ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !
September 29, 2014
When is the world going to end?
According to God's Word, the Bible, Planet Earth will never "end" in the sense of being forever done away with.
 It will, however, be radically reshaped by God's creative fire into a planet, or world, much different than it is presently.
 Jesus' disciples asked him in the Olivet discourse to tell them when the end of the world would come.
Actually, they asked: When will be the end of the age? The question involved the end of human history, as it had been known up to that point.
 That age about which they questioned the Lord is still going on in our time. Jesus answered by giving a list of prophetic signs that will precede His Second Coming.
Christ indicated that the world, as it was then known, and is now known, would end when He returned. Revelation tells us that Jesus' millennial kingdom will be the next "earth age."
It will last 1000-years, after which time the Great White Throne judgment will take place, where all lost (unsaved) people of all ages will be judged and sentenced to eternity apart from God.
 The lake of fire is their final place of residence, from which there will be no escape.
 Planet Earth will then be remade into something more glorious than can be imagined or described by the human mind, this side of heaven.
Peter, the apostle, through divine inspiration of the Holy Spirit, gives us just a glimpse of earth's ultimate destiny: "But the day of the Lord will come as a thief in the night;in the which the heavens shall pass away with a great noise, and the elements shall melt with fervent heat, the earth also and the works that are therein shall be burned up.
 Seeing then that all these things shall be dissolved, what manner of persons ought ye to be in all holy conversation and godliness, looking for and hasting unto the coming of the day of God, wherein the heavens being on fire shall be dissolved, and the elements shall melt with fervent heat?
Nevertheless we, according to his promise, look for new heavens and a new earth, wherein dwelleth righteousness"
 (2 Peter 3:10-13). God's Word promises: "One generation passes away, and another generation comes; but the earth abides forever." (Ecclesiastes 1:4).
Do I need to go to church?
Do I need to go to church?
"And let us take thought of how to spur one another on to love and good works, not abandoning our own meetings, as some are in the habit of doing, but encouraging each other, and even more so because you see the day drawing near" 
(Heb. 10:24-25, The NetBible). 
This verse is often given as a proof text requiring Christians to attend weekly meetings at a "church." Churches, in this day and age, are usually referred to as buildings erected for the sole purposes of worshipping God and preaching His Word. However, the word "church" is taken from the Greek word ekklesia, which means the people of God, the collective body of believers, congregation, assembly, and the body of Christ, according to Nave's Topical Bible. 
Hence, the Church is not an organization; it is an organism. It's a living group of people who have one mind about them; Jesus is Lord. Therefore, one really never goes to church; one goes to be with the Church, or the group of believers. 
 Proverbs 27:17 clearly states, "As iron sharpens iron, so one man sharpens another." Hebrews 3:13 also states, "Encourage one another day after day, as long as it is still called 'today,' so that none of you will be hardened by the deceitfulness of sin." Clearly, we need each other to keep us going. 
If we separate ourselves from the group of believers who have the same basic beliefs as we do, how long will it be before you start conforming to the world around you?
 Now, I don't believe you must attend services in a building that is affiliated with a denomination to be considered to be in fellowship with other believers. You could be in something as informal as a neighborhood meeting attended to by one appointed to be its leader. 
The only thing I would suggest is that you make sure the group you join holds to the essential and basic truths of the Bible before you commit yourself to that group, as with any group or "church." But I do not believe there is anything in the Bible that would condemn that kind of assembly. 
