ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

January 30, 2015

(နားထောင်ပေးပြီး ခွင်.လွှတ်ခြင်းစိတ်ကလေးမွေးလိုက်ပါ)




ခွင့်လွှတ်နိုင်သော စိတ်များမွေးမြူပါ။တစ်ခါတစ်ရံမှာ မိမိက မှန်နေ တတ် တယ်။ မှန်နေသော်လည်း တစ်ပါးသူ၏ အမှားကို ခွင့်လွှတ် တတ်ရ တယ်။ မခွင့်လွှတ် တတ်သ၍ စိတ်ကောင်းရှိသူ မဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်း ဆိုတာဟာ ဘာနဲ့မှ လဲလို့ မရတဲ့ လူတစ်ယောက် အတွက် ဖြူစင်သန့်ရှင်းမူ တစ်ခုသာ ဖြစ်ပါတယ်။
တစ်ပါးသူ၏ အမှားကို အခွင့်ကောင်းယူပြီး အပြောအဆို ကိုယ်အမူအရာ နုတ်အမူ အရာများနှင့် အနိုင်မယူသင့်ပါဘူး။ ခွင့်လွှတ်တတ်သော စိတ် ကောင်း ရှိသော သူတစ်ယောက် ဖြစ်အောင် မိမိ၏ စိတ်ကိုမွေးမြူပါ။
စိတ်၏ မကောင်းတဲ့အပေါ် စေခိုင်းခြင်းများကို တဖြည်းဖြည်းနဲ ရှောင်ပါ။ တစ်ခါတစ်ရံမှာလဲ ဒေါသကြောင့် အမှား ပါတတ်တယ်။ ဒေါသကြောင့် ခွင့် လွှတ် တတ်တဲ့ စိတ်တွေ ပျောက်ပြယ်နေ တတ်တယ်။ တကယ် ရင် ထဲမှာ ရှိနေတဲ့ မိမိရဲ့ ဖြူစင်တဲ့ စိတ်တွေကို မပျောက်ပြယ်အောင် မွေးမြူနိုင်ကြပါစေ။
ယုံကြည်သူအတွက် သမ္မာကျမ်းစာမြတ်ကျပ၌ များစွာသွန်သင်ထားခြင်းကြောင်. သူတပါးအား ခွင်.လွှတ်ရန် လိုမလို ရွေးချယ်ဖို.လည်းမဟုတ်၊ လုပ်ရမည်. ဝတ္တရားဆိုတာအထူး စဉ်းစားစရာမလိုပါ။
ရှင်မာသဲ၆း၁၄သင်တို့သည်သူတပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌
ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
ကောလောသဲ ၃း၁၃ တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်း သည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော် သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။
လုကာ ၆း၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။  မပြုလျှင် သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့ လွှတ်လျှင်ကိုယ့်အပြစ်လွတ်လိမ့်မည်။

January 20, 2015

နောင်တရလော့။



 
  "အတိအကျ ကြိုတင် သိ ရက် နဲ့"
တိုက်တန်းနစ်သင်္ဘော ဟာ ရေခဲပြင် ကြီး ကို တိုက်ပြီး

 နှစ်မြုပ် မယ် မှန်း မစီးခင် ကတဲက အတိအကျ ကြိုတင် သိခဲ့ မယ် ဆိုရင်...
"ခရီးသည် တစ်ယောက် မှ ဆက်စီး တော့ မှာ မဟုတ် ဘူး"...


မိတ်ဆွေ...
ဇာတိပကတိ မျိုးစေ့ ကြဲ ရင် ပုပ်ပျက်ခြင်း အသီးအနှံ ရိတ်ရမယ်...
မြေကြီးမှာ သဘာဝလွန် လွတ်မြောက်ခြင်း မရှိရင်
ကောင်းကင် မှာ လည်း ချည်နှောင်ခြင်း ရှိလိမ့် မယ်...
မြေကြီးမှာ ဟန်ဆောင်ခြင်း ရှိရင် ကောင်းကင်မှာ ဒဏ်ဆောင်ခြင်း ရှိမယ်...
မိမိဥာဏ် ကို အမှီပြုသူ ဟာ တိရစ္ဆာန် ကဲ့သို့ ဖြစ် ပြီး ဘုရားသခင် ရဲ့ ရန်သူ ဖြစ်တယ်...
 

