ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 20, 2014

****ပြသနာ-အခက်ခဲ-ဒုက္ခ****

ဒုက္ခအခက်အခဲ ရောက်စဉ်မှာထားသင့်သည်.
စိတ်နေသဘောထားနှင့် ပတ်သက်ပြီးဝေမျှလိုပါတယ်။
ပထမဆုံး စိတ်ထဲမှာ ရှိရမှာက ယုံကြည်သူဖြစ်လို့. ပန်းခင်းလမ်းလျှောက်ရမယ်' ဆိုတာပုံပြင်ထဲမှာပဲရှိတယ်။ သင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။
ငါသည်လောကကိုအောင်ပြီးဟုမိန်. တော်မူ၏။ 
♥အင်္ဂလိပ်မှာတော့ "In this world you will have trouble But take heart, I have overcome the world." ကျွန်တော်.အတွေ.အကြုံအရ ယုံကြည်သူ အသိုင်းအ၀ိုင်းမှာ "trouble makers' နဲ့ " trouble shooters' ဆိုပြီး အသင်းတော်တိုင်းမှာလိုလို ဒီလူနှစ်မျိုးတွေ့.ရပါတယ်။ "trouble makers' ကအသေးလေးကို အကြီးလုပ်တယ်။ ♥တံတားတွေဆောက်မယ့်အစား တံတိုင်း တွေဆောက် ချင်တဲ့ သဘောရှိတယ် "trouble shooters' များကတော့ ပြသနာကို အသိအမှတ်ပြု ပြီးပြသနာရဲ.အဖြေကို လည်းကြိုးစားရှာဖွေတတ်ကြတယ်။ တံတိုင်း တွေအစားတံတားတွေခင်းဖို့.လည်း အမြဲကြံစည်နေသူများဖြစ်တယ်။ 
♥ကျွန်တော်.အမြင်တော့ ဘုရားသခင်က ယုံကြည်သူ အယောက်စီတိုင်းကို " trouble shooters'များဖြစ်စေချင်တယ်။
 ပြိုလဲစေသူများမဖြစ်ဘဲ တည်ဆောက်သူများဖြစ်စေချင်ပါတယ်။ ယုံကြည်သူများရင်ဆိုင်ရမယ့် အခက်အခဲများနှင့် ပတ်သက်ပြီး ဘုရားသခင်ရဲ့ဂတိတော် ကတော့ဟေဗြဲ(၁၃း၅) မှာ  
"အကြောင်းမူကား၊ငါသည်သင့်ကိုမစွန့် သင့်ကို အလျှင်းပြစ်၍ မထားဟုဂတိတော်ရှိ၏။" လို့ တွေ့ ရတယ်။ 
†တဖန် ၁ပေတရု ၁း၇ ကြည့်တဲ့အခါ ' အရည်ကျို ၍ ၀မ်းနည်းသော်လည်း ပျက်စီးတတ်သောရွှေကို စစ်ကြော စုံစမ်းခြင်းထက်၊သင်တို့ ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်း အရာသည်သာ၍မြတ်သည်နှင့်၊ယေရှူခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ဂုဏ်သရေ၊ဘုန်းအာနုဘော် အလိုငှာ ဖြစ်မည့်အကြောင်း၊ အထူးထူးပြားပြားသော စုံစမ်းနှောက် ယှက်ခြင်း ကို ခံရသောအကြောင်းရှိလျှင်၊ ၇ သင်တို သည်ယခုခဏခံရ၍ ၀မ်းနည်းသော်လည်းအထက်ဆိုခဲ. ပြီးသောကျေးဇူးတော်ကို
 ထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။' လို့ လည်းယုံကြည် သူများသာ၍ စစ်မှန်သော ယုံကြည်သူဖြစ်ခြင်း အလိုငှာရွှေကိုမီးနှင့် စစ်သကဲ့သို. အခက်အခဲ ဒုတ္ခ များဖြင့် စစ်ကြောခံခြင်းများလည်း ရှိလိမ့်မယ်လို. သတိပေး ထားခြင်းဖြစ် ပါတယ်။ ဒီလိုစစ်ကြောခြင်းကြောင့်ရမယ့်အမြတ်နှစ်ခုကတော့- ၁)သာ၍ရင့်ကျက်ခြင်း ၂)အခြားမိမိကဲ.သို့ဒုတ္ခအခက်အခဲရင်ဆိုင်နေရသူများကို
ကိုယ်ချင်းစာနာ တတ်ခြင်းတို့ ဖြစ်ပါတယ်။ 
♥ဟေဗြဲသြ၀ါဒစာမှာ သခင်ယေရှူခရစ်တော်နဲ့ ပတ်သက်လို့ "ငါတို.ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ခံရသောဆင်းရဲဒုက္ခ များကြောင်. မကြင်နာနိုင်သောသူမဟုတ်။ ♥ငါတို.ခံရသည်နည်းတူ၊အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို.ကို
ခံဘူးသေူဖြစ်တော်မူ၏။သို့ရာတွင်၊ဒုစရိုက်အပြစ်နှင့်
ကင်းလွတ်တော်မူ၏။ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊တော်လျော် သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ 
တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။ ( ဟေဗြ၊ ၄း၁၅ )- လို့ ဖေါ်ပြထားတာတွေ့ ရတယ်။ 
