ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 24, 2015

မိမိယုံကြည်ခြင်းကြောင်.၊ ခရစ်ယန်များ အသတ်ခံနေ။


-20th မှ 21st ရာစုအတွင်း သန်းပေါင်း(200) ကျော်သော 
နိုင်ငံပေါင်း(105 ~190)မှယုံကြည်သူများ သည်နေ.စဉ် ခြိမ်းချောက်ခံရပြီး(၅)မိနစ်လျှင် တစ်ဦးနေ.စဉ်အသတ်ခံနေရသည်။ ထိုအထဲတွင် ကိုယ်မပါသေးဘူး၊ 
ဘုရားဘုန်းတော်အတွက် ကိုယ်.အလှည်.ရောက်
မလာနိုင်ဘူးလို.လဲ ပြောလို.မရဘူး။ဘုရားသခင်.
အကြံစည်တော်ထဲမှာ
သက်ဝင်လှုပ်ရှားရင်း အလိုတော်ကို
ဝန်ခံနိုင်ကြပါစေ။(အာမင်း) 

ခရစ်ယန်သတင်းတခုဖေါ်ပြချက်အရ ထိပ်ဆုံး၁၀နိုင်ငံစာရင်းကို အောက်ပါ အတိုင်းတွေ.ရသည်။ မြောက်ကိုးရီးယားတွင်ယုံကြည်သူ ၁၀၀ လျှင် 
၉၂ ဦးသည် ခြိမ်းချောက်ခြင်း၊သတ်ဖြတ်ခံနေရသည် ဟုသိရသည်။ထိုသူတို.အတွက် ဆုတောင်းပေးကြရအောင်။ 
1)North Korea─ score 92/100 2)Somalia ─ score 90/100 3)
Iraq─ score 86/100 4)Syria─ score 83/100 5)
Afghanistan─ score 81/100 6)Sudan─ score 80/100 7)
Iran─ score 80/100 8)Pakistan─ score 79/100 9)
Eritrea─ score 79/100 10)Nigeria─ score 78/100 (ကိုယ်ခန္ဒာကိုသာသတ်၍ စိတ်ဝိညဉ်ကို မသတ်နိုင်သော သူတို.ကို မကြောက်ကြနှင်.။ကိုယ်ခန္ဒာနှင်. စိတ်ဝိညဉ်တို.ကို ငရဲ၌ဖျက်စီးနိုင်သော သူကိုသာ၍ကြောက်ကြလော.။ရှင်မာသဲ-၁၀း၂၈)

September 12, 2015

( လောက၌-ချစ်ခြင်းမေတ္တာ ရှိပါအုံးမလား--)