As a matter of fact, I believe that members of the first-century Church met in each other's homes and nothing in the Bible ever condemned them for doing such.
"..ပသခါ နဲ့ ဝိညာဉ်ရေးရာ..."
ပသခါကို English လို passover လို့ဆိုပါတယ်။
 ကျော်ဖြတ်လွတ်မြောက်ခြင်းလို့ခေါ်မယ်။ လောကထဲမှာနေသရွေ့ ဒုက္ခဆင်းရဲခြင်းကြေကွဲဝမ်းနည်းခြင်းကနေလွတ်မြောက်နေဘို့လိုမယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပြိုလဲပြီးရင် ပြန်ထရတာမလွယ်ဘူး။ 
ဒါကြောင့် လွတ်မြောက်ဖြတ်ကျော်ခြင်းကိုသိထားဘို့လိုတယ်။ 
(၁) ပသခါပွဲကို ပထမလမှာ ကျင်းပတယ်။ ဒုတိယမွေးဖွားခြင်းခံပြီးရင် ခရစ်ယာန်အသက်တာအစပြုချိန်ထဲကနှတ်ပတ်တော်စားရမယ် 
(ယော ၆:၃၅) ပွဲတော်ဝင်ရမယ်(ယော ၁:၁၄)။ သမ္မာတရားကိုသိနားလည်ပြီးကျေးဇူးတော်ကိုသတိရဘို့လိုပါတယ်။ 
 (၂)ပညတ်ကိုပုံဆောင်တဲ့ ၁၀ရက်မှာ ပသခါသိုးကိုရွေးတယ်။
(ထွက် ၁၂:၃)။ သခင်ယေရှုအားဖြင့်ကျနော်တို့ ပညတ်တရားဟာပြည့်စုံပြီးတယ်(မဿဲ၅း ၁၇)။ 
 (၃)ပသခါသိုးက အပြစ်ကင်းရတယ် (ထွက် ၁၂:၅)။ 
သခင်ယေရှုက အပြစ်ကင်းတယ် (၁ပေ ၁:၁၉)။ 
 (၄)ပသခါသိုးရဲ့အရိုးကိုမချိုးရဘူး (ထွက်၁၂:၄၆)။ 
အရိုးချိုးတယ်ဆိုတာ ဘုရားစကားမနာခံခြင်းကိုဖြစ်တယ်။ ခရစ်တော်ကတော့နာခံသောသိုးသူငယ်ဖြစ်တယ်။ ဒါ့ကြောင့်ကားတိုင်မှာသူ့အရိုးကိုမကျိုးစေဘူး။
 (၅)ပသခါသိုးကို ၄ ရက်ထားပြီးစစ်ဆေးတယ်(ထွက် ၁၂:၆)။ သခင်ယေရှုကို အနှတ် ကာယဖ ဟေရုဒ် ပိလတ်မင်းစစ်ဆေးတယ်။ ကျနော်တို့ကိုလဲ လောက အသင်းတော် စာတန် ကိုယ်တော် အားဖြင့်ကစစ်ဆေးနေတယ်။ 
 (၆) ပသခါသိုးကို ၁၄ရက်နေ့မှာသတ်တယ်(ထွက် ၁၂:၆)။ ယေရှုခရစ်တော်ကို လူအပေါင်းက ကားတိုင်တင်သတ်တယ်(မဿဲ၂၇:၂၂)။ ကျနော်တို့ရဲ့ ဇာတိကို နေ့စဉ်သတ်နေရမယ်။
 (ရ)ကွယ်ကာခြင်းရဘို့ အသွေးကိုအိမ်တံခါးထုတ်နဲ့ တိုင်တွေမှာသုတ်ရတယ်(ထွက် ၁၂:၇)။ ခရစ်တော်ရဲ့ အသွေးတော်သွန်းခြင်းဟာကျနော်တို့အပြစ် 
အတွက်ဖြစ်တယ်။ ကျနော်တို့ဟာခရစ်တော် 
အားဖြင့်ဖြောင့်မတ်သူဖြစ် သွားတယ်(၂ကော၅:၂၁) 
(ဂ)ပသခါသိုးကို မီးရှို့စားရတယ်(ထွက် ၁၂:၈-၁၀)
 ကျနော်တို့ကို ဘုရားနဲ့ နီးကပ်စေဘို့ လောဘ ဒေါသ မောဟ မီးတောက်တွေနဲ့အစစ်ဆေးခံနေရမှာဖြစ်ပါတယ်။ စိတ်ဓါတ်ကျဘို့မဟုတ်ဘူး(ဟေဗြဲ ၄:၁၅, ၉:၂၈)။
 (၉)ပသခါသိုးကိုစားပြီးတာနဲ့ အီဂျစ်ကနေထွက် 
ရတယ်(ထွက် ၁၃:၁၆)။ ခါနန်ကိုဦးတည်ပြီး ဘုရားညွန်ပြတဲ့အတိုင်း သွားရမယ်(ထွက် ၁၃:၁၇-၁၈)။ ကျနော်တို့လဲ ကယ်တင်ခြင်း 
ရပြီးတာနဲ့ ဇာတိပကတိကိုစွန်ပြီး ဝိညာဉ်ခရီးဆက်ရမှာပါ။
September 26, 2014
" ၀ိညာဉ်တော်၏အရှိန်ကိုမငြိမ်းစေကြနင့် "
ဧဖက် ၄း၃၀-၃၁ ၁။ စိတ်နှလုံးပိုင်းဆိုင်ရာ ခံစားချက်များ ၀ိညာဉ်တော်ကို စိတ်နာစေတဲ့အချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကနေ လာပါတယ်။ ဒါကြောင့်သင့်ခံစားချက်ကိုထိန်းနိုင်ဖိုသိပ်အရေး ကြီးပါတယ်။ 
စိတ်တိုခြင်း ၊စိတ်ဆိုးခြင်း နှင့်အမျက်ထွက်ခြင်းဟာလူတိုင်းဖြစ်တတ်တဲ့ အရာတွေဖြစ်ပါတယ်။ သို.သော် ကျမ်းစာက မဖြစ်နဲ့လို့တောမပြောပင်မဲ့ ၀ိညာဉ်တော်စိတ်နာတဲ့အထိ ၀ိညာဉ်အရှိန်ငြိမ်းတဲ့အထိတော့ မလုပ်မိဖို့ကျမ်းစာကသိပေးတယ်။
လူတိုင်း ဒေါသထွက်တတ်ပါတယ်။
သို့သော် အပြစ်မဖြစ်ဖို့တော့လိုတယ်။ ဧ၄း၂၆-၂၇ အပြစ်ဖြစ်တဲ့ဒေါသဆိုတာက နေ၀င်တဲ့အထိ ဒေါသကို ဆက်လက်သိုမှီးထားပြီးနောက်ဆုံးအဲ့ဒီဒေါသ အဲ့ဒီခံစားချက်ကြောင့်စာတန်က သင့်အသက်တာမှာ အခွင့်ရသွားခြင်းဖြစ်သည်။ နာမည်ကြီး အဇူဇါ နိုးထမူကြီး နိုင်ငံတကာကိုကူးစက်သွားတဲ့အဲ့ဒီနိုးမူကြီးကို ငြိမ်းသက်လိုက်တာက စိတ်ဆိုး ဒေါသထွက် ခြင်းကြောင့်လို့ ကြားနာမှတ်သားဖူးတယ်။ ဒါကြောင့်သင့်အသက်တာမှာ သာမာန်ခံစားချက်တွေ ကိုနေရာပေးတယ်ဆိုရင်အဲ့ဒီအရာက အသက်တာရဲ့ အထဲမှာ ကြာရှည်စွာအမြစ်စွဲရင် ၀ိညာဉ်တော်ကို စိတ်နာစေကာ နောက်ပိုင်းဝိညာဉ်တော်အရှိန်ကိုပါ ငြိမ်းလိုက်သလိုဖြစ်စေပါတယ်။
 (၂)နုတ်ပိုင်းဆိုင်ရာ ပြသနာများ နှလုံးသားဆိုင်ရာပြသနာတွေက ၀ိညာဉ်တော်အရှိန်ကိုငြိမ်းစေသလို နုတ်ပိုင်းဆိုင်ရာပြသနာတွေကလည်း ၀ိညာဉ်တော်ရဲ့အရှိန်ကိုငြိမ်းစေပါတယ်။ အဲ့ဒီအရာထဲက အချို့အရာတွေကတော့ အော်ဟစ်ငေါက်ခြင်း နှင့်သူအသရေပျက်အောင်ပြောဆိုခြင်းပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်က နူးညံ.သောသူဖြစ်တယ်။ ရုန်းရင်း ဆန်ခက်အမူတွေကို မကြိုက်သလို အဲ့ဒီအမူတွေကိုလည်း မလုပ်ဆောင်တတ်ပေ။ဒါကြောင့်သင့်နုတ်က ၀ိညာဉ်တော်မနှစ်သက်သော အော်ဟစ်ငေါက်ငေါက်ခြင်းနှင့်
သူ့အသေရေပျက်အောင်ပြောဆိုခြင်းတွေကို မရှောင်ကြဉ်ပါက သင့်သက်တာမှာ ၀ိညာဉ်တော်အရှိန်ကိုငြိမ်းသက်လိုက်သလို ဖြစ်စေပါတယ်။သင့်နုတ်ကိုသတိထားပါ။ 
 (၃)မနာလိုခြင်း မနာလိုခြင်းက သူများအသက်တာနှင့်ကိုယ်အသက်တာ နိုင်းယှဉ် ခြင်းမှ အမြဲတန်းစတင်လာပါတယ်။ တစ်ကယ်တော့ ဘုရားဟာသင့်ကို ဘယ်သူမှနဲ့မှမတူအောင်ဖန်ဆင်းထားပါတယ်။ သို့သော် လူက အမြဲတန်းကိုယ်အသက်တာကို ဘုရားသခင်ပြုတဲ့အမူကို မကျေနပ်ပဲ အမြဲတန်းဘုရားကို အပြစ်တင်တတ်သလို ကောင်းကြီး ရနေတဲ့ အောင်မြင်နေတဲ့လူတွေကို ဝေဖန်တတ် မနာလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲ့ဒီအရာကလည်း သင့်အသက်တာမှာ ကြာရှည်စွာထားရင် ၀ိညာဉ်တော်မကြိုက်နှစ်သက်သောကြောင့် သင့်အသက်တာမှာ ၀ိညာဉ်တော်ရဲ့အရှိန်ကိုငြိမ်းစေပါတယ်။ ဒါကြောင့် သင့်အသက်တာမှာ ၀ိညာဉ်တော်ရဲ့အရှိန်ကို မငြိမ်းစေဖို့ တိုက်တွန်းပါတယ်။
September 24, 2014
"ဘုရားနှင်.သွားလာသောသူများ သက်တာ လမ်းကြောင်း"
သင့်ဘေးမှာ ဒီလိုလူရှိသလား??
