ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 14, 2014

ခရစ်တော်ရဲ့ဒုတိယအကြိမ်ကြွလာခြင်း

ခရစ်တော်ရဲ့ ဒုတိယအကြိမ် ကြွလာခြင်း ကြွလာခြင်း လို့ အော်နေပြီး၊ ရင်ထဲမှာ ဘာမှလဲ မရှိဘူး။?ကြွလာခြင်းဆိုတာ ဘာလဲ?ကြွလာတဲ့ အခါမှာ ဘာဖြစ်မှာလဲ?ကြွလာတာနဲ့ ကမ္ဘာကြီး ပြီးပြီလား?ဒါတွေလဲ ဘာမှမသိပဲနဲ့ကြွလာတော့မယ်။ ကြွလာတော့မယ်။Sense of Urgency အလွန် အရေးကြီးတယ်ဆိုတာကို သိပါ။အဲဒါကြောင့် အချိန်ပေးပြီးတော့ အကြိမ်ကြိမ် ပြန်ကြည့်ဖို့ ၊ကျွန်တော်ရေးထားသမျှ စာတွေကိုလဲ အကြိမ်ကြိမ် ပြန် ဖတ်ဖို့ မေတ္တာရပ်ခံပါတယ်။
သခင်ယေရှု ပြန်ကြွလာတဲ့ နေ့ရက်ကျရင် Polar Reversal ဆိုတဲ့အရာ ဖြစ်လိမ့်မယ်။ကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ Magnetic စက်ကွင်းတွေ အကုန်လုံးက ပြောင်းပြန်တွေ ဖြစ်ကုန်မှာ ။ဟေရှာယ ၂၄း ၂၀ ကို ဖတ်ပါ။အဲဒီနေ့က ကမ္ဘာပျက်တဲ့ ရက်ပဲ။ ပျက်သွားပြီးရင် ဘယ်တော့မှ ပြန်ထောင် လာတော့ မယ့် နေ့ရက်မဟုတ်ဘူးဆိုတာ အသေအချာပဲ။ 
ကမ္ဘာကြီးက အက်ကွဲကြောင်းကြီးတွေနဲ့ ကွဲထွက်သွားမယ်။ ကမ္ဘာကြီးက အပေါ်ကနေ ပွင့်ထွက် သွားမယ်။ တစ်ကမ္ဘာလုံး တုန်လှုပ်ပြီး ငလျင်တွေ လှုပ်နေမယ့် နေ့ရက်ဖြစ်တယ်။ကမ္ဘာကြီးတခုလုံး ဘယ်လောက်တုန်ခါနေသလဲ ဆိုရင်မိုးသက်မုန်တိုင်းထဲမှာ ရှိတဲ့ အမှိုက်တွေ တုန်ခါနေသလို တုန်ခါနေမှာ။ ဗျာဒိတ်ကျမ်း ၆း၂၁ ကို ဖတ်ပါ။အင်မတန်ကြီးမားတဲ့ ငလျင်ကြီး တခုက ကမ္ဘာတစ်ခုလုံးကို လှုပ်လိမ့်မယ်။ `လ` ဟာ အသွေး ဖြစ်သွားလိမ့်မယ်။
`နေ` ဟာမည်း သွားလိမ့်မယ်။သစ်ပင်အပေါ်မှာ ရှိတဲ့သစ်သီးတွေ ကို လေပြင်းမုန်တိုင်းကျရင်ကြွေကျသလိုမျိုး ကောင်းကင်က ကြယ်တွေ ဟာ လုံးဝအဆီးအတား မရှိ အရှိန်အဟုန်ပြင်းစွာဖြင့် ပေါက်ကွဲပြီးတော့ ကမ္ဘာပေါ်ကို ကြွေကျလာလိမ့်မယ်။ 
မိုးကောင်း ကင်ဟာ စာစောင်လိပ်သလို လိပ်ပြီး ပျောက်ထွက်သွားတာ။ ဘယ်မှာမှ ရှာမ ရအောင် ပျောက်သွားလိမ့်မယ်။ 
