ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 31, 2014

HAPPY NEW YEAR

2014 တနှစ်တာဖြတ်သန်းခဲ.သမျှ တကမ္ဘာလုံးအတိုင်းအတာဖြင်. ကြည်.လိုက်ရင် လူသားအကျိုးပြုသောအရာ တစ်စုံတခုမှပြောစရာ မရှိသလောက် ဖြစ်ပြီး ဟေရှာယ (၅၉း၁-၁၉)က ပြောသည်. ဖြောင်.မတ်ခြင်းကို ခါးသီးခြင်းအသွင်သို. ပြောင်း စေသည်. မေတ္တာခေါင်းပါးခြင်း လည်ပင်းလှီး၊ ခေါင်းဖြတ်ခြင်း၊ ခလေးငယ်များအား မုဒိန်းကျင်.ခြင်း၊ များစွာသော လူ.အသက်သတ်ခြင်း အနိဌါရုံများအပြင် သဘာဝ ဘေးဒဏ်သင်.သည်. သန်းချီသောလူသားများ၊ အီဗိုလာ ကဲ.သို.သော မကြားစဖူး ရောဂါဆိုးများအပြင် အနှစ်ငါးထောင်မှာ မဖြစ်စဘူးသော တနှစ်တည်းတွင် နှစ်ကြိမ် အသွေးဖြစ်ခြင်းများကိုလည်း 2014 နှစ်တွင် ကြုံ တွေ.ခဲ.ရပါသည်။ ကမ္ဘာ.လူဦးရေ၏ ၇၅%သည် 2014Dec31 အထိ ခရီးဆုံးသို. ရောက် လာကြပြီး ထို နေစရာ၊စားစရာ ပူပင်သောကမရောက်သော သူအထဲမှာ သင်လည်းပါဝင်တယ် ဆိုတာ သတိရရဲ.လား။ ထိုသို.ဆိုသော် သင်သည် ၈% လူချမ်းသာစာရင်းဝင် ဖြစ်တယ်ဆိုတာ မမေ.နဲ။ ဆေးရုံကုတင်မှာ မအိပ်ရပဲ မွေ.ယာထူထူမှာအိပ်၊ အိပ်ရင်းနဲ. နုတ်ကပတ်တော်နားထောင်၊ IP လေးနဲ. တကမ္ဘာလုံးကို Chat လိုက် သေးတယ်။ ဒီ 2014 သေဆုံးသွားသူတွေ စာရင်းထဲတွင်လည်း သင်မပါဘူး၊ သင်. Bank အကောင်. ထဲမှာလဲ အချိန်တန်ရင် သုံးစရာအမြဲမပြတ်ဝင်နေဆဲ၊ ယနေ. အဖို.သုံးလောက်သော ငွေကြေးပမာဏကို အစဉ်သင်. သင် ပိုင်ဆိုင် နေတာအတွက်ကော ဘုရားကို ကျေးဇူးတင်ကြောင်း ပြောဘူးရဲ.လား။ စစ်ဘေးကြောင်. အမှု၊ ပြသနာမရှိ ထောင်နုတ်ခမ်း မနင်းရသောကြောင်. အခွင်.ထူးခံ သန်း၅၀၀ သော လူစာရင်း ထဲမှာပါနေပြီ။ ငတ်မွတ်ခြင်း ဘေးမရှိ၊ မိဘ ညီအကိုများ စုံလင်စွာရှိပြီး၊ စစ်ဘေး စစ်ဒဏ် ကြောင်. ညှင်းပန်းခြင်း မခံရသော ကြောင်. ကျေးဇူးတော် အထူး ခံသော သန်း ၃၀၀ စာရင်း ထဲမှာ သင်လည်း အပါ အဝင်ဖြစ်တယ်ဆိုတာ အတွက် ကော. ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ကျေးဇူး တော်ချီး မွမ်းပြီး သက် သေခံ ဘူးပြီလဲ?။(ဘေးလူတွေကို နှိုင်းဖို.မဟုတ်၊အပေါ်ကိုမော.ကြည်.ဖို.ပါ)။ သင်သည် မိတ်ဆွေ များကို ပုခုံးဖက်ပြီး လက်ဆွဲနုတ်ဆက် နိုင်သော ကြောင်. သာ၍ မင်္ဂလာရှိသောသူဖြစ်သည်။ အဘယ်ကြောင်. ဆိုသော် လူတိုင်းသည် ထိုကဲ.သို. မလုပ်နိုင်သောအရာကို သင်ပြုလေပြီ။ သင်. အတွက် ကျေးဇူးတော် ရေတွက်ပြီး ချီးမွမ်းစရာကလွဲပြီးရင် အခြား ဘယ်အရာမှ မရှိတော.