ဘုရားအကြံစည် လူတွေ မသိနိုင်ဘုးး။ ဘုရားသခင် လုပ်လိုက်ရင် အရမ်းလှတာပဲ...(အာမင်း) ကမ္ဘာမှာ ဟိုးလေး တကြော် နာမည်ကြီး သွားသည်. ၃နှစ် အရွယ် ကလေးလေး တယောက် ပင်လယ်ကယ် ၌ တွေ.ရသည်. အလောင်း သည် သန်းချီသော Fb သမား များ၏ ရင်ကို စုတ် တသပ်သပ် ဖြစ်စေကာ အကြင်နာ တရားဖြာ စေခဲ. ပါသည်။ (4.09.2015) ISIS တိုက်ခိုက် မှုကြောင်. Germany သို. ထောင်ချီသည်. Syria ပြည်သူ များသည် ဒုက္ခသယ် အဖြစ် ထွက်ပြေး တိမ်းရှောင်ရင်း -၁၂ ဦး ရေမြုပ်ခဲ.ရာ ငါးဦးသည် ကလေး ငယ်များ ဖြစ်ကြောင်း သိရသည်။ မြင်ရသည်.ကလေးသည် ၃နှစ်သာ ရှိသေးသည် ဟု သိရသည်။ ရာချီသော မူဆလင် များသည် ခရစ်တော်ကို၊ ယုံကြည် လက်ခံကာ နှစ်ခြင်း ခံနေကြပြီ။(ဟာလေ လုယား) ရာမ၊၈း၂၈၊ ဘုရားသခင်ကို ချစ်သော သူတည်း ဟူသော ကြံစည်တော် မူခြင်း အတိုင်း ခေါ်တော် မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာ တို့သည် တညီ တညွတ် တည်း ပြုစုကြ သည်ကိုငါတို့ သိကြ၏။ ( ယေရမိ၊၂၉း၁၁၊) ငါသည် သင်တို့ကို အကျိုး နည်းစေခြင်းငှါ၊ ကြံစည်သော အကြံ မဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည် အကြောင်း၊ ငြိမ်ဝပ် စေခြင်းငှါ သာ၊ သင်တို့အဘို့ ကြံစည်သောအကြံ တို့ကို ငါသိ၏။ (ဘုရားနှင်. သဏ္ဍန်တူ ဖန်ရှင်း ထားသော လူသား အချင်း ချင်း မေတ္တာ ခေါင်းပါးကာ သတ်ဖြတ် နေခြင်း သည် ဖန်ဆင်း ရှင် ဘယ်လောက် စိတ်နာ မလဲ ဆိုတာ တွေးပြီး စိတ်မ ကောင်း ဖြစ် မိတယ်။သို.သော် သမ္မာ ကျမ်းစာ ပြည်.စုံ လာခြင်း မဟုတ် ပါလားး။ -ထိုအမှု အရာ တို့သည် ဒုက္ခ ဆင်းရဲခြင်း ၏ အစ အဦး ဖြစ်သတည်း။ ထိုကာလ၌ လူအများ တို့သည် သင်တို့ကို ညှင်းဆဲခြင်း၊ အသေသတ်ခြင်း ကို ခံစေခြင်းငှါ အပ်နှံကြ လိမ့်မည်။ ငါ၏ နာမကြောင့် လည်း ခပ်သိမ်း သော လူမျိုးတို့သည် သင်တို့ကို မုန်းကြ လိမ့်မည်။ထို ကာလ၌ အများသော သူတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်၍၊ အချင်း ချင်း တ ယောက်ကို တယောက် အပ်ကြလိမ့်မည်။ အချင်းချင်း မုန်းကြ လိမ့်မည်။ မတရားသော အမှု တို့သည် များပြားသဖြင့် အများသော သူတို့၏ ချစ်ခြင်း မေတ္တာသည် ခေါင်းပါး လိမ့်မည်။ (မာသဲ-၂၄း၈-၁၄၊)

မစိုးရိမ်နှင့် ငါသည် မစမည်၊(ဟေ-၄၁း၁၃)


