ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 30, 2014

(ကျမ်းစာကို မလေ.လာမီ ကြိုတင် သိသင်.၊သိထိုက်သောအရာများ)

            ကျမ်းစာကိုမည်သို.လေ.လာမည်နည်း။
(၁)ကျမ်းစာတွင် သမ္မာတရားရွှေရတနာသိုက်များစွာရှိပါသည်။ (၂)လူတိုင်းသည် Technology Students ဖြစ်မလာနိုင်သော်လည်း သမ္မာကျမ်းကို နက်နက်နဲနဲ လေ.လာသောကျောင်းသား 
(Serious Bible Students)ဖြစ်နိုင်သည်။ 
(၃)ဝိညာဉ်လူ(Spiritual Man) ကသာလျှင် သမ္မာတရား၏ အနက်နဲဆုံး တန်ဖိုးကို နားလည်နိုင်သည်။(၁ ကော ၂း၁၄) သမ္မာကျမ်းစာကို အကျိုးရှိရှိလေ.လာလိုသူအတွက် သိ၊ရှိရမည်. အဓိကအချက်များ။(Conditions For Profitable Bible Study) ကျမ်းစာကိုမည်သို. လေ.လာရမည်ဆိုသည်.အချက်မပြောမီ ကျမ်းစာလေ.လာမည်ဆိုပါက ကြိုတင်မရှိမဖြစ်၊ မသိမဖြစ် အရေးကြီးသောအရာများကို သဘောပေါက်ရန်လိုပါမည်။
(Prior to study it is more important to meet the fundamental condition than merely following the best procedures)။
(၁) Optaining Spiritual Understanding : ဝိညာဉ်အားဖြင်. ဒုတိယမွေးခြင်း ခံသောသူ ဖြစ်ရပါမည်။ ကျမ်းစာလေ.လာသူသည် ဂရိတ်၊ဟေဗြဲ၊အာရေမိ ဘာသာ စကားတတ်ကျွမ်းခြင်းထက် သန်.ရှင်းသောဝိညာဉ်တော်၏ အလေ.အလာ၊သန်.ရှင်းသော
ဝိညာဉ်၏သဘောသဘာဝကို နားလည်ရန်ပို၍ အရေးကြီးပါသည်။ (ရှင်ယောဟန် ၃း၃-၈) 
(၂)Gaining Spiritual Appetite :သမ္မာကျမ်းစာကို အလွန်ကြိုက် နှစ်သက်သော စိတ်ဆန္ဒရှိရပါမည်။ အသက်မရှင်တော.သော အသေကောင်၊အလောင်းသည် အစာ မစားတတ်ပါ၊ အသက် ရှင်သောသူသာလျှင် အစာစားလေ.ရှိသကဲ.သို.၊ ဝိညာဉ်သက် ရှိသောသူသည် ထာဝရအသက်(abundant life) အတွက် နုတ်ကပတ်တော် အစာ အလွန်ဆာလောင်မှု၏ နှိုးဆွပေးသော အသက်တာရှိရပါမည်။(ယောဘ၂၃း၁၂၊ ယေရမိ ၁၅း၂၆)။ (၃)Digging For Treasures : ရတနာသိုက်တူးသူကဲ.သို. ကြိုးစားလိုစိတ်ရှိရမည်။ကျမ်းစာတခုလုံးတွင် ဘုရားအသုံးပြုသော သူမှန်သမျှ ပျင်းရိပြီး လုံ.လမရှိ၊ဝါယမစိုက်ထုတ်ခြင်းမရှိသူကို ဘုရားလုံးဝအသုံးမပြုပါ။ဝှိုက်ထားသော ရတနာသိုက်ရရှိရေးအတွက် ဆန္ဒ(Desire)ရှိရုံလေးနဲ. Destiny ပန်းတိုင် မရောက်နိုင်ပါ၊ ခိုင်မာသော ဆုံးဖြတ်ချက် dertermination ချပြီး၊ အဖိုးအခပေးပြီး ကြိုးစားမှု ရှိရပါမည်။ Gratis/discount ဖြတ်လမ်းဖြင်. ရတာနာ သိုက်ကို မရနိုင်ပါ။(Ps 1:1-2/ Joshua 1:8/Pv 2:1-5). 