♥ကျတော် ခွန်အားယူနေကြကျမ်းပိုက်နှစ်ပိုက်ကတော့ ဓမ္မရာဇ၀င် ပဌမစောင် ၃၀း၆ မှာ-" ဒါဝိဒ်သည်အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို. သည် မိမိတို. သားသမီးများကြောင့်စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့်ပစ်မည်ဟုဆိုကြ၏။ 
ဒါဝိဒ်မူကား မိမိဘုရားသခင် ထာဝရဘုရားကို ကိုးစားလျှက်နေ၍" အင်္ဂလိပ်လိုက" But David strengthened himself in the Lord his God." လို့ ဒါဝိဒ်ရဲ့ စိတ်နေသဘောထားကိုဖေါ်ပြပါတယ်။
တစ်ခါတစ်ရံလူတွေကိုပြောဆိုတိုင်ပင်ရင်အတင်းအဖျင်းဖြစ် တတ်ပါတယ်။ဒါဝိဒ်ရဲ့ လျှိ .၀ှက်ချက် ကတော့ဘုရားသခင်ကိုလုံးလုံး အားကိုးခိုလှုံ ခြင်းဖြစ်ပါတယ်။ ♥နောက်ကျမ်းချက်တစ်ချက်ကတော့ ရောမ ၈း၂၈ ဖြစ်ပါတယ်။ " ဘုရားသခင်ကိုချစ်သောသူတည်းဟူသော အကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့ ၏အကျိုးကိုခပ်သိမ်းသောအရာတို့ သည် တညီတညွတ်တည်းပြုစုကြသည်ကိုငါတို့ သိကြ၏။" ♥ဆိုလိုချင်တာကဘုရားသခင်အသုံးမပြုနိုင်တဲ့အရာနဲ. အခြေအနေဘာတခုမှမရှိပါ။အရာခပ်သိမ်းကိုဖန်ဆင်း ပိုင်သပြီးအရာခပ်သိမ်းရဲ့ အထက် မှာရှိတဲ့ ဘုရားသခင်က ဘယ်အရာမဆို ဘယ်အခြေအနေမဆိုအသုံးပြု ပြီးသူ ချစ်တဲ့ ယုံကြည်သူရဲ.အသက်တာကိုကောင်း အောင်ပြုပြင်
 ပေးနိုင်ပါတယ်။
 ♥ကျတော်.မမျှော်လင့်ထားတဲ့ ပြသနာ အခက်အခဲကြုံ လာရင်- 
၁) မိမိဘက်က မှားယွင်းတာဘာရှိသလဲဆိုတာဆုတောင်းပြီး ဘုရားဖေါ်ပြရင်နောင်တနှင့်ဘုရားဆီပြန်လာတဲ့ 
အကျင့်လုပ်ထားပါတယ်။ 
၂) သိသာထင်ရှားတဲ့ ဘာမှအမှားအယွင်းမှ ဘုရားမဖေါ်ပြရင်တော့အခြေ အနေအတွက်ဘုရားကျေးဇူးတော်ကို ချီးမွမ်းတဲ့အကျင့်လုပ်ထားပါတယ်။ ဒီအခြေအနေများအားဖြင့် ဘုရားသခင်ကယုံကြည်သူကိုပို၍ရင့်ကျက် အောင် ဒါမှမဟုတ်ပို၍ကြီးမားသောအပ်နှင်းခြင်းကိုပြုဖို့  အသက်တာကိုပြင်ဆင်နေတယ်လို့ ခံယူပါတယ်။ 
ခပ်သိမ်းသော အရာတို့ သည်ဆိုတာ ဘာမဆိုလို့  
အဓိပ္ပာယ်ရပါတယ်။အခြေအနေအားလုံးကိုပြောခြင်းဖြစ်တယ်။
အရေးကြီးတာက ဘုရားသခင်ကိုချစ်ဖို့ ဖြစ်ပါတယ်။
ဒါကြောင့်မိတ်ဆွေကိုလည်း အားပေး ချင်တယ်။ ♥ဘုရားသခင်ကိုယုံကြည်ပါ။ ဘုရားသခင်ရဲ့ အကြံ အစဉ်က လူ. အကြံအစဉ်ထက်သာ၍ကောင်းမြတ်ပါတယ်။တစ်ခါတစ်ရံ မိတ်ဆွေ အနေနဲ့  မိတ်ဆွေရဲ့ ဘုရားသခင်သတ်မှတ်ထားတဲ့  အချိန်ကို စောင့်ဆိုင်း တတ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ♥စောင့်ဆိုင်းနေရခြင်းကမိတ်ဆွေအတွက်အခက်အခဲကြီး
တစ်ခုဖြစ်နေပါကယေရှူခရစ်တော်ပင်လျှင်သုံးနှစ်ခွဲမျှ
အောင်မြင်စွာအမှုတော်ဆောင်ဖို. အတွက်နှစ်သုံးဆယ် အကြာအသက်တာကိုပြင်ဆင်စောင့်ဆိုင်းခဲ ရတာကိုကြည့်ရင်မိတ်ဆွေနဲ. စာရေးသူလည်းဒီလမ်းပေါ် မှာလျှောက်နေကြသူများမဟုတ်ပါလား။
 ♥ဒီဒုက္ခ အခက်အခဲများထဲမှသစ္စာရှိခြင်းအားဖြင့် အချိန်တန်ရင်ကြီးသော အမှုကိုအပ်နှံခြင်းခံရသည်သာမက
 "သာဓု သစ္စာရှိသောငယ်သားကောင်း' ရယ်လို.
အခေါ်ခံထိုက်သောသူ အယောက်စီဖြစ်မယ့်အကြောင်း ဆုမွန်တောင်းရင်းဒီအခန်းကိုဒီနေရာမှာပဲ နိဂုံးချုပ်ပါ့မယ်။ 
♥စာဖတ်သူ ချစ်မိတ်ဆွေ ယုံကြည်သူအယောက်စီတိုင်းရဲ့ နှလုံးသားကို ဘုရားသခင်ကြွယ်ဝသောကောင်းကြီးမင်္ဂလာနှင့်
သွန်းလောင်းဖြည့်ဆည်း ပေးပါစေ။

No comments:

Post a Comment