ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 6, 2014

< ကယ်တင်ခြင်းတရား> အပိုင်း(၁)

ကယ်တင်ခြင်းတရား။
(၁တိ၊၂း၎)ကျမ်းပိုဒ်အရ ဘုရားသခင်ရဲ့အလိုတော်သည်
လူအပေါင်း ကယ်တင်ခြင်း ရောက်ပြီး
သမ္မာရားသိဖို့ဖြစ်တယ်“(မဿဲ၊၇း၂၁-၂၃)ကိုကြည့်မယ်ဆိုရင်
ဆုံးမသြ၀ါဒပေးသူ၊ နတ်ဆိုးနှင်ထုတ်သူ၊
တန်ခိုးများစွာပြသူ တွေကိုတောင် ခရစ်တော်က
ငါ့ထံမှဖယ်ကြ လို့ မိန့်တော်မူ ခဲ့ပါတယ်။
ဒီလူတွေဟာဘုရားအလုပ်လုပ်တဲ့သူတွေ၊
အမူတော်ဆောင်တွေ ၊ကောင်းတာလုပ်တဲ့
သူတွေဖြစ်ရက်သားနဲ့ ဘာဖြစ်လို့ အဲဒီ လို ဖြစ်ရသလဲဆိုရင်
 ခရစ်တော်အကြောင်းကိုသာသိပြီးခရစ်တော်နဲ့သိကျွမ်းမူမရှိ လို့ပါပဲ
(They know about Christ, but
they do not know Christ per-sonally)”
ခရစ်တော်ကို သိကျွမ်းဖို့၊ ကယ်တင်ခြင်းရောက်ဖို့ရန်
အဓိကအချက်(၃)ချက်ရှိပါတယ်။ဒဲ့ဒါကိုတရား(၃)ပါးလို့ခေါ်ပါတယ်။
အပြစ်ဆိုတာဘာလဲ...????
(၁ယော၊၃း၎) မှာ ပညတ်တော်ကိုလွန်ကျူးခြင်းလို့ဖော်ပြပါတယ်။
အပြစ်ဟာ ဘယ်သူအားဖြင့်ဤလောကသို့ဝင်သလဲ။
 (ရော၊၅း၁၂)အရ-အာဒံအားဖြင့်ဤလော့ကသို့ဝင်ခဲ့ပါတယ်။
အပြစ်တရားဤလောကထဲဝင်ပြီးနောက် ဘာဖြစ်ခဲ့သလဲ?
အပြစ်တရားအားဖြင့် သေ ခြင်းတရားဝင်ပြီး၊
လူအပေါင်း ဟာအပြစ်ရှိတဲ့အတွက် သေခြင်သို့ရောက်ရပါ တယ်။ အဓိကအားဖြင့်အပြစ်ဘယ်နှစ်မျိုးရှိသလဲ...နှစ်မျိုးရှိပါတယ်။
(၁)ဗီဇအပြစ်(မွေးရာပါအပြစ်)
 (၂)ဒုစရိုက်အပြစ်(ကျူးလွန်တဲ့အပြစ်)
ဒုစရိုက်အပြစ်အကြောင်းကိုအများအားဖြင့်သိပြီးဖြစ်ပါတယ်။
 ဥပမာ-သူများ အသက်သတ်တာ၊သူများသားမယား ပြစ်မှားတာ၊
 ဒီအကြောင်းကို (ရောမ၊၁း၂၉-၃၁)မှာတွေ့နိုင်ပါတယ်။ လူတော်တော်များများမသိ၊လက်ခခံနိုင်တဲ့အပြစ်ကတော့…
 ဗီဇအပြစ်(မွေးရာပါအပြစ်)။
အဲဒီအပြစ်အကြောင်းမသိလို. ကောင်းတာ
လုပ်ရင်ကောင်းတာရောက်မှာပေါ့လို့ 
ခရစ်ယာန်တွေတောင်ပြောနေကြခြင်းဖြစ်ပါတယ်။
 ဗီဇအပြစ်(မွေးရာပါအပြစ်) အကြောင်းကို
(ဆာလံ၊၅၁း၅) မှာဖော်ပြထားပါတယ်။
ဆာလံဆရာက မွေးကတည်းက ပါလာတယ်လို့
ဘာ.ကြောင်. ပြောသလဲ.. အပြစ် ပါလာတယ်။
 ဒီအပြစ်…..ဘယ်ကရလာသလဲ?.........(အာဒံဆီက)
အာဒံကဘယ်သူ့ကိုပြစ်မှားသလဲ.........(ဘုရားသခင်)
ဒါကြောင့်အာဒံက တဆင့်ရလာတဲ့ အပြစ်ဟာ
ဘုရားသခင်ကိုပြစ်မှားတဲ့ အပြစ်ဖြစ် တယ်၊
ဒါကို……..ဗီဇအပြစ်(သို့)မွေးရာပါအပြစ်လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ…..အပြစ်လုပ်လို.အပြစ်သားဖြစ်တာလား?၊
 အပြစ်သားဖြစ်လို့……အပြစ်လုပ်တာလား??
အပြစ်သားဖြစ်လို့အပြစ်လုပ်ခြင်းဖြစ်တယ်။
ငါးမှန်ရင်၊ရေမှာနေတတ်တယ်၊ ရေမှာနေလို.ငါးဖြစ်တာလား၊
ငါးဖြစ်လို့ရေမှာနေတာလား?၊
ငါးဖြစ်လို့ရေမှာနေတာပျော်သည်.နည်းတူကျွန်တော်တို့ဟာ
အပြစ်သားဖြစ်လို့ အပြစ်ကိုပျော်ပျော်ကြီးလုပ်တတ်ကြတယ်၊ ငါးလေးတွေကိုရေကူးနည်းသင်ပေးစရာမလိုသလို….
