်မည်။
ဤသို့ဖြင့် ‘ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော’ -ယေရှုဟူသည့် နာမတော်ကို (ဖိ ၂း၉) ကျွန်တော်ဆင်ခြင်မိသည်။ ‘ဘီလ်နှင့်ဂလိုးရီယာဂေသာ’ တို့၏ ချီးမွမ်းတေးတစ်ပုဒ်တွင် “ယေရှုသည် အရှင်သခင်နှင့်ကယ်တင်ရှင် ဖြစ်တော် မူသောကြောင့် ထိုနာမကို ကျွန်တော်တို့ချစ်မြတ်နိုးရသည်” ဟူသည့် စာသားက သတိပေးလာသည်။ ကျွန်ုပ်တို့၏သခင်ဘုရားကို ဖော်ကျူးသည့် နာမတော်များ၏ အဓိပ္ပာယ်သည် နက်နဲကျယ်ဝန်းလှသည်။ ယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ် လိုအပ် နေသူများအတွက် ထို နာမတော်ကို ဖော်ပြပြီး မိမိအတွက် သခင်ဘာပြုပေးခဲ့သည်ကို အမှတ်ရစေသည်။
ယေရှုသည်ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်ဖြစ်သည်။ အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးနုတ်ခဲ့ပြီး၊ သခင့်ထံ မိမိ၏ဘဝအသက်တာကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံရမည်။ ကျွန်ုပ်တို့အပါအဝင် ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံး ယေရှု ဟူသည့် ဘုန်းကြီးသောနာမတော်အား ကြွေးကြော်ချီးမွမ်းကြကုန်စို့။— Dave Branon
No comments:
Post a Comment