ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

January 10, 2015

အသင်းတော်ရဲ့ ရာထူး အဆင့်အတန်း

Catholics  အသင်းတော်တွင်
 1. Priest 
2. Bishop 
3. Archbishop 
4. Cardinal 
 5. Pope ဆိုပြီး ရှိပါတယ်။
Pope ရဟန်းမင်းကြီးကို Cardinal တွေထဲကနေ မဲစံနစ်(၃ပုံ၂ပုံအထက်)နဲ့ ရွေးချယ် ရပါတယ်...ကက်သလစ် သာသနာ မြန်မာပြည်ရောက်တာ နှစ် ၅၀၀ အတွင်း မှာ Cardinal တပါးအရွေးခံရတာ ကက်သလစ် အသင်းတော်အတွက် သာမက မြန်မာ နိုင်ငံအတွက်ပါ ဂုဏ်ယူစရာကောင်းပါတယ်။ ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ ပုပ်ရဟန်းမင်းကြီး ရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့် ရှိသည့် ကက်သလစ် ဘုန်းတော်ကြီးအဖွဲ့ဝင်အဖြစ် အသစ်ရွေးချယ် တင်မြှောက်ခံရသူ များအနက် မြန်မာ နိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်းရရှိသည်။ အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သက်တော် (၈၀) အောက် ဘုန်းတော်ကြီး ၁၅ ပါးကို ပုပ်ရဟန်းမင်းကြီးက ဖြည့်စွက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဗာတီကန်နန်းတော်က အတည်ပြုကြေညာသည်။ National Catholic သတင်းဌာန၏အဆိုအရ ပုပ်ရဟန်းမင်း ရာထူးအတွက် အဆိုပြု တင်မြှောက်ခွင့်ရ ဘုန်းတော်ကြီးအဖွဲ့တွင် ယခင်က လုံးဝမပါဝင်ဖူးသည့် နိုင်ငံသုံးခုမှ ဘုန်းတော်ကြီး တစ်ပါးစီကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတို့မှာ ကိပ်ဗာဒီမှ ဘုန်းတော်ကြီး အာလင်ဒို ဂိုမက်စ်ဗာတာဒို၊ တွန်ဂါမှ ဘုန်းတော်ကြီးဆိုယာနီ ပါတီတာပိုင်နီမာဖီနှင့် မြန်မာ နိုင်ငံမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘိုတို့ ဖြစ်ကြကြောင်း သိရှိရသည်။ ပုပ်ရဟန်းမင်းကြီး ရွေးချယ်သော အခြားအဖွဲ့ဝင် ဘုန်းတော်ကြီးများမှာ ပေါ်တူဂီ၊ အီတလီ၊ မက္ကဆီကို၊ ဥရုဂွေး၊ စပိန်၊ ပနားမား၊ နယူးဇီလန်၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီ ယိုးပီးယားနိုင်ငံများမှ ဖြစ်သည်။ ရွေးချယ်ခံဘုန်းတော်ကြီးများအနက် ဗာတီ ကန်နန်း တော်၏ လုပ်ထုံးလုပ်နည်းများ နှင့် အကျွမ်းတဝင် အတွေ့အကြုံ ရှိသူဟူ၍ မော်ရိုကို မှ ဒေါမနစ် မမ်ဘာတီတစ်ဦးတည်းသာ ပါဝင်လာခဲ့သည်။ နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံး(ကာဒီနယ်)အတိုင်ပင်ခံ ရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်မောင်ဘို ရွေးချယ်ခံ ရကြောင်း ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် အမှုဆောင်အတွင်းရေးမှူး Moris ညွန့်ဝေကမိန့်သည်။ ‘‘အင်မတန်မှ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံသားရွေးချယ်ခံရတာ။ ဟိုအရင် သတင်း တွေ ထွက်တာရှိတယ်။ ကာဒီနယ်ဆိုတာ ကက်သလစ်ဂိုဏ်းမှာ အဆင့်မြင့်ပိုင်းမှာ ရှိတယ်။ မြန်မာတစ်ပြည်လုံးတင်မကဘူး။ ကမ္ဘာတစ်ခုလုံးမှာ အရေးပါတဲ့ တာဝန်ရှိ သူဖြစ်သွားတာ’’ဟု မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ပါမောက္ခ နှစ်ခြင်းဆရာတော် စော လှိုင်ဘွားက ၀မ်းမြောက်စကားဆိုသည်။ ဆရာတော်ကြီး ချားလ်မောင်ဘိုသည် ၁၉၄၈ခုနှစ်က မန္တလေးတိုင်း ရွှေဘိုခရိုင်၊ မုံလာရွာတွင် မွေးဖွားခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ရဟန်းဖြစ်ကာ ၂၀၀၃ခုနှစ်မှစ၍ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခြင်းဖြစ်သည်။ ဗာတီကန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဘုန်းတော်ကြီး ဖက်ဒရေကို လွမ်ဘာဒီက ပုပ်ရ ဟန်းမင်းကြီးသည် ယခုရွေးချယ်မှုတွင် အာရှနှင့် အာဖရိကဒေသမှ ဘုန်း တော်ကြီး များကို အဓိကဦးစား ပေးခဲ့ပြီး ကက်သလစ်ခရစ်ယာန် ဘာသာ ကောင်းစွာ ပျံ့နှံ့ထွန်း ကားပြီးဖြစ်သည့် မြောက်အမေရိက ဒေသကို ချန်လှပ်ထားခဲ့ကြောင်း ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီး ၁၅ ပါးအပြင် သက်တော်(၈၀)အထက် ဘုန်းတော်ကြီး ငါးပါးကိုလည်း တင်မြှောက်ရေးအဖွဲ့ဝင်များအဖြစ် သီးခြားရွေးချယ်ခဲ့ရာ အာဂျင် တီးနား၊ ကိုလံဘီယာနှင့် မိုဇင်ဘစ်နိုင်ငံများမှ ပါဝင်ခဲ့ကြသည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးများမှာမူ ပုပ်ရဟန်းမင်း ရွေးကောက်တင် မြှောက်မှုတွင် အသက်ကန့်သတ်ချက်ကြောင့် မဲပေးခွင့်ရမည် မဟုတ်ချေ။ အသစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီးများသည် ဖေဖော် ဝါရီ ၁၄ ရက်တွင် ဗာတီ ကန်ရှိ ပုပ်ရဟန်းမင်းရွေးချယ်ရေး အဖွဲ့ဝင်များနှင့် စတင်ပူးပေါင်း တာဝန်ထမ်း ဆောင်မည်ဖြစ်သည်။၎င်းတို့သည် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၏ နေရာကို ဆက်ခံ မည့် ပုဂ္ဂိုလ်အတွက် မဲပေး တင်မြှောက်ခွင့်ရှိမည်ဟု သိရ သည်။ ပုပ်ရဟန်းမင်း ရာထူးရွေး ချယ်တင်မြှောက်ရေးအဖွဲ့တွင် မဲပေးခွင့်ရဘုန်းတော်ကြီး အပါး ၁၂၀ ပါဝင်ပြီး ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ၂၄ ရာခိုင် နှုန်းရှိနေ သည့် ဥရောပတိုက်မှ ၅၇ ပါးနှင့် ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ထက်ဝက်မျှ ရှိနေသည့်လက်တင်အမေရိကမှ၂၁ပါးတို့လည်းပါဝင်ကြသည်။ Ref:The-IrishTimes

No comments:

Post a Comment