ကျွန်တော်တို့ကိုလည်းအပြစ်လုပ်နည်း
သင်ပေးစရာမလိုဘဲလုပ်တတ်ကြတယ်။
 ဥပမာဒေါသထွက်နည်း စိတ်ဆိုးနည်း၊ စိတ်ကောက်နည်း၊
မနာလိုနည်း၊ အတင်းပြောနည်း၊ အဖေက ဗမာ၊
အမေက ဗမာဆိုရင် မွေးတဲ့ကလေးဟာ
ဘာဖြစ်မလဲ.....ဗမာပဲဖြစ်မယ်။
အသားမဲလို့ကပ္ပလီလို့ခေါ်လို့မရဘူး။
အသားဖြူလို့လည်း အင်္ဂလိပ်လို့ခေါ်လို့မရဘူး၊
 ဗမာဖြစ်ချင်လို့လည်းမရဘူး၊ဗမာစကားမပြောတတ်လည်း
ဗမာပဲ၊ဗမာယဉ်ကျေးမူ ဓလေ့ထုံးတမ်း
မသိရင်လည်း.. ဗမာပါပဲ။ဘာကြောင့်လဲဆိုတော့
ဗမာမိဘ(DNA)ကမွေးဖွားခဲ့လို့ဘဲဖြစ်တယ်။
ထိုနည်းတူ အပြစ်သား အာဒံနဲ့ အပြစ်သား ဧ၀ကနေ
 ဆင်းသက်ခဲ့တဲ့ ကျွန်တော်တို့ အားလုံးဟာ
အပြစ်သားတွေပဲဖြစ်တယ်။
မဖြစ်ချင်လည်း မရဘူး ဖြစ်ပြီးသားပဲ.... ခွေးဟာ
မဟောင်ရင်လည်းခွေးပဲ၊ ဟောင်ရင်လည်းခွေးပဲ၊
 ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်မလုပ်တဲ့ အချိန်မှာလည်း
အပြစ်သားပဲ၊ အပြစ်လုပ်လည်း အပြစ်သားပဲ....၊။
 မွေးစကလေးဟာ အရွယ်ရောက်တဲ့အခါ
အခြားသူတစ်ယောက်နဲ့ စကားများပြီး ရန်ဖြစ်ကြတယ်ဆိုပါစို့။
သူကအခြားသူကို တုတ်နဲ့ရိုက်တယ်၊အခြားသူက
သူ့ကို ဓားနဲ့ လိုက်ခုတ်တယ်၊ အဲ့ဒါကောင်းသလား…
ဘယ်ကောင်းပါ.မလဲ?၊ အဲဒါကိုဒုစရိုက်အပြစ်လို.ခေါ်တယ်၊
လူလူချင်း ပြစ်မှားတဲ့အပြစ်ဖြစ်တယ်။
(ရော၊၃း၂၃) အပြစ်ရှိတဲ့လူတိုင်းသေခြင်းမှာလမ်းဆုံးကြရမယ်။
(ရောမ၊၆း၂၃)မှာ အပြစ်တရား၏အခကား
သေခြင်းပေတည်း..လို့ပြောထားတယ်။
 သေခြင်းဆိုတာဘာလဲ ခွဲခွာခြင်း၊ကင်းကွာခြင်းဖြစ်။
(Death means separation)။ အာဒံ၊ဧ၀ကအပြစ်လုပ်တဲ့အတွက်
 ထာဝရဘုရားနှင့် ခွဲခွာသွားခဲ့ရတယ်အဲဒါကို
ဝိညာဉ်ရေးရာ သေခြင်းလို့ခေါ်တယ်။ကျမ်းစာထဲမှာ အပြစ်ရဲ့အကျိုးဆက်အနေနဲ့ သေခြင်း(၃)မျိုးတွေ့ရတယ်.... (၁)၀ိညာဉ်ရေးရာသေခြင်း(ထာဝရဘုရားနှင့်ကင်းကွာခြင်း/ခွဲခွာခြင်း) (၂)ခန္ဓာသေခြင်း(ခန္ဓာနဲ့ဝိညာဉ်ကင်းကွာခြင်း/ခွဲခွာခြင်း) (၃)ထာဝရသေခြင်း(ထာဝရဘုရားနဲ့ထာဝရကင်းကွာပြီးထာဝရငရဲကျခြင်း)။ ထာဝရသေခြင်းကိုဒုတိယသေခြင်းလို့လည်းခေါ်သေးတယ်။
အသက်စာစောင်ထဲမှာ မပါတဲ့ လူတွေအားလုံးဟာ
ဒုတိယသေခြင်းဆိုတဲ့ ကန့်နဲ့လောင်တဲ့ မီးအိုင်ငရဲထဲ
 ချပစ်ခြင်းခံရမှာဖြစ်တယ်။(ဗျာ၊၂၁း၈)
မကောင်းတာလုပ်တဲ့လူတွေသေရင်-ဘယ်ရောက်မလဲ(ငရဲ)။
 ကောင်းကောင်းလဲနေရင်ကော..(ငရဲပဲကျမယ်)။
ဘာအပြစ်ရှိနေလို့လဲ..??ဗီဇအပြစ်/မွေးရာပါအပြစ်
