ထိုကြောင့် လူအသီးအသီး ခံထိုက် သည်အတိုင်း ပေးကြလော့။ အခွန်ကို ခံထိုက်သောသူအား အခွန်ကို၎င်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို၎င်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက် ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။ (ရော ၁၃း၇)။
ကျွန်မတို့လင်မယားသည် လယ်ကွက် များ ဝန်းရံလျက်ရှိသည့် ကျေးလက်ဒေသ၌ နေ ထိုင်ပြီး၊ ဤဒေသတွင် “ယနေ့ ထမင်းစားပြီးပါက လယ်သမားများကို ကျေးဇူးတင်ပါ” ဟူသည့် ဆောင်ပုဒ်က ရေပန်းစားသည်။ လယ်သမားများ သည် ကျေးဇူးရှင်များဖြစ်သည်။ ကျွန်မတို့အစာ ငတ်ပြီး မသေအောင် နေပူထဲအလုပ်ကြမ်းလုပ်ပြီး ထွန်ယက်စိုက်ပျိုးရသည်။ ရိတ်သိမ်းရသည်။
လယ်သမားများကို ကျေးဇူးတင်တိုင်း ဘုရားသခင်ကို ချီးမွမ်းရန်လည်း ကျွန်မ မမေ့ပါ။ ကိုယ်တော်သည် ကျွန်မတို့စားသုံးသည့် အစား အစာကို တာဝန်ယူထုတ်လုပ်ပေးသူဖြစ်သည်။ အလင်းပေးသည်။ မိုးရေပေးသည်။ အစေ့ကို အားအင်ပေးပြီး မြေလွှာကို ထိုးဖောက်၍ အပင် ပေါက်စေသည်။
ကမ္ဘာကြီးနှင့် အရာခပ်သိမ်းကို ကိုယ်တော် ပိုင်သမူ၏ (ဆာ ၂၄း၁)။ သို့သော် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် လူကိုရွေးချယ်၍ တာဝန်ပေးသည်။ ကိုယ်တော်၏ အလိုတော်နှင့်အညီ ကမ္ဘာ့အရင်းအမြစ်ကိုအသုံးပြုရန် ကျွန်ုပ်တို့၌ တာဝန်ရှိသည်။ ကိုယ်တော်အပ်ပေးသောတာဝန်ကို ထမ်းရမည် (ဆာ ၁၁၅း၁၆)။ ကျွန်ုပ်တို့သည် ဘုရား ဖန်ဆင်းသောလောက၏ ဘဏ္ဍာစိုးများဖြစ်သကဲ့သို့ လူ့အသိုင်းအဝိုင်းအတွက် ကိုယ်တော် ၏ ဒီဇိုင်း(အကြံအစည်)ကို ထိန်းသိမ်းရသည့် တာဝန်လည်းရှိသည်။ အာဏာပိုင်များကို လေးစားခြင်း၊ အခွန်ပေးဆောင်ခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း၊ မေတ္တာကြွေးများ မပြတ်ဆပ်ပေးခြင်းအားဖြင့် ကိုယ်တော်ကို အစေခံပါ(ရော ၁၃း၇-၈)။ သို့သော် ချီးမွမ်းခြင်း နှင့် ဘုန်းတန်ခိုးတော်အားလုံးသည် ကိုယ်တော်နှင့်သာဆိုင်သည်။ ကိုယ်တော့်အတွက် သာ ဖြစ်ရမည်။ အကြောင်းမှာ ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်နိုင်သည့် ဘုန်း တန်ခိုးအစွမ်းရှိပေ၏ (ဆာ ၉၆း၈)။
No comments:
Post a Comment