သင်၏ ဘုရား သခင် ထာဝရ ဘုရားက မစိုးရိမ်နှင့်။ ငါ မစမည်ဟု သင့်အား ဆိုလျက်၊ သင်၏ လက်ျာ လက်ကို ကိုင်မည်။ (ဟေရှာ ၄၁း၁၃) ကျွန်မ၏ မိဘများနှင့် အတူ မိသားစု လိုက် ခရီး မထွက် ဖြစ် တာ့သည့် နောက်ပိုင်း တွင် ကျွန်မနှင့် မိုင်ရာပေါင်း များစွာ ဝေးသည့် နေရာ၌ နေထိုင်သူ အဘိုး အဘွားများ ရှိရာသို့ မရောက် သလောက် ဖြစ်သွား ခဲ့သည်။ သို့နှင့် တစ်နှစ်တွင် ၀စ်ကွန်စင် ရှိ လန်းဒ်အို လိပ်ခ်မြို့.လေး ရှိ အဘိုး အဘွား များထံသို့ ရက်ရှည် သွားရောက် လည်ပတ် ရန် ဆုံးဖြတ် ခဲ့သည်။ အပြန် ခရီးတွင် အဘွားက လေဆိပ်သို့ လိုက်ပို့သည်။ သူက လေယာဉ်တစ်ခါမှ မစီးဖူး သဖြင့် သူ၏ စိုးရိမ် စိတ်ကို ကျွန်မအား စတင် .ပြောပြသည်။ ‘‘မြေးစီး သွားမယ့် လေယာဉ်က သေးသေး လေးပဲ။ … လေထဲမှာ မြေးကို ကိုင်ဆွဲ ထားတဲ့ အရာ ဘာတစ်ခုမှ မရှိဘူး မဟုတ်လား… အဲဒီလောက် အမြင့်ကို သွားဖို့တော့ ဘွားက သိပ်ကြောက် တာပဲ” ဟု ပြော ခဲ့သည်။ တကယ်တမ်း ကျွန်မ လေယာဉ်ပေါ် ရောက်ချိန် တွင် ပထမဆုံး အကြိမ် လေယာဉ် စီးရ သကဲ့သို့ ကြောက်နေ မိသည်။ ‘‘ဒီလေ ယာဉ်ကို ဘယ်အရာက အသေအချာ ဆွဲကိုင်ထား တာလဲ’’။ အကြောင်းမဲ့ ကြောက်ရွံ. ခြင်းဖြစ်စေ သည်. ၊ ကြောက် သင့်သော ကြောက်ရွံ. ခြင်းဖြစ်စေ၊ ၎င်းကို ကျွန်ုပ်တို့ ကြောက်လန့် စရာ အကြောင်း မရှိပါ။ ပြည်သူ လူထုကြား ဒါဝိဒ်၏ ရေပန်း စားကျော် ကြားမှု ကို မနာလို ဖြစ်ကာ ရှောလုမင်းက ဒါဝိဒ်ကို မရပ် မနား သဲသဲ မဲမဲ လိုက်ဖမ်း နေသည်။ ရှောလုမင်းကို ကြောက်ရွံ. သောကြောင့် ဒါဝိဒ်သည် ၀ရမ်းပြေး အဖြစ် ရှင်သန် နေရသည်။ ဒါဝိဒ်သည် သူနှင့် ဘုရား သခင်၏ မိတ်ဖွဲ့ ရင်းနှီး မှုတစ်ခု တည်းမှသာ စိတ်အေး ချမ်းလျက် သက်သာ နှစ်သိမ့်မှု ကို ရရှိခဲ့သည်။ ဆာလံ ၃၄ တွင် ဒါဝိဒ်က ` ငါသည် ထာဝရ ဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက် ဖွယ်သော အကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော် မူ၏´ ရေးသား ခဲ့သည် (း၎)။ .ကောင်ကင် ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏ အဖသည် ဉာဏ်ပညာ အလုံးစုံနှင့် ပြည့်ဝပြီး ချစ်ခြင်း အလုံးစုံနှင့် စုံလင် တော်မူ၏။ ကျွန်ုပ်တို့ကို ကြောက်စိတ်များ စတင် လွှမ်းမိုးလာပါက ခေတ္တမျှ ငြိမ်ဝပ်လျက် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ကို အမြဲ ကိုင်ဆွဲ ထားမည် ဖြစ်ကြောင်းကို သတိရ အောက်မေ့ရန် လိုပါသည်။

(ခွန်အားရသော နောက်ဆုံးသောကလ၏တရားဟောချက်များ)

                                                       

                    
    

September 9, 2015

(-၆၆၆-နောက်ဆုံးသောကာလမှာ)

ဘုရားသခင်ကနောက်ဆုံးသောကာလမှာ-ဖြစ်ပျက်လာမည့် 
အရာမှန် သမျှကို သူ၏ သမ္မာကျမ်းစာထဲတွင် အ ပြည်စုံစုံ ထည့်သွင်း ထားပြီးဖြစ် သည်။ ချစ်သော ယုံကြည်သူ ဓမ္မမိတ်ဆွေများ သိရှိထားပြီး ဖြစ်လိမ့်မည် ဟုထင်ပါသည်။ အရင်က- မကိန်းဂဏန်း များဖြစ်သော- ၃၃၃ သုံးသုံး လုံး၊ ၅၅၅သုံးလုံး၊ ၉၉၉ကိုးသုံးလုံး များပေါ်ထွန်း ခဲ့ပြီးပါပြီ။ 

အခုပေါ် လာတာက ကိန်းဂဏန်း တွေထဲမှာ- "စုံကိန်း" (သို့) စုံဂဏန်း
 "666 ဖြစ်နေတာ သတိပြု နိုင်ကြပါစေ။ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းစဉ်က- (၆)ရက် လုံးလုံး ဖန်ဆင်းခဲ့ပြီး။ (၇)ရက်နေ့မှာ ဘုရား သခင်က လုပ်ငန်းပြီးမြောက်ပြီး အနားယူ တယ်လို့ပါသည်။ ထို့ကြောင့် နံပါတ်(၆)သည် လူ၏ပြည့်စုံခြင်းဖြစ်ပြီး။ (၇)သည် ဘုရား၏ ပြည့် စုံခြင်း ဖြစ်ကြောင်း နားလည်ရမည်။ အချို့သော သာမန် ခရစ်ယာန်များ၊ အမည်ခံ ဘာသာဝင် များသည် ခွဲခွဲခြားခြား သိရှိနိုင်ရန် ခက်ခဲမည်ဖြစ် သည်။ သို့ဖြစ်၍ စာရေးသူမှ ကျမ်းစာ အထောက် အထား အချို့ဖြင့် အနည်း ငယ်ရှင်းပြ ချင်ပါသည်။ 

၆၆၆ တံဆိပ်တုံးက ဘာအတွက်လည်း၊ ဘယ်နေရာမှာ မျိုးမှာသုံးမလဲ၊ ဘယ်သူတွေ ဦးဆောင် မည်နည်း၊ ဘာအကျိုး ပေးသနည်း၊ ဘယ်နိုင်ငံမှာ စမည်နည်း- တံဆိပ် အထု မခံရင် ဘာဖြစ်မည်၊ အထုခံရင် ဘာဖြစ်မည် စသဖြင့်- စာရှူ သူများ ထံမှ မေးခွန်း ပေါင်း များစွာ မေးစရာ ရှိပါလိမ့်မည်။ အရင် တစ်ခါက နဲနဲရှင်းြ့ပသလို မိတ်ဆွေတွေ ရေးတဲ့ ဟာလဲ ရှယ် လုပ်ပေးခြင်းဖြင့် အသိပေးဖူးပြီ။ ၆၆၆ ခြောက်သုံးလုံး နံပါတ်ကိုခွေး၊ တိစ္ဆာန်တွေ၏ ကိုယ်တွင်း ထဲမှာ၊ အထိန်းစက် ကရိယာ တပ်ဆင်ပေး ခြင်းဖြင့် သုံးတာပါ။ မိမိ ပိုင်ဆိုင်သော တိရိစ္ဆာန် ပျောက်ဆုံး ပါက 
Internet Scan ဖတ်ခြင်းဖြင့် လွယ်ကူစွာ ပြန်တွေ့ ရတာကို အခြေခံပြီး။ 

အခုမှာကား- မိမိ နိုင်ငံသား၊ မိမိ၏ လူမျိုး ခရီး သွားလို့ ပျောက်ဆုံးရင်၊ တိုင်း တစ်ပါးမှာ အဖမ်း ခံရင်၊ အသတ်ခံရင်၊ အိမ်ပြန် မလာရင်- ဒီနံပါတ် ၆၆၆ ဖြင့် ရှာဖွေ ရတော့မှာ ဖြစ်တယ်။ ဆန်စေ့ လုံးလေး ခန့်သာ ရှိတဲ့ အပြား သေးသေး လေးကို လူ၏ အသား ထဲမှာ sms ကင်္ဒပြားလေး ဖုန်းထဲ ထည့်သည့် အလား ပြုလုပ် တပ်ဆင် တော့မှာ ဖြစ်တယ်။ 
ဘယ်လို လူမျိုး ပုဂ္ဂိုလ် တွေက စမလဲ၊ ဘယ် ဘာသာဝင်လဲ -
 ခရစ်ယာန် ထိပ်တန်း ခေါင်းဆောင် တွေ စမှာပါ။ ပုပ်ရဟန်း မင်းကြီးနဲ့ လက်ရှိ အမေရိကန် သမ္မတက အခုတလော-၆၆၆နဲ. အထူး အောင်မြင် နိုင်ရေး အတွက် စည်းလုံး နေပြီ ဖြစ်ပါသည်။ 

၆၆၆ သည်လူ၏ အရေအတွက် ဖြစ်ကြောင်း၊ သားရဲ ၏တံဆိပ် လက်မှတ်၊ ခရစ်တော် ဘုရားကို ပုန်ကန် လာမည့်သူ၏ တံဆိပ်တုံး၊ Anti- Christ၏ အမှတ် လက္ခာ ဖြစ်ကြောင်းကို Rev.13:18 တွင်ဖော် ပြထားသည်။ ဤတံဆိပ် တုံးကြီးကို ဘယ်သူတွေပေါ် ထုမည် နည်း? Rev.13:16-17> ငွေရ တတ်သော သူအပေါ်၌၎င်း၊ ဆင်းရဲသောသူ၊ 
ကျွန်ခံရသောသူ အပေါ်၌၎င်း၊ လွတ်သောသူ၊ အကြီးအငယ် 
ရှိသမျှတို့ အပေါ်၌၎င်း၊ လူ၏ လကျာ် လက်၌ ဖြစ်စေ၊ လူ၏
 နဖူးပြင် ပေါ်၌ဖြစ်စေ ထိုတံဆိပ် လက်မှတ် ခံစေခြင်းငှာ 
စီရင်ကြမည့် အကြောင်း တိကျ ပြတ်သားစွာ ဘုရားသခင်က 
မိမိ၏သမ္မာ ကျမ်းစာ ထဲတွေ ကြိုတင် သတိပေး ထားပြီး ဖြစ်သည်။ 