(4)Finding The Treasures Keys : မိမိနဂိုခံယူချက်/မိမိအလိုဆန္ဒ အားလုံး ကိုယ်တော်.ထံ Surrender အပ်နှင်းရပါမည်။ မိမိကြိုတင်သိနှင်.ပြီးသား၊ဟိုဆရာ ဒီဆရာ youtube ထဲက ကြားဘူးသောစကား အားလုံးကို delete လုပ်ပစ်လိုက်ပါ၊ “သခင်ယေရှုက ငါသည် ကိုယ်အလိုအလျှောက် ပြောသလော.၊ အထက် ကောင်းကင်ဘုံအဖဘုရားသခင်၏ ဒေသနာတော်ဖြစ်
သလော.” Jn 7:17 ပြော သည်.အတိုင်း ဘုရားရ.စကား၊ ဘုရားဖြစ်စေချင်၊သိစေချင်သည်. အတိုင်းလက်ခံနိုင်ရပါမည်။ သမ္မာတရားကို သမ္မာတရားအတိုင်းလက်ခံပြီး လက်တွေ.ကျ၏၊
မကျ၏ ကျွန်တော်.အမြင်၊ခံယူချက်နဲ.ကိုက်တယ်၊ မကိုက်ဘူးဟု ချိန်ထိုးဖို.မဟုတ်ပါ။ကိုယ်တော်.အလိုတော်အတိုင်း ပုံသွင်းပါဟုသာ ဝန်ခံ ဆုတောင်းပါက သင်.သည် ရတနာသိုက်၏ သော.Key လက်ဝယ်ရရှိပိုင်ဆိုင်သူသဖွယ်ဖြစ်ပြီး ကျမ်းစာအုပ်သည် သင်တခါမှ မဖတ်ရဘူးသေးသော သင်စွဲလန်းနေသော စာအုပ်အသစ်စက်စက် ရထားသလို သင်.ကို အငမ်းမရဖတ်ချင်သောစိတ် နှိးဆွဆွဲဆောင် လာပါတော.မည်။ 
(၅)USE IT OR LOSE IT : သိသိချင်း ချက်ချင်းလိုက်နာရပါမည်။ ကမ္ဘာကျော် ဆရာကြီးတပါးပြောပြချက်အရ နှစ်ပေါင်း ၅၀ မက အမှုတော်ဆောင် သက်တမ်းရှိသူဖြစ်ပြီး ကျမ်းစာကို အကြိမ်ပေါင်း များစွာဖတ်ပြီးခဲ.သော်လည်း ၁၀%ပင်လျှင် ကျမ်းစာသိမည်မဟုတ်ဟု ဝန်ခံသကဲ.သို. များများသိတာထက်၊သိတာလေးတခုကို  apply လုပ်ဆောင်ပါက နောက်တခုထပ်ဖွင်.ပြခြင်းခံရမည်။(ယာဂုတ် ၁း၂၂ နုတ်ကပတ်တော်ကို နာရုံမျှသာမဟုတ်၊ကျင်.သောသူဖြစ်ကြလော.၊ But de ye doers and not hearers only.) မလိုက်နာသောသူသည် သိပြီးသောအရာ အားလုံး ပင်လျှင် အဖျက်ဆီးခံပြီး ဆုံးရှုံးသွား တတ်သည်ပါသည်၊ (မာသဲ၂၅း၂၉)။ 
(၆)Come As A Child …ကလေးသူငယ်ကဲ.သို.ချဉ်းကပ်ရမည်။ မသိသေး သော ကလေးငယ်၏စိတ်နှလုံးအသစ်ကဲ.သို. အကျွှနုပ်ကို သွန်သင်တော်မူပါဟု သခင်ဘုရားကို အားကိုး သောအလေ.အကျင်. ပျိုးထောင်ကာ ဆုတောင်းရပါမည်။(မာသဲ ၁၁း၂၅)။
(၇)Believing God’s Word ။ ဘုရားက သင်.ကိုပြောနေသည်ဟု ခံယူရပါမည်။ ဘုရားက မောရှေကို ပြောသကဲ.သို.၊ ဒံယေလ၊ ၊ယောသပ်၊ ဒါဝိတ်ကို ပြောသည်. နည်းတူ ငါ.ကိုလည်း ဘုရားသခင် ကပြောနေသည်ဟု အကြွင်းမဲ.ယုံကြည်မှု ရှိရပါမည်။ဒါကတော.ဖြင်. ဟို ဆရာက ဟိုလိုပြောတယ်၊ ဟိုစာအုပ် ဟိုForumမှာ ဒီလိုရေးလို. ငါကတော. သဘော မတူနိုင်ဘူး၊ ဘယ်လိုဖြစ်နိုင်မလဲ၊ အရင် ကတည်းက ဒီလိုခံယူလာခဲ.တာ နှစ်ပေါင်းအင်္သချေရှိပြီဟု 
