ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 6, 2019

နောက်ဆုံးသောကာလ ကပ်ရောဂါ ဆိုးကြီးများ

"ကမ္ဘာပေါ်မှာ ( ၁၁ )ကြိမ်ကျရောက်ခဲ့သော ကပ်ရောဂါ ဆိုးကြီးများ"
၁။ Antonine ပလိပ် (၁၆၅ အေဒီ)သေဆုံးမှု ၅သန်း
 ဖြစ်ရသည့် အကြောင်းအရင်း မသိခဲ့ပါ။ 
Antonine ပလိပ်ဟာ အာရှနိုင်ငံအချို့၊ အီဂျစ်၊ ဂရိနဲ့ အီတလီမှာ 
ဖြစ်ခဲ့ပြီး ကျောက်ကြီးရောဂါ ဒါမှမဟုတ် ဝက်သတ်လို့ ထင်ခဲ့တာပါ။ ဒီနေ့ထိလည်း ဘာကြောင့်လည်း ဆိုတာ မပြောနိုင်သေးပါဘူး။ 
အေဒီ ၁၆၅လောက်မှာ မီဆိုပိုတေးမီးယားကနေ ရောမမြို့ကို 
ပြန်လာတဲ့ စစ်သားတွေကနေ စကူးတာပါ။ 
လူပေါင်း ၅သန်း သေဆုံးခဲ့ပါတယ်။ 

 ၂။ Justinian ပလိပ် (၅၄၁-၅၄၂)သေဆုံးမှု ၂၅သန်း
ဖြစ်ရသည့် အကြောင်းအရင်း = ပလိပ်ရောဂါပိုး ဥရောပရဲ့ 
လူဦးရေ တစ်ဝက်ကို သေဆုံးစေတဲ့ ဒီရောဂါဟာ ဘေဇန်တင်း 
အင်ပါယာနဲ့ မြေထဲပင်လယ် ဆိပ်ကမ်းမြို့တွေမှာ စဖြစ်ခဲ့ပြီး 
သူ့ခေတ် သူ့အခါက လူပေါင်း ၂၅သန်းကို သေဆုံးစေခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ပလိပ်ရောဂါလို့ ပြောလို့ရပြီး 
အရှေ့ မြေထဲပင်လယ်ဒေသရဲ့ လူဦးရေ ၄ပုံ ၁ပုံကို 
သေဆုံးစေပါတယ်။ ကွန်စတန်တီနိုပယ်မြို့မှာ ဆိုရင် 
တစ်နေ့ကို လူ ၅၀၀၀လောက် သေဆုံးပြီး 
နောက်ဆုံးမှာ မြို့လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းလောက် 
သေခဲ့ရပါတယ်။ 

၃။ ပလိပ်ရောဂါ (၁၃၄၆-၁၃၅၃)သေဆုံးမှု ၇၅သန်းမှ သန်း ၂၀၀
ဖြစ်ရသည့် အကြောင်းအရင်း ပလိပ်ရောဂါပိုး 
The black death လို့ ခေါ်တဲ့ ဒီရောဂါဟာ 
၁၃၄၆ကနေ ၁၃၅၃ အထိ ဥရောပ၊ အာဖရိကနဲ့ အာရှအထိ 
ပျံ့သွားပြီး လူပေါင်း ၇၅သန်းကနေ သန်း ၂၀၀အထိ 
သေဆုံးသွားပါတယ်။ အာရှမှာ စခဲ့ပေမယ့် ပလိပ်ပိုးက 
ကြွက်တွေကိုယ်ရဲ့ သန်းတွေမှာ ရှိတာကြောင့် သင်္ဘောနဲ့ 
ကုန်ကူးရာကနေ ကြွက်တွေက တစ်ဆင့် ကူးခဲ့ပါတယ်။ 
ဆိပ်ကမ်းတွေ၊ သင်္ဘောတွေမှာ ကြွက်တွေ အများကြီး 
ပေါက်တဲ့အတွက် တိုက်ကြီး ၃တိုက်ကို ခဏလေးနဲ့ 
ပျံ့ပြီး လူတွေ အများကြီး သေဆုံးသွားတာပါ။ 