ထိုတံဆိပ် လက်မှတ် လက်မခံ သောသူ မည်သူမဆို ကုန်ရောင်း ဝယ်ခွင့် မရှိ၊ ခရီးသွား လာခွင့် မရှိ၊ ဘာဆို ဘာမှ လုပ်ကိုင်ခွင့် မရှိအောင် ပိတ်ပင် တားမည့် အကြောင်း ဖော်ပြ ထားသည်။ Rev.14:9=> ထို ၆၆၆ တံဆိပ် လက်မှတ် လက်ခံသော သူသည်၊ ရုပ်တု ဆင်းတုကို ကိုးကွယ် သောသူ ဖြစ် သောကြောင့်၊ ဘုရားသခင်ကို ဆန့်ကျင် ဖက်ပြုသော သူများ၏ 
အပေါင်း အသင်းဝင် ဖြစ်သောကြောင့်၊ ဘုရား သခင်၏ အမျက်ဒေါသ ဖလားကို သောက်ရမည့် အကြောင်း သတိပေး ထားပါသည်။ 
Rev.20:4=> ထိုတံဆိပ် ၆၆၆ကို လက်မခံ သူများ၊ ရုပ်တု ဆင်းတု၊ ရုပ်ဖွားတော်ပုံ များ၏ ရှေ့၌ ဝတ်မပြု သူများ၊ ဦးမချ သူများအား- လည်ပင်းဖြတ် သတ်ဖြတ်မည့် အကြောင်း ဖော်ပြပါသည်။ 

ဤကဲ့သို့ ဆိုးဝါးသော ဘေးဒဏ်ကြီး ချဉ်းကပ်လာ ခါနီးတွင် (သို့)
 ၆၆၆နံပါတ် တံဆိပ်တုံး လူများ၏ နဖူးပေါ်တွင် တံဆိပ်တုံး မရိုက် သွင်းမှီ- မြေပင်လယ် တို့ကို မငြင်း ဆဲပါနဲ့ ဟု ၎င်းကြီးသော အသံဖြင့် လူသားများက ကြွေးကြော် လာမည့် အကြောင်း ဖော်ပြ ထားသည်။ Rev.7:3။ ထိုတံဆိပ် လက်မှတ် (666)ကို လက်ခံသော သူများ၊ သားရဲနဲ့ သူ၏ ရုပ်တုများ အားလက်ခံ ကိုးကွယ် သူများ အပေါ်၌ -နေ့ညဥ့်မပြတ် သက်သာ မရကြ ဟုကြီးသော အသံနဲ့ဘုရား သခင် ၏ကောင်းကင် တမန်က ကြွေးကြော်လေ။ Rev.14:11။ ယုံကြည်သူ တိုင်း ဆင်ခြင် နှလုံးသွင်းပြီး သားရဲ၏ တံဆိပ် လက်မှတ်၊ ရုပ်တု ကိုးကွယ် ရန်မြူဆွယ် ဖျားယောင်းခြင်း ဘေး အန္တာရာယ် လက်ထဲမှ အစဉ်အမြဲ လွတ်မြောက် နိုင်ကြပါစေ။

September 7, 2015

( သန်.ရှင်းသောဝိညာဉ်တော် တံဆိပ်ခတ်ခြင်းရည်ရွယ်ချက် )

ဤအရာကိုသဘောပေါက်ပါက ခရစ်တော်ကို 
လက်ခံရရှိထားသော သင်သည် ငါ-ဘယ်သူလဲဆိုတာ စိတ်ချယုံကြည်မှုရှိနိုင်ပါစေ(အာမင်း)

