ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 22, 2014

"...လူ ထင်သည်.အတိုင်း....."

လူ့.အထင်
 (၁ကော ၈:၂) အကြင်သူသည်၊ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။ လူတိုင်းမှာ မိမိကိုယ်တိုင်နဲ့.ပါတ်သတ်ပြီး ထင်မြင်ယူဆချက် ကိုယ်စီရှိတတ်စမြဲပါ။ တစ်ချို့.က မိမိထင်မြင်ယူဆချက်သည် အသက်တာကို တိုးတတ် ကောင်းမွန်စေနိုင်သလို အဆိုးဆုံး ဆုတ်ယုတ်ခြင်းသို.ဆွဲချသွားနိုင်တာလည်းရှိတတ်ပါတယ်။ 
ထို.ပါ၍ နုတ်ကပါတ်တော်က မိမိအထင်အမြင်နဲ.့ပါတ်သတ်ပြီး ဘယ်လို ဖေါ်ပြသွန်သင်သည်ကို ကြည့်ဖို.လိုအပ်ပါတယ်။ ၁။လူထင်သည့်အတိုင်း မှန်သည့် ပုံစံရှိသော်လည်း(သု ၁၄း၁၂) လူ့အထင်က အများအားဖြင့် အပြင်ပန်းကြည့်ရင် မှန်တယ်လို့. ယူဆလို့.ရနိုင်စရာအများကြီးရှိပါတယ်။ သို့.သော် နုတ်ကပါတ်တော်ကတော့ အဆုံးထိကြည့်ဖို့. သတိပေးပြီးတော့ အဆုံးမှာတော့ သေခြင်းကို ပို.့တဲ့လမ်းကိုရောက်စေတယ် လို.့ ပြောပါတယ်။ လူ့. အထင် လူ.့အမြင်ဟာ ဘုရားအမြင် နဲ့ ကောင်းကင်နှင့်မြေကြီးကွာသလို ကွာတတ်ပါတယ်။ သာမာန်လူမပြောပါနဲ့. တစ်ခါတစ်ရံ အမှု တော်ဆောင်များပင်လျှင် အထင်နဲ့ လက်တွေ့ကွာခြားတဲ့အရာ များစွာ နုတ်ကပါတ်တော် က ဖေါ်ပြထားပါတယ်။ ၁ရာ ၁း၁၃ မှာ ယဇ်ပရောဟိတ်ကြီး ဧလိကိုယ်တိုင် ကြေကွဲနေပြီး ဆုတောင်းနေတဲ့အမျိုးသမီးကို မူးနေတယ်လို့. ထင်ပြီးတော့ အပြစ်တင်ဆုံးမဖူးပါတယ်။ တစ်ကယ်တော့ အမူတော်ဆောင်တွေကိုယ်တိုင် 
အထင်နဲ့.သွားပါက လွဲတတ်တဲ့အရာဆိုတာကို 
နုတ်ကပါတ်တော်က ဖွင့်ပြပါတယ်။  
၁ရာ ၁၆း၆-၇မှာပရောဖက်ပြီးရှာမွေလကိုယ်တိုင်
ရှောလုနောက်မှာ တက်မယ်. ဘုရင့်ကိုဘိတ်သိတ်ဖို့. ဘုရား စေလွှတ်တဲ့အခါမှာ ဒါဝိတ်အစ်ကိုတွေကို ဘုရင်အဖြစ်နဲ့ မြင်ပြီးတော့ ဘိတ်သိတ်ဖို့ ပြင်ဆင်ဖူးပါတယ်။ သို့သော်ဘုရားအမြင်က လူ့.အမြင်နဲ့.ကွာတယ် လို့.ဘုရားက သူ.ကိုသွန်သင်ပါတယ်။ ဒါကြောင့်ကိုယ်.အထင် ကိုယ်အမြင်နဲ့. သွား၇င် အမြဲတန်း ဘုရားအလိုတော်နဲ့.လွဲချော်နေမှာဖြစ်တယ်။ လူတစ်ချို့ကတော့ ဘုရားကိုအထင်လွဲတတ်တယ်။ ကိုယ်အကောင်းဆုံးလုပ်နေရက်နဲ့. ဘာကြောင့်များ
 ကောင်းကြီး မရတာလည်းလို့.ကိုယ်ဟာကိုယ် ထင်တာကတော့
 ကောင်းကြီးရသင့်တယ် လို့.ထင်ပေမဲ့ ဘုရားအမြင် 
ဘုရားအထင်ကို မသိခဲ့တာဟာ တော်တော်ဆိုးရွားပါတယ်။ ၂။ထင်သင့်တာထက်ပိုမထင်နဲ့.
 ရောမ ၁၂း၃ တစ်ခါတစ်လေ ကိုယ်ဟာ ထင်သင့်တာထက် ပိုမိုထင်မြင်ခြင်းဟာလည်းအသက်တာကို ကျဆင်းဖို့. ဘုရားနဲ့ဝေးသွားဖြစ်စေတတ်ပါတယ်။ကိုယ်ဟာကို အ၇မ်းကြီး ဟုတ်တယ်နေလို.အထင်ကြီးနေတာလည်း အသက်တာမှာ မာနတ်ဝင်ရောက်ဖို.လမ်းစဖွင်.သလို တစ်ခါတစ်ရံ မှာ
 ကိုယ်အသက်တာ အစွမ်းအစ ရှိနေရက်သားနဲ.
ဆုကျေးဇူးရှိနေရက်သားနဲ. ဘုရားအမြင် ဘုရားထင်မြင်ချက်ကို
 မသိပဲ အရမ်းသိမ်ငယ်နေတာလည်း စိုးရိမ်စရာရှိပါတယ်။ 
ဒါကြောင့် ဘုရား ကိုယ်ကို မြင်တဲ့အမြင်ကို သိဖို.၊ မြင်တတ်ဖို. သိပ်အရေးကြီးပါတယ်။ ဒါကြောင့်ပေါလုက သတိပေးပါတယ် ပညာရှိတယ်လို. ကိုယ်ဟာကို ထင်ရင်သင်ဟာ 
ဘာမှမသိသေးတဲ့ မတတ်သေးတဲ့လူပဲလို့.ဆိုတယ်။ ကိုယ်ဟာကိုယ်ပြည့်စုံပြီ လုပ်နိုင်ပြီလို. ထင်သင့်တဲ့အချိန်မှာ ထင်တာပြသနာမဟုတ်ပင်မဲ့ တစ်ခါတစ်လေ 
အချိန်မရောက်သေးပဲ ထင်တာဟာ ပျက်စီးဖို့. လမ်းစဖြစ်နေတတ်ပါတယ်။ ဒါကြောင့်အသက်တာမှာ 
ကိုယ်.အထင် ကိုယ်အမြင်နဲ.ဘယ်အရာကိုမှ မဆုံးဖြတ် မလုပ်ဆောင်ပဲ ဘုရားအမြင် ဘုရားထင်မြင်ယူဆချက်ကို 
ပိုမိုဂ၇ုစိုက် တတ်ဖို့လိုပါတယ်။ ဘုရားထင်သလိုထင် မြင်သလိုမြင်ရင် အောင်မြင်ဖို့.မခက်ပါဘူး။

No comments:

Post a Comment