ဘု၇ားသခင်ကိုပြစ်မှားတဲ့အပြစ်၊ မွေးကတည်းက-
ဒုစရိုက်အပြစ်တစ်ခုမလုပ်တဲ့သူရှိသလား……..?(မရှိဘူး)
 မွေးရာပါဗီဇအပြစ်ကို လက်မခံရင်လည်း
ဒုစရိုက်အပြစ်လူတိုင်းမှာ ရှိနေပါတယ်။
ဒါကြောင့်အပြစ်တရားရဲ့အခသေခြင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ အပြစ်လုပ်လို့ငရဲကျတာလား၊အပြစ်သားဖြစ်လို့
ငရဲကျတာလား?.(အပြစ်သားဖြစ်လို့)
ဒုစရိုက်တစ်ခုမှမလုပ်ရင်လဲ ဗီဇအပြစ်ရှိပါတယ်၊
ဘုရားသခင်ကိုပြစ်မှားတာဖြစ်တယ်။အာဒံဟာဘုရားစကားနား
မထောင်လို့ ဘုရားသခင်ရဲ့ရန်သူဖြစ်သွားတယ်၊သူကဆင်းတက်လာတဲ့
ကျွန်တော်တို့ဟာ ဘုရားရဲ့ရန်သူအမျိုးဖြစ်လို့
အားလုံးရှင်းပစ်ခံရမှာဖြစ်တယ်။စစ်ဖြစ်တဲ့အခါ တစ်ဖက်နဲ့
တစ်ဖက်တွေ့ကြတဲ့အခါ၊ခင်ဗျားအကျင့်သီလကောင်းသလားလို့ အရင်မေးပြီးမှ သေနတ်နဲ့ပစ်မှာမဟုတ်ပါဘူး၊
 တွေ့တာနဲ့ရန်သူဖြစ်လို့ ပစ်မှာပဲ မဟုတ်ဘူးလား၊
ထိုနည်းတူကျွန်တော်တို့အားလုံး ဘုရားရဲ့ရန်သူဖြစ်လို့
ငရဲထဲချပစ်ခြင်းခံရတော့မှာဖြစ်ပါတယ်။
ငရဲကလွတ်ဖို့ဘယ်လိုလုပ်မလဲ.??
 ကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်လို့
တစ်ချို့ကထင်မြင်ယူဆကြပါတယ်.......
ဒါပေမဲ့ကျမ်းစာက ဘာပြောထားသလဲ။
(ဟေရှာ၊၆၄း၆)မှာ ကျွန်ပ်တို့ရှိသမျှသည်
စင်ကြယ်ခြင်းမရှိပါ။ပြုဘူးသမျှသောကုသိုလ်ကောင်းမူတို့သည်
ညစ်သောအ၀တ်နှင့်တူကြပါ၏လို့ဖော်ပြထားပါတယ်။ ဆိုလိုတာကဘာလဲ၊ကောင်းမူမလုပ်ရဘူးလို့ဆိုလိုသလား??.
မဟုတ်ပါဘူး၊ ဘယ်လောက်ပဲလုပ်လုပ် ဘုရားသခင်ရှေ့မှာ
 နှစ်သက်လက်ခံဖွယ် မဖြစ်ဘူးလို့ဆိုလို့ပါတယ်။ ဘာကြောင့်လဲဆိုတော့မသန့်ရှင်းတဲ့အပြစ်သားလုပ်သမျှအရာအားဟာ…… (လူ့အမြင်မှာကောင်းပေမယ့် နှစ်သက်လက်ခံဖွယ်ရာဖြစ်ပေမဲ့)
အလွန်သန့်ရှင်းတဲ့ ဘုရားရှေ့မှာတော့ညစ်တဲ့
အ၀တ်(အ၀တ်စုတ်)ကဲ့သို့ ဖြစ်နေပါတယ်။
နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင်
လူနူဖြစ်ဖြစ်တစ်စုံတစ်ယောက်က ဖြစ်ဖြစ်သူရဲ့
မသန့်ရှင်းတဲ့လက်နဲ့ လက်ဖက်သုပ်သုတ်ကျွေးမယ်ဆိုရင်
စားဖို့ လက်ခံခက်သလို နှစ်သက်လက်ခံဖွယ်
မဖြစ်ဖူးဆိုတဲ့သဘောပါပဲ။ ဒါကြောင့်ငရဲကလွတ်ဖို့
 ကုသိုလ်ကောင်းမူအားဖြင့်မရနိုင်ဘူးလို့
ကျမ်းစာက ပြောနေခြင်းဖြစ်ပါတယ်......။
 ဒါကြောင့်အပြစ်တရားအကြောင်းကိုလေ့လာကြည့်ရင်
အကျဉ်းချုပ်အားဖြင်.ကောင်း ကောင်းမကောင်းကောင်း…….
