အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်း တော်မူပါ။(ဆာ ၅၁း၁၀)။ မကြာမီက လူတစ်ဦးသည် ကျွန်မကို ဖြေရန်အလွန်ခက်ခဲသည့် မေးခွန်းမေးခဲ့သည်။ “အပြစ်မလုပ်ဘဲ ဘယ်လောက်အကြာဆုံးနေနိုင် မလဲ၊ တစ်ပတ်လား၊ တစ်ရက်လား၊ တစ်နာရီ လား”တဲ့။ ထိုမေးခွန်းကို မည်သို့ဖြေရပါ့။ အမှန် ပြောစတမ်း ဆိုလျှင် “အပြစ်မလုပ်ဘဲတစ်ရက် မျှပင် မနေနိုင်ပါ” ဟုဆိုရမည်ပင်။ လွန်ခဲ့သော ရက်သတ္တပတ်ကို ပြန်ကြည့်လျှင် ဘုရားသခင် ကို အပြစ်တစ်ခုပင် ဝန်ခံခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ သို့သော် မနောစိတ်အတွေးနှင့် ကိုယ်ထိလက်ရောက် ကာယကံမြောက် အပြစ် မလုပ်ခဲ့ပါဟုဆိုလျှင် မိမိကိုယ်ကို လှည့်စားခြင်းပင် ဖြစ်သည်။
မိမိ၏စိတ်နှလုံးက သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို ခံစားသိလား၊ မသိလားကို ဘုရားသခင်သိသည်။ မိမိကိုယ်ကို အမှန်သေချာစွာ သိသည်ဆိုပါက “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရား မရှိ” ဟု (၁ ယော ၁း၈) ကို နှလုံးသားမှခံယူမည်ပင်။ ထို့ပြင် သေချာသည်မှာ “ဒုစရိုက်ကို မပြုပြီဟု ငါတို့သည်ဆိုလျှင် ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ” (း၁၀) ဟူသည့်ကျမ်းချက်က ကိုယ့်ကိုပြောနေသလိုဘဲဟု ထိုသို့ဖြစ်မှာကို မလိုလား။
ပို၍အားရကျေနပ်စေမည့် မေးခွန်းမေးရမည်ဆိုလျှင် “မိမိအပြစ်များဝန်ခံလျှင် ဘုရားသခင်က မည်သို့တုံ့ပြန်မည်နည်း။” အဖြေမှာ “ငါတို့သည် ကိုယ်အပြစ်တို့ကိုဖော်ပြ တောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏” (း၉)။ ယေရှုက ကျွန်မတို့၏အပြစ်များကို သူ့အပေါ်ယူတင်ပြီး ကျွန်မတို့ကိုယ်စား အသေခံ ခဲ့သည်။ ထို့နောက် တစ်ဖန် ရှင်ပြန်ထမြောက်သည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်မတို့အထဲ၌ “သန့်ရှင်းသောနှလုံးသား”ကို ဖန်ဆင်းပေးနိုင်သည် (ဆာ ၅၁း၁၀)။ ကျွန်မ မိတ်ဆွေ ဂျေဒန် က “ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို အောင်နိုင်သည့် သူရဲကောင်း” ဟုဆိုသည်။ ၎င်းသည် သွေးထွက်အောင်မှန်သောစကားပင်။ — Anne Cetas
No comments:
Post a Comment