(1)A finished transaction(ပြီးစီးသောလုပ်ဆောင်ပေးမှု) 
စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ ကို ခေါ်၍ ငွေကိုချိန်ခွင်နှင့် ချိန်ပေး၏။Jer-32:10 -အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ် ဆောင်ရွက်စရာဘို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။John:17:4 -ယေရှုသည် 
ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော် ကိုစွန့်တော်မူ၏(John:19:30) 

(2)Ownership (ပိုင်ဆိုင်မှု ) -ဓမ္မသတ်ထုံးစံအတိုင်းတံဆိပ်ခတ်သောစာချုပ်တစောင်နှင့်
 ဖွင့်ထားသော လက်ခံတစောင်ကိုယူ၍၊(Jer:32:12) 
-သခင်ဘုရားသည် မိမိလူတို့ကိုသိကျွမ်းတော်မူ၏ ဟူ၍၎င်း၊ သခင်ဘုရား၏နာမတော်ကိုဝန်ခံသောသူမည်သည်ကား၊ 
မတရားသော အမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏(2Tim:2:19) 

 (3)Security (လုံခြုံ စိတ်ချမှု ) -Esth:8:8-သို့ရာတွင် ရှင်ဘုရင်လက်စွပ် နှင့်တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာ ကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့်တော်စာကို တဖန်ရေး၍၊ လက်စွပ်တော် နှင့် တံဆိပ် ခတ်ရမည်ဟု မိဖုးရာဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏ - ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကိုပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့စေခြင်းငှါ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့ တံဆိပ်ကို ခတ်တော်မူ၏။(Dan:6:17) - ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသောဘုရား သခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်။(Eph:4:30)

September 3, 2015

!!......နောက်ဆုံးသောကာ၌လူ.အသိပညာတိုးပွါးလာမည်......!!


ကားကို(German Karl Benz-1885)လေယဉ်ကို Wrightညီအကို
(1903) လောက်မှစတင်ပြီး တည်ထောင်ခဲ.သည်။
လွန်ခဲ.သောနှစ် ၁၅၀ ကျော်က အမြန်ဆုံး လူသုံးယဉ်သည် မြင်းလှည်းဖြင်.သာ ခရီး သွားကြသည်ကိုသိရသည်။
သို.သော် ယနေ.သိပ္ပံ ပညာတိုးတက်သော IT ခေတ်တွင်
လူ.အသိပညာ အလွန်အမင်းတိုးတက်လာသည်.အတွက်
အာကာသ -လကမ္ဘာသို. ယခင်က၁၉၆၉ခုနှစ် မေလ၂၆ နေ. ၂ရက် ခွဲဖြင်.သွားခဲ.သောခရီးကို(၈နာရီ၃၅မိနစ်) သာကြာပါတော.သည်။

အကယ်၍သာ လူ.နှလုံးက ခံနိုင်ရည်ရှိမည်ဆိုပါက
သည်.ထက်များစွာ အမြန်နှုန်း ဖြင်.သွားနိုင်သော ယဉ်ကို
တီထွင်နိုင်မည်ဟု သိရသည်။လူ.အသိပညာ အံ.မခန်း တိုးတက် လာခြင်းသည် ဘုရားသခင် ဥာဏ်ပညာပေးခြင်း ကြောင်.သာဖြစ်ပြီးကောင်း ကျိုးများစွာရှိသော်လည်းနောက်ဆုံးသောကာလသို. ဦးတည်နေသည်.လက္ခဏာSign ပြည်.စုံလာခြင်း ဖြစ်ကြောင်းယုံကြည်သူများသတိထားသင်.ပေသည်။

-အာမုတ်၊၈း၁၁ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသော
 ကာလ ရောက် လိမ့်မည်။အစာခေါင်း ပါး၍မွတ်သိပ်ခြင်း ဘေးမဟုတ်၊ရေငတ်ခြင်းဘေးလည်း မဟုတ်၊ထာဝရဘုရား၏အမိန့်တော်ကိုမကြားရသော မွတ်သိပ်ခြင်းဘေးခြင်းဘေးဖြစ်လိမ့်မည်။လူတို့သည်
ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ပင်လယ် တပါးမှသည်ပင်လယ်တပါး တိုင်အောင်လှည့်လည် ၍၊
တာင်မြောက်ပြေး သွားသော်လည်း မတွေ့ရကြ။ -ဒံယေလ၊၁၂း၎၊အမှုကုန်ရသည်ကာလတိုင်အောင်၊
ဤစကားတော်တို့ ကို ပိတ်၍ စာစောင်ကို တံဆိပ် ခတ်ထားလော့။ အများသောသူတို့သည် ထိုစာ ကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွါးလိမ့်မည် ဟု ပြောဆို၏။