ငရဲကျမယ်လို့ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ တစ်ချို့ကလည်းဒါနနဲ့မရရင်သီလ(အကျင့်)နဲ့လုပ်မယ်ဆိုပြီး
ကြိုးစားကျင့်ကြံနေတဲ့သူတွေလည်းကမ္ဘာပေါ်မှာများစွာရှိပါတယ်။
ဒါကြောင့်ပညတ်တရားကျင့်ခြင်းအားဖြင့်
ငရဲကနေလွတ်နိုင်မလားဆိုတာဆက်ပြီးလေ့လာကြည့်ကြရအောင် ။
 (ပညတ်တရား)
ပညတ်တရားနဲ့ပတ်သက်ပြီး ကျမ်းပိုဒ်အများထဲက
အဓိကကျမ်းပိုဒ်(၃-၄)ပိုဒ်ကိုလေ့ လာကြပါမယ်။
(၁)(ဂလ၊၃း၁၀)ဒီကျမ်းပိုဒ်အရ ပညတ်တရား၏အကျင့်ကို
 အမှီပြုသူ (အားကိုးသူ) တွေဟာ ကျိန်ခြင်းနဲ့စပ်ဆိုင်ပါတယ်။
အမြဲမကျင့်နိုင်ရင်ကျိန်ခြင်းခံရမှာဖြစ်ပါမယ်။... မိတ်ဆွေအနေနဲ့ပညတ်တ္တိကျမ်း(၆၁၃ပါး)ကိုအမြဲကျင့်နိုင်ပါသလား။ မကျင့်နိုင်ရင်တော့ကျိန်ခြင်းခံရပါမယ်ငရဲကျမှာဖြစ်ပါတယ်။
 (၂)(ယာ၊၂း၁၀)အရ-အမြဲကျင့်နိုင်တယ်ပဲလားဦး......... တစ်ခုချိုးဖေါက်ရင်အားလုံးချိုးဖောက်တာနဲ့အတူတူပဲဖြစ်လို
့ငရဲကျမှာပဲလို့ကျမ်းစာကပြောထားပါတယ်၊
ဥပမာစာမေးပွဲတစ်ဘာသာကျရင်ငါးဘာသာကျတဲ့လူနဲ့အတူတူပဲ လူတစ်ယောက်ကအသက်တစ်ရာမှာသေမယ်ဆိုပါစို့။
(၉၉)နှစ်တရားကျင့်ပေမယ့်တစ်ခုလေးချိုးဖောက်မိရင်
နေ့တိုင်းချိုးဖောက်တဲ့လူနဲ့ငရဲကျမှာအတူတူဖြစ်သွားပါတယ်
ဥပမာသံကြိုးကွင်းတွေအမှီပြုပြီးကူးနေရာက
 နေတစ်ကွင်းပြုတ်သွားတာနဲ့(အားလုံး ပြုတ်ဖို့မလိုဘဲ)
အောက်ကိုကျသွားမှာဖြစ်ပါတယ်။
သံကြိုးကွင်းတွေဟာပညတ်တော်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ဟာမွေးကတည်းက
အပြစ်ဘယ်နှစ်ခုလုပ်ခဲ့ပြီးပြီလဲ၊ပညတ်ဘယ်နှစ်ခုချိုးဖောက်ပြီးပြီးလဲ၊
တစ်ခုလုပ်မိရင်တောင်ငရဲကျမယ်ဆိုရင်
များစွာလုပ်ပြီးပြီဆိုတော့ကျမှာသေချာသွားပြီလား?
ကျမှကျပါ့မလားလို့စိုးရိမ်စရာမလိုတော့ဘူးမဟုတ်လား။
 ဒါဆိုရင်ကျွန်တော် တခုမေးမယ်-ပညတ်တရားမကျင့်တဲ့သူ
 သေရင်ဘယ်ရောက် မလဲ(ငရဲ)။
ကျင့်တဲ့သူကောသေရင်ဘယ်ရောက်မလဲ…….(ငရဲ)
ဘာဖြစ်လို့လဲ?၊ (အမြဲမကျင့်နိုင်ဘူး)
(ကျင့်နေရင်းကြားထဲက ချိုးဖောက်မိတဲ.အပြစ်တွေ ရှိနေသေးတယ်) ဒါဆိုရင်ဘာဖြစ်လို့ပညတ်တရားကိုကျင့်နေကြရတာလဲ??
ဒီဘ၀မှာကောင်းကောင်းကျင့်ကြံအားထုတ်ရင်
တစ်နေ့နောင်ဘ၀မှာကောင်းတဲ့နေရာရောက်ရပါစေသားဆိုတဲ့
 မျှော်လင့်ချက်နဲ့လုပ်နေတာပေါ့၊ ဒါပေမဲ့ကျမ်းစာကပညတ် တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်မှာ ဘယ်သူမှဖြောင့်မတ်ရာ မရောက်ဘူးလို့ပြောထားတယ်။ (၃)(ရော၊၃း၂၀)ဆိုလိုတာက လူလူချင်းသတ်မှတ်တဲ့စံနှုန်းအရ
(၅)နာရီတရား ကျင့်သူ (၁၀)နာရီ(၁၅)နာရီကျင့်သူ စသဖြင့် သူ့ထက်ငါသာ၍ကောင်းတယ် ဖြောင့်မတ်တယ်လို့ပြောလို့ရကောင်းရပါမယ်။ ဒါပေမယ့်တရားစီရင်မဲ့ဘု၇ားသခင်ရဲ့ရှေ့မှာဘယ်သူမှစံချိန်မမီဘူး။
ဘုရားသခင်လောက်မဖြောင့်မတ်ဘူး၊မကောင်းမြတ်ဘူး၊
ကောင်းကင်ဘုံ ၀င်နိုင် လောက်အောင် ငရဲက
လွတ်နိုင်လောက်အောင် ကောင်းတဲ့အကျင့်ကျင့်သူ
 ဖြောင့်မတ်သူမရှိဘူး။(ရော၊၃း၁၀-၁၂)... ဥပမာစာမေးပွဲမှာတစ်ဘာသာကိုအမှတ်(၄၀)ရမှအောင်တယ်ဆိုပါစို့။ ကျွန်တော်ကအင်္ဂလိပ်စာ(၃၉)မှတ်ရတယ်။ကိုကျော်ကျော်က(၃၅)မှတ်၊
ကိုဝင်းမြင့်က (၃၀)မှတ်ရကြတယ်။အားလုံးထဲမှာ
ကျွန်တော်အများဆုံးဘဲလို့ကြွားလို့ရပါတယ်။ ဒါပေမယ့်အောင်စာရင်းထွက်တဲ့အခါဘယ်သူမှမအောင်ကြပါဘူး။ ထိုနည်းတူဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းစံချိန်စံနှုန်းပေတံနဲ့
တိုင်းလိုက်တော့ဘယ်သူမှစံချိန်မမှီဘူးပေါ့...
