ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 9, 2015

(-၆၆၆-နောက်ဆုံးသောကာလမှာ)

ဘုရားသခင်ကနောက်ဆုံးသောကာလမှာ-ဖြစ်ပျက်လာမည့် 
အရာမှန် သမျှကို သူ၏ သမ္မာကျမ်းစာထဲတွင် အ ပြည်စုံစုံ ထည့်သွင်း ထားပြီးဖြစ် သည်။ ချစ်သော ယုံကြည်သူ ဓမ္မမိတ်ဆွေများ သိရှိထားပြီး ဖြစ်လိမ့်မည် ဟုထင်ပါသည်။ အရင်က- မကိန်းဂဏန်း များဖြစ်သော- ၃၃၃ သုံးသုံး လုံး၊ ၅၅၅သုံးလုံး၊ ၉၉၉ကိုးသုံးလုံး များပေါ်ထွန်း ခဲ့ပြီးပါပြီ။ 

အခုပေါ် လာတာက ကိန်းဂဏန်း တွေထဲမှာ- "စုံကိန်း" (သို့) စုံဂဏန်း
 "666 ဖြစ်နေတာ သတိပြု နိုင်ကြပါစေ။ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းစဉ်က- (၆)ရက် လုံးလုံး ဖန်ဆင်းခဲ့ပြီး။ (၇)ရက်နေ့မှာ ဘုရား သခင်က လုပ်ငန်းပြီးမြောက်ပြီး အနားယူ တယ်လို့ပါသည်။ ထို့ကြောင့် နံပါတ်(၆)သည် လူ၏ပြည့်စုံခြင်းဖြစ်ပြီး။ (၇)သည် ဘုရား၏ ပြည့် စုံခြင်း ဖြစ်ကြောင်း နားလည်ရမည်။ အချို့သော သာမန် ခရစ်ယာန်များ၊ အမည်ခံ ဘာသာဝင် များသည် ခွဲခွဲခြားခြား သိရှိနိုင်ရန် ခက်ခဲမည်ဖြစ် သည်။ သို့ဖြစ်၍ စာရေးသူမှ ကျမ်းစာ အထောက် အထား အချို့ဖြင့် အနည်း ငယ်ရှင်းပြ ချင်ပါသည်။ 

၆၆၆ တံဆိပ်တုံးက ဘာအတွက်လည်း၊ ဘယ်နေရာမှာ မျိုးမှာသုံးမလဲ၊ ဘယ်သူတွေ ဦးဆောင် မည်နည်း၊ ဘာအကျိုး ပေးသနည်း၊ ဘယ်နိုင်ငံမှာ စမည်နည်း- တံဆိပ် အထု မခံရင် ဘာဖြစ်မည်၊ အထုခံရင် ဘာဖြစ်မည် စသဖြင့်- စာရှူ သူများ ထံမှ မေးခွန်း ပေါင်း များစွာ မေးစရာ ရှိပါလိမ့်မည်။ အရင် တစ်ခါက နဲနဲရှင်းြ့ပသလို မိတ်ဆွေတွေ ရေးတဲ့ ဟာလဲ ရှယ် လုပ်ပေးခြင်းဖြင့် အသိပေးဖူးပြီ။ ၆၆၆ ခြောက်သုံးလုံး နံပါတ်ကိုခွေး၊ တိစ္ဆာန်တွေ၏ ကိုယ်တွင်း ထဲမှာ၊ အထိန်းစက် ကရိယာ တပ်ဆင်ပေး ခြင်းဖြင့် သုံးတာပါ။ မိမိ ပိုင်ဆိုင်သော တိရိစ္ဆာန် ပျောက်ဆုံး ပါက 
Internet Scan ဖတ်ခြင်းဖြင့် လွယ်ကူစွာ ပြန်တွေ့ ရတာကို အခြေခံပြီး။ 

အခုမှာကား- မိမိ နိုင်ငံသား၊ မိမိ၏ လူမျိုး ခရီး သွားလို့ ပျောက်ဆုံးရင်၊ တိုင်း တစ်ပါးမှာ အဖမ်း ခံရင်၊ အသတ်ခံရင်၊ အိမ်ပြန် မလာရင်- ဒီနံပါတ် ၆၆၆ ဖြင့် ရှာဖွေ ရတော့မှာ ဖြစ်တယ်။ ဆန်စေ့ လုံးလေး ခန့်သာ ရှိတဲ့ အပြား သေးသေး လေးကို လူ၏ အသား ထဲမှာ sms ကင်္ဒပြားလေး ဖုန်းထဲ ထည့်သည့် အလား ပြုလုပ် တပ်ဆင် တော့မှာ ဖြစ်တယ်။ 
ဘယ်လို လူမျိုး ပုဂ္ဂိုလ် တွေက စမလဲ၊ ဘယ် ဘာသာဝင်လဲ -
 ခရစ်ယာန် ထိပ်တန်း ခေါင်းဆောင် တွေ စမှာပါ။ ပုပ်ရဟန်း မင်းကြီးနဲ့ လက်ရှိ အမေရိကန် သမ္မတက အခုတလော-၆၆၆နဲ. အထူး အောင်မြင် နိုင်ရေး အတွက် စည်းလုံး နေပြီ ဖြစ်ပါသည်။ 