၄။ ၃ကြိမ်မြောက် ကာလဝမ်း ကပ်ရောဂါ (၁၈၅၂-၁၈၆၀)
(သေဆုံးမှု ၁ သန်း)
ဖြစ်ရသည့် အကြောင်းအရင်း ကာလဝမ်းရောဂါပိုး 
ဖြစ်ခဲ့ဖူးတဲ့ ကာလဝမ်းရောဂါ ၇ကွိမျထဲမှာ 
အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ အရင်အခေါက်တွေလိုပဲ 
အိန္ဒိယနိုင်ငံကနေ စတင်ခဲ့ပါတယ်။ ဂင်္ဂါမြစ်ကနေ စခဲ့တဲ့ 
ဒီရောဂါဟာ အာရှ၊ ဥရောပ၊ မြောက်အမေရိကနဲ့ 
အာဖရိကထိ ပျံ့နှံ့သွားပြီး လူပေါင်း ၁သန်းကျော် 
သေဆုံးခဲ့ပါတယ်။ အင်္ဂလန်က ဆေးပညာရှင် ဂျွန်စနိုးက 
ဒါဟာ မသန့်တဲ့ ရေကနေ ကူးစက်တတ်တယ်လို့ 
စတင်တွေ့ရှိခဲ့ပါတယ်။ ကံမကောင်းတာက 
သူတွေ့ခဲ့တာ ၁၈၅၄မှဖြစ်ပြီး ကပ်ရောဂါရဲ့ 
အဆိုးဆုံးအခြေအနေပါ။ ဗြိတိန်မှာတင် 
လူပေါင်း ၂၃၀၀၀ သေဆုံးပြီးပါပြီ။ 

 ၅။ တုပ်ကွေး ကပ်ရောဂါ (၁၈၈၉-၁၈၉၀)သေဆုံးမှု ၁ သန်း
 ဖြစ်ရသည့် အကြောင်းအရင်း တုပ်ကွေးပိုး
ရုရှား တုပ်ကွေးလို့ခေါ်တဲ့ ဒီတုပ်ကွေးက Influenza Aရဲ့ 
H2N2အမျိုးအစားက ဖြစ်တယ်လို့ ပြောကြပါတယ်။ နောက်ပိုင်းတွေ့ရှိတာတော့ H3N8 ပါတဲ့။ 
၁၈၈၉ မေမှာ မတူညီတဲ့ နေရာ သုံးခု (တာကီစကန်၊ 
ကနေဒါ အနောက်မြောက်ပိုင်းနဲ့ ဂရင်းလန်း) မှာ စပြီး 
တွေ့ရှိခဲ့တာပါ။ ၁၉ရာစုရဲ့ လူနေထူထပ်မှုကြောင့် 
လူပေါင်းများစွာ 
ကူးစက်ခဲ့ပါတယ်။ 

၆။ ခြောက်ကြိမ်မြောက် ကာလဝမ်း ကပ်ရောဂါ (၁၉၁၀-၁၉၁၁)
သေဆုံးမှု ၈သိန်းကျော်
ဖြစ်ရသည့် အကြောင်းအရင်း ကာလဝမ်းရောဂါပိုး အရင် ၅ခေါက်တုန်းကလိုပဲ ၆ကြီမ်မြောက် ကာလဝမ်းရောဂါလည်း 
အိန္ဒိယမှာ စဖြစ်ခဲ့ပြီး လူပေါင်း ၈သိန်းကျော် သေဆုံးခဲ့ပါတယ်။ 
ဒါ့ပြင် အရှေ့အလယ်ပိုင်း၊ မြောက် အာဖရိက၊ အရှေ့ ဥရောပနဲ့ ရုရှားကိုလည်း ပျံ့သွားပါတယ်။ အမေရိကမှာတော့ 
ဒါနောက်ဆုံးပါပဲ။ ရှေ့အခေါက်က ဖြစ်ရပ်ကို 
သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုတွေ 
လုပ်ခဲ့တာကြောင့် လူ၁၁ယောက်ပဲ သေဆုံးခဲ့ပါတယ်။ 

၇။ စပိန်တုပ်ကွေး (၁၉၁၈)သေဆုံးမှု သန်း ၂၀- ၅၀
ဖြစ်ရသည့် အကြောင်းအရင်း H1N1
၁၉၁၈နဲ့ ၁၉၂၀ကြားမှာ ဒီတုပ်ကွေးရောဂါက တစ်ကမ္ဘာလုံးကို 
ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက် ကူးစက်ခံရပြီး 
လူသန်းပေါင်း ၂၀နဲ့ ၅၀ကြား သေဆုံးခဲ့ပါတယ်။ 
၁၉၁၈မှာတင် လူပေါင်း သန်း ၅၀၀ ကူးစက်ခဲ့ရပြီး 
ပထမ ၂၅ပတ်မှာတင် လူ ၂၅သန်း သေဆုံးခဲ့ပါတယ်။ 
သေနှုန်းက ၁၀-၂၀ ရာခိုင်နှုန်းပါ။ 
တခြားတုပ်ကွေးတွေက သက်ကြီးရွယ်အိုတွေ၊ 
ကိုယ်ခံအားနည်းတဲ့ သူတွေ ဖြစ်တာပါ။ သူကတော့ 
လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။ 

 ၈။ အာရှ တုပ်ကွေး (၁၉၅၆-၁၉၅၈) သေဆုံးမှု ၂သန်း
 ဖြစ်ရသည့် အကြောင်းရင်း H2N2
အာရှ တုပ်ကွေးက Influenza Aရဲ့ 
H2N2အမျိုးအစားက ဖြစ်တာပါ။ 
၂နှစ်ကြာခဲ့တဲ့ ဒီတုပ်ကွေးက တရုတ်ကနေ စင်္ကာပူ၊ 
ဟောင်ကောင်၊ အမေရိကအထိ ပျံ့သွားပါတယ်။ 
လူပေါင်း ၂သန်းခန့် သေဆုံးခဲ့ပြီး အမေရိက 
တစ်ခုတည်းမှာတင် ၆၉၈၀၀ သေဆုံးခဲ့ပါတယ်။ 