ကျွန်တော်တို့ဖြောင့်မတ်ရမှာကလူ့ရှေ့မှာမဟုတ်ဘူး။
တရားသူကြီးရှေ့မှာဖြစ်တယ်အသင်းတော်ကလူတွေရှေ့မှာ
-ဖြောင့်မတ်စွာနေပြပေမယ့်၊ကွယ်ရာမှာဘိန်းဖြူအရောင်းအ၀ယ်လုပ်လို့
ရဲကဖယ်းမိပြီး တရားသူကြီးရှေ့မှာအစစ်ခံရတဲ့အခါ
 ပြစ်မှုထင်ရှားရင် ထောင်ကျရသလိုပဲ လူသားအားလုံးကို
 တရားစီရင် မယ့်အရှင် တရားသူကြီးဖြစ်တဲ့
ထာဝရဘုရားသခင်ရှေ့မှာအပြစ်တင်ခွင့်ကင်းဖို့
လိုအပ်ပါတယ်။(ဟေရှာ၃၃း၂၂)(ဆာ၃၂း၁-၂)။
 ဒါကြောင့်ပညတ်တရားအကြောင်းလေ့လာကြည့်ရင်
အကျည်းချုပ်အားဖြင့်ကျွန်တော်တို့ဟာ တရားကျင့်ကျင့်ငရဲ့ကျရတော့မယ်လို့ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ ဒါဆိုရင်ငရဲ့ကလွတ်အောင်နည်းလမ်းမရှိတော့ဘူးလား။(ရှိပါတယ်.)
အဲဒါကလူကလုပ်တာမဟုတ်ဘဲ ဘုရားကလုပ်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒါကိုကျေးဇူးတရား(ကယ်တင်ခြင်းတရား)လို့ခေါ်ပါတယ်။ ဘာသာတရားကတော့လူတွေကိုလုပ်ခိုင်းပါတယ်။
အဲဒါကိုလုပ်ခိုင်းတဲ့တရား….(ဝါ) (ပညတ်တရား)လို့ခေါ်ပါတယ်။ လုပ်ပေးတဲ့တရားကတော့ ကျေးဇူးတရားဖြစ်ပါတယ်။
ဘုရားသခင်ကငရဲက လွတ်အောင်လုပ်ပေးလို့ဖြစ်ပါတယ်။
 ကျေးဇူးတရား
လူနဲ့ဘုရားဟာ အပြစ်ကြောင့်ကင်းကွာနေပြီးလူတွေဟာထာဝရငရဲမှာ
လမ်းဆုံးကြရပါတော့မယ်၊အဲဒီကနေလွတ်ဖို့ကုသုလ်ကောင်းမှု
ပညတ်တရား အကျင့်တရားများနှင့်ကြိုးစားပေမယ့်လည်း
 မရနိုင်မှန်းသိလို့မေတ္တာတော်ရှင်ဘုရား သခင်က
လူကိုငရဲမှကယ်တင်တော်မူဖို့ကြွလာခဲ့ပါတယ်။
အဲဒီတရားကိုကျေးဇူးတရား (တနည်း)
ကယ်တင်တော်မူခြင်းတ ရားလို့ခေါ်ပါတယ်။
(၁)၁တိ၁း၁၅... ယေရူခရစ်သည်အပြစ်ရှိသောသူတို့ကို
ကယ်တင်ခြင်းငှာဤလောကသို့ကြွလာတော်မူသည်
ဟူသောစကားဖြစ်၏။အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။ သခင်ယေရူဤလောကကိုဘာအတွက်ကြွလာတာလဲ?