ရှိသမျှ တောင်တွေအကုန်လုံးလဲ မိမိရှိတဲ့ နေရာကနေ အကုန်ရွေ့ သွားလိမ့်မယ်။ သဘာဝပြောင်းလဲခြင်း နှင့်တကွ ပထ၀ီမြေကြီး ပြောင်းလဲခြင်း အကြီးအကျယ်ဖြစ်လိမ့်မယ်။ ဆာလံ ၉၇း၅ ကို ဖတ်ပါ။တောင်တွေ အကုန်လုံးဟာ အရည်ပျော်လိမ့်မယ်။ Magnetic field ပြောင်းလဲမှုကြောင့် မီးတောင်တွေကနေ ထွက်တဲ့ပြာတွေ ဟာအသွင် ပြောင်းပြီးတော့ ဆိုးရွားတဲ့ မီးစိုင်ခဲတွေ အနေနဲ့ ကမ္ဘာပေါ်ကို ပြန်ကျလာလိမ့်မယ်။ဗျာဒိတ်ကျမ်း ၆း၁၅ ကို ဖတ်ပါ။အဲဒီနေ့မှာ Global Earthquake တကမ္ဘာလုံး ငလျင်လှုပ်တဲ့ရက်ဖြစ်လို့ ဘယ်သူမှ မတ်တပ်မရပ်နိုင်ဘူး။ မိုးကောင်းကင်ကြီးက စာစောင် လိပ်သလို လိပ်ထွက်သွားတာနဲ့ တပြိုင်နက် ကြယ်တွေအကုန် ကမ္ဘာပေါ် ကို ကြွေကျမှာ။ ကြွေကျတဲ့ ကြယ်တွေကြောင့်ရယ် ၊ ကြီးစွာသော ငလျင်ကြီးကြောင့်ရယ် ရှိသမျှ တိုက်တာ အဆောက်အဦးတွေ အကုန်လုံး ပြိုကျပျက်စီးပြီး millions and millions of လူတွေ သေကြလိမ့်မယ်။ ဟေရှာယ ၃၀း၂၅ ကို ဖတ်ပါ။ဗျာဒိတ်ကျမ်း ၁၆း၂၁ ကိုဖတ်ပါ။ကောင်းကင်ကနေ ပေါင်၁၀၀ အလေးချိန်ရှိတဲ HailStones တွေ မီးမိုးရွာသလို ရွာကျလာလိမ့်မယ်။Polar Reversal, Polar Flip ဖြစ်ထားလို့ Atmosphere ကြီး အပေါ်မှာ အရမ်းအေးနေတဲ့ အချိန်မှာ ငလျင်အရမ်းလှုပ်ပြီး ပေါက်ကွဲသွားတဲ့ မီးတောင်တွေကနေ ထွက်လာတဲ့ လေထဲကိုရောက်သွားတဲ့ ချော်ရည်တွေနဲ့ ဓာတ်ပြုပြီး ပေါင် ၁၀၀လောက်လေးတဲ့ HailStones အကုန်လုံးက လူတွေပေါ်ကို ပြုတ်ကျလိမ့်မယ်။ ကြယ်တွေကလဲ ကြွေမယ်။ HailStones တွေကလဲ ကြွေမယ်။မဿဲ ၂၄း၃၀ ကို ဖတ်ပါ။ဗျာဒိတ်ကျမ်း ၁း၇ ကို ဖတ်ပါ။အဲဒီလို အားလုံး ကြယ်တွေလဲ ကြွေပြီးပြီ ၊ HailStones တွေလဲ ကျပြီးပြီ ၊ ငလျင်ကြီး လှုပ်ပြီးပြီ။ အားလုံး ပျက်စီးနေတဲ့ အချိန်မှာမှ တိမ်တိုက်ကြီးနဲ့ အတူ သခင်ဘုရားကြွလာလိမ့်မယ်။ အားလုံးဟာ ခရစ်တော်ကို မြင်ရမယ်။ရှိရှိသမျှ အသက်ရှင်သမျှသောသူအားလုံး ခရစ်တော်တိမ်တိုက်ကြီးနဲ့ ဆင်းချလာပြီး ရောင်ခြည်တော်ကို