စောဒကတက်စရာအကြောင်းမရှိပါ၊ ဘုရားစကားကို ဘယ်သူမှ 
 ငြင်းပိုင်ခွင်.လုံးဝမရှိပါ။ (ရောမ ၉း၂၀)။ ၁၀၀% ဂတိတော်အပေါ် ယုံကြည်၊စိတ်ချ လိုက်ပါ၊ နောက်မှ-အားမှ- အစဉ်ပြေမှ- အလုပ်ရမှ- ဝင်ငွေကောင်းမှ ဆိုတဲ. complain များစွာနဲ. နေ.ရွှေ.ညရွှေ.မလုပ်ပဲ ချက်ချင်း လက်ငင်း Prompt Obedience လိုက်နာဆောင်ရွက်ပါ၊ EC နဲ. လူထု အစည်းဝေး တင်ပြ ဆွေးနွေးပြီး ၅၀% ထက်ဝက်ကျော်က  
 ထောက်ခံမှ ဆောင်ရွက်ရန်ဆိုခြင်းသည် သဘာဝကျပါသည်၊ (ဒီမိုကရေစီနည်းလမ်း ကောင်းပါသည်..လူမှုအဖွဲ.စည်း၊ နိုင်ငံ.အရေး၊ လူမှုအရေး ဟူသမျှ ဒီမိုစံနစ်အကောင်းဆုံးပါ) But The Kingdom is not a democracy  ဟောပါဆိုဆို.အတိုင်းဟော၊ ပြောပါဆိုသည် ကို ပြောရပါမည်၊ မည်သူမျှ သင်.ဘက်မှာ မပါရင်နေပါစေ။ ဆင်းရဲသား မုဆိုးမကို ရေတခွက်တိုက်ရန်၊ ကိုယ်နှင်.စပ်ဆိုင်သူ အချင်းချင်းချစ်ရန် အစည်းဝေးဆုံးဖြတ် ချက်၌ မပါသော်လည်း သမ္မာကျမ်းစာက ခိုင်းပါက ကူညီသင်.တာချက်ချင်း ကူညီရပါမည်၊ လူ၏ နုတ်ထွက် ကိုမခံယူ…..(၁သက် ၂း၂၃)။ ဧနောက် ဘုရားနဲ. နှစ်ပေါင်း၃၀၀ သွားလာတတ်သူဖြစ်ဖို. ဘုရား အလိုရှိပါသည်၊ ခေတ္တခဏ တနင်္ဂနွေ တရက်တည်းသွားလာခြင်း မဟုတ်ရပါ၊ နေ.စဉ်၊ နုတ်ကပတ်တော်ကို လည်ပင်းတွင်ဆွဲပြီး ခါး၌ ပတ်ထားရပါမည်။ 
(၈)The Key To Understanding : သမ္မာတရား၏ နက်နဲသောပညာ အား လိုချင် သောသူသည် ဘုရားသခင်ထံသို. တောင်းပါစေ။ လူကိုသွားမေးပါက (He will betray you လိမ်ညာခံလိမ်.မယ်ဟု ဆရာကြီး Benny ကတော.ပြောပါသည်)။ လူ.အတွေ. အကြုံ၊ လူ.အမြင်ပဲ ရပါလိမ်.မည်။ ဝိညာဉ်မျက်စိဖွင်.ပေးရန် ဝိညာဉ်တော် ဘုရားသာလျှင် အကောင်းဆုံး တိုင်ပင်ဖက်ဖြစ်သည်။ သမ္မာကျမ်းကို ဒူးပေါ်မှာ ဖတ်ဖို.(ဇာတိအတွေး၊အမြင်ကို အရှုံးခံ၊ဒူးထောက်) လိုအပ်ပါသည်။ မည်သည်. ကျမ်းစာကျောင်း တက္ကသိုလ် စာသင်ကျောင်းတွင်မှ မရနိုင်သော ဘုရားသခင်၏ glory နဲ. annoiting ကို ဆုတောင်းခြင်းဖြင်. သာလျှင် သင်ရနိုင်မည်ဖြစ်သည်။ (Ps 119:18/Jm 1:5-6)။ 
ဖတ်ရှုလေ.လာသူအယောက်တိုင်း သခင်ဘုရားထံမှ ကြွယ်ဝသော သမ္မာတရား အသိပညာ သာ၍တိုးပွါးစေမည်.အကြောင်း ဆုတောင်း လျှက်  မေတ္တာနှင်. ဝေမျှလိုက်ပါသည်။ God Bless You All...!!

No comments:

Post a Comment