ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ် ကြလော့။ (ဖိ ၂း၎ )။ မိသားစုစခန်းချသင်တန်း၏ ပထမဆုံး ညတွင် သင်တန်းတာဝန်ခံက တစ်ပတ်တာ အချိန်စာရင်းကို ပြောပြပြီးသောအခါ အခြား ဘာ ပြောစရာရှိသေးလဲဟု မေးရာ၊ မိန်းမပျိုတစ်ဦးက ထရပ်ပြီး သနားစဖွယ် အကူအညီတောင်းသည်။ အထူးဂရုစိုက်ရန်လိုအပ်သည့် သူ့မောင်လေး အကြောင်း ပြောပြသည်။ ထိုသို့ ဂရုစိုက်ရခြင်းက သူတို့မိသားစုအတွက် အလွန်ပင်ပန်းသည်။ ထို့ကြောင့် တစ်ပတ်တာလုံး သူ့မောင်လေးကို မျက်ခြေမပြတ် ၀ိုင်းကြည့်ပေးရန် တောင်းပန် သည်။ သူ့မောင်လေးနှင့်သူ့မိဘအတွက် တကယ့် စိတ်ရင်းနှင့် အကူအညီတောင်းခြင်းဖြစ်သည်။ သို့နှင့်တစ်ပတ်တာအတွင်း လူအားလုံးက ၀ိုင်းပြီး အလှည့်ကျ ကူညီကြသည်ကို တွေ့ရပါတော့သည်။
ကျွန်ုပ်တို့အားလုံးသည် ကိုယ့်ကမ္ဘာ၊ ကိုယ့်ဘ၀၊ ကိုယ့်ပြဿနာနှင့် လုံးပမ်း ရှုပ်ထွေးနေကြပြီး၊ အခြားသူ၏လိုအပ်ချက်ကို မမြင်နိုင်သတိမပြုမိနိုင်လောက်အောင် ပျက်ကွက်မှုများရှိနေကြောင်း သူမ၏တောင်းပန်ချက်က မသိမသာသတိပေးနေသည်။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ရန် (ဖိ ၂း၎)၊ ၎င်းသည် ခရစ်တော်၏ဥပမာ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊ “ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့”(း၅) ဟု ရှင်ပေါလုက ကျွန်ုပ်တို့၏ တာဝန်ကို ဖော်ပြသည်။
ကျွန်ုပ်တို့၏ ဂရုပြုမှုသည် နာကျင်ခံစားနေရသူများအတွက် ခရစ်တော်နှင့် သဏ္ဌာန်တူသည့် ဂရုပြုမှုဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်၌ နားခို၍ တစ်ပါးသူတို့ အကူအညီလိုအပ်ချိန်တွင် သူတို့အားအစေခံနိုင်ရေး ကိုယ်တော်မစမည်ဟု စိတ်ချထား ပါ၏။ — Bill Crowder
No comments:
Post a Comment