ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 13, 2017

သုံးပါးတစ်ဆူဖြစ်ခြင်း (TRINITY)

က။ အခြေပြုမှတ်တမ်းတင်သည့်အချက်
(The Statement of Doctrine)  
ဘုရားသခင် သည် တစ်ဆူတည်း ဖြစ်သော်ငြား လည်း 
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် 
တည်းဟူသော ပုဂ္ဂိုလ်သုံးပါး အနေဖြင့် ထင်ရှားဖော်ပြ နေပါသည်။ 
ပုဂ္ဂိုလ်သုံးပါး ဟုဆိုရာ၌ ကျွန်ုပ်တို့ လူသားတို့ နားလည်သော 
ပုဂ္ဂိုလ် သုံးဦး၊ သုံးယောက်ကို ဆိုလိုခြင်း မဟုတ်ပေ။ 
သုံးပါးအနေဖြင့် ထင်ရှား ဖော်ပြခြင်းဖြစ်ပြီး 
တစ်ဆူတည်းသာ ဖြစ်သည်။

အမှန်အားဖြင့် ဤအချက်သည် အလွန်နက်နဲလှပေသည်။ လူသားတို့၏ခွဲခြား ပိုင်းခြား တတ်သော ဆင်ခြင် ဥာဏ်အားဖြင့် 
စဉ်းစားပါက နားလည်ဖို့ရန် လွန်စွာ ခက်ခဲနေ ပါသည်။ 
မည်သို့ပင်ဖြစ်စေ၊ ဤသို့ ပုဂ္ဂိုလ်သုံးပါး အနေဖြင့် ထင်ရှားပါသော်လည်း တစ်ဆူတည်း သာဖြစ်ကြောင်း သမ္မာကျမ်းက ဖော်ပြထားပါသည်။ 
(က ၁း၂၆။ မ ၂၈း၁၉)။ 

ခ။ သမိုင်းအစဉ်အလာလက်ခံအတည်ပြုချက် 
(Historical Statements of Acceptance) 
သုံးပါတစ်ဆူ ဟူသော စကားလုံးသည် လက်တင်ဘာသာ Tranitas ဟူသော စကားလုံးမှ ပေါက်ဖွားလာကြောင်း တွေ့ရှိရပါသည်။ 
A D 240 မှစ၍ ပညာရှိကြီး တာတူလီယံ (Tertullian) စတင်အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ 
ဂရိလူမျိုးပညာရှင်ကြီး 
သီအိုဖိ လပ်စ် (Theophilus) ကလည်း ဂရိဘာသာအားဖြင့် 
Tnes ဟူ၍ သုံးစွဲခဲ့ရာမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူအဖြစ် အခိုင်အမာ အသုံးပြု လာကြောင်း တွေ့ရှိရပါသည်။ ဤအချက်သည် နက်နဲသောအရာ ဖြစ်သည်။ 

ထို့ကြောင့် လူတို့၏ ကြံစည်ဥာဏ် အစွမ်း ပကားအားဖြင့် နားလည်၍ မရနိုင်ပါ။ သို့သော်ငြားလည်း ခရစ်ယာန်ဟူသမျှသည် ဤ အချက်၌ ငြင်းပယ်ရန် မရှိ၊ အလိုအလျောက် ခေတ်အဆက်ဆက် လက်ခံ ယုံကြည် ထားကြောင်း တွေ့ရှိရပါသည်။

ဂ။ သမ္မာကျမ်းစာမှသက်သေပြချက် 
(The Spiritual Proof) 
ဓမ္မဟောင်းကျမ်းကို လေ့လာသည့်အခါ ဘုရားသခင်၌ ပုဂ္ဂိုလ်
တစ်ပါးထက် ပိုနေကြောင်းတွေ့ရပါသည်။ ဘုရားသခင်သည် သုံးပါးဖြစ်ကြောင်းကို ဤကဲ့သို့ ဖော်ပြလေ့ရှိပါသည်။ “တဖန် 
ဘုရားသခင်က ငါတို့ ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့” (က ၁း၂၆)။ အခြားလေ့လာရန် ကျမ်းပိုဒ်များ (က ၁၁း၇၊ ဟေရှာ ၄၈း၁၆၊ ၆၃း၁၀။ ၆၁း၁)။ ဓမ္မသစ်ကျမ်း၌ ပိုမို၍ နားလည်ရပါသည်။ 