 (အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့)
ဒီနေရာမှာဘာသာတရားတည်ထောင်ဖို့ကြွလာတယ်လို့မပြောဘူး။
ကယ်တင်ဖို့ကြွ လာတယ်လို့ပြောထားပါတယ်။
 (ဘာသာတရားဆိုတာ ပညတ်တော်တွေနဲ့
ဖွဲ့စည်းထာြး့ပီးလုပ်ခိုင်းတဲ့တရား ဖြစ် တယ်)။
ခရစ်တော်ကလုပ်ပေးဖို့ကြွလာခြင်းဖြစ်တယ်။
သခင်ယေရူက လူတွေကို ဘယ်လို ကယ်ခဲ့သလဲ ။
လက်ဝါးကပ်တိုင်မှာအသေခံခြင်းအားဖြင့်(ရော၊၅း၈)။
သခင်ယေရူလက်ဝါးကပ်တိုင်မှာ အသေခံတဲ့အခါ
သူ့အသွေးတော်အားဖြင့် ကျွန်တော် တို့အဖြစ်ရှိသမျှကို
ဆေးကြောပေခဲ့တယ်(၁ယော၊ ၁း၇) အ၀တ်၊လက်ပေရင်
ဆပ်ပြာနဲ.ဆေးရတယ်။ အပြစ်တွေ ပေရင် အသွေးတော် အားဖြင့်သာ
 ဆေးကြောလို့ ရတယ်လို့ဘုရားသခင်ကပြောပါတယ်။
(၀တ်၊ ၁၇း၁၁။ယေဗြဲ၊၉း၂၂)။ကားတိုင်ပေါ်မှာ အသေခံတဲ့အချိန်မှာသခင်ယေရူစကားကြီး(ရ)ခွန်းပြောခဲ့တယ်။
(၆)ခွန်းမြောက်စကားကအမူပြီးပြီ။
ဆိုတဲ့စကားပဲ။ဂရိဘာသာစကားမှာအပြစ်အကြွေးရှိသမျှ
အပြည့်အ၀ဆပ်ပြီးပြီဆိုတဲ့အဓိပ္ပယ်ရှိပါတယ်။
ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်အပြစ်အားလုံးအတွက်
သခင်ယေရူဘုရားက ပေးဆပ် ဖြေရှင်ပေးခဲ့ပြီးပါပြီ။
မိတ်ဆွေမှာ…အကြွေးသိန်း(၅၀၀)တင်နေမယ်
။ကြွေးရှင်ကလည်း ဒီအပတ်အတွင်း ပြန်မဆပ်နိုင်ရင်
တရားစွဲတော့မယ်ဆိုကြပါစို့။ မိတ်ဆွေမှာ ပေါင်နှံစရာ
 ပေးစရာ လည်းမရှိဘူးဆိုရင် ဘာဖြစ်မလဲ ..?။
မကြာခင်ထောင်ထဲကျဖို့သေချာနေမှာဘဲ။
 အဲဒီအချိန်မှာ ကုဋ္ဋေကြွယ်သူဋ္ဌေးကြီးတစ်ဦးက
 မိတ်ဆွေအကြောင်းသိသွားပြီး သနားလို့
ဆပ်ပေးမယ်ပြန်ဆပ်စရာမလိုဘူးဆိုရင်
မိတ်ဆွေလက်ခံမလား? ဒါမှမဟုတ်ငြင်းပယ်မလား၊???... ကိုယ်အတွက်ကျေးဇူးပြုမယ့်သူကိုငြင်းပယ်ရင်တော့
အဲ့ဒီလူထက်မိုက်မဲတဲ့သူကမ္ဘာ ပေါ်မှာရှိပါ့ဦးမလား?? လက်ခံလိုက်ရင်တော့ ထောင်ထဲသွားစရာမလိုတော့ဘူး။
 ကြွေးရှင်နဲ့လမ်းမှာ မျက်နှာချဆိုင်တွေ့ရင်လည်း
စိုးရိမ်စရာ မလိုတော့ဘူး၊ ရှောင်တိမ်းပုန်းနေစရာ မလိုတော့ဘူး...
ထိုနည်း၎င်းပဲသခင်ယေရူက
ကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေအားလုံးအတွက်
အသေခံတော်မူခြင်း၊အသွေးသွန်းတော်မူခြင်းအားဖြင့်ဆပ်ပြီးသွားပါပြီ၊ သူဟာအသေခံပြီးလမ်းဆုံးသွားတာမဟုတ်ပါဘူး၊ (၃)ရက်မြောက်တဲ့နေ့မှာပြန်ရှင်တဲ့ဘုရားဖြစ်ပါတယ်(1cor၁၅း၃-၄)။ ယနေ့တိုင်အသက်ရှင်ပြီးထာဝရမပြောင်းလဲတဲ့
ဘုရားဖြစ်ပါတယ်(ဟေဗြဲ၊၁၃း၈) သူ့ကိုမိတ်ဆွေရဲ့ကယ်တင်ရှင်ဘုရားအဖြစ်ယုံကြည်လက်ခံရင်ငရဲကျမှာကို
စိုးရိမ် စရာမလိုတော့ဘူး။မိတ်ဆွေ ရဲ့အပြစ်အားလုံးလည်း
လွတ်ခြင်းအခွင့်ရပါတယ်၊ မိတ်ဆွေအနေနဲ့ဘုရားရဲ့သားဖြစ်ခွင့်ကိုရပြီး 
ထာဝရအသက်ကိုလည်းပိုင်ဆိုင်ခွင့်ရပါ တယ်။(ယော၁း၁၂။၆း၄၇)
 ဒါဟာသူရဲ့ကျေးဇူးပြုခြင်း
(ကိုယ်စားအသေခံပေးခြင်း အပြစ်ကြွေးဆပ်ပေးခြင်း)ကြောင့်ဖြစ်ပါတယ်။ ဒါကိုကျမ်းစာက ကျေးဇူးတရားလို့ ခေါ်ပါတယ်။ဒါကြောင့်(ဧ၂း၈-၉)မှာ ယုံကြည်သောအားဖြင်. ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့
 ရောက်ရ၏လို့ ဖော်ပြထားပါတယ်။ မိတ်ဆွေအတွက် ယေရူဘုရား လုပ်ဆောင်ပေးခဲ့ပြီးဖြစ်တဲ့အသေခံတော်မူခြင်းအပြစ်ကြွေး
ဆပ်ပေး တော်မူခြင်းကို ငါ့အတွက်၊ကျွန်တော်မအတွက်ဖြစ်တယ်လို့
ယုံကြည်မယ်ဆိုရင်(ယုံကြည်သော အားဖြင့်)ယုံတဲ့အချိန်ကစပြီး
ဘုရားရဲ့(ကျေးဇူးတော်ကြောင့်) ကယ်ခြင်းကိုရောက်ရပြီ ဖြစ်တယ်။
 ရောက်ရမယ်လို့ကျမ်းစာကမပြောပါဘူး။
 ရောက်ရ၏လို့ ပြောတဲ့ အတွက်ကြောင့် ယုံတဲ့အချိန်ကစပြီး
 ကယ်တင်ခြင်းကို ရောက်ရပြီးဖြစ် ပါတယ်။
 ငွေတစ်သိန်းရမယ်ဆိုရင်မရသေးပါဘူး....