၁။သူတစ်ပါး မကောင်းကြောင်းကို မမေးဘဲ ပြောခြင်း၊
မေးတဲ့သူရှိရင် အကျယ်တ၀င့် ပြောခြင်း။
၂။သူတစ်ပါး ကောင်းကြောင်းကို
မေးရင် အကျယ်တ၀င့် မပြောဘဲ၊ယုတ်လျှော့ပြီး ပြောခြင်း။
၃။မိမိရဲ့ မကောင်းကြောင်းကို
မေးရင် အကျယ်တ၀င့် မပြောဘဲ၊ယုတ်လျှော့ပြီး ပြောခြင်း။
၎။မိမိရဲ့ ကောင်းကြောင်းကို
မမေးသော်လည်း အကျယ်တ၀င့် ပြောခြင်း။
*သူယုတ်မာလက္ခဏာ(၄)ပါး*လို့ခေါ်တယ်
*သင့်နားမှာ သူတပါးမကောင်းကြောင်းပြောသူဟာ
*သူတပါးနားမှာလဲ သင့်မကောင်းကြောင်းကိုပြောနေလိမ့်မယ်လို့
*သတိရလိုက်ပါ၊သင်ကိုယ်တိုင်လဲ ဒီလိုဖြစ်နေရင်သတိရလိုက်ပါ။
( ဝိညာဉ်တော်က အတင်းပြောရန် မသွန်သင်ပါ)
September 23, 2014
လူ.စိတ်သဘောအပေါ်..."ဘုရားအမြင်"
JR 17:9 စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။စိတ်နှလုံးသဘောကို အဘယ်သူသိနိုင် သနည်း။
JR 16:12အခြားတပါးသော ဘုရားနောက်သို့လိုက်လျက်၊ ဝတ်ပြုကိုးကွယ် သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်၎င်း၊ ဘိုးဘေးကျင့်သောအကျင့်ထက်၊ သင်တို့သည်သာ၍ဆိုးသော အကျင့်ကိုကျင့်သဖြင့်၊ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ခိုင်မာသော သဘောသို့ လိုက်သောကြောင့်၎င်း၊၁၃သင်တို့နှင့် သင်တို့၏ ဘိုးဘေး မသိသော ပြည်သို့ ဤပြည်ထဲကသင်တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌သင်တို့သည် ငါ၏ကျေးဇူးကို မခံရ။အခြားတပါးသော ဘုရားတို့ကို နေ့ညဥ့်မပြတ် ဝတ်ပြုရကြမည်။ 
GEN:5 မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊သူ၏စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ ၆ မြေကြီးပေါ်မှာ လူကို ဖန်ဆင်း
 တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ 
GEN 8:21လူတို့သည် ငယ်သောအရွယ်မှစ၍၊စိတ်နှလုံး အကြံအစည် ဆိုးကြ၏။
PS 53:1ဘုရားသခင် မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက် ကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသော သူတယောက်မျှ မရှိ၊ ၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ၊၊ တညီတညွတ် တည်းဆွေးမြေ့ ယိုယွင်းခြင်း ရှိကြ၏၊၊ကောင်းသော အကျင့်ကိုကျင့်သော သူမရှိ၊၊ တယောက်မျှမရှိ ။
PRoverb 28:26 မိမိစိတ်နှလုံးကို ကိုးစားသော သူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
 Ecc 9:3 နေအောက်မှာ ပြုသမျှသော အမှု၌ ပါသောဝမ်းနည်းစရာ ဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်းသော အမှုနှင့်
 တွေ့ကြုံရတက်၏။ အကယ်စင် စစ်လူသားတို့၏ စိတ်နှလုံး သည် ဒုစရိုက်သဘောနှင့် ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွား တတ်ကြ၏။ ၄ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသော သူသည်
 မြော်လင့်စရာရှိ၏။ အသက်ရှင် သောခွေး သည် သေသောခြင်္သေ့ ထက်သာ၍ ကောင်းမြတ်၏/
 MT 15:19 မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊သူ့အသရေကိုဖျက်ခြင်း အရာတို့ သည် နှလုံးထဲကထွက်လာ၍၊ ၂၀ လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏။
MT 7:21 သခင်၊ သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း
 ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် 
ဘုံ၌ရှိတော် မူသောငါ့ခမည်းတော်၏ အလိုကို ဆောင်သော 
သူသာလျှင် ဝင်ရလိမ့်မည်။ 
HB3:12ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရား သခင့်ထံ တော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍
 ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ်အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။
 MK 2:17 ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့ သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလို ရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာ သည်မဟုတ်၊ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ 
MK7:23 ဤဆိုးညစ်သောအရာများတို့သည်အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။ 
RM 1:21 အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံး မိုက်မဲခြင်းသို့ ရောက်ကြ၏။ ၄ ထိုကြောင့် သူတို့သည် မိမိတို့ ကိုယ်ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
RM 7:21 ထိုသို့ကောင်းသော အကျင့်ကို ငါကျင့်ချင်သောခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏။
ISAIH 1:2 ထာဝရဘုရား မိန်၌တော်မူသည်ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန် ကန်ကြပြီ၊၊ ၃ နွားသော်လည်း မိမိအရှင်ကိုသိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြင်းဇောင်းကို သိ၏၊၊ ဣသရေလအမျိုးသားတို့မူကား ငါ့ကိုမသိကြ၊၊ ငါ၏လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ ၄ ဆိုးယုတ်သော အမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သော လူစု၊ မတရားသဖြင့် ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား၊၊ ထာဝရဘုရားကို စွန့်ကြပြီ၊၊ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊ ၅ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည် နည်း၊၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊၊ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ၆ ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ထိခိုက်၍ ရောင်သော အနာ၊ရိယွဲသောအနာ သက်သက်ရှိ၏။ထိုအနာများကို မနှိပ်မနယ်ရ၊၊ အဝတ်နှင့်မစည်းရ၊၊ဘယောင်းဆီနှင့်မပြော့စေရသေး၊
ISAIH 6: ၁၀ သူတို့မျက်စိ မမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့် မပြောင်းလဲ၊ သူတို့အနာရောဂါကိုငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့နားကိုလည်း ထိုင်းစေလော့၊၊ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
September 18, 2014
"သမ္မာကျမ်းအဆောက်အအုံ "
"ပုံစံများနှင့် ပုံဆောင် ချက် များ" ကောင်းကင်နိုင်ငံတော် အ ကြောင်းများကိုယေရှုဟောပြောပြီးနောက် ...