၉။ H3N2 တုပ်ကွေး (၁၉၆၈)သေဆုံးမှု ၁သန်း
ဖြစ်ရသည့် အကြောင်းရင်း H3N2
ဟောင်ကောင်တုပ်ကွေးလို့ 
ခေါ်တဲ့ ဒီရောဂါဟာ ၁၉၆၈မှ ကမ္ဘာ့ကပ်ဘေး ဖြစ်ခဲ့ပါတယ်။တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစား 
အေ (Influzena A) ရဲ့ H3N2 မျိုးစိတ်ကနေ ဖြစ်လာတာပါ။ 
၁၉၆၈ ဇူလိုင် ၁၃ရက် ဟောင်ကောင်မှာ ပထမဆုံး လူနာကို 
တွေ့ပြီး ၁၇ရက် အကြာမှာပဲ စင်္ကာပူနဲ့ ဗီယက်နမ်ကို 
ရောက်လာပါတယ်။ ၃လအတွင်းမှာပဲ ဖိလစ်ပိုင်၊ 
အိန္ဒိယ၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေအထိ ပျံ့သွားပါတယ်။ 
Case fatality rate လို့ခေါ်တဲ့ သေနှုန်းက ၀.၅ရာခိုင်နှုန်းပဲ 
ရှိပေမယ့် လူပေါင်း ၁သန်းနဲ့ အထက် သေဆုံးခဲ့တာကြောင့် ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တာပါ။ 
အဲ့ဒီအချိန်တုန်းက ဟောင်ကောင်လူဦးရေရဲ့ 
၁၅ရာခိုင်နှုန်းလောက် ထိခိုက်ခဲ့ပါတယ်။ 

၁၀။ HIV/ AIDS (၂၀၀၅နဲ့ ၂၀၁၂ကြား ကပ်ရောဂါဆိုး ဖြစ်ခဲ့သည်။) သေဆုံးမှု ၃၆ သန်းဖြစ်ရသည့် အကြောင်းရင်း HIV/ AIDS
၁၉၇၆ခုနှစ် ကွန်ဂိုနိုင်ငံမှာ စတွေ့ခဲ့တဲ့ ဒီရောဂါဟာ ၁၉၈၁ တည်းက 
လူပေါင်း ၃၆သန်းကို သေဆုံးစေခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။ 
လက်ရှိမှာလည်း ရောဂါရှိသူပေါင်း ၃၁သန်းနဲ့ ၃၅သန်းကြား 
ရှိနေပြီး အများစုက အာဖရိကကပါ။ HIV ကို လူတွေ 
ပိုပြီး သတိထားမိလာပြီး ကုသဖို့ ဆေးဝါးအသစ်တွေလည်း တီထွင်လာတဲ့အတွက် ရောဂါရှိသူတွေက သက်တမ်းစေ့နေနိုင်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ 
ဒါပေမယ့်လည်း နှစ်စဉ် ရောဂါပိုးရှိနေတဲ့ 
လူနာအသစ်တွေကို တွေ့နေရဆဲပါပဲ။ 

၁၁။ ဝက်တုပ်ကွေး (H1N1) (၂၀၀၉-၂၀၁၀)သေဆုံးမှု ၅သိန်း 
ဖြစ်ရသည့် အကြောင်းရင်း H1N1
 H1N1u ကို ၂၀၀၉ ခုနှစ် ဧပြီလမှာ ကယ်လီဖိုးနီးယားက 
၁၀နှစ်အရွယ် ကလေးမလေးမှာ စတွေ့ခဲ့ပါတယ်။ 
Influzena Aအမျိုးအစားဖြစ်ပြီး ၁၉၁၈က ဖြစ်ခဲ့တဲ့ 
စပိန်တုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လူ၊ ဝက်နဲ့ ငှက်မှာ 
ရှိတဲ့ တုပ်ကွေးပိုးတွေ ပေါင်းပြီး အမျိုးအစားအသစ် ဖြစ်လာခဲ့တဲ့ 
အတွက် ဝက်တုပ်ကွေးလို့ ခေါ်လိုက်ပါတယ်။ 
WHO က ၂၀၁၉ ဇွန်လမှာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ ဝက်တုပ်ကွေး 
ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ကြပါတယ်။ 
နိုင်ငံပေါင်းများစွာကို ပျံ့နှံ့ပြီး လူပေါင်းများစွာ 
သေဆုံးပြီးတဲ့နောက် ၂၀၁၀ သြဂုတ်လမှာ 
ကပ်ရောဂါပြီးဆုံးကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ 

No comments:

Post a Comment