.ငွေတစ်သိန်းရ၏ဆိုရင်ရပြီဖြစ်ပါတယ်။
ထိုနည်းတူပဲ ခရစ်တော်ယေရူဘုရားကို ယုံကြည်တဲ့ချိန်မှာပင်လျှင်
 ကယ်တင်ခြင်း ရောက်ပြီပြစ်ပါတယ်။ဘယ်တော့မှ ငရဲမကျတော့ပါ။
ဒါဟာဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့်ဒီတရားကိုကျေးဇူးတရားလို့ခေါ်ပါတယ်။ ကယ်တင်ခြင်းရတာဟာဘာကြောင့်ရသလဲ(ကျေးဇူးတော်ကြောင့်)
 ဘာအားဖြင့်လဲ(ယုံကြည်သောအားဖြင့်)
ကယ်တင်ခြင်းရဖို့ဘာလုပ်မလဲ?
(ဘာမှလုပ်စရာမလိုဘူး၊သခင်ယေရူလုပ်ခဲ့ပြီးပြီအမူပြီးပြီတဲ့)
ကယ်တင်ခြင်းရဖို့ဘာရှိရမလဲ…(ယုံကြည်ခြင်းရှိရမယ်)…
ဘာကိုယုံရမလဲ (ယေရူခရစ်တော်ကို)။
(ခရစ်တော်ကိုယုံတဲ့သူဟာသူ့စကား)နဲ့ 
(သူ့လုပ်ဆောင်ချက်ကိုယုံတယ်)။
 ဘယ်လို ယုံရမလဲ??(ခရစ်တော်ယေရူဘုရားဟာ
 ငါ့ကိုယ်စား အပြစ်ကြွေးအားလုံး ဆပ်ပြီးပြီဆိုတဲ့
ကျေးဇူးပြုခြင်း(တနည်း)ကျေးဇူးတော်ကိုယုံရမယ်)။
 ယေရူဘုရားရဲ့စကားနဲ့လုပ်ဆောင်ချက်ကို
ယုံခြင်းဟာသူ့ကိုယုံရာရောက်တယ်... တစ်ချို့က
ယုံရုံလေးနဲ့ကယ်တင်ခြင်းကို ရနိုင်ပါ့မလား။
မလွယ်လွန်းဘူးလားလို့မေး တတ်ကြတယ်....။
 ကျွန်တော်ကပြောလိုက်တယ်လွယ်လွန်းအားကြီးလို့
ခင်ဗျားမယုံမှာတောင် စိုးရိမ်မိတာ၊ဘာကြောင့်လွယ်နေသလဲဆိုရင်
မလွယ်တဲ့အပိုင်းကို ခရစ်တော်က လုပ်ထား ပေးလို့လေ။
ဥပမာလက်တစ်ဖက်ပဲရှိတဲ့ လူတစ်ယောက်ကရေတွင်းမှာ
စက်သီးကြိုးနဲ့ ရေငင် ရမယ်ဆိုရင်မလွယ်ဘူး။
ဒါပေမယ့် သူ့မိတ်ဆွေကကျေးဇူးပြုပြီး ရေငင်ပေးလိုက်ရင်
သူခပ်စရာမလိုဘဲ အလွယ်လေးနဲ့ရေချိုျးနိုင်တဲ့သဘောပေါ့။
ဒီမှာရှိတဲ့မိတ်ဆွေကို ကျွန်တော့်အတွက်သောက်ရေတစ်ခွက်လောက်
ခပ်ပေးပါ။ခုံက လေးရွေ့.ပေးပါဆိုရင် လွယ်ပါတယ်။
 ပိုက်ဆံအိတ်ထဲက ငွေဘဏ်စာအုပ်ထဲက ငွေအိမ်မှာ
 သိမ်းထားတဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အားလုံးပေးပါဆိုရင်
 လွယ်ပါ့မလား မလွယ်ဘူး-မဟုတ်လား။
လွယ်တယ်ပဲထားအုံးမိတ်ဆွေကျွန်တော်အတွက်
 အသက်ပေးမလားဆိုရင် လွယ်ပါ့ မလား။
မလွယ်ဘူးမဟုတ်လား....။
 အခု ယေရူဘုရားကကားတိုင်ပေါ်မှာ…
ဘာလုပ်ပေးသွားသလဲ ? အသက်ပေးသွား တယ်မဟုတ်လား?.။
ဒါဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။မိတ်ဆွေနဲ့ကျွန်တော်ကို
 ချစ်လွန်းလို့ငရဲမကျစေချင်လို့ လုပ်ပေးသွားတာလေ။
(ဒါဟာသူ့ရဲ့ကျေးဇူးကြောင့်)(အသေခံပေးခြင်းကျေးဇူးတော်ကြောင့်)
ယုံကြည်လိုက်ယုံကလေးနဲ.ကျွန်တော်တို့
ကယ်တင်ခြင်းရတာပဲဖြစ်တယ်။ဒီအကြောင်းကို
(လုကာ၊၂၃း၃၉-၄၂)မှာလည်းဖော်ပြထားပါတယ်။
သခင်ယေရူနဲ့ တစ်ချိန်တည်းကားတိုင်တင်သတ်ခံရတဲ့
လူဆိုး(နှစ်ယောက်) အနက်တယောက်ကနောက်ဆုံး
သေခါနီးဆဲဆဲမှာကယ်တင်ခြင်းရသွားတယ်။ 
သူကောင်းလို့ရသွားတာလား?။ယေရူကောင်းလို့လား။
(ယေရူကောင်းလို့) သူလုပ်လို့ရသွားတာလား။
၊ယေရူလုပ်ပေးလို့လား(ယေရူလုပ်ပေးလို့)။ မိတ်ဆွေနဲ့ကျွန်တော်လည်း ကောင်းကင်နိုင်ငံရောက်နိုင်ခြင်းဟာ
 မိတ်ဆွေနဲ့ ကျွန်တော်ကောင်းလို့လား၊ယေရူကောင်းလို့လား.?. 