သမ္မာတရား တမျိုးထဲ ကို ဝန်ခံ တဲ့ သူပဲ ပညတ်တရား အမှန်တရား က လွတ်မြောက် တဲ့ သီလ နဲ့ ပြည့်စုံတဲ့ ခရစ်တော် ရဲ့ ပညာရှိ သတို့သမီး ဖြစ်မယ် ဆို တာ ...ကျွန်ုပ်တို့ အတိအကျ ကြိုတင် သိ နေရက် နဲ့ မသိလိုက်ဖါသာ အများသဘော လိုက် ပြီး မိုးခါးရေ သောက် နေတုန်း ပဲ လား?...
တိုက်တန်းနစ်သင်္ဘောကြီး ထဲ က လူတွေ ကတော့ မကြာခင် နစ်မြှုပ် တော့မယ် ဆိုတာ ကြိုတင် အတိအကျ မသိ လို့ သေကြရတယ်...
ကျွန်ုပ်တို့ ထာဝရနစ်မြှုပ် ဆုံးရှုံး ရတော့မယ် ဆိုတာ အတိအကျ ကြိုတင် သိ ရက် နဲ့ မသိလိုက်ဖါသာ အများ နဲ့ အတူ မိုးခါးရေ သောက် နေတုန်း ပဲ လား?...
အတိအကျ ကြိုတင် သိ ရက် နဲ့ ထာဝရနစ်မြှုပ် ဆုံးရှုံး ခံ တော့ မှာ လား?
"အတိအကျ ကြိုတင် သိ ရက် နဲ့"
ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီး သည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီ ကိုလည်း သင်မသိရ။ Revelation 3:3 (Yardana Oo)

January 17, 2015

If you are a born again believer, you have the spirit of God inside of you. The same power that raised Christ from the dead dwells in you! You are not ordinary; you are a child of the Most High God!I think about Mary, the chosen mother of Jesus. She seemed ordinary to the people around her, but God chose her to do something extraordinary. 
He chose her to bring Jesus to the world and shine forth His glory!
Today, you and I have this same extraordinary purpose—to bring Jesus to the world and shine forth His glory! No matter where you are in the world, there are people around you who need what you have. Listen to the voice of the Holy Spirit inside when He prompts you to shine your light. Don’t be afraid to reach out to others, to share a word of kindness or even a smile. Be your best for God. Be an example of His goodness. 
Be a peacemaker. Be quick to repent when you know you’ve made a mistake. Love people. You never know what is going on in another person’s life when you encounter them. Loving hurting people is what’s closest to the heart of God.
There may be a lot going on in your life today. You may be thinking, “How can I reach out to someone when I’m hurting so badly?” The truth is, when we’re hurting, that’s the best time to reach out to someone and sow a seed of hope into their life. When you take your eyes off of your own circumstances and focus on helping others, God will make up the difference. He’ll help you tap into strength you didn’t know you had. He’ll give you peace that passes understanding. He’ll give you joy unspeakable and full of glory!
Jesus said the kingdom of God is inside of you, and it’s a kingdom that has no end! There’s no end to His strength; there’s no end to His joy; there’s no end to His peace, and there’s no end to His power! That’s mean you are fully equipped for whatever you are facing today and for all that God has for you to do. Remember, God chose to live inside of Mary, and He chooses to live inside of you. He chose you and equipped you to be His extraordinary representative in the earth!
“However, as it is written: ‘What no eye has seen, what no ear has heard, and what no human mind has conceived’ — the things God has prepared for those who love Him.” (1 Corinthians 2:9, NIV)

January 16, 2015

(အဦးသီးသောအသီး ဘယ်ကိုပေးရမည်နည်း)