တွေ့ရလိမ့်မယ်။အဲဒီအချိန်ကျရင် အဲဒီနေ့မှာ အင် မတန် ကြောက်ဖို့ကောင်းတယ်။ကမ္ဘာကြီးရဲ့ အပေါ်ပိုင်းကြီး တခုလုံး ပွင့်ထွက်သွားပြီး စကြာဝဌာကြီးကိုပါ မြင်ရပြီး အပေါ်ကနေ တိမ်နဲ့ကို ရောင်ခြည်တော်တွေနဲ့ကို ဆင်းချလာမှာ။သက်သာလောနိတ် ပထမစောင် ၄း၁၆ ကို ဖတ်ပါ။ အဲဒီလို သခင်ယေရှုဟာ မိုးတိမ်တိုက်နဲ့ကို ဆင်းလာတဲ့ အခါမှာကမ္ဘာကြီးထဲထိ ဆင်းလာတာ မဟုတ်ဘူး။ အာကာသထဲထိ ၊ လေထုထဲထိကိုပဲ သူ ဆင်းလာမှာ။ ဆင်းလာတဲ့ အချိန်ကျရင် ခရစ်တော်၌ အရင်ဦးဆုံး သေထားပြီးသော သူတွေအကုန်လုံးဟာ မပုပ်ပျက်သော ခန္ဓာကိုယ်နဲ့ အရင်ထမြောက်မယ်။ ကျန်ကြွင်းနေတဲ့ သူတွေအကုန်လုံးဟာလဲ ကိုယ်ခန္ဓာအသစ် အဖြစ်ပြောင်းလဲသွားပြီးတော့ ချီဆောင်ခြင်း ခံရမယ်။ Rapture ဆိုတာ အဲဒါပဲ။ သခင်ဘုရားရှိတဲ့ အာကာသ ကောင်းကင်ကို ချီဆောင်ခြင်း ခံရပြီး အာကာသ လေထုထဲမှာ သခင်ဘုရားကို တွေ့ရမယ်။သခင်ဘုရားနဲ့ အတူ ရှိကြရလိမ့်မယ်။Rapture ဆိုတာ အဲဒါပဲ။ ချီဆောင်ခြင်းဆိုတာ အဲဒါပဲ။ {To meet the LORD in the air is the Rapture}အရှင်းဆုံးပြောရမယ် ဆိုရင်တော့ အရေးကြီးဆုံး အချိန်ပါပဲ။ သခင်ယေရှု ဘုရားက Mortal ပုပ်ပျက်နိုင်တဲ့ ဘ၀မှ ၊ Immortal မပုပ်ပျက်နိုင်သော ဘ၀သို့ လူအားလုံး ၀ိညာဥ်အားလုံးကိုပြောင်းလဲပေးတဲ့အရာဟာRaptureပဲဖြစ်တယ်။ ============================== သတိပြုပါ။ မီးမောင်ထိုးပြ ပါရစေ။ အပေါ်မှာ အားလုံးစုံသွား ပြီးတာနဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်တပ်ကြီး အကုန်လုံးက ယုံကြည်သူတွေ အားလုံးကို သခင်ဘုရားနဲ့ အတူ ယေရုရှလင်မြို့ရှိတဲ့ ဘက်ကို ခေါ်ဆောင်လာလိမ့်မယ်။Revelation 19:11 ကို ဖတ်ပါ။ဇာခရိ ၁၄း ၄ ကို ဖတ်ပါ။ယေရုရှ လင်မြို့ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ Mount of Olive သံလွင်တောင်ပေါ်မှာ ခရစ်တော် ခြေချလိုက်တာနဲ့ သံလွင်တောင်ဟာ နှစ်ခြမ်းကွဲသွားတယ်။ကဲ ဟုတ်ပြီ - နှစ်ခြမ်းကွဲပြီးရင် ပြီးပြီတဲ့လား?