 သို့ ဖြစ်၍ ကောင်းကင် နိုင် ငံတော် ဧ။်အ ကြောင်းအရာကိုသင် ပြီးသောကျမ်းဆရာသည် မိမိဘဏ္ဍာထဲကအထူးထူးအပြားပြားသော "အ သစ်" "အ ဟောင်း"ကိုထုတ်ဖော်သောအိမ်ရှင် နှင့်တူသည်ဟု ယေရှုမိန့် တော်မူပြီးနိဂိုးချုပ်လိုက်သည်။
((မသဲ ၁၃း၁-၅၂)) 
•••ဓမ္မဟောင်းကျမ်း၌ပြောထားသမျှသည် "အ ဟောင်း"
 "ဓမ္မသစ်ကျမ်း" ၌ပြောနေသောအရာ များသည် "အသစ်" ဖြစ်ကြသည်။ "ဓမ္မသစ်ကျမ်း"၌ဖွင့်ပြ နေသည့်အရာတို့ သည်
"ဓမ္မ ဟောင်း"ကျမ်း၌ ဝှက်ထားသောအရာများဖြစ် သည်။
"ဓမ္မဟောင်း၌ ဖြစ်ပျက်ခဲ့ သည့်အရာများဧ။်
 အနက်အဓိပ္ပာယ်ကို ဓမ္မသစ်၌ဖွင့်ပြထားဧ။်။
"ဟေဗြဲကျမ်း"ကိုမ လေ့လာလျှင်
 "ဝတ်ပြုရာ ကျမ်း"ကိုနားမလည်နိုင်ပါ။
"ဗျာဒိတ်ကျမ်း"ကိုမ လေ့လာလျှင်
 "ဒံယေလကျမ်း"ကိုနားမလည် နိုင်ပါ။
"ခရစ်ဝင် ကျမ်း"ကိုမ လေ့လာလျှင် ပသခါပွဲနှုင့်
"ဟေရှာယ ကို( ၅၃)"ကိုနားမလည်နိုင်ပါ။
 "ဓမ္မဟောင်းကျမ်း"နှင့် "ဓမ္မသစ်ကျမ်း"နှစ်ပိုင်းစလုံးသည် ကျမ်းတစ်အုပ်တည်းကို"(သန့် ရှင်း သောဝိညာဉ်တော် ပုဂ္ဂိုလ်တပါးတည်း)"က ရေး ခြင်းဖြစ်သည်။
"ဓမ္မဟောင်းသည် အ ခြေခံအုတ်မြစ်၊ဓမ္မသစ်ပေါ် လာသည့်အဆောက်အဦးဖြစ်သည်"။
 => ဤ ၂ ပိုင်းသည်တစ်ခုတည်းဖြစ်သည်။<= =>"ဓမ္မဟောင်း"ပေါ်"ဓမ္မသစ်"တည် ရှိနေသည်။
=>တွဲလျှက် ရှိနေပါသည်။<=
September 17, 2014
" ပွဲတော်မင်္ဂလာ အဘယ်ကြောင်.အရေးကြီးသနည်း"
ပွဲတော်မင်္ဂလာအကြောင်းကို လေ့လာခြင်းသည် စိတ်ဝိညာဉ် ကို နှိုးဆွ၊ နိုးထစေသော လုပ်ဆောင် မှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ပွဲတော်မင်္ဂလာထဲတွင် အလွန်နက်ရှိုင်းသော အဓိပ္ပါယ်ပါဝင်သည်။ ထိုနေ့သည် သခင်ယေရှု အသေခံတော်မမူမှီ ပသခါပွဲတော်နေ့တွင် ကျင်းပပြုလုပ်သော ပွဲတော်ကြီးဖြစ်သည်။ ထိုနေ့သည် အသစ်သော ပဋိညာဉ်တရားနှင့် စပ်ဆိုင်သော ပွဲနေ့ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြ ထားသောကြောင့် ကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ကျင်းပပြု လုပ်ခြင်း ဖြစ်သည်။ 
     ထိုနေ့တွင် ခရစ်ယာန်များ ၀တ်ပြုကိုးကွယ်ခြင်းများလည်း ပါဝင်သည်။ ထိုနေ့ရက်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ယေရှု၏ အသေ ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် အနာဂတ်ကာလတွင် ဘုန်းတော်ဖြင့် သူပြန်လာမည့် နေ့ရက် ကာလကို စောင့်ဆိုင်းခြင်းအဖြစ် သတိရစေ သည်။ ပသခါပွဲတော်ကြီး သည် ယုဒလူမျိုး များအတွက် နှစ်တိုင်း ကျင်းပပြု လုပ်သော အလွန်မြင့်မြတ်သည့် ဘာသာရေးပွဲ လမ်းသဘင်ကြီးဖြစ်သည်။
    ထိုနေ့သည် အီဂျစ်လူမျိုးများ၏ သားဦးများ သေဆုံး ခဲ့သော အချိန်တွင် ဣသရေလလူမျိုးများသည် သူတို့၏တံခါးတိုင်များပေါ်တွင် သိုးသူငယ် အသွေးတော် သုတ်လိမ်းထားသဖြင့် သူတို့သည် သေခြင်းမှ လွှတ် မြောက်သွားခဲ့သောနေ့ကုန်လွန်ခဲ့ပြီးနောက် ကျင်းပသော ပွဲဖြစ် သည်။
      သိုးသူငယ်အား အခြောက်ကင်၍ တဆေးမပါသောမုန့်ဖြင့် စားခဲ့ကြသည်။ ဘုရားသခင်က ထိုပွဲတော်ကြီးကို နောင်လာလတံ့သော မျိုးဆက်သစ်များက ဆက်လက် ကျင်းပရမည်ဟု မိန့်ဆိုထားပါသည်။ ထိုဖြစ်ရပ်မှန်များကို ထွက်မြောက်ရာကျမ်း ၁၂ ထဲတွင်ဖော်ပြ ထားပါသည်။ နောက်ဆုံးသောညစာစားပွဲတွင်၊ ပသာခါပွဲတော်ကြီး ကျင်းပသည့် အချိန် တွင် သခင် ယေရှုက မုန့်ကိုယူ၍ ခမည်းတော် ထံ ကျေးဇူးတော်ကို ချီးမွမ်း ခဲ့သည်။ သူက မုန့်ကို ဖဲ့၍ သူ၏ တပည့်တော် များအားပေး ခဲ့သည်။
        သူက“ထိုအခါမုန့်ကိုယူ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားသင်တို့အဖို့အလိုငှါ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်း တူညစာ စားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့ အဘို့အလိုငှါ သွန်းလောင်းသောငါ၏အသွေး၌တည်သော ပဋိညာဉ် တရားသစ်ဖြစ်၏” (လုကာ ၂၂း၁၉-၂၁) ဟုဖော်ပြခဲ့သည်။ ထိုပွဲတော်ကြီးကို ဂုဏ်တော် ချီးမွမ်းခြင်း အားဖြင့် ဆုံးသတ်ခဲ့ကြသည် (မဿဲ ၂၆း၃၀)။ 
