ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 15, 2014

ဖီဖာကမ္ဘာ.ဖလားအပြီး(After World Cup)

   ၂၀၁၄ဖီဖာကမ္ဘာ.ဖလား ဘော်လုံးပွဲကြီးတော. ပြီးဆုံးသွားပြီ။
Finalပွဲကို ကျွန်တော် လုံးဝမကြည်.ဖြစ်ပါဘူး၊ S.S.Paက မိနစ် (၆၀)တောင်ရှိနေပြီ၊ သရေပဲဖြစ်နေသေး တယ် လို.ပြော တာနဲ.… အော်! ဟုတ်လားး လို.သာ ပြောလိုက်ပါတယ်။ 
ဘာ.ကြောင်.စိတ်မဝင်စားတော.တာလဲဆိုရင်တော....
(1990 အီတလီမှာ တုန်းက Germany Vs Argentinaအသင်းပါပဲ ဗိုလ်လုပြီး၊ ယ္ခုဂျာမဏီနည်းပြ Glinnsman ရှန်းရှန်းတောက် ရှေ.တန်း နဲ. ဟိုဘက်က ဂန္နဝင်ဘော်လုံးသမား မာရာဒိုနာ ဆိုတော. ကျွန်တော်တို.မြို.မှာ လက်ချိုးရေလို. တီဗွီပိုင်ရှင်တွေ ၁၀ဦး မရှိဘူး၊ မရှိမဲ.ရှိမဲ. ကုတ်ကပ်ပြီး အဖြူအမဲ(၁၄လက်မ) Laptop သာသာTVကို WC အမှီဝယ်ဖို. တနှစ်လုံးချွေတာဆုတောင်းဝယ်ပြီး အိမ်လုံးအပြည်.ကြည်.ခဲ.ကြတယ်။ မနက်မိုးလင်းစ ၃နာရီမှာ ပွဲစတင်တာဖြစ်တယ်။ အဲဒီလောက်ဝါသနာကြီးပေမဲ. အကြင်သူသည် အဘယ်ကြောင်. Final ပွဲကိုမကြည်.ပါသနည်း..???။ Very simple ပါ။ အဲဒီတုန်းက ဝါသနာတခုတည်းကြောင်. ဖြစ်ပြီး အားကစားတခုကို ခုံမင်ပြီး အခြားမည်သည်. ခံယူချက်၊ နောက်ဆက်တွဲ သံယောဇဉ်မရှိ အားပေး သည်. သဘောသက်သက်ပါ။ သို.သော်…2014Final ကျတော. စိတ်မဝင်စား တော.ဘူး၊ ဘာ. ကြောင်.လဲ..?? (ကိုယ်နဲ. တိုက်ရိုက်သော်၎င်း၊ သွယ်ဝှိုက်သော်၎င်း သူတို.ရဲ. အောင်မြင်မှု & ကျဆုံးမှုသည် မပါတ်သက်တော.ဘူးလို. ခံစားတယ်)။ ဘုရားသခင်ဖန်