၆၆၆ သည်လူ၏ အရေအတွက် ဖြစ်ကြောင်း၊ သားရဲ ၏တံဆိပ် လက်မှတ်၊ ခရစ်တော် ဘုရားကို ပုန်ကန် လာမည့်သူ၏ တံဆိပ်တုံး၊ Anti- Christ၏ အမှတ် လက္ခာ ဖြစ်ကြောင်းကို Rev.13:18 တွင်ဖော် ပြထားသည်။ ဤတံဆိပ် တုံးကြီးကို ဘယ်သူတွေပေါ် ထုမည် နည်း? Rev.13:16-17> ငွေရ တတ်သော သူအပေါ်၌၎င်း၊ ဆင်းရဲသောသူ၊ 
ကျွန်ခံရသောသူ အပေါ်၌၎င်း၊ လွတ်သောသူ၊ အကြီးအငယ် 
ရှိသမျှတို့ အပေါ်၌၎င်း၊ လူ၏ လကျာ် လက်၌ ဖြစ်စေ၊ လူ၏
 နဖူးပြင် ပေါ်၌ဖြစ်စေ ထိုတံဆိပ် လက်မှတ် ခံစေခြင်းငှာ 
စီရင်ကြမည့် အကြောင်း တိကျ ပြတ်သားစွာ ဘုရားသခင်က 
မိမိ၏သမ္မာ ကျမ်းစာ ထဲတွေ ကြိုတင် သတိပေး ထားပြီး ဖြစ်သည်။ 

ထိုတံဆိပ် လက်မှတ် လက်မခံ သောသူ မည်သူမဆို ကုန်ရောင်း ဝယ်ခွင့် မရှိ၊ ခရီးသွား လာခွင့် မရှိ၊ ဘာဆို ဘာမှ လုပ်ကိုင်ခွင့် မရှိအောင် ပိတ်ပင် တားမည့် အကြောင်း ဖော်ပြ ထားသည်။ Rev.14:9=> ထို ၆၆၆ တံဆိပ် လက်မှတ် လက်ခံသော သူသည်၊ ရုပ်တု ဆင်းတုကို ကိုးကွယ် သောသူ ဖြစ် သောကြောင့်၊ ဘုရားသခင်ကို ဆန့်ကျင် ဖက်ပြုသော သူများ၏ 
အပေါင်း အသင်းဝင် ဖြစ်သောကြောင့်၊ ဘုရား သခင်၏ အမျက်ဒေါသ ဖလားကို သောက်ရမည့် အကြောင်း သတိပေး ထားပါသည်။ 
Rev.20:4=> ထိုတံဆိပ် ၆၆၆ကို လက်မခံ သူများ၊ ရုပ်တု ဆင်းတု၊ ရုပ်ဖွားတော်ပုံ များ၏ ရှေ့၌ ဝတ်မပြု သူများ၊ ဦးမချ သူများအား- လည်ပင်းဖြတ် သတ်ဖြတ်မည့် အကြောင်း ဖော်ပြပါသည်။ 

ဤကဲ့သို့ ဆိုးဝါးသော ဘေးဒဏ်ကြီး ချဉ်းကပ်လာ ခါနီးတွင် (သို့)
 ၆၆၆နံပါတ် တံဆိပ်တုံး လူများ၏ နဖူးပေါ်တွင် တံဆိပ်တုံး မရိုက် သွင်းမှီ- မြေပင်လယ် တို့ကို မငြင်း ဆဲပါနဲ့ ဟု ၎င်းကြီးသော အသံဖြင့် လူသားများက ကြွေးကြော် လာမည့် အကြောင်း ဖော်ပြ ထားသည်။ Rev.7:3။ ထိုတံဆိပ် လက်မှတ် (666)ကို လက်ခံသော သူများ၊ သားရဲနဲ့ သူ၏ ရုပ်တုများ အားလက်ခံ ကိုးကွယ် သူများ အပေါ်၌ -နေ့ညဥ့်မပြတ် သက်သာ မရကြ ဟုကြီးသော အသံနဲ့ဘုရား သခင် ၏ကောင်းကင် တမန်က ကြွေးကြော်လေ။ Rev.14:11။ ယုံကြည်သူ တိုင်း ဆင်ခြင် နှလုံးသွင်းပြီး သားရဲ၏ တံဆိပ် လက်မှတ်၊ ရုပ်တု ကိုးကွယ် ရန်မြူဆွယ် ဖျားယောင်းခြင်း ဘေး အန္တာရာယ် လက်ထဲမှ အစဉ်အမြဲ လွတ်မြောက် နိုင်ကြပါစေ။

No comments:

Post a Comment