       ထိုနောက် သူတို့သည် သံလွင်တောင်ပေါ်သို့ တက်သွားခဲ့ကြသည်။ ကြိုတင်ပြောကြားချက်အရ ထိုတောင်ပေါ်တွင် ယုဒရှာကာရုတ်က သခင်ယေရှုကို သစ္စာ ဖောက် ရောင်းခဲ့သည်။  နောက်တနေ့သည် သခင် ယေရှု၏ ကားတိုင်တင် သတ်သော နေ့ဖြစ်သည်။ ပွဲတော်မင်္ဂလာကို သတင်းကောင်း စာစောင်များထဲတွင် တွေ့ရှိနိုင်ပါသည်။ 
(မဿဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၁၇-၂၅၊ လုကာ ၂၂း၇-၂၂ နှင့် ယောဟန် ၁၃း၂၁-၃၀)။ တမန်တော်ရှင်ပေါလုက ပွဲတော်မင်္ဂလာအ ကြောင်းကို ၁ကော ၁၁း၂၃-၂၉ ထဲတွင် ဖော်ပြထားပါသည်။ သတင်းကောင်းထဲတွင် မတွေ့ရသော အကြောင်းအရာအားဖြင့် တမန်တော်ရှင်ပေါလု နိဂုံး ချုပ်ခဲ့ သည်။“ထိုကြောင့်သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စား သောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေး တော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍ လူတိုင်း ကိုယ်ကို ကိုယ်စစ်ကြော ပြီးမှမုန့်ကိုယူစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်း မူကား၊ မထိုက်မတန် ဘဲသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက် စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။ 
                ကျွန်ုပ် တို့သည် “မထိုက်တန်သောအပြုအမှုဖြင့်” မုန့်နှင့်ခွက် သုံးဆောင်ခြင်းသည် မည်သို့ သောအရာဖြစ် သနည်းဟု မေးမြန်း နိုင်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သခင်ယေရှုပေးအပ်ခဲ့သော တန်ဖိုး ဖြတ်၍မရသောအဖိုးအခကို မေ့လျော့ခြင်းအားဖြင့် မုန့်နှင့်ခွက် တို့၏ စစ်မှန်သော အဓိပ္ပါယ်ကို မသိဘဲသုံးဆောင်ခြင်းကို ဆိုလိုနိုင်သည်။ သို့မဟုတ်၊ အဓိပ္ပါယ် မရှိသော ပွဲတော်ကြီး ကျင်းပရာရောက် သွားနိုင် သည်။ သို့မဟုတ် ပွဲတော် မင်္ဂလာကို အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲ သုံးဆောင်ခြင်း သို့ရောက် သွားနိုင် သည်။ ပေါလုဖော်ပြ ထားသည့် အတိုင်း ကျွန်ုပ်တို့သည် မုန့်နှင့် ခွက်ကို မသုံးဆောင်မှီ မိမိကိုယ်ကိုယ် ဆန်းစစ်ရ မည်ဖြစ်သည်။ 
            သတင်းကောင်း စာစောင်များ ထဲတွင် မပါဝင်သောအခြားသော ရှင်ပေါလုဖော်ပြချက် တစ်ခုသည် “အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရား အသေ ခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင်ပြကြ၏။ ထိုကြောင့် သခင် ဘုရား၏ခွက်ကို မထိုက်တန်ဘဲ စားသောက်သော သူမည်သည်ကား၊ ဘုရားသခင်၏ ကိုယ်တော်နှင့် အသွေးတော် ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်း ကိုယ်ကို ကိုယ်စစ်ကြောပြီးမှ၊ မုန့်ကိုယူစေ။ ထိုနည်း တူခွက်ကိုလည်းသောက်စေ။ အကြောင်း မူကား၊ မထိုက် မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ် သို့အပြစ်ရောက်စေခြင်းငှါ စားသောက် သောသူဖြစ်၏(၁ကော ၁၁း၂၇-၂၉)။ 
            ပွဲတော်မင်္ဂလာသုံးဆောင် ခြင်းသည် သခင်ယေရှု တဖန်ပြန် လာသော အချိန်တွင် အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုအဖြစ်အပျက် များ ထဲတွင် သခင်ယေရှုပုံဆောင်ဖော်ပြထားသော ခန္ဓာကိုယ်နှင့် အသွေး တော်တို့သည် သူအသေခံခြင်း၏ အမှတ်တရဖြစ်သည်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။ ၄င်း အမှတ်တရသည် ရွှေ ၊ငွေ ကျောက်မြတ်ရတနာ မဟုတ်ပေ။သို့သော် မုန့်နှင့်စပျစ်ရည်ဖြစ်သည်။ သခင်ယေရှုက မုန့် သည် သူ၏ချိုးဖဲ့သော ခန္ဓာကိုယ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ချိုးဖဲ့ သော အရိုးမရှိပေ။ သို့သော်သူ၏ ခန္ဓာကိုယ်နာကျင်စွာဖြင့် ရိုက်နက် ထိုးကြိုတ် ခြင်းခံစားရခြင်းသည် အသိအမှတ်ပြုဖွယ် ကောင်းပေသည် (ဆာလံ ၂၂း၁၂-၁၇၊ ဟေရှာယ ၅၃း၎-၇)။ 
          စပျစ်ရည်သည် သူမကြာ မှီသေသောအခါ သွန်းလောင်းမည့် အသွေးတော်ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားပါသည်။  ဘုရားသခင်၏ သား တော်စစ်သည် သမ္မဟောင်းထဲတွင်ဖော်ပြထားသော ကယ်တင်ရှင်ကြွလာမည့် ပရောဖက်ပြုချက်များပြည့်စုံ ရန်အတွက် ဤ လောကသို့ကြွလာခြင်းဖြစ်သည်။(ကမ္ဘာ၃း၁၅၊ဆာလံ၂၂၊ ဟေရှာယ ၅၃)