အထူးသဖြင့် လောကီသားများကို အပြစ်မှ ကယ်လွှတ်စေခဲ့ခြင်း၊ သားတော်သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို စေလွှတ်ခြင်း၊ သားတော်သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို ဥပဇ္ဈယ် ဆရာအဖြစ် စေလွှတ်ခဲ့ခြင်း စသည့် အချက်များတို့၌ ကောင်းစွာနားလည် သဘောပေါက် ရပါသည်။ သေခြင်းကို အောင်မြင် လျက်ကောင်းကင်သို့ မတက်မီ ယေရှုခရစ် မိန့်မှာခဲ့သော စကားအားဖြင့်လည်း ခိုင်လုံစွာ သက်သေပြနိုင်သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို 
ငါ့တပည့်ဖြစ်စေ လျက် ခမည်းတော်၊ သားတော်၊ 
သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” ဟုဆိုလေသည် (မ ၂၈း၁၉)။ အခြားကျမ်းပိုဒ်များ 
(လု ၁း၃၅၊ ၃း၂၁၊ ၂၂။ ၁ကော ၁၂း၎-၆၊ 
၂ကော ၁၃း၁၄။ ၁ပေ ၁း၂)

Cults ယုံကြည်ခြင်း (၀ါ) အခြားသော ဧ၀ံဂေလိ

Aberrant Christianity
Audio Messages on the Kingdom of the Cults
Characteristics of a Cult
Cult: A Theological Definition
Cult or Cultic?
Leaving a Cult
Marks of a Cult
Patterns in the Cults
Why Is a Cult a Cult?

Cults ဆိုသည်မှာ

ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာရွေး
 ချယ်၍ ကိုးကွယ်ခွင့်ရှိ သော လူ့အဖွဲ့စည်းတွင် ယနေ့ အသက် 
ရှင်နေထိုင် ရသူများဖြစ်သည်။ ယုံကြည်ကိုးကွယ်မှုဘာသာ အယူဝါဒ 
တိုင်း၌ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လူသားချင်း စာနာထောက် ထားရေး၊ မေတ္တာ တရားအနှစ်သာရများရှိကြသည်။ 

သို့သော် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု ကသော်လည်းကောင်း သူတို့သာလျှင် ဘုရား
သခင်၏ စစ်မှန်သော အမှုတော်ကို ဆောင်ရွက်သူများဖြစ်ကြောင်းနှင့် ခရစ်ယာန်အယူဝါဒ စစ်ကို ရထားသူများဖြစ်ကြောင်း ကြော်ငြာပြီး လက်ရှိအသင်းတော် များမှာ မှားယွင်းနေသည်ဟု တင်ပြပြောဆိုလာပါက သတိထားဖို့ လိုအပ်လာ သည်။ ထိုသူများသည် မူလယုံကြည်ချက် အယူဝါဒများကို ကိုယ်လိုရာစွဲပြီး အစွန်းရောက်တွေးခေါ် ခြင်းဖြင့် အစွန်းရောက် အယူဝါဒများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ 
 ယနေ့မြန်မာပြည်ရှိ ခရစ်ယာန်အသင်းတော်အချို့တွင် 
အစွန်းရောက် အယူဝါဒသွန်သင်မှု များရှိနေကြောင်းတွေ့ရသည်။
 နိုင်ငံခြားမှ အကူ အညီများကိုယူပြီး အသင်းတော်ဂိုဏ်း
ဂဏသစ်များ တည်ထောင် လာကြသည်။ 

၎င်းတို့ထဲတွင် အစွန်းရောက် ခရစ်ယာန်အဖွဲ့ 
အစည်းအချို့လည်း ရောနှောဝင်ရောက်လာသည်။ 
ထို့ပြင် အမျိုး မျိုးသော သွန်သင်မှုသြ၀ါဒများနှင့် အစွန်းရောက်ဝါဒ များသည်လည်း လက်ရှိအသင်းတော်များအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့ဝင်ရောက်လျက်ရှိသည်။ 

ထိုအစွန်း ရောက်သွန်သင်မှုသြ၀ါဒများသည် ကျွန်ုပ်တို့ 
အသင်းတော် များကို များစွာ ဒုက္ခပေးလာနိုင်သည်။ 
ကျွန်ုပ်တို့သည် ခရစ်ယာန်တစ်ဦးအနေဖြင့် အစွန်းရောက်
ခရစ်ယာန် အဖွဲ့အစည်းများ၏ မှားယွင်းမှုပြဿနာများကို 
မည်ကဲ့သို့ ကိုင်တွယ်ဖြေ ရှင်းမည်နည်း။ 
ကျွန်ုပ်တို့ကိုယ်တိုင် ပရိယာယ်
 များလှသော လှည့်စား မှုနှင့် နူးညံ့
သိမ်မွေ့သောသွေးဆောင်ဖြားယောင်းမှု
 တို့ကို မည်ကဲ့ သို့ကိုင် တွယ်ရှောင်ရှားမည်နည်း။ 