နှစ်ခြမ်းကွဲတော့ ဘာလုပ်ရမှာလဲ? နှစ်ခြမ်းကွဲသွားပြီးတဲ့ အချိန်မှာ တောင်နှစ်တောင်ကြားထဲမှာ Valley လွင်ပြင်ကျယ်ကြီး ဖြစ်သွားတယ်။ တဘက်မှာ ရပ်လိုက်တဲ့ တောင်ပေါ်မှ နေ၍ သခင်ဘုရားကိုယ်တော်တိုင် ယေရုရှလင်မြို့ကို လာရောက်စစ်တိုက်မယ့် Antichrist နဲ့ သူ့ရဲ့ အပေါင်းအပါအားလုံးကို ပြန်ပြီး စစ်တိုက်ဖို့အတွက် နေရာယူလိုက်တာ။John 3;16 ကို ဖတ်ပါ။Revelation 19:14 ကို ဖတ်ပါ။ ဘုရားသခင်ရဲ့ ကောင်းကင်စစ်တပ်ကြီး တစ်ခုလုံးဟာ ဆင်းချလာပြီးတော့ ယုံကြည်သူတွေ အကုန်လုံးအပါအ၀င် တဘက်က လာတိုက်မယ့် သူတွေအကုန်လုံးကို တိုက်ဖို့အတွက် မြင်းဖြူတွေနဲ့ ဆင်းချလာလိမ့်မယ်။ သူတို့ရဲ့ မျက်နှာ၊ သူတို့မှာရှိတဲ့ ဘုရားသခင်ကို ချစ်တဲ့စိတ်၊ သူတို့အပေါ်မှာ ရှိတဲ့ ယေရုရှလင်မြို့ကို ကာကွယ်မယ်ဆိုတဲ့ စိတ်တွေဟာ ပြင်းပြစွာ သခင်ဘုရားနဲ့အတူ ရှိကြတယ်။ဘယ်အရာကမှ တားဆီးလို့ မရတဲ့ ကြီးစွာသော အရှိန်နဲ့ ဆင်းချလာကြတာ။Revelation 19:19 ကို ဖတ်ပါ။သားရဲနဲ့ မိစ္ဆာပရောဖက်ကို ကန့်နဲ့လောင်တဲ့ မီးအိုင်ထဲကို အရှင်လတ်လတ်ချပစ်လိုက်တယ်။မိစ္ဆာပရောဖက်က သားရဲရဲ့ ရုပ်တုကို ကိုးကွယ်ဖို့ လူတွေကို လှည့်ဖျားသလို ၊ သားရဲရဲ့ အမှတ်တံဆိပ်ကို နဖူးနဲ့ လက်မှာခံဖို့အတွက် လိမ်လည်လှည့်ဖျားတဲ့သူ ဖြစ်တယ်။ နှစ်ယောက်လုံးကို ကန့်နဲ့ လောင်တဲ့ မီးအိုင်ထဲ ပစ်ချတာ။ အရှင်လတ်လတ်နော်...အဲဒီ မိစ္ဆာပရောဖက်ရဲ့ အဓိက လုပ်ဆောင်ရမယ့် အချက်က လူတွေအားလုံးကို လှည့်ဖျားပြီးတော့ သားရဲနဲ့ သားရဲရဲ့ ရုပ်တု၊ သားရဲ ရဲ့ အမှတ်တံဆိပ်ကို ကိုးကွယ်ဖို့ လက်ခံဖို့ လုပ်တာ။သုံးချက် -သားရဲကို ယုံကြည်ရမယ်။သားရဲ ရဲ့ အမှတ်လက္ခဏာကို ကိုယ်မှာထိုးရမယ်။သားရဲ ရဲ့ ရုပ်တုကို ကိုးကွယ်ဖို့အတွက် လုပ်ရမယ်။သူ့ကို ဘယ်လောက်ထိစာတန်မာရ်နတ်က power ပေးထားလဲဆိုရင် ကောင်းကင် ဘုံက မီးကိုကျလာတဲ့ အထိလုပ်ပြနိုင်စွမ်းရှိတယ်။ ကောင်းကင်ဘုံကို လှမ်းကြည့်ပြီး လှမ်းခေါ်တဲ့ အချိန်မှာ မီးကျလာတာကို