                  ယေရှုက “ငါ ကိုအောက်မေ့ဘို့ရန် ထိုသို့ပြုကြ လော့” ဟုဖော်ပြသောအခါ သူကထိုပွဲတော်ကြီးသည် အနာဂတ်ကာလ တွင် ဆက်လက်လုပ်ဆောင်ရမည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။
၎င်းက ပသာခါပွဲ၊ သိုးသူငယ်၏အသေခံခြင်း နှင့် လောကီသားများ၏ အပြစ်များကို ယူဆောင်သွား ရန်ကြွလာမည့် ဘုရားသခင်၏ သိုး သူငယ်တော်၊ သည်ပွဲတော် မင်္ဂလာ အားဖြင့်ပြည့်စုံ ခဲ့သည် (၁ကော ၅း၇)။ ပသာခါပွဲသိုးသငယ်တော် (၁ကော ၅း၇)၊ ခရစ်တော် သည် ကားတိုင် 
တော်ပေါ်တွင် အသေခံသောအခါ (ဟေဗြဲ ၈း၈-၁၃) သူသည် ပဋိညာဉ် ဟောင်းကို ပဋိညာဉ်အသစ်ဖြင့် အစားထိုးခဲ့သည်။ ယဇ်ပူဇော်ခြင်း စနစ်သည် နောက်ထပ်မလိုအပ်တော့ပေ။ (ဟေဗြဲ ၉း ၂၅-၂၈)။ 
            ပွဲတော်မင်္ဂလာသည် ကျွန်ုပ်တို့ အတွက် သခင်ယေရှု၏ အသေခံခြင်းကို သတိရ အောက်မေ့ခြင်းနှင့် သူ၏ အသေခံခြင်းအားဖြင့် ကျွန်ုပ်ရရှိသော ကျေးဇူး တော်အတွက် ပွဲကျင်းပခြင်းဖြစ်သည်။
ပွဲတော်ဝတ်စီစဉ်ပုံ မတူညီပါ။ နှစ်ခြင်းခရစ်ယန်၏ ပွဲတော်ဝတ်စီရင်ပုံကို
ဖေါ်ပြပါမည်။
                       *ပွဲတော် မင်္ဂလာဝတ်*
နှစ်ခြင်းတို့၏ အခြေခံယုံကြည်ချက်တွင် ပွဲတော်စီရင်ခြင်းသည် ဓမ္မဝတ်တစ်ခု 
ဖြစ်ပါသည်။ စီရင်သည့်အခါတွင်လည်း သခင်ခရစ်တော် စီရင်သည့် အတိုင်း 
ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပွဲတော်ကို စီရင်ခြင်းသည်၊
အသင်းတော်မှ ကမကထပြုလုပ်စီရင်သော ဓမ္မဝတ်မဟုတ်သည်ကို သတိပြု 
ရန်ဖြစ်သည်။ ပွဲတော်မင်္ဂလာသည် သခင်ခရစ်တော်၏ ပုံတော်ဖြစ်သည် 
ကိုယ်တော်ရှင် ကိုယ်တိုင်စီရင်ခဲ့သော မင်္ဂလာဝတ်ဖြစ်သည်။ ပွဲတော်မင်္ဂလာ 
စီရင်သည့် သခင်ခရစ်တော်ကိုယ်တိုင် ရှိနေသည်ကို ယုံကြည်ထားသဖြင့်
ပွဲတော် မင်္ဂလာကို သိက္ခာရဓမ္မဆရာ၊ ဆရာမများသာ စီရင် ပိုင်ခွင့်ရှိပါသည်။
ပွဲတော်အား ခေါ်ဝေါ်သော သုံးအနှုံးမှန်သော်လည်း ပြည့်စုံသော အခေါ် 
အဝေါ်သည် ပွဲတော်မင်္ဂလာဝတ် ဖြစ်ပါသည်။
(၁)စီရင်ခွင်.ရှိသူ 
ပွဲတော်မင်္ဂလာဝတ်သည် သခင်ယေရှု ကိုယ်တော်တိုင် စီရင်တော်မူသော
မင်္ဂလာဝတ်ဖြစ်၍ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၌ စီရင်ခွင့်မရှိပါ။ အသင်းတော် 
တစ်ရပ်လုံး/ တပည့်တော်စု၏ အခွင့်ဖြင့် စီရင်ရသော မင်္ဂလာဝတ်ဖြစ်ပါသည်။
(၂)စီရင်သူ
ယင်းသို့ စီရင်ရာတွင် နှစ်ခြင်းအသင်းတော်များ အနေဖြင့် အသင်း တော်ရေး၊
သာသနာရေးအတွက် သီးသန့် ဆက်ကပ် တင်မြှောက် ထားသော
သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင်အား စီရင်ခွင့်ရှိပါသည်။
(၃) ခံယူခွင့်ရှိသူ
သခင်ဘုရား စီရင်တော်မူသော မင်္ဂလာဝတ် ဖြစ်သောကြောင့် ယုံကြည်၍
 နှစ်ခြင်းမင်္ဂလာခံယူပြီးသူတိုင်း ခံယူခွင့်ရှိပါသည်။ ခရစ်တော်၌ တစ်လုံး 
တစ်ဝတည်းရှိမှု ခရစ်ယာန်များ၏ ညီညွတ်မှုတို့ကို ဖော်ဆောင်ထားသော
 အားဖြင့်လည်းကောင်း၊ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုသည့်
 အနေဖြင့်လည်းကောင်း၊ အခြားဂိုဏ်းဝင် တပည့် တော်တို့အား ပါဝင်
 ခွင့်ပြုသည် သာမက ကိုယ်တိုင်လည်း အခြားအသင်းတော်တို့၌ စီရင်သော
 သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝတ်ကို ခံယူသင့်ပါသည်။
(၄) စီရင်ကျင်းပသည့် နေရာ
ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည့် 
နေရာတွင် စီရင်ရပါသည်။ ဗိမာန်တော်၊ တပည့်တော်စု ဝတ်ပြုရာအိမ်၊
 သို့မဟုတ် အထူး ဝတ်ပြုရာခန်းမဖြစ်သည်။ထို့ပြင် ဗိမာန်တော်၌ ပွဲတော်
 မင်္ဂလာဝတ်တွင် ပါဝင် နိုင်စွမ်းမရှိသော သက်ကြီးသူများ၊ နာ မကျန်းသူများ
 တို့အား အသင်းတော် (အမှုဆောင်အဖွဲ့) ၏ သိမှတ်မှုဖြင့်အိမ်တွင် 
လည်းကောင်း၊ ဆေးရုံ၌လည်းကောင်း၊ ပေးနိုင်ပါသည်။
(၅) စီရင်ကျင်းပသည့် အချိန်ကာလ
ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည်