ပါ။ မိတ်ဆွေ…တခုတော. ပြောပါရစေ။ ငွေကြေး ကြွယ်ဝချမ်းသာ၊ ပိုင်ဆိုင် ခြင်းကို ဘုရား မကန်.ကွက်၊မဆန်.ကျင်ဘူး။ သို.သော် ငွေကြေးက သင်.ကို ပိုင်ဆိုင်ဖို. ဘုရားလုံးဝ အလိုမရှိဘူး။ ငါ အလုပ်လုပ်ပြီး ငွေရှာ မှဖြစ်မယ် ဆိုတဲ. အတွေးခေါ်အပေါ်မှာ ရပ်တည်ခြင်းကို ဘုရား အလိုမရှိဘူး။ ငွေကြေးမရှိလည်း ထာဝရဘုရား တတ်နိုင်တယ် ဆိုတဲ. ထာဝရဘုရားအား ကိုးစားခြင်းMentality ကို ဘုရားအလိုရှိ တာဖြစ်တယ်။ လူတိုင်းက နှစ်ဟောင်းကုန်လို. နှစ်သစ်ကူးတော.မယ်ဆိုရင် မိမိ နှလုံးသားကို အကြွင်းမဲ.ပေးဆပ်ကြပါတယ်။ ဟိုဟာတော. ဖြတ်တော. မယ်၊ ဟိုအရာ မလုပ် တော.ဘူး၊ ဂတိဂဝတ်များစွာအား ဘုရားကို ပေးကြ လေ.ရှိတယ်။ သာ၍ အသုံးပြုပါ …အလိုတော်အတိုင်း အသက်ရှင်စေဖို. အသားကုန် မျက်ရည်မျက်ခွက်ဖြင်. ဆက်ကပ်ကြပါ တယ်။ မကောင်းဘူး လို.မဆိုလိုပါ်….။ဘုရားက ဂတိမတောင်းပါ။ သို.သော် ကိုယ်ပေးတဲ. ဂတိကို နောက်တပတ် New-Year ရောက်ရင် ပုံမှန် သောက်နေကျ၊ စားနေကျ၊ပြောနေကျ၊ ငုံနေကျ ခွေးမြီးကောက် ကျည်တောက် စွပ်သလို နဂိုသွားနေကျနေရာသွား၊ ဟိုအတင်း၊ ဒီအတင်းပြော၊ သောက်နေကျ၊ စားနေကျ ပုံမှန်ပဲပြန်လုပ်။ ထို.ကြောင်. ကျွန်တော်တို.၏ ညစ်ပေနေတဲ. နှလုံးသားကို ကိုယ်တော်အား မပေး၊ မဆက်ကပ်ပါနဲ.။ ကိုယ်တော်လုံးဝရွံ.မုန်းတယ်။ ကိုယ်တော်က သင်.နှလုံးသားကို အလိုမရှိဘူး။ ကိုယ်တော်ပေးသော နှလုံးသား အသစ်နဲ. အသက်ရှင်မှ လူဟောင်းက နှစ်သက်ပြီးမဖျက်နိုင်သော လုပ်မြဲလုပ်နေကျ အရာအားလုံးကို မလုပ်နဲ.ဆိုပြီး တားနေ၊ဖြတ် နေစရာ မလိုပဲ အလိုလို ပြန်မလုပ် ထားခဲ.တော.မှာဖြစ်တယ်။ (သု ၂၃း၂၆၊ယေ ၃၆း၂၆၊၂ကော ၅း၁၇)။ (သင်.မတတ်နိုင်မှာကို ကိုယ်တော်ကြိုသိသောကြောင်. သင်.အား ကူညီ ထောက်ပံ. လမ်းပြပေးမည်. သန်.ရှင်းသောဝိညဉ်တော်ကို စေလွတ် တာဖြစ်တယ်) 2014နှစ်တုန်းက ဆုံးရှုံးနစ်နာခဲ.သမျှ၊လူတွေက မနာလိုအမုန်းပွါးပြီး အရှက်တကွဲ အကျိုးနဲပြောခဲ.သမျှ ပြန်လည်စံမြုပ်ပြန်လွမ်းနေဖို. ကိုတော. ဘုရားအလိုမရှိတော.ပါ။ နှစ်ဟောင်းက သူများအပြစ်ကို Copyလုပ်၊သိမ်:ထားပြီး Paste နေမဲ.အချိန်မဟုတ်တော.ဘူး။ ပြီးခဲ.တာကို များများမေ.ပစ်ပြီး များများ ထားခဲ.