ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 11, 2015

အခန်းလွတ် ရှိသေးလားးး?

ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စမတ် ပြဇာတ်မှာ ပထမဆုံးပါဝင်သရုပ်ဆောင်တဲ.နေရာ သည် "အခန်းလွတ်မရှိတော.ပါ" ဆိုသည်.နေရာဖြစ်သည်အတွက် ဘာမှ ပြင်ဆင်စရာမရှိပါ။ တခုပြီးတခုပြီးလို. မာရိနှင်.သောသပ် ခဗျာ ဟော်တည်ခန်းမှ ပြန်ထွက်သွားသည်ကို စိတ်မကောင်းခြင်းများစွာဖြင်. ကြည်.ရုံကလွဲပြီး ထိုအချိန်က ဘာမှမခံစားချက်မရှိပဲ ပါဝင်လိုက်ခဲ.ရသည်ကို ပြန်လည်တွေးမိသည်။ ၂၀၁၄ ခရစ်စမတ်ရောက်ဖို. ရက်ပိုင်းပဲလိုတော.ပေမဲ. ယနေ.ခရစ်ယန်တွေ အေးတိ အေးစက်နေနိုင်လွန်းကြသည်ကို အားမလိုအားမရဖြစ်မိသည်။ မယုံကြည်သူတွေပင် ပို၍တက်ကြွပြီး သူတို.အရောင်းသွက်ဖို.Promotion တွေပေး၊ကြော်ငြာတွေပို.၊စာတိုက်မှာ အလုပ်အရှုပ်ဆုံးလဖြစ်သည်။ ကိုယ်.မြန်မာခရစ်ယန်တွေကတော. နှစ်တိုင်း အစား၊သောက်ကောင်းပြင်ဆင် မှုကလွဲရင် ဘာတိုးတက်မှု မှ လုံးဝမရှိ။ တချို.ကတော. ခရစ်စမတ်အမှီ အဝတ်လှလှ၊ဆံပင်ပုံစံသစ်၊ အိမ်သစ်၊ကားသစ်တွေနဲ.ကြိုဆို ပြင်ဆင်ကြလိမ်.မယ်။ ဥရောပကတော. ဒီဇင်ဘာလသည် အငြိမ်းချမ်းဆုံးနေလိုသော ဓလေ.ရှိသော်လည်း မနေ.က ခရူးဆိတ်စစ်ပွဲကို ဆွပေးသော ဘာသာရေး စစ်ပွဲအသွင်ဆောင်သော ခရစ်တော်မွေးဖွါးခြင်းကို ဂျာမဏီနိုင်ငံတွင် အိုးမဲသုတ်မည်. သိုးမည်းတွေရဲ. ချီတက်မှု လူသောင်းချီပြီးပြု လုပ်ခဲ.ကြတယ်။ ပါကိစ္စတန်မှာလည်းမနေ.က အပြစ်မရှိသော ကျောင်းသူ၊သား ၁၄၀ကျော် တာလီဘန်ချက်ဖြင်. အသက်ဆုံးခဲ.ရှာပြီ။ငြိမ်းချမ်းရေးကို ဆန်.ကျင်သော သားရဲ၏ ဖက်တော်သားတွေဖြစ်တယ်။ တနေ.ကလည်း Austalia စားသောက်ဆိုင် တိုက်ခိုက်မှု ကြောင်. ခရစ်စမတ်မျော်လင်.သူတွေ ဘဝဆုံးခဲ.ပြီ။ မိသားစုမှာတွင်ပင်လျှင် ချစ်ခြင်းမရှိတော.သောခေတ်ဖြစ်သည်.နည်းတူ B.William ၃၃နှစ်ဟာ မိန်းမနှင်.သမီး၂ဦးကို သေနတ်ဖြင်. ပစ်သတ်ခြင်းထက်မိုက်သူ ဘယ်သူရှိတော.မည်နည်း။ ချစ်သော ညီအစ်ကိုများအားလုံး...မိမိ၏ စိတ်နှလုံးကို သေချာ စစ်ဆေးပါက အထက်ပါ တခုမဟုတ်တခုမှာ ပါကြမှာပါ။မြောက်များစွာသော လူတွေက ဘာအလုပ်လုပ်မယ်ဆိုတဲ. လောကအရာက မိမိစိတ်နှလုံးအပြည်. နေရာယူ ထားတယ်။ တချို.က မာန်မာနထောင်လွှားခြင်းနှင်. ဇာတိသွေးသက်သေ ငါ.တို.လူမျိုး၊ငါတို.ဂိုဏ်း၊ငါတို.ဓလေ.၊ငါတို.ယဉ်ကျေးမှု က အခန်းပြည်.နေရာယူထားတယ်။ အိမ်ထောင်မိသားစုနှင်.အဖွဲ.စည်းတိုင်းမှာ တယောက်နဲ.တယောက် အပြန်လှန် လေးစားမှုမရှိ၊သားသမီးက မိဘ မရိုသေသလို အသက်ငယ်သောသူက ကိုယ်.ထက်လူကြီးလဲ ကြိုက်သလိုဝေဖန်ပြောဆိုပြီး (Respect each-other) လုံးဝမရှိသော လူနေမှု ပုံစံက လွမ်းမိုးပြီး ငါသိဆုံး၊ငါအတတ်ဆုံးဆိုပြီး တကယ်တမ်း သူဘာမှမသိတာကို သူ.ကိုသူမသိတော.လောက်အောင် စိတ်တွေဖေါက်ပြန် နေကြပြီ။ ခရစ်မတ်ကို နှစ်တိုင်းကျင်းပနေပေမဲ. အချင်းချင်း ချစ်ခြင်း လုံးဝ(လုံးဝ) မရှိ။ခွဲခြားမှု၊၊မုန်းတီးမှု နဲ. နှလုံးသားပိုင်ရှင်များအတွက် ခရစ်စမတ် ကျင်းပခြင်းသည်..."အခန်းလွတ်မရှိပါ" ကယ်တင်ရှင်ကို မောင်းနှင်သော သူများသာဖြစ်ကြောင်း။ ခရစ်တော်(ဘုရား၏သား) ကိုယ်တိုင် ကောင်းကင်ဘုံကို ထားခဲ.ပြီးအသက်စွန်.ခဲ.တယ်။ သိုးထိန်းတွေ သူတို.အသက်မွေးဝမ်းကျောင်းပြုသော သိုး ကိုထားခဲ.တယ်။ မာကု ပညာရှင်များ မူလ လမ်းဟောင်းကို ထားခဲ.ပြီး လမ်းသစ်လိုက်ခဲ.သလိုပဲ မိမိ၌ ဘုရားမကြိုက်မနှစ်သက်သောအရာ အားလုံး ဆုတောင်း ခြင်းဖြင်. ဖယ်ရှားကာ သန်.ရှင်းသောဝိညဉ်တော် မစခြင်းဖြင်. ခရစ်တော်အတွက် နေရာပေးနိုင်သူ များဖြစ်ကြပါစေ။

No comments:

Post a Comment