 Hello...ခရစ်တော်၌ညီအစ်ကိုများအားလုံးးးးမင်္ဂလာပါ။ ဒီညဝေမျှချင်သည်.အကြောင်းအရာလေးကတော. ခရစ်ယန်ပါ...ဆိုတဲ.ယုံကြည်သူများအတွက်နားခါးသော၊မကြားချင်သော အရာထဲကတခုဖြစ်သည်. ထာဝရဘုရားကလူကိုတောင်းသောအရာ(သို.) ငါ.ဥစ္စာဟုဘုရားကပြောသည်.အလှူ ထဲမှအဦးသီးသောအသီးအကြောင်း အနည်းငယ်ဝေမျှလိုတယ်။ ဘုရားသခင်က လူလူချင်းပေးခိုင်းသည်.အလှူ (Man to Man)နှင်. ဘုရားကို တိုက်ရိုက်ပေးခိုင်းသည်.အလှူ (Man to God) ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။၁၀ဖို.တစ်ဖို.သည် လူကဘုရားကို ပေးရမည်. အလှူ ဖြစ်ပြီး ဘယ်လိုပေးမည်ဆိုတာလဲ ကျမ်းစာတွင်ရှင်းလင်း တိကျစွာဖေါ်ပြထားသည်။ EC/Gen:သဘောတူညီမှု နဲ.သုံးလို.ရပါတယ် လို. သိသိကြီးနဲ.ဟောနေသော Rev/Doc:ကြီးတွေအတွက် လွန်စွာ စိတ်မကောင်းဖြစ်မိတယ်။ *ဘုရားပိုင်အလှူ ငွေမဆိုထားဘိ၊ဘုရားပစ္စည်း ယူသုံးတာတောင် သမ္မာဟောင်းကလူတွေ ချက်ချင်းလဲသေတယ်နော်။ အဲဒီဘုရားကအခု မသေဘူး..ရှင်နေတယ်။ချက်ချင်း act:မယူခြင်းသည်နောင်တရဖို. ဂရုဏာကြာမြင်.စွာပြနေတာဖြစ်တယ်။(ယေ၃၁း၃)။ ဒီညဆယ်ဖို.တဖှို.ကိစ္စပြောဖို.မဟုတ်သည်.အတွက်ဒီမှာရပ်နားအုံးမယ်။ *အဦးသီးသောအသီးလည်း ဘုရားကိုတိုက်ရိုက်ပေးရမည်.အလှူ ဖြစ်တယ်။ သို.သော် ၁၀ဖို.တစ်ဖို.ကဲ.သို.ဘုရားကျောင်းသို.အရင်သွင်းဖို.မဟုတ်ပါ။ အချိန်ပြည်.ဘုရားအမှုတော်ဆောင်(သို.)ပျောက်ဆုံးသော ဝိညာဉ် ဖမ်းသည်.အစီစဉ်အားလုံးထံသို.ပေးသွင်းနိုင်သည်။(ဘုရားကျောင်းအလှူ ၊ ဒုက္ခသည်၊ဆင်းရဲသား၊Refreshment/Charity နဲ.မပတ်သက်ပါ) *လတိုင်း၊လတိုင်း ပေးဖို.မဟုတ်ပဲ ပထမဆုံးရသောလစာကိုပေးရမည်။ တနှစ်မှာ လစာတခါတိုးပါက တိုးသော လစာကိုသာ ပေးရမည်။ ဘုရားသခင် ဆင်းရဲ၍မဟုတ်ပါ၊အငယ်ဆုံးသောအရာ၌သစ္စာရှိ၊မရှိစုံစမ်း ပြီး ကောင်းကြီးများစွာပေးလိုသောဘုရားဖြစ်သည်။ (အာမင်းး) *အဦးသီးသောအသီးကို သမ္မာဟောင်းတွင်သာမက သမ္မာသစ်၌လဲ များစွာတွေ.ရသည်။ပေးမည်.အရာ၌မသိ၊မမြင်ဟန်ဆောင်လေ.ရှိလို.သာ (Rm 8:23,Jm 1:18 , 1cor 15:20-28,Jr 2:1-3,Ps 105:36,Ex 23:16) ကောင်းကြီးဖွင်.မဖွင်. မြီးစမ်းသည်.သက်သေခံချက်များစွာထဲမှ ကရင်တိုင်းရင်းသူလေယဉ်မယ်တဦး၏ သက်သေချက်ကို နားထောင်ခြင်းဖြင်. ၂၀၁၅ မှာအသစ်သောကောင်းကြီးများစွာ ရေတွက်နိုင်ကြပါစေသော်....
   