အကယ်၍ ထိုသို့သော အစွန်းရောက် အယူဝါဒ၊ ဂိုဏ်းအဖွဲ့
အစည်းတစ်ခု ခုနှင့် ဆက်နွယ် ပတ်သက်သွားသည့် ကျွန်ုပ်တို့နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးအတွက် ကျွန်ုပ်တို့ ဘာလုပ်ပေးနိုင်သနည်း။ ထိုသို့သော အစွန်းရောက် ဂိုဏ်း အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကို ကျွန်ုပ်တို့ မည်ကဲ့သို့ ဆက်ဆံမည်နည်း (သို့) မည်ကဲ့သို့ ကိုင်တွယ်မည်နည်း။ ယုံကြည်သူ ခရစ်ယာန်တိုင်း သည် အမှားနှင့် အမှန်ကိုခွဲခြားသိပြီး 
ပညာရှိစွာ ခရစ်ယာန် အသက်တာတွင် သမ္မာသတိဖြင့် လျှောက်လှမ်းအသက်ရှင်နိုင်ရန် အစွန်းရောက်အယူသီးတို့၏ ၀ါဒသဘောသဘာဝများကို တင်ပြ လိုက်ရခြင်းဖြစ်ပါသည်။ အစွန်းရောက်အယူသီးဂိုဏ်းဝါဒများကို အင်္ဂလိပ်လို (Cults) ဟုခေါ် သည်။ Cults ဟူသော စကားလုံးသည် ဝေါဟာရအဓိပါယ်များစွာရှိပြီး 
အထူးသဖြင့် ဘာသာရေးယုံကြည်ချက်၊ ကျင့်သုံးမှု
 နှင့်ပတ်သက်သော စနစ်ကြီးကို ခေါ်ဆိုခြင်းဖြစ်သည်။ 

ဤဝေါဟာရကို အဘိဓာန်ကျမ်းများတွင် (၁) စွဲလန်းယုံကြည်မှု (၂) ဘာသာ အယူဝါဒ ဆိုင်ရာသီးသန့်ကျင့်သုံးသော ဓလေ့စရိုက်စနစ် (၃) ပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် အယူဝါဒတစ်ခုကို တန်းတန်းစွဲသက်ဝင်ယုံကြည်ခြင်း (၄) ယင်းသို့သော အယူဝါ ဒ ရှိသောလူတစ်စု သို့အဟုတ် အသင်းအဖွဲ့ တစ်ခု (၅) လွဲမှားသောတရားတော်နှင့် မကိုက်ညီ သော ဘာသာ အယူဝါဒ 
သို့မဟုတ် တတ္တိ၀ါဒ သို့မဟုတ် ယင်းဝါဒကို သက်ဝင် 
ယုံကြည်သူဟုဖော်ပြ ထားသည်။ 

Theology Content အရ Cults ဟူသည် အများလက်ခံထားသော အခြေခံအဖွဲ့အစည်း များ၏ ပြင်ပမှာရှိနေသော သီးခြားအုပ်စုကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့သည် မူလယုံကြည်သူများ မှဖြာထွက်လာခဲ့ပြီး မူလဘာသာအယူဝါဒအပေါ် ကိုယ်လိုရာစွဲပြီး အစွန်းရောက်အတွေးအခေါ်များ သွတ်သွင်းကာ ပြန်လည်ပုံဖော်ထားသည့်ဂိုဏ်းဖြစ်သည်။ 
ထို့ကြောင့် သမိုင်းစဉ်လာ ခရစ်ယာန် ယုံ ကြည်ချက်များကို မလိုက်နာသောအုပ်စုကို အစွန်းရောက်ခရစ်ယာန်အဖွဲ့
အစည်းများ Cults ဟု သတ်မှတ်နိုင် သည်။