လူတွေက မြင်ပြီးတော့ ယုံကြည်သွားအောင် သူတို့ လှည့်ဖျားကြမှာ။ သူတို့နှစ်ယောက်ကို ချပြီးသွားတာနဲ့ Armageddon စစ်ဖြစ်ပြီ။တကယ်ကို စစ်ဖြစ်တဲ့ နေ့ပဲ။Revelation 19:20 ကို ဖတ်ပါ။Revelation 19:15 ကို ဖတ်ပါ။သခင်ဘုရား ကိုယ်တိုင် ဣသရေလ လူမျိုးတွေဘက်က စစ်တိုက်လိမ့်မယ်။Israel လူမျိုးတွေ အကုန်လုံးဟာ ခရစ်တော် ဘုရားရှင်ဟာ တပါးတည်းသော ဘုရားရှင် ဖြစ်တယ်။ မေရှိယ ဖြစ်တယ်ဆိုတာ သိရမယ်။ သခင်ယေရှုကိုယ်တိုင် သူ့ရဲ့နာမည်ကို ကျက်သရေ မရှိအောင်လုပ်နေတဲ့ အရာတွေကို အကုန်ပယ်ဖျက်ပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင် ဘုန်းတန်ခိုးကြီးတဲ့ နာမတော်အဖြစ် သက်သေပြလိမ့်မယ်။ လုံးဝ ၀န်ခံကြရ လိမ့်မယ်။ဗျာဒိတ် ၂၀း၁၁ ကို ဖတ်ပါ။မဿဲ ၂၅း၃၁ ကို ဖတ်ပါ။သိုးနဲ့ ဆိတ်ကို ညာဘက်နဲ့ ဘယ်ဘက်ကို ခွဲပြီး စီရင်တယ်ဆိုတာ မယုံကြည်တဲ့သူတွေကို စီရင်တာ။အဲဒါကိုလဲ သေသေချာချာ မှတ်ပါ။ ညာဘက်မှာ ရှိတဲ့ သိုးတွေ အကုန်လုံးကို ဘုရားသခင်ရဲ့ နိုင်ငံတော်ကို သခင်ယေရှုက ပို့မယ်။ ဘယ်ဘက်မှာ ဆိတ်တွေအကုန်လုံးကို မိစ္ဆာပရောဖက်နဲ့ သားရဲကို အရှင်လတ်လတ်ချထားတဲ့ စာတန်အတွက် ပြင်ဆင်ထားတဲ့ ငရဲမီးအိုင်ထဲကို ချလိမ့်မယ်။ ခရစ်တော်ရဲ့ အမှုတော်ကို ဆောင်နေတဲ့သူတွေ ၊ခရစ်ယာန်တွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီပေးခဲ့တဲ့ မာုံကြည်သူတွေ အားလုံးကို ညာဘက်မှာရှိတဲ့ သိုးအုပ်စုထဲကို ထည့်ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို သွင်းမှာ။ဒုတိယသေခြင်းတည်းဆိုသော ကန့်နဲ့လောင်တဲ့ မီးအိုင်ထဲကို ရောက်မှာက ဘယ်ဘက်မှာ ရှိတဲ့လူတွေ အကုန်လုံးပဲ။အဲဒီလူတွေက ခုနကျမ်းချက်ထဲမှာ ရေးထားတဲ့အတိုင်း မလုပ်တဲ့လူတွေ ဖြစ်တဲ့အပြင် သားရဲနဲ့ မိစ္ဆာပရောဖက်ရဲ့ လိမ်လည်လှည့်ဖျားခြင်းကြောင့် သားရဲကိုသော်၎င်း ၊ သားရဲရဲ့ ရုပ်တုကိုသော်၎င်း ၊ သားရဲရဲ့ အမှတ် လက္ခဏာကိုသော်၎င်း ရရှိကြတဲ့ လူတွေ ဖြစ်တယ်။ကန့်နဲ့လောင်တဲ့ မီးအိုင် ထဲကို ရောက်သွားတယ်ဆိုတာ အလည်သွားတာ မဟုတ်ဘူး။ visa ကုန်ရင် ပြန်လာလို့ ရတယ်ဆိုတာမျိုး မဟုတ်ဘူး။ ရောက်ပြီဆိုရင် ထာဝရရောက်မှာ။အဲဒီမီးအိုင်ရဲ့ အရမ်းထူးခြားတဲ့ တစ်ခုကို ပြောပြမယ်နော်။ အဲဒီမီးအိုင်က တက်တဲ့ မီးခိုး.