နိုင်သူသည် များများမြန်မြန် လွတ်မြောက် ကျန်းမာစွာ အသက် ရှင်နိုင်သူဖြစ်တယ်။ ရှင်ယာဂုတ် သတိပေးတာက ၄း၁၄ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သော အရာဖြစ် သနည်း။ ခဏထင်ရှားပြီး မှ ကွယ် ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ သု ၂၇း၁ နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်၊၊ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။ ယောဘ ၇း၇-၁၆ ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့ တော်မူပါ၊၊ ငါ့ အသက်သည် အခိုးအငွေ့ဖြစ်၏။ ဆာလံ ၁၄၄း၎ လူသည်အငွေ့နှင့်တူပါ၏၊၊ သူ၏နေ့ရက်တို့သည် လွန် သွားတတ် သော အရိပ်ကဲ့သို့ဖြစ်တတ်၏၊၊ ထို.ကြောင်. လူ.အသက်တာသည် အလွန်တိုတောင်းပြီး တန်ဖိုးရှိကာ ရတောင်.ရ ခဲသောအရာဖြစ်သည်.အတွက် တယောက်နှင်.တယောက် မုန်းတီးခြင်း၊ ခွင်.မလွှတ်၊ နုတ်မဆက်နိုင်လောက်အောင် ခါးသီး နာကျဉ်းခြင်း အလုံးစုံကို မေ.ပစ် သင်ပုန်းချေနိုင်ပါမှ သင် လွတ်မြောက် နိုင်မှာဖြစ်တယ်။ ထိုအရာသည် ခရစ်တော်၏ လက်ဝါးကားကိုင်ကို ဆန်.ကျင်ဘက်ပြုသော အရာများဖြစ်ပြီး သင်.ဝိညဉ်ကို ညှိုးနွမ်း ချိနဲ. ကျဆင်းစေနိုင်ပါတယ်။ နာကျည်းခြင်းရှိသူသည် ဖြောင်.မတ်ခြင်းနှင်. မေတ္တာတရားကို သယ် ဆောင်သူများမဟုတ်ပဲ ခါးသီးခြင်းအဆိတ်အတောက်ကို တစက် ချည်း နေ.စဉ် သောက်သုံး နေသူများဖြစ်ပြီး နိဂုံးသည်လည်း သေခြင်း တရားသို. ဦးတည်နေသူများ ဖြစ်သည်.အပြင် 2015 နှစ်သစ်တွင် ကိုယ်တော် ပြင်ဆင်ထားသော ဆုလာဒ် များစွာနှင်. ဝေးကွာ ဆုံးရှုံး စေနိုင်သော အရာများ ဖြစ်သောကြောင်. တမန် တော်ရှင် ပေါလုက ဖိ၃း၁၃ “ညီအစ်ကိုတို့၊နောက်ကျ သောအရာ တို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသော အရာတို့ကို လှမ်းကမ်း၍၊ ၁၄ ယေရှုခရစ်အားဖြင့် ဘုရား သခင် သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှါ၊ ပန်းတုံး တိုင်သို့ ငါလိုက်ပြေး၏” ဆိုသကဲ.သို. ၂၀၁၄ မှ အနာ တရဖြစ် စေသည်.အလုံးစုံသော ဒဏ်ရာအပေါင်းကို လွမ်းမနေ တော.ပဲ year2015 မှာ ကိုယ်တော်ပြင်ဆင်ပေးသည်. ဆုလဒ် များစွာရရှိနိုင်သူများ ဖြစ်ပါ စေလို. မေတ္တာများစွာဖြင်. ဝေမျှလိုက်ပါသည်။ ဖတ်ရှုသူအယောက်တိုင်း နှစ်သစ်တွင် အောင်မြင်ခြင်း၊ စစ်မှန်သော ပျော်ရွှင်ခြင်းနှင်. လွတ်ခြင်းများစွာ ရရှိနိုင်ကာ ဝိညဉ်ရေးရာ၌ ကြီးထွား ရင်.ကျက်သောသူများဖြစ် ကြပါစေလို.ဆုမွန်တောင်းပေးပါတယ်။

No comments:

Post a Comment