 Cults ကို နည်းအမျိုးမျိုးဖြင့် ဖွင့်ဆိုနိုင်သော်လည်း လွယ်ကူစွာ သတ်မှတ်ရလျှင် ဘုရား သခင်၏ သုံးပါးတစ်ဆူဖြစ်ခြင်း၊ ခရစ်တော် လူ့ဇာတိခံယူခြင်းစသည့် အရာများအပေါ်မူတည်ပြီး သတ်မှတ်နိုင် သည်။ အထူးသဖြင့် Cults များသည် အောသိုဒေါ့သွန်သင်မှုများကို ဆန့်ကျင်ပြစ်တင် ကြသူများဖြစ်သည်။ 

ဆရာကြီး Walter Martin က Cults ဟူသော စကားလုံးကို အဓိပါယ်ဖွင့်ဆို ရာတွင် “ခရစ်ယာန် အသင်းတော်၏ မူလယုံကြည်ချက်၊ ခံယူချက်များ၊ အထူးသဖြင့် ဘုရားသခင် သည် သခင်ယေရှုအားဖြင့် လူ့ဇာတိခံယူသည်ဟူသော ယုံကြည်ချက်အပေါ် 
လူတစ်ဦးတစ် ယောက်၏ မှားယွင်းစွာ အနက် ဖွင့်မှုကြောင့် အစွန်းရောက်သွားသောအဖွဲ့အစည်းဟု ခေါ်သည်။ 

အစွန်းရောက်ခရစ်ယာန်အဖွဲ့အစည်းများသည် သမ္မာကျမ်းဆိုင်ရာ ခရစ်ယာန်ယုံကြည်မှု များမှာ လမ်းလွဲမှားယွင်းခြင်း၊ သို့မဟုတ် ခရစ်ယာန်အသင်းတော်၏ သမိုင်းဝင်သွန်သင်မှုများကို ငြင်းပယ်ခြင်းပင်ဖြစ်သည်။ တမန်တော်ကြီးရှင်ပေါလုက ဤအရာသည် မှန်ကန်သော အသင်း တော်နှင့် ကမ္ဘာကြီးကို လှည့်စားဖို့ရန်အတွက် အားထုတ်ကြိုးပမ်းနေသော မှားယွင်းသော ခရစ် တော်နှင့် မှားယွင်းသော ဧ၀ံဂေလိတရားများသာ ဖြစ်သည်ဟု သတိပေးခဲ့သည်။ 

 World Books Encyclopedia ၌ Cults ဆိုသည်မှာ သက်ရှိ ထင်ရှားခေါင်းဆောင်တစ် ယောက်၏ သွန်သင်မှုအသစ် သို့မဟုတ် သမာရိုးကျမဟုတ်သော သွန်သင်မှုများအတွက် ပေးဆပ် သောသူ၊ သစ္စာရှိသောသူ၊ ဘာသာရေးအဖွဲ့အစည်းဖြစ်သည်။ 

Cults ဟူသော ဝေါဟာရအသုံး အနှုန်းသည် မည်သည့်ကိုးကွယ်ဝတ်ပြုမှုစနစ်ကိုမဆို ရည်ညွှန်းသည်။ နတ်ဘုရားများကို ကိုးကွယ် သောအုပ်စုများကိုပင် Cults ဟုခေါ်သည်။ ယနေ့အချိန်ခါတွင် Cults ဆိုသည်မှာ ထူးခြားဆန်းကြယ်သည့် အသစ်သော သွန်သင်မှုနှင့် ကျင့်သုံးမှုများကို စည်းရုံးနိုးဆော်သည့် သက်ရှိခေါင်းဆောင်နောက်လိုက်ခြင်းကို ဆိုလိုသည်။ 

ကျွမ်းကျင် သူများက ကမ္ဘာပေါ်တွင် Cults အဖွဲ့ပေါင်း 3000
 ကျော်ရှိသည် သက်လတ်ပိုင်း အများဆုံးဖြစ်ပြီး 
အသင်းသာ ၃ သန်းခန့်ရှိသည်ဟု ဆိုသည်။

