ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 4, 2019

CROSS ၌ အသွေးတော် ၇ ကြိမ် ၇ နေရာ

Levi 6:4 ၀တ်ပြုရာကျမ်း-မိမိလက်ညိုးကို အသွေး၌ နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား
 ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။ 
Levi 16:14 - နွားအသွေးအချို့ကိုလည်း ယူ၍၊
 အရှေ့ မျက်နှာဘက်သေတ္တာဖုံး အပေါ်၌ လက်ညှိုးနှင့်ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင်လက်ညှိုးနှင့်ဖြန်းရမည်။ 
 Jesus Shed His Blood Seven Ways 
 (1). Gesthemane: Lk- 22:44 Sweat drops of blood ပြင်းစွာသော ဝေဒနာကိုခံလျက်အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း- 
This signifies that Jesus Won Back Our Willpower to 
resist temptation because He overcame the greatest 
temptation that was so intense, it caused Him to sweat blood. 
 (2) နားပန်ဆံ 
Is- 50:5 (Hair of His beard pulled out) အရှင်ထာဝရ 
ဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့ 
မဆုတ်၊ ၆ ရိုက်သောသူ တို့အား ငါ့ကျောကိုင်း၊ နားပန်ဆံကို နှု
တ်သော သူတို့အား ငါ့ပါးကို၎င်း၊ ငါအပ်၏၊၊ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။ 
 (3) သူ.နောက်ကျော 
Mt. 27:26—Scourged on His back ပိလတ်မင်းသည်လည်း
ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် 
လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။ 
Is. 53:5= ထိုသူသည် ငါတို့လွန်ကျူးသောအပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏၊၊ သူခံရသော 
 ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊ 
This signifies that Jesus has won back our Health. 
His body was broken so ours could be made whole. 
ဆာလံ- ၁၂၉: ၁ ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ 
ငါ့ကို သူတပါးတို့သည်ညှဉ်းဆဲကြပြီ 
(4) သူ.ဦးခေါင်း 
The crown of thorns pressed into His scalp ဆူးပင်နှင့် ရက်သောဦးရစ်ကိုတင်ကြ၏။ကိုယ်တော်ကိုတံ ထွေးနှင့် ထွေးကြ၏။ကျူလုံးကိုယူ၍ ခေါင်းတော်ကိုရိုက်ကြ၏။
Mat. 27:29 John 19:2 And the soldiers twisted a crown of 
thorns and put it on His head, and they put on Him 
a purple robe. This signifies that Jesus has won back 
our Peace of mind and that we are free of torment. 
The enemy can no longer torment our minds. 
Jesus' crown of thorns was placed on Jesus' brow, 
to break the curse of poverty and release me 
into God's abundance. Gen- 3:17, 18 - ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ် သော်လည်း၊ 
သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊
 မြေသည် သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။
 မြေ၏ အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။
 (5) လက် 
Matt.27:35 Crucified: nails in His hands Gen- 1:26-28 , Deut. 28:12-13 ( Jesus' hands were pierced by the nails, 
to restore total dominion to the works of my hands ) 
This signifies that Jesus won back our prosperity 
so that everything we put our hands to, 
shall prosper. Matt 27:35 
ကိုယ်တော်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထား ပြီးလျှင် 
အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏ 
(6) ခြေ 
 ( to restore total dominion in my walk.) 
This signifies that Jesus won back our dominion & authority
 Gen 1:26 says “Then God said, “Let Us make man 
in Our image, according to Our likeness; let them have 
dominion over the fish of the sea, over the birds of the air,
and over the cattle, over all the earth and over every 
creeping thing that creeps on the earth.” 
Joshua 1:3 - မောရှေအား ငါကတိရှိသည်အတိုင်း သင်တို.
 Deut 11:24နင်းသမျှသော မြေကို သင်တို.အား ငါပေးမည်၊ 
သင်တို့သည် ခြေနှင့်နင်းသမျှသော အရပ်ကိုပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင် တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ 
ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် 
သင်တို့၏ နိုင်ငံအဝင်ဖြစ်လိမ့်မည်။, 
Luke 10:19 says “Behold, I give to you authority” 
သင်တို့သည်မြွေ၊ ကင်းမြီးကောက် တို့ကို နိုင်ရသောအခွင့်နှင့် 
ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ 
သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။ 
(7) နံဖေးတော် 
John 19:34 ( Luke 4:18 , Psalm 147:3 ) စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်း ထွက်လာ၏။ showing that he died from a broken heart, to heal my broken heart. This also illustrates his giving birth to His bride from His side as did the first Adam with Eve.
 John 19:34 “But one of the soldiers…..” 
The fact that blood & water flowed from his side 
 symbolises that Jesus died from a broken heart, 
the intensity and anguish of the weight and burden 
of all of our sins that He took on Himself and our 
continual betrayal against Him was to much to bear & 
ultimately caused His Heart to stop beating. 
This signifies that Jesus won back our Joy and 
healed us of our broken Heart. 
Juses din’t say “I am Finished” “It is Finished” 
အ ယောက်တိုင်းကို 
ဘုရားသခင် ကောင်းကြီးပေးပါစေ။
 

No comments:

Post a Comment