့ နေ့ရက်အချိန်တွင်စီရင်လေ့ရှိပါသည်။ လစဉ်ပထမ ဥပုသ်နေ့ သို့မဟုတ်
 ဒုတိယ ဥပုသ်နေ့တွင် ပုံမှန်ကျင်းပသော အသင်းတော်များ ရှိသကဲ့သို့ နှစ်လ
 သို့မဟုတ် သုံးလတစ်ကြိမ် စသည်ဖြင့်သတ်မှတ်သော အသင်းတော်များလည်း
 ရှိပါသည်။အခြေခံအားဖြင့် ကယ်တင်ရှင်ကို အောက်မေ့သတိရလျက် ကျေးဇူး
 တော်ကို ချီးမွမ်းခြင်း၊ ဝန်ချ တောင်းပန်ခြင်းနှင့် တစ်ဖန်ဆက်ကပ်ခြင်း ဖြစ်ရာ
 လွန်စွာ အချိန်ကွာဟမှု မရှိသင့်ချေ။
(၆) ပွဲတော်မင်္ဂလာဝတ်စီရင်ပုံ
နှစ်ခြင်းတို့ပွဲတော်ကို စီရင်သည့်အခါ ပလ္ထင်ပေါ်မှ စီရင်ပေးခြင်း အလေ့ အထ
 မရှိပါ။ ပွဲတော်ကို ခံယူကြမည့် ယုံကြည်သူတပည့်တော်များနှင့် တပြေးညီ
 ပွဲတော်မင်္ဂလာစားပွဲကိုထား၍ ဆောင်ရွက်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်
 ရခြင်း အကြောင်းရင်း တစ်ရပ်မှာသခင်ခရစ်တော်ကိုယ်တိုင် ညစာစားရန် 
ပြင်သောအခါ တပည့်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော် 
မူသည်ဟု သမ္မာကျမ်းစာမှ ဖေါ်ပြထားပါသည်(မဿဲ ၂၆း၂၀) တစ်နည်းကား 
အတူတကွ စားတော်မူခြင်းကို ဖော်ပြ ထား ပါသည်။
(၇)အထွေထွေ
(က) ပွဲတော်မင်္ဂလာဝတ်တွင် ကျင့်သုံးရမည့် ကိစ္စအချို့ ပွဲ တော် မင်္ဂလာဝတ်ကို
 မဝင်မှီ တပည့်တော်များ တိတ်ဆိတ်ငြိမ်သက်စွာ အပြစ် ဝန်ချတောင်း ပန်ခြင်း
 အမှုကို တစ်ဦးချင်းဆောင်ရွက်ရန်။ ပဋိညာဉ် ဆယ်ပါးကိုပွဲတော်မခံယူမှီ
 အတူတကွ ရွတ်ဖတ်ရန်။
 (ခ)မုန့်နှင့်စပျစ်ရည် ဝေပေးခြင်းကိစ္စ
သင်းထောက်များမှ ပွဲတော်မုန့်နှင့် စပျစ်ရည် ဝေခြင်းကို ဆောင်ရွက်ရန် 
ဖြစ်ပါသည်။ သင်းထောက်အမျိုးသမီးကို ပွဲတော်မုန့်နှင့် စပျစ်ရည်ဝေခြင်း၌
 ပါဝင်တိုက်တွန်းရန် လိုပါသည်။
အမျိုးသမီးများ ဤအမှု၌ စိတ်ကြည်လင်ဘို့ အရေးကြီးပါသည်။ သင်းအုပ် 
နှင့်အသင်းတော်ကောင်စီမှ လိုအပ်သလို အားပေးရန် လိုအပ် ပါသည်။ 
မုန့်နှင့်စပျစ်ရည်ကို ဝေကြသည့်အခါ တူညီသော ဝတ်စုံကို ဝတ်ကြရန်
အသင်းတော်မှတိုက်တွန်းဘို့ ဖြစ်ပါသည်။ ဓမ္မအခြေခံ ထွေထွေထူးထူး မရှိပါ။
သင့်ရဲ့ကြည်နူးမှု ရှိရန်သာဖြစ်ပါသည်။
(ဂ) ပွဲတော်မင်္ဂလာဝတ်ဒေသနာ
ပွဲတော်မင်္ဂလာဝတ်ပြု စည်းဝေးတွင် ဓမ္မဒေသနာသည် ဤမင်္ဂလာ
 သဘောတရား ပါဝင်သောဒေသနာများကို အထူးအာရုံပြု၍ ဟောကြားရန်
 အရေးကြီးပါသည်။ သို့မှသာဤပွဲတော်မင်္ဂလာဝတ် ဓမ္မအနှစ်သာရနှင့်
 ပွဲတော်ခံယူခြင်း စသည်တို့၏ လေးနက်ခြင်းကိုရရှိပြီး ခံယူသူတို့သည်
 မိမိတို့၏ ယုံကြည်ခြင်းနှင့် ခရစ်ယာန် အသက်တာကို အသစ် တဖန်
 တည်ဆောက်သွားနိုင်မည် ဖြစ်ပါသည်။
(ယ) ပွဲတော်မင်္ဂလာဝတ်၌မပြုအပ်သောကိစ္စ
အသင်းတော်များသည် သိက္ခာတော်ရဆရာမှ အသင်းတော်တွင် ပွဲတော်
 မင်္ဂလာဝတ်စီရင်ပြီးမှ သင်းထောက်တို့ကို စီရင်ပြီးသောမုန့်နှင့် စပျစ်ရည်ကို
 လက်ဆင့်ကမ်းပေး၍ အသင်းတော်သို့ မလာ မရောက်နိုင်သူတို့အား 
စီရင်ပေးခြင်းကို လုံးဝမပြုရန်။ ပွဲတော် မင်္ဂလာဝတ်သည် သိက္ခာတော်ရ
 ဆရာမှ ဦးဆောင်၍ ဆောင်ရွက်သော ကိစ္စဖြစ်သည်။ တနည်းကိုယ်ထိ 
လက်ရောက် ဆောင်ရွက်ရသည့် ဓမ္မဝတ်ဖြစ်ပါသည်။ လက်လွဲ၍ ဆောင်
 ရွက်စေခြင်းသည် နှစ်ခြင်းအခြေခံ ယုံကြည်ချက်နှင့် မကိုက်ညီပါ။ သို့ဖြစ်ပါ
 သိက္ခာတော်ရဆရာများက ထိုကဲ့သို့ ဆောင်ရွက်ခြင်း လုံးဝရှောင်ရှားရန်
 ဖြစ်ပါသည်။
(င) အပြစ်ဝန်ချခြင်းပဋိညာဉ်စည်းဝေးကိစ္စ
တစ်ချိန်က အပြစ်ဝန်ချခြင်း စည်းဝေးများကို နှစ်ခြင်း အသင်း တော်များက
 ဆောင်ရွက်လေ့ရှိပါသည်။ ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပါသည်။
 ဤနှစ်ခြင်းတို့၏ကောင်းမြတ်၍ ဓမ္မကြောင်းအရလည်း မှန်ကန်နေသော
 ကျင့်ဝတ်ကိုပြန်လည် အကောင်အထည် ဖော်ရန်၊အချိန်တန်ပြီ ဖြစ်ပါသည်။ 
အပတ်စဉ်နှင့် လစဉ်မလုပ်ချင်သည့်တိုင်အောင် တစ်နှစ်ကိုနှစ်ကြိမ်
 လုပ်သင့်ကြောင်း ၊ ထိုသို့ဆောင်ရွက်သည့်အခါ ကမ္ဘာ့ပွဲတော်မင်္ဂလာ
 ဝတ်နေ့နှင့် နှစ်သစ်ကူးချိန်တွင် ပြုလုပ်ပါက အလွန်သင့်လျော်ပါမည်။ 
ပွဲတော်မင်္ဂလာဝတ်ပြုရာတွင်လည်း ပုံမှန်ဝတ်ပြု ကိုးကွယ်ခြင်းအစီအစဉ်