မိတ်ဆွေနဲ့ကျွန်တော်လုပ်လို့လား-ယေရူလုပ်ပေးလို့လား။
(ယေရူလုပ်ပေးလို့)။
ဒီလူဆိုးကြီးဟာသေပြီးမှ ကယ်တင်ခြင်းရကြောင်းကို
သိသွားတာလား?မသေခင်သိသွားလား။(မသေခင်သိသွားတယ်)။
 ဒါဆိုရင်ကယ်တင်ခြင်းရတယ်ဆိုတာ မသေခင်သိနိုင်လား?
မသိနိုင်ဘူးလား? (မသေခင်သိနိုင်တယ်)။ဘာအားဖြင့်လဲ......?
 (ယေရူရဲ့ဂတိတော်စကားအားဖြင့်)။ဒါကြောင့်ယေရူဘုရားကို
ယုံကြည်လက်ခံမယ်ဆိုရင် ဘုရားသားဖြစ်မယ်။(ယော၊၁း၁၂)။
-ကယ်တင်ခြင်းရမယ်(ဧ၊၂း၈)ထာဝရအသက်ရမယ်(ယော၊၆း၄၇)
အခုချက်ချင်းရမှာဖြစ်ပါတယ်။ သေရင်လည်းဘယ်တော့မှ
ငရဲမကျတော့ပါဘူး(ယော၊၁၀း၂၇-၂၉) မိတ်ဆွေအနေနဲ့
သခင်ယေရူဘုရားကို ယုံကြည်လက်ခံချင်တယ်ဆိုရင်
အခုခဏမျက်စိမှိတ်၊ခေါင်းငုံ့ပြီးစိတ်ထဲက
 ယုံကြည်လျက် သခင်ယေရူဘုရားကိုအာရုံပြုလျက်
အောက်ပါ ဆုတောင်းချက်အတိုင်း ဆုတောင်းပြီး
 ယေရူဘုရားကို ယုံကြည်လက်ခံနိုင်ပါတယ်။
(ဆုတောင်းရမယ့်အချက်ကတော့-သခင်ယေရူဘုရား၊
ကိုယ်တော်သည် ကျွန်ုပ် အပြစ် ကိုယ်စား အသေခံပြီး
 (၃)ရက်မြောက်တဲ့နေ့၌ အသက်ရှင်သော ဘုရားဖြစ် ကြောင်း
ယုံကြည်ပါ၏။ကျွန်ုပ်၏ ကယ်တင်ရှင် ဘုရားအဖြစ်
ကိုယ်တော်ကို ယခု ယုံကြည်လက်ခံပါ၏။
ကျွန်ုပ်အပြစ်များကိုလွတ်ပြီး ထာဝရ အသက် ပေးသော ကြောင့်
 ကျေးဇူးတင်ပါ၏။ ကျွန်ုပ်၏အသက်တာကို အုပ်စိုး တော်မူပါ။
အလို တော်ရှိတဲ့အတိုင်း ပုံသွင်းပြုပြင်တော်မူပါ။ နာမတော်မြတ်၌
ဆုတောင်းပါ၏။Amen)
မိတ်ဆွေဟာ အထက်ပါ ဆုတောင်းချက်အတိုင်း ယုံယုံ ကြည်ကြည်
ဆုတောင်းလျက် သခင်ယေရူဘုရားကိုယုံကြည်လက်ခံမယ်ပြီးပြီဆိုရင်
ကျမ်းစာအရ...... -(၁)ဘုရားသခင်၏သားဖြစ်ခွင့်ရပြီ(ယော၊၁း၁၂)
 -(၂)ထာဝရအသက်ရပြီ(ယော၊၆း၄၇)
-(၃)ဘယ်တော့မှငရဲမကျတော့ပါ။(ယော၊၅း၂၄)
 -(၄) အပြစ်အားလုံးလွတ်ခွင့်ရပါပြီ။(ကော၊၁း၁၄)။
 “ဖတ်ရှူသူတိုင်းအတွက် ကြွယ်ဝသောကောင်းကြီးရှိပါစေသော”

No comments:

Post a Comment