 အစွန်းရောက်အယူသီးဂိုဏ်းဝါဒများပေါ်ပေါက်လာရသည့်အကြောင်းရင်းများ သိပံ္ပပညာနှင့် စက်မှု၌လျင်မြန်စွာတိုးတက်လာသော ယနေ့ခေတ်ကြီး တွင် ရုပ်ဝတ္ထုပိုင်း၌ အလွန်တိုးတက်လာသည်။ ရုပ်ဝတ္ထုပစ္စည်းများက လူ၏စိတ်ဆန္ဒကို ကျေနပ်မှုရှိအောင် မဖြည့်စွမ်း နိုင်သဖြင့် ရုပ်ဝတ္ထုများ အလွန် တိုးတက်နေသော်လည်း လူတို့၏စိတ်ဓာတ်ရေးရာတွင် လျော့ကျနေ သည်။ ထိုအခါ စိုးရိမ်မှု၊ မရောင့်ရဲမှု၊ မလုံခြုံမှုနှင့် အလို မပြည့်မှုများ တိုးပွားလာကြသည်။ ထို့ကြောင့် လူအများသည် အပြောင်းအလဲကို အားထားလာကြသည်။ မသေချာမရေရာသောအခြေအနေနှင့် လူသားများရင်ဆိုင် လာရသောအခါ သူတို့တွင် စိုးရိမ်ပူပန်မှုပေါ်ပေါက်လာသည်။ 
စိုးရိမ် ပူပန်မှုဒဏ်ကို သူတို့သည် 
မခံနိုင်၍ အားကိုးရာမဲ့အခြေ အနေမှ
 လွတ်မြောက်ရန်  ကြံဆောင်ကြသည်။ 

အားကိုးစရာတစ်ခုခုကို ရှာဖွေကြ သည်။ မိမိဥာဏ် ပညာနှင့် ဘ၀အတွေ့အကြုံကိုအသုံးပြုပြီး ပေါ်ပေါက်လာသော အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သောအခါ စိတ်၏အေးချမ်း မှုမခံစား ရသည့် အခြေအနေဖြစ်လာ သည်။ သူတို့၏ မျှော်မှန်းချက်နှင့် လက်တွေ့ဘ၀တို့ကိုက်ညီမှုမရှိသောအခါ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းနှင့် ရင်ဆိုင်ကြရပြီး ထွက်ပေါက် ရှာကြသည်။ 

ထာဝရမဟုတ်သည့်တိုင်အောင် တဒင်္ဂပေးနိုင်သည့် စိတ်ချမ်းသာမှုကို ရှာဖွေကာလာကြသည်။ လောကဒဏ်ကို နေ့စဉ်နှင့် အမျှခံစား လာရသောလူသားများအနေဖြင့် ထွက်ပေါက် လာကြခြင်းဖြစ် သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် လူမှာပြောင်းလဲမှုကြီး ပေါ်ပေါက်လာသော အခါတွင်လည်း ကောင်း၊ မိသားစုညီညွတ်မှုပြိုကွဲသောအခါတွင် လည်းကောင်း၊ အာဏာပိုင်များနှင့်သက်ဆိုင် သော အခက်အခဲ များပေါ်ပေါက်လာသောအခါတွင်လည်းကောင်း၊ အစွန်းရောက် အယူသီးဂိုဏ်း ၀ါဒများပေါ်ပေါက်လာတတ်သည်ဟု သုတေသီများက အကြောင်းပြကြသည်။ 

အစွန်းရောက်အသီးဂိုဏ်းဂဏာဝါဒများတွင် တွေ့ရလေ့ရှိ သည့်သွင်ပြင် လက္ခဏာများ အစွန်းရောက်ခရစ်ယာန်အဖွဲ့အစည်းများသည် ခရစ်တော်အပေါ် ယုံကြည်ချက်သဘော ထားများကို ငြင်းပယ်သောအဖွဲ့ အစည်း များဖြစ်သည်။ သူတို့သည်သာ စစ်မှန်သောခရစ်ယာန်များ ဖြစ်ကြောင်း ကြွေးကြော်ပြီး တဆက်တည်းမှာပင် ခရစ်တော်အပေါ် ယုံကြည် ချက်များကို ငြင်းဆို ကြသည်။ သူတို့သည် စစ်မှန်သောခရစ်ယာန် ယုံကြည်ချက်များအပေါ်တွင် ရပ်တည်နေသည်ဟု ဆိုသည်။ သူတို့သာစစ်မှန်သော ခရစ်ယာန်ပုံစံဖြစ်သည်ဟုကြွေးကြော်ကြသည်။ ယေဘုယျအားဖြင့် အောက်ဖော်ပြပါသွင်ပြင်လက္ခဏာရှိသည့် သွန်သင် မှုအုပ်စုဘာသာ ရေးအဖွဲ့အစည်းများကို အစွန်းရောက်အယူသီး ဂိုဏ်းဝါဒများ ဟုခေါ်ဆိုနိုင်သည်။ 