တွင်ထည့်သွင်းခြင်းနှင့် သီးခြားဝတ်ပြု အစီအစဉ်ဖြင့်ကျင်းပခြင်း
 ပြုတတ်ပါသည်။ အောက်ပါအစီအစဉ်ကို သီးခြားဝတ်ပြု အစီအစဉ်
 အဖြစ်လည်းကောင်း၊ ပုံမှန်ဝတ်ပြု အစီ အစဉ် တွင်ဓမ္မဒေသနာ 
ဟောကြားပြီးနောက် ဆက်လက်၍လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။
(၁)ပွဲတော်အစီစဉ်
ဓမ္မသီချင်းကျူးအေးခြင်း၊ကျမ်းစာဖတ်ခြင်း၊ပွဲတော်မုန့်စီရင်ခြင်း၊ဝေငှခြင်းစားခြင်း
ဆရာ ။ ။ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းခံသောနေ့ ညမှာ
 မုန့်ကိုယူ၍(မုန့်ပန်းကန်ကို ကိုင်ယူပါ)၊ ကျေးဇူးတော် ချီးမွမ်းသည်နည်းတူ၊ 
ကျေးဇူးတော် ချီးမွမ်းကြစို့။ (ဆက်လက်၍ ကျေးဇူးတော်ချီးမွမ်းပါ)
ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ (မုန့်ကိုယူ၍ဖဲ့ပါ)
 တပည့်တော်တို့အား ဝေပေးသည့်နည်းတူ အချင်းချင်းတို့အား ဝေ ပေးကြပါစို့။
 (သင်းထောက်များမှတစ်ဆင့်/ပြီးလျှင် သင်းထောက် တို့အား ဝေပေးပါ)။
ဆရာ ။ ။ သခင်ယေရှုက ဤမုန့်ကား သင်တို့အဖို့ အလို့ငှာ၊ ချိုးဖဲ့သော
 ငါ၏ကိုယ်ဖြစ်၏။ငါ့ကို အောက်မေ့ဖို့ရာယူ၍ စားကြလော့ဟု မိန့်တော်
မူသည်အတိုင်း အတူတကွစားကြစို့။ (စားလျက်အာရုံပြုနိုင်ရန် အချိန်
 အနည်းငယ်ပေးပါ။)
ဆရာ ။ ။ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ (ခွက်/ခွက်ပန်းကို ကိုင်ယူပါ။
ကျေးဇူးတော် ချီးမွမ်းသည့်နည်းတူ ကျေးဇူးတော်ချီးမွမ်းစို့။ (ဆက်လက်၍
 ကျေးဇူးတော်ချီးမွမ်းပါ)
ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးမှ တပည့်တော်တို့အားခွက်ကို ဝေပေးသည့်
 နည်းတူအချင်းချင်းတို့အား ဝေပေးကြစို့။ (သင်းထောက်များမှ တစ်ဆင့်/ပြီးလျှင်
 သင်းထောက်တို့အား ဝေပေးပါ။)
ဆရာ ။ ။ သခင်ယေရှုက ဤခွက်ကား ငါ၏အသွေး၌တည်သော
 ပဋိညာဉ်တရားသစ်ဖြစ်၏။ သောက်သောအခါ ငါ့ကိုအောက်မေ့ဖို့ရာ 
သောက်ကြလော့ဟု မိန့်တော်မူသည်အတိုင်း အတူတကွ သောက်ကြ
 ကုန်စို့။(သောက်လျက်အာရုံပြုနိုင်ရန် အချိန်အနည်းငယ်ပေးပါ)
ဆရာ ။ ။ ပွဲတော်အလှူငွေသည် အသင်းတော်အနေဖြင့် ကူညီမစခြင်းကို
 လိုသောသူတို့အား အထောက်အပံ့ပြုသော မိတ်သဟာယ အလှူ 
တော်ငွေဖြစ် သည့်အားလျော်စွာ မိမိတို့၌ သခင်ဘုရား ပြုတော်မူသော
 ကျေးဇူးတော်တို့ကို ရေတွက်လျက် စေတနာထက်သန်စွာ ပေးလှူ ကြ ကုန်စို့။
 ဓမ္မသီချင်းကျူးအေးခြင်း၊မိတ်သဟာယ အလှူငွေ ကောက်ခံခြင်း။
ဆရာ ။ ။ ညစာစားပြီးသည်နောက် သခင်ယေရှုသည် တပည့်တော်တို့နှင့်အတူ
 ဆာလံသီချင်းဆိုလျက် သံလွင်တောင်သို့ တက်ကြွတော်မှုသည်နည်းတူ
 ဓမ္မသီချင်းကိုသီဆိုပြီးကောင်းချီးပေးလျက် ဤနေရာမှထွက်ခွာကြကုန်စို့။
#ကောင်းချီးပေးခြင်း #ကောင်းချီးမင်္ဂလာခံယူခြင်း#
မှတ်ချက် ။ ။ သခင်ဘုရား၏ ပွဲတော်အတွက် ပေါင်မုန့်နှင့် စပျစ်ရည်ကို
 အသုံးပြုပါသည်။မုန့်နှင့်ဆိုင်၍ အချို့က တဆေးမဲ့ မုန့်ဖြစ်ရမည်ဟု ခံယူလျက်
 သာမန်ပေါင်မှန့်ကိုမသုံးဘဲ၊ သီးသန့်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော
 ပွဲတော်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော ပွဲတော်မုန့်ချပ်ကလေးများကို
 အသုံးပြုကြပါသည်။ စပျစ်ရည် မရနိုင်သောကြောင့် ဇီးဖျော်ရည်၊
 မန်းကျီးဖျော်ရည် စသည်တို့ကို သုံးတတ်ကြပါသည်။ ဖျော်ရည်ကို
 အသုံးပြုရာတွင် ဖြစ်နိုင်ပါက စပျစ်ရည် ရောနှော အသုံးပြုအပ်ပါသည်။ 
အသွေးရောင် ဖြစ်စေရန်လည်း ဂရုပြု စီရင်သင့်ပါသည်။ မုန့်နှင့်စပျစ်ရည်ကို
 ဝေငှပြီးနောက် "ရသင့်လျက်နှင့် မရသေးသော သူများရှိလျှင် လက်ပြပါ" ဟူ၍ 
အခါခပ်သိမ်းမေးရန်မလိုပါ။ စနစ်တကျဝေငှနိုင်ရန် သင်းထောက်များကို 
သင်ပြတာဝန် ပေးထားသင့်ပါသည်။ ပရိသတ်အခြေအနေအရ ကျန်သူ
 ရှိနိုင်သော အချိန် အခါတွင်မှ မေးမြန်းသင့်ပါသည်။
မှတ်ချက်။---။
ပွဲတော်အား မည်သည်. ပုံစံဖြင်. ပေးရမည်ဟူသည်. ပုံသေ သတ်မှတ်ချက်
 မရှိပါ ။ နှစ်ခြင်းခရစ်ယာန်၏ ပွဲတော်စီစဉ်ခြင်းကို တင်ပြခြင်းဖြစ်သည်။