။ ကမ္ဘာတွေ နောက်ထပ် အများကြီးလာအုံးမယ်။ အဲဒီကမ္ဘာတွေသာ လာနေတာ ရှိတယ် အဲဒီမီးအိုင်ထဲက မီးခိုးက မရပ်သွားဘူး။ မသေသွားဘူး။ မဆုံးသွားဘူး။ ကြောက်စရာကြီးပါဗျာ။ ဆောက်တည်ရာမရှိ ဒဏ်ခတ်ခြင်း အပြစ်ရှိ၏ ။ ထာဝရ ကမ္ဘာအဆက်ဆက် ဒဏ်ခံကြရမှာ။ လွတ်လမ်းလဲ ဘယ်တော့မှ မရှိတော့ပါ။ ဒီကန့်နဲ့ လောင်တဲ့ မီးအိုင်ထဲကို ကျဉ်းခံရတဲ့ ဘယ်သူမဆို ဘယ်တော့မှ မလွတ်တော့ပါ။သခင်ယေရှုရဲ့ ဒုတိယအကြိမ်ပြန်ကြွလာခြင်းကို ကျွန်တော် ရှင်းပြခဲ့ ပြီးပါပြီ။အဲဒီတော့ တယောက်ယောက်က ယေရှုခရစ်တော်ဟာ တကယ်မရှိဘူး။ဒါမှမဟုတ် ခရစ်တော်ဟာ ဘာသာရေး ယုံကြည်ချက်တခုပဲ တကယ်အသက်ရှင်တဲ့ ဘုရားမဟုတ်ဘူး။ ဒါမှမဟုတ် ခရစ်တော်ဆိုတာ လာပြီးသွားပြီ။ဒါမှမဟုတ် ခရစ်တော် ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်တော့ဘူး ဆိုတဲ့ စကားတွေ ပြောလို့ကတော့ လုံးဝမယုံကြည်ပါနဲ့.။ယုံကြည်မိရင် ပြန်လာတဲ့အခါမှာ ကန့်နဲ့လောင်တဲ့ မီးအိုင်ထဲကို ချရင်ကမ္ဘာအဆက်ဆက် ကိုယ်ပဲဒဏ်ခံရမှာ။ဒါကြောင့် သေသည်အထိ သစ္စာစောင့်ဖို့အတွက် ကျွန်တော်အကြိမ်ကြိမ် ပြောနေတာ.။မာကု ၁၃း၆ ကို ဖတ်ပါ။မဿဲ ၂၄း၂၄ ကို ဖတ်ပါ။သက်သာလောနိတ် ဒုတိယစောင် ၂း၃ ကို ဖတ်ပါ။ထူးခြားတဲ့ အချက်ကတော့ သားရဲဟာ ယေရုရှလင်မြို့မှာ ရှိတဲ့ ဘုရားသခင်ရဲ့ ဗိမ္မာန်တော်ထဲမှာ ထိုင်ပြီးတော့ ကိုယ့်ကိုယ်ကို ဘုရားသခင်လို့ ပြောပြီး လူတွေအားလုံး၊ နိုင်ငံရေး ပါဝါရှိတဲ့ လူတွေအားလုံး ၊ ရှင်ဘုရင်တွေ အားလုံးက သူ့ကိုလာရောက် ကိုးကွယ်ကြလိမ့်မယ်။ သားရဲအတွက် အလုပ်လုပ်တဲ့ မိစ္ဆာပရောဖက်ကတော့ သူ့ကိုယ်သူ သခင်ယေရှုလို့ ပြောပြီး ကြီးစွာသော မီးတွေကို ကောင်းကင်ပေါ်က ကျစေခြင်း။ ကြီးမားသော မိုးကောင်းကင်နိမိတ် လက္ခဏာတွေ ပြခြင်းအားဖြင့် လူတွေအားလုံးကို သားရဲကို လာရောက်ကိုးကွယ်ကြဖို့ အတွက်ပြောလိမ့်မယ်။ ဘုရားသခင် ဒီထဲမှာရှိတယ် လာကိုးကွယ်ကြလို့ ပြောလိမ့်မယ်။အဲဒီမိစ္ဆာပရောဖက်ရဲ့ လိမ်လည်လှည့်ဖျားခြင်းကို တောင် ရွေးချယ်ထားပြီးတဲ့ လူတွေတောင် ယုံကြည်သွားပြီးတော့ ဘုရားရဲ့ လမ်းမှ လွဲသွားပြီးတော့ဘုရားတု သားရဲနဲ့ မိစ္ဆာပရောဖက်ကို သွားပြီး ကိုးကွယ်ကြလိမ့်မယ်။အဲဒီနေ့က ကမ္ဘာကြီး upside down ပြောင်းပြန်ဖြစ်တဲ့ ရက်ပါပဲ။ ချစ်သောမိတ်ဆွေ ဒါတွေဟာ တကယ်ဖြစ်မှာမို့ ကျွန်တော်ပြောတာ ၊ အချိန်ကုန်ခံပြီး ရေးပြနေတဲ့ အခါမှာကျွန်တော်ရဲ့ အဓိက ရည်ရွယ်ချက်က ဖတ်နေတဲ့ မိတ်ဆွေကို ကန့်နဲ့လောင်တဲ့ မီးအိုင်ထဲကို ကမ္ဘာအဆက်ဆက် ဒုက္ခခံပြီး ပြင်းစွာသော ဝေဒနာကို ခံပြီး လွတ်လမ်းမရှိတဲ့ ဘ၀မှာ ကျွန်တော်မနေစေချင်တဲ့အတွက် ကျွန်တော် ဒါတွေကို ရေးနေတာ။လက်ဝါးကားတိုင်ပေါ်မှာ သခင်ယေရှု အသေခံပေးတာကို မယုံကြည်ဘူးဆိုရင် ဘုရားသခင်ရဲ့ မေတ္တာတော်ကို စော်ကားတာ။မေတ္တာဆူးစူးတဲ့ အတွက်ကြောင့်မို့လို့ ကန့်နဲ့လောင်တဲ့ မီးအိုင်ထဲမှာ ကမ္ဘာအဆက်ဆက် ဝေဒနာကို ခံစားရမှာ။ကိုယ့်အပြစ်ကို လွတ်နိုင်တဲ့ နည်းလမ်းတစ်ခု ၊ ကန့်နဲ့လောင်တဲ့ မီးအိုင်ထဲကနေ လွတ်နိုင်တဲ့ နည်းလမ်းတခုပဲ ရှိတယ်။ သခင်ယေရှုကို ယုံကြည်ဖို့ပဲ။ကျွန်တော်မှန်သောစကားကို ပြောပြမယ်နော်။ ခရစ်တော်ဘုရားကို ငြင်းပယ်ရင် ကိုယ့်အပေါ်မှာ ကျိန်ခြင်းရှိတယ်။အဲဒီကျိန်ခြင်းဆိုတာ တခြားမဟုတ်ဘူး။ ကန့်နဲ့လောင်တဲ မီးအိုင်ထဲမှာ ကမ္ဘာအဆက်ဆက် ဝေဒနာကို ခံစားရပြီးတော့ နှိပ်စက်ခြင်းကို ခံရမယ်။ လွတ်လမ်းမရှိဘူးဆိုတဲ့ ကျိန်ခြင်းပဲ။ ဘယ်သူမဆိုနော်။ ဘယ်ဘာသာဝင်မဆိုပြောတာ။ ဘုရားသခင်ဟာ လူတွေကို အင်မတန်ချစ်တဲ့ ဘုရားသခင် ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့ တပါးတည်းသော သားတော်ကို လက်ဝါးကားတိုင်ပေါ်မှာ အသေခံခိုင်းခဲ့တာ။ခရစ်တော် လက်ဝါးကားတိုင်ပေါ်မှာ အသေခံပြီး ၃ ရက်မြောက်တဲ့ နေ့မှာ ရှင်ပြန်ထမြောက်တာကို ရင်ထဲက ယုံထားမှ သာလျှင် ကယ်တင်ခြင်းကို ရရှိမှာ ဖြစ်တယ်။ အဲဒီ ကယ်တင်ခြင်းဆိုတာ ကန့်နဲ့လောင်တဲ့မီးအိုင်ထဲမှ လွတ်မြောက်ပြီး ဘုရားသခင်နဲ့ အတူတူနေ ရတာကို ပြောတာ။တနည်းအားဖြင့် ပြောမယ်ဆိုရင် ထာဝရအသက်ပေါ့။ ဒါကြောင့်ဒီကန့်နဲ့လောင်တဲ့မီးအိုင်ထဲကနေလွတ်ဖို့ဓိဆုလေးကိုတောင်းပါ။ (Salvation Prayer:)သခင်ယေရှု အဖ မြတ်စွဘုရားရှင် -ကိုယ်တော်လက်ဝါးကားတိုင်ပေါ်မှာ အသေခံ ခဲ့ပေးတယ်ဆိုတာ ယုံကြည်ပါတယ်။ကျွန်တော့်ရဲ့ အပြစ်များ အားလုံးအတွက် အသေခံခဲ့ပြီးတော့ ၃ ရက်မြောက်တဲ့ နေ့မှာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တာကို ယုံကြည်ပါတယ်။သခင်ယေရှု ပြန်လာမယ်ဆိုတာကိုလဲ ယုံကြည်ပါတယ်။အဖ ဘုရား အပြစ်ကို ၀န်ချတောင်းပန်ပါတယ်။ ခွင့်လွှတ်တော်မူပါ။ စိတ်နှလုံးသားထဲသို့ ယခုပင် သခင်ယေရှုဘုရား ဆင်းသက်ကြွလာ ၀င်ရောက် အုပ်စိုးတော်မူပါ။ ယခုပင် ခရစ်တော်၏ အသွေးတော်ကို ယုံကြည်ပါ၏။ ယခုပင် ခရစ်တော်၏ နာမတော်ကို ယုံကြည်ပါ၏။ ယခုပင် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ ဘိသိတ်ပေးခြင်းကို လက်ခံပါ၏။ ဘုရားသခင်၏ သားသမီးဖြစ်ရသော အခွင့်ကို ယခုပင် ရယူပါ၏။ ယခု ဤဆုတောင်းချက်ကို တောင်းလျှောက်တဲ့ အခါမှာ ကန့်နဲ့လောင်တဲ့မီးအိုင်ထဲမှ ထာဝရအဆက်ဆက် ကမ္ဘာအဆက်ဆက် ဒဏ်ခံခြင်းမှ လွတ်မြောက်၍ အကျွန်ပ်၏ နာမည်ကို အသက်စာစောင်ထဲတွင် ရေးသွင်း၍ ဘုရားသခင်နှင့် အတူနေရပြီ ဖြစ်ကြောင်းကို ယုံကြည်ပါ၏။ခရစ်တော်၏ နာမတော်၌ နှုတ်က၀န်ခံ၍ စိတ်နှလုံးထဲမှာ ယုံကြည်၍ ဤဆုကို တောင်းပါ။ အာမင်သခင်ယေရှု တကယ်ပြန်လာတော့မယ်။တကယ်ကို ပြန်လာတော့မှာ။ ကြားနာရတဲ့ လူတယောက်စီတိုင်း သခင်ယေရှု ပြန်လာတဲ့ အခါမှာ ချီဆောင်ခြင်းထဲမှာ အတူပါရှိပြီး ကျွန်တော် ကောင်းကင်ဘုံထဲမှာ အတူပြန်တွေ့ပါရစေ။(ဆရာChrist TNO)

No comments:

Post a Comment