September 2, 2015

(ယုံချင်ယုံ မယုံချင်နေ- သူ.Timing ကာလစေ.သောအခါကြွလာမည်)

များစွာသောသူများ ခရစ်တော်(ပ)ကြိမ်ကြွ လာမည်.Timing ကို မသိကြ၊မယုံကြည်ကြ၊ သတိမထားကြ၊စိတ်မဝင်စားကြပါ။ ဖါရိရှဲနှင်.ခရစ်တော်နောက်လိုက်(၁၂)ပါးအပါဝင် ကျမ်းအလွန်တတ်သူများအားလုံးမထင်မှတ်ခဲ.ကြပါ။ သိုသော် သူတို.မယုံကြည်၊လက်မခံလို.ခရစ်တော် မကြွလာပဲမနေပါ၊ကာလအချိန်စေ.သောအခါ ကြွလာခဲ.သည်။ ထိုအထဲတွင်(၄)အုပ်စုကသာ သတိထားပြီးစောင်. .မျော်ကြပါသည်။ (၁)သိုးထိန်းများ-(ယနေ.သိုးထိန်းဖြစ်သည်.သင်းအုပ် များလည်း ဝိညဉ်နားမျက်စိဖွင်.ကာ ခရစ်တော်ကြွ လာခြင်းကိုသတိထားသင်.ပါပြီ) (၂)ဒံယေလ ကဲ.သို.ဘုရားဖွင်.ပြသူများ၊ (၃)Simeon ကဲ.သို.ပရောဖက်များ၊ (၄)Anna ကဲ.သို.သော ပရောဖက်မများသာသိရှိ နိုင်ကြသည်။ထိုနည်းတူ မြောက်များစွာသောယနေ.ခရစ်ယန် များသည်လည်း ကောင်းကင်နိုင်ငံအကြောင်းလုံးဝ စိတ်မဝင်စား၊ငရဲလည်းအယုံကြည်မရှိ၊ခရစ်တော် ပြန် လည်ကြွလာခြင်းအတွက် ရင်မခုန်၊ဂရုမစိုက်၊ စိတ်မ ဝင်စား၊သတိမထားသည်သာမက-ယေရှုခရစ်တော် သူလာသည်.အချိန်လာပါစေ၊ ငါတို. အစဉ်သင်.ဖြစ် ဖို.ပါပဲ-လို.သာ လစ်လျှူရှု ပြောတတ်ကြတယ်။ (ထိုသူတော.ကျန်ခဲ.ဖို.သေချာတယ်) ကျွန်တော်တို. မယုံလို.၊စိတ်မဝင်စားလို. ဒု-ကြိမ်မကြွ လာပဲ မနေပါ။ ခရစ်တော်သည် သူ.တိုင်ပင် Timing ကာလအချိန်စေ.သောအခါ ကြွလာမည်ဖြစ်သည်။ ခရစ်တော်က အစဉ်သင်.ဖြစ်ပြီး၊အိပ်နေဖို.မပြော ထားပါဘူး၊စောင်.နေဖို.(waiting)မှာတာဖြစ်တယ်။ -မိကာ၊၇း၇၊ငါမူကားထာဝရဘုရားကိုမြော်လင့်မည်။ -ဆာ၊၃၇း၇၊ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့၊၊ -တိ၊၂း၁၃၊ငါတို့ကို ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့ သည်မြော်လင့်လျက်။ -၁ကော၊၁း၇၊ ထိုကြောင့် သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍ နေစဉ်၊ဆုတော်တစုံတခုမျှမလျော့ဘဲ စုံလင်လျက် ရှိကြ ၏။ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ နေ့ရက် ၌ အပြစ် တင်စရာအခွင့်နှင့်ကင်းလွတ်မည် အကြောင်း၊ သင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံ စေတော်မူလိမ့်မည်။ (အယောက်တိုင်းဘုရားကောင်းကြီးရှိပါစေ၊အာမင်း)

B I B L E Prophecy



ခရစ်တော်ကြွလာမည်.လက္ခာဏာ (၄၀)ပြည်.စုံလာခြင်း