• ထက်မြက်သောခေါင်းဆောင်မှုရှိခြင်း
 • ကျမ်းစာအပိုရှိခြင်း (သို့) ကျမ်းစာအပြင်ဘက်မှ အခွင့်အာဏာ
 • သမ္မာကျမ်းစာကို အသစ်သောအနက်ဖွင့်ဆိုမှုရှိခြင်း 
• အသစ်သောသမ္မာတရားရှိခြင်း 
• ယေရှုခရစ်တော်ကို ဘုရားသခင်၏ သားတော်အဖြစ် ငြင်းပယ်ခြင်း 
(သို့) မပြည့်အ၀ အသိ အမှတ်မပြုခြင်း။ 
• ဘုရားကတိနှင့်ပတ်သက်၍ ကျမ်းစာပြင်ပမှ သွန်သင်ခြင်း (သုံးပါးတစ်ဆူ) 
• အကျင့်အားဖြင့်ကယ်တင်ခြင်း 
• မှားယွင်းသောပရောဖက် (မိစ္ဆာပရောဖက်) (က) ထက်မြက်သောခေါင်းဆောင်မှုရှိခြင်း ထူးခြားဆန်းကျယ်သော အသစ်သောသွန်သင်မှုများနှင့် ကျင့်သုံး မှုများကို စည်းရုံးလှုံ့ဆော် နေသည့် သက်ရှိခေါင်းဆောင်ရှိသည်။ ခေါင်းဆောင်များက သူတို့တွင် ဘာသာရေးဆိုင်ရာ အမှန် တရားများကို သီးသန့်ပိုင်ဆိုင်
ထားသောကြောင့် သူ၏အမိန့်ကို သစ္စာရှိရှိနှင့် အကြွင်းမဲ့နာခံဖို့ အသင်းသားများအားပြောဆိုသည်။ ဗဟိုဦးစီးစနစ်ကျင့်သုံးပြီး ဦးဆောင်သူများက သူတို့သည် ဘုရား သခင်ထံမှ အကြွင်းမဲ့ စေလွှတ်ခြင်းခံရသော တမန်တော် အဖြစ်ခံ ယူသည်။ 

ထိုကဲ့သို့သူတို့သည် ဘုရားသခင်နှင့် အခွင့် အထူး ဆက်သွယ်မှုရှိသောကြောင့် ဓမ္မအတွေးအခေါ်များကို ခေါင်းဆောင် ကိုယ်တိုင်နှုတ်တိုက် သွန်သင်ပေးရသည်။ တစ်ခါတစ်ရံ ခေါင်းဆောင် သည် သူ့ကိုယ်သူ ဘုရားလိုလိုသွန်သင်တတ်ပြီး ဘုရားသခင် ကိုတွေ့နိုင်ဖို့ ၀င်ပေါက်လမ်းကြောင်းမှာ သူသာဖြစ်ကြောင်း သွန်သင် သည်။ 

 ထို့ကြောင့် ခေါင်းဆောင်သည် မိမိအဖွဲ့အစည်းအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိလာသည်။ ထိုသို့ထက်မြက်သည့် ခေါင်းဆောင်မှုကြောင့် နောက်လိုက်များက ခေါင်းဆောင်အပေါ် လုံးဝမှီခိုယုံကြည်ပြီး အသက်ရှင်ပြုမူနေ ထိုင်ကြသည်။ အသင်းသားများသည်လည်း မိမိတို့ပိုင်ဆိုင် သော ကိုယ်ပိုင်ပစ္စည်းများကို မိမိအသင်းအဖွဲ့အတွက် ပေးလှူပါဝင်ကြသည်။ 

အကျင့်ပျက်သော မကောင်းသည့် ခေါင်းဆောင်များနှင့်
 တွေ့သောအခါ အကျိုးကျေးဇူးမှာ ပျက်စီးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အစွန်းရောက်ခရစ်ယာန်အဖွဲ့အစည်းများသည် ခေါင်းဆောင်ကို အခြေပြု ထားသည်။ ၎င်းတို့သည် ပုဂ္ဂိလိကသဘော၊ အနည်းစုသဘောကို ဆောင်သည်။ သို့သော် ဂိုဏ်းဝင် အရေအတွက်၊ ငွေကြေးနှင့် သြဇာအာဏာ တိုးပွားလာသောအခါ ဘာသာရေးဂိုဏ်း (Relagion) 
တစ်ခုအသွင်သို့ ကူးပြောင်းလာတတ်သည်။ (မောင်ဇလပ်ဖြူ)
(မောင်ဇလပ်ဖြူ)