January 15, 2015

"ကူးစက်ပျံ့နှံ့သွားတော့သည်"

နယူးယော့(ခ်) မြေအောက်မီးရထား ပေါ်၌ ပြုသော သာမန်ကြင်နာမှုလေးက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ခေါင်းဆောင်းပါသည့် ရှပ်အင်္ကျီအနွေးထည်ဝတ်ထားသော လူရွယ်မှာ ခေါင်းကို အုပ်ထားကာ ခရီးသွားအဖိုးအိုတစ်ဦး၏ ပုခုံးထက် ခေါင်းတင်ရင်း အိပ်ပျော်နေသည်။ အခြား ခရီးသွားများက ထိုလူရွယ်ကို နှိုးလိုက်မည်ဟုပြောရာ အဖိုးအိုက “သူတစ်နေကုန် ပင်ပန်းထား တယ်နဲ့တူတယ်။ အိပ်ပါစေ။ တို့တွေလည်းဖြစ်တတ် ကြတာပဲ” ဟူ၍ ပြန်ပြောသည်။ မောပန်းနွမ်းနယ် နေသော လူရွယ်ကို သူ့ပုခုံးထက်၌ နောက်ထပ် တစ်နာရီအထိ အိပ်စေခဲ့သည်။ အဖိုးအိုဆင်းရမည့် မှတ်တိုင်ရောက်ခါနီးမှ ညင်သာစွာ ရွှေ့ ပြီး ထလိုက်သည်။ ထိုအတောအတွင်း အခြား ခရီးသည်တစ်ယောက်က ဓာတ်ပုံရိုက်ထားပြီး သူတို့ပုံကို လူမှုရေးမီဒီယာပေါ်တင်လိုက်ရာ ကူးစက်ရောဂါအလား ကူးစက်ပျံ့နှံ့သွားတော့သည်။ အဆိုပါ အဖိုးအို၏ ကြင်နာပြမှုက ကျွန်ုပ်တို့အားလုံး လိုလားတောင့်တနေသော ဘုရားသခင်၏နှလုံးသားကို ထင်ဟပ်ပြသသည့် ကြင်နာမှုနှင့်ပြည့်လျှံလွှမ်းနေသည်။ ယေရှု၏မိတ်ဆွေများက ကလေးငယ်များ၏အသံဗလံနှင့် အနှောင့်အယှက်ပေးမှုကို ကာကွယ်ပေးရန် ကြိုးစားကြစဉ် သခင်ယေရှု၏နူးညံ့ညင်သာမှုကို တွေ့မြင်ရသည်။ သခင်ယေရှုက ကလေးငယ်များကို လက်တော်ဖြင့် ပွေ့ပိုက်ကာ ကောင်:ချီးပေးခဲ့သည် (မာ ၁၀း၁၆)။ ထိုဖြစ်စဉ်တွင် သူငယ်များကဲ့သို့ပင် သူ့အား ယုံကြည်အားကိုးရန် ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်က ဖိတ်ခေါ်နေပါသည် (း၁၃-၁၆)။ ကိုယ်တော်၏မျက်မှောက်၌ ကျွန်ုပ်တို့အားလုံးသည် လုံခြုံမှုရှိကြောင်းကို ယေရှုရှင်က ကျွန်ုပ်တို့အားသိစေသည်။ နှိုးထနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော့် အပေါ် အမှီပြုနိုင်သည်။ ကျွန်ုပ်တို့မောပန်းနွမ်းနယ်သည့်အခါ ခိုနားရန် လုံခြုံ စိတ်ချရသောနေရာကို ကိုယ်တော် ပြင်ဆင်ပေးပါသည်။
 Mart DeHaan

(ယနေ...ငိုကြွေးနေသော အသင်းတော်များး)

ယနေ့မျက်မှောက်ခေတ်ကာလတွင် မြောက်များစွာသော အသင်းတော်မှာ ငိုကြွေးလျက်ပင်ရှိနေသည်။အဘယ့်ကြောင့်ဆိုသော် အသင်းတော်ကိုစောင့်ရှောက်ရန် ဘုရားဘိဒိတ်ပေးထားသော သင်းအုပ်များ အိပ်ငိုက်ကုန်ကြသည်။ကင်းစောင့်များ အိပ်ငိုက်နေ သောကြောင့်သူခိုးက အသင်းတော်ထဲ ၀င်ရောက်မွှေနှောက်လျက်ရှိနေသည်။ အသင်းတော်တွင်လူသာများနေပြီး ဘုရားဘုန်းမတွေ့ရတော့ပေ။ သင်းအုပ်များသစ္စာမဲ့ကုန်ကြပြီ။သင်းအုပ်များက အသင်းတော်သို့ လူမလာတော့မည်ကိုစိုးရိမ်နေသောကြောင့်၊လူနည်းသွားမည်ကို စိုးရိမ်နေကြသောကြောင့် ဘုရားတည်ဆောက်လိုသော အသင်းတော် ထက်လူသားအကြိုက်လုပ်နေကြပြီ။အသင်းတော်အတွင်း အပြစ်လုပ်မိသော သူများကို နှုတ်ကပတ်တော်အတိုင်း မလုပ်၊မစီရင် လူမျက်နှာ ကိုထောက်၊အားနာတာကြောင့် ဘုရားအလိုတော်ကိုဖီဆန်ခဲ့ကြပြီမဟုတ်လော။သင်းအုပ်များက ဤကဲ့သို့လုပ်ဆောင်နေကြသော ကြောင့် အသင်းတော်တွင်ရှိနေသောယုံကြည်သူများ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ်၊ အသင်းတော်တွင် အိမ်ထောင်ကွဲမှု့တွေ၊ဖောက်ပြန်မှု့တွေ အလွန်များပြားနေသည်။အသင်းတော်လူကြီးများမှအစ စနေနေ့ညတွင် လုပ်ချင်ရာလုပ်၊သောက်ချင်ရာသောက် ပြီးမှ တနင်္ဂနွေေ၇ာက် ရင်ဟန်ဆောင်ဘုရားအလုပ်လုပ်နေကြသည်။အသင်းတော်မည်သို့ ကောင်းကြီးဖြစ်မည်နည်း။ လူ့အကြိုက်အသင်းတော်ကို တည်ဆောက်နေကြသည်။ လူမျိုးရေး၊လူမှုရေးနှင့်အသင်းတော်ကို လုပ်ဆောင်နေကြသည်။အသင်းတော် တွင်မည်သည့် ဘုရားဘုန်းထင်ရှားမည်နည်း။ယုံကြည်သူများကလည်း မိမိအကြိုက်လုပ်ပေးတတ်သော သင်းအုပ်ကိုသာ လိုချင်နေကြ ပြီမဟုတ်လော။ဘုရားသခင်၏ အသင်းတော်ကို ညစ်ညူးစေကြပြီ။အသင်းတော်တွင် မတရားမှု့များ၊ဖောက်ပြန်မှု့များ များလွန်းနေခြင်းကြောင့် ထိုအသင်းတော်တွင်ရှိနေသော ယုံကြည်သူများ ၀ိညာဉ်ကျန်းမာခြင်းမရှိကြတော့ပါ။မြောက်များစွာသော အသင်းတော်များသည် လူမှု့ရေး၊လူမျိုးရေးနှင့်တည်ဆောက်သောအသင်းတော်ဖြစ်ကုန်ပြီ....ဘုရားအလိုတော် နှင့်တည်ဆောက်ခြင်းမျိုးမဟုတ် လူ့အကြိုက်လုပ်နေကြပြီ။။။။သင်းအုပ်များ၊သစ္စာမဲ့ကုန်ကြပြီ... သင်းထောက်များက သင်းမှောက်ဖြစ်ကုန်ကြပြီမဟုတ်လော..... မိတ်ဆွေ.... လူ့အကြိုက်ကိုလိုက်ပြီးကိုးကွယ်ခြင်းအမှု့ကိုပြုနေတုန်းလား.... ဘုရားသခင်သည် သန့်ရှင်းခြင်းအမှု့ကို နှစ်သက်သော ဘုရားဖြစ်ပါသည်။သန့်ရှင်းခြင်းမရှိသော အသင်းတော်သည် တစ်နေ့ဖြိုဖျက်ခြင်းခံရမည်ဖြစ်သည်။သန့်ရှင်းခြင်းအသက်တာ၌ တည်ဆောက်ခြင်းမရှိ သော ယုံကြည်သူအသက်တာသည်လည်း ဖျက်ဆီးခြင်းခံရမည်မှာအမှန်ဖြစ်သည်။ မိတ်ဆွေ.... သင်ရှိနေသော အသင်းတော်သည် ဘုရားသခင်၏အလိုတော်နှင့်တည်ဆောက်သော၊သန့်ရှင်းသော အသင်းတော်ဖြစ်နေ ပါသလား။ထိုသို့မရှိပါက အသင်းတော်အတွက် ဆုတောင်းပါ.... ထိုအသင်းတော်သည် ခရစ်တော်က အသွေးနှင့်ရွှေးနှုတ်ခဲ့သော အသင်းတော်ပင်ဖြစ်သည်။

January 10, 2015

အသင်းတော်ရဲ့ ရာထူး အဆင့်အတန်း

Catholics  အသင်းတော်တွင်
 1. Priest 
2. Bishop 
3. Archbishop 
4. Cardinal 
 5. Pope ဆိုပြီး ရှိပါတယ်။
Pope ရဟန်းမင်းကြီးကို Cardinal တွေထဲကနေ မဲစံနစ်(၃ပုံ၂ပုံအထက်)နဲ့ ရွေးချယ် ရပါတယ်...ကက်သလစ် သာသနာ မြန်မာပြည်ရောက်တာ နှစ် ၅၀၀ အတွင်း မှာ Cardinal တပါးအရွေးခံရတာ ကက်သလစ် အသင်းတော်အတွက် သာမက မြန်မာ နိုင်ငံအတွက်ပါ ဂုဏ်ယူစရာကောင်းပါတယ်။ ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ ပုပ်ရဟန်းမင်းကြီး ရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့် ရှိသည့် ကက်သလစ် ဘုန်းတော်ကြီးအဖွဲ့ဝင်အဖြစ် အသစ်ရွေးချယ် တင်မြှောက်ခံရသူ များအနက် မြန်မာ နိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်းရရှိသည်။ အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သက်တော် (၈၀) အောက် ဘုန်းတော်ကြီး ၁၅ ပါးကို ပုပ်ရဟန်းမင်းကြီးက ဖြည့်စွက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဗာတီကန်နန်းတော်က အတည်ပြုကြေညာသည်။ National Catholic သတင်းဌာန၏အဆိုအရ ပုပ်ရဟန်းမင်း ရာထူးအတွက် အဆိုပြု တင်မြှောက်ခွင့်ရ ဘုန်းတော်ကြီးအဖွဲ့တွင် ယခင်က လုံးဝမပါဝင်ဖူးသည့် နိုင်ငံသုံးခုမှ ဘုန်းတော်ကြီး တစ်ပါးစီကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတို့မှာ ကိပ်ဗာဒီမှ ဘုန်းတော်ကြီး အာလင်ဒို ဂိုမက်စ်ဗာတာဒို၊ တွန်ဂါမှ ဘုန်းတော်ကြီးဆိုယာနီ ပါတီတာပိုင်နီမာဖီနှင့် မြန်မာ နိုင်ငံမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘိုတို့ ဖြစ်ကြကြောင်း သိရှိရသည်။ ပုပ်ရဟန်းမင်းကြီး ရွေးချယ်သော အခြားအဖွဲ့ဝင် ဘုန်းတော်ကြီးများမှာ ပေါ်တူဂီ၊ အီတလီ၊ မက္ကဆီကို၊ ဥရုဂွေး၊ စပိန်၊ ပနားမား၊ နယူးဇီလန်၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီ ယိုးပီးယားနိုင်ငံများမှ ဖြစ်သည်။ ရွေးချယ်ခံဘုန်းတော်ကြီးများအနက် ဗာတီ ကန်နန်း တော်၏ လုပ်ထုံးလုပ်နည်းများ နှင့် အကျွမ်းတဝင် အတွေ့အကြုံ ရှိသူဟူ၍ မော်ရိုကို မှ ဒေါမနစ် မမ်ဘာတီတစ်ဦးတည်းသာ ပါဝင်လာခဲ့သည်။ နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံး(ကာဒီနယ်)အတိုင်ပင်ခံ ရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်မောင်ဘို ရွေးချယ်ခံ ရကြောင်း ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် အမှုဆောင်အတွင်းရေးမှူး Moris ညွန့်ဝေကမိန့်သည်။ ‘‘အင်မတန်မှ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံသားရွေးချယ်ခံရတာ။ ဟိုအရင် သတင်း တွေ ထွက်တာရှိတယ်။ ကာဒီနယ်ဆိုတာ ကက်သလစ်ဂိုဏ်းမှာ အဆင့်မြင့်ပိုင်းမှာ ရှိတယ်။ မြန်မာတစ်ပြည်လုံးတင်မကဘူး။ ကမ္ဘာတစ်ခုလုံးမှာ အရေးပါတဲ့ တာဝန်ရှိ သူဖြစ်သွားတာ’’ဟု မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ပါမောက္ခ နှစ်ခြင်းဆရာတော် စော လှိုင်ဘွားက ၀မ်းမြောက်စကားဆိုသည်။ ဆရာတော်ကြီး ချားလ်မောင်ဘိုသည် ၁၉၄၈ခုနှစ်က မန္တလေးတိုင်း ရွှေဘိုခရိုင်၊ မုံလာရွာတွင် မွေးဖွားခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ရဟန်းဖြစ်ကာ ၂၀၀၃ခုနှစ်မှစ၍ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခြင်းဖြစ်သည်။ ဗာတီကန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဘုန်းတော်ကြီး ဖက်ဒရေကို လွမ်ဘာဒီက ပုပ်ရ ဟန်းမင်းကြီးသည် ယခုရွေးချယ်မှုတွင် အာရှနှင့် အာဖရိကဒေသမှ ဘုန်း တော်ကြီး များကို အဓိကဦးစား ပေးခဲ့ပြီး ကက်သလစ်ခရစ်ယာန် ဘာသာ ကောင်းစွာ ပျံ့နှံ့ထွန်း ကားပြီးဖြစ်သည့် မြောက်အမေရိက ဒေသကို ချန်လှပ်ထားခဲ့ကြောင်း ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီး ၁၅ ပါးအပြင် သက်တော်(၈၀)အထက် ဘုန်းတော်ကြီး ငါးပါးကိုလည်း တင်မြှောက်ရေးအဖွဲ့ဝင်များအဖြစ် သီးခြားရွေးချယ်ခဲ့ရာ အာဂျင် တီးနား၊ ကိုလံဘီယာနှင့် မိုဇင်ဘစ်နိုင်ငံများမှ ပါဝင်ခဲ့ကြသည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးများမှာမူ ပုပ်ရဟန်းမင်း ရွေးကောက်တင် မြှောက်မှုတွင် အသက်ကန့်သတ်ချက်ကြောင့် မဲပေးခွင့်ရမည် မဟုတ်ချေ။ အသစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီးများသည် ဖေဖော် ဝါရီ ၁၄ ရက်တွင် ဗာတီ ကန်ရှိ ပုပ်ရဟန်းမင်းရွေးချယ်ရေး အဖွဲ့ဝင်များနှင့် စတင်ပူးပေါင်း တာဝန်ထမ်း ဆောင်မည်ဖြစ်သည်။၎င်းတို့သည် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၏ နေရာကို ဆက်ခံ မည့် ပုဂ္ဂိုလ်အတွက် မဲပေး တင်မြှောက်ခွင့်ရှိမည်ဟု သိရ သည်။ ပုပ်ရဟန်းမင်း ရာထူးရွေး ချယ်တင်မြှောက်ရေးအဖွဲ့တွင် မဲပေးခွင့်ရဘုန်းတော်ကြီး အပါး ၁၂၀ ပါဝင်ပြီး ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ၂၄ ရာခိုင် နှုန်းရှိနေ သည့် ဥရောပတိုက်မှ ၅၇ ပါးနှင့် ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ထက်ဝက်မျှ ရှိနေသည့်လက်တင်အမေရိကမှ၂၁ပါးတို့လည်းပါဝင်ကြသည်။ Ref:The-IrishTimes

January 1, 2015

ပိုကောင်းမှာလား ပိုဆိုးမှာလား???


ပိုကောင်းမှာလား ပိုဆိုးမှာလား သင်သည် အဘယ်သူထံ၌ နည်းခံ ခဲ့ပြီးသည်ကို၎င်း၊အထက်က သင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ ၂ တိ ၃း၁၄-၁၅ နှစ်သစ်တိုင်း၌ ကျွမ်းကျင်သူ ပညာရှင် များက စီးပွားရေး၊ နိုင်ငံရေး၊ ရာသီဥတုနှင့် အခြားသော အကြောင်းအရာများစွာနှင့် ပတ်သက် ၍ ၎င်းတို့၏ခန့်မှန်းချက်များကို ထုတ်ပြန်ကြသည်။ စစ်ဖြစ်မည်လား၊ ငြိမ်းချမ်းမည်လား၊ ဆင်းရဲမွဲတေ မည်လား၊ ပြည့်စုံကြွယ်ဝမည်လား၊ တိုးတက်မှုရှိ မည်လား၊ ရပ်တန့်နေမည်လား စသည်ဖြင့် ခန့်မှန်း ကြသည်။ အရပ်တကာရှိလူများက ဤနှစ်သစ် သည် မနှစ်ကထက်ပိုကောင်းမည်ဟု မျှော်လင့် တတ်ကြသည်။ သို့သော် ဘာဖြစ်လာမည်ကို မည်သူမျှ မသိကြပါ။ သို့သော် သေချာသည့်အရာတစ်ခုရှိ သည်။ ကျွန်တော့်အသင်းတော်၌တရားလာဟော သည့်ဧည့်သည်ဆရာက “ကမ္ဘာကြီး ပိုကောင်းလာမှာလား၊ ဆိုးလာမှာလား” ဆိုသည့် မေးခွန်း၏အဖြေမှာ “ပိုကောင်းလာနိုင်သလို၊ ပိုလည်းဆိုးလာနိုင်တယ်”၊ “နှစ်မျိုးစလုံး ဖြစ်နိုင်တယ်” ဟုဆိုပါသည်။ ရှင်ပေါလုက တိမောသေအား (၂ တိ ၃း၁၊ ၁၃-၁၅)တွင် “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်။ … ဆိုးညစ်သောသူ၊ လှည့်ဖြားသော သူတို့မူကား သူတစ်ပါးကို၎င်း၊ ကိုယ်ကို၎င်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွား ကြလိမ့်မည်။ သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း … ဓမ္မကျမ်းစာကို ငယ်သော အရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်… အထက်က သင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့” ဟူ၍ပြောထားပါသည်။ ကျွန်ုပ်တို့ဘုရားသခင်၏ လမ်းတော်အတိုင်းလျှောက်လှမ်းရာ၌ ဘုရားသခင်၏ နှုတ်ထွက်ကျမ်းစကားသည် ကျွန်ုပ်တို့အား လမ်းညွှန်ပေးသည်၊ တည့်မတ်ပေးသည်၊ ခွန်အားတွန်းအားများပေးပါသည် (း၁၆-၁၇)။ ဆရာကြီး ဂျေ ဘီ ဖိလစ်က ကျမ်းပိုဒ်၊ ကျမ်းစကားများသည် ဘုရားသခင်၏အမှုတော်ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ကို စုံလင်စွာ ပြင်ဆင်ပေးသော “ပြီးပြည့်စုံသော လက်နက်” ဟုဖော်ပြထားသည်။ ကမ္ဘာကြီး၌ ၀ိညာဉ်အမှောင်က တိုး၍ ကြီးစိုးလွှမ်းမိုးနေပေရာ ခရစ်တော်၏ အလင်းသည် သူ့ကိုသိသော သားသမီးအယောက်စီတိုင်းအားဖြင့် သာ၍တောက်ပ ထွန်းလင်းနေသည်။ သခင်ယေရှုသည် ယနေ့၊ မနက်ဖြန်၊ ထာဝရအတွက် ကျွန်ုပ်တို့၏ ၀မ်းမြောက်ခြင်းနှင့် မျှော်လင့်ခြင်းဖြစ်သည်။ — David McCasland ကောင်းကင်ဘုံရှင်အဘ၊ ဤလောက၏အမှုအရေး ပြဿနာများသည် ကျွန်ုပ်တို့ကို ကိုယ်တော့်ထံမှ အာရုံလွဲသွားစေ၏။ နှုတ်တော်ထွက်အားဖြင့် ကျွန်ုပ်တို့ကို မြဲမြံစေ၍ ကျေးဇူးပါ။ မေတ္တာတော်၌ ပျော်မွေ့လျက် ထိုမေတ္တာကို သူတစ်ပါးအား ဝေငှနိုင်စေသား။ သင့်အနီးအနားရှိ ဆိုးညစ်သော မကောင်းမှု မှောင်မိုက်တန်ခိုးများသည် သင့်အတွင်းရှိနေသော သခင်ယေရှု၏ တန်ခိုးတော်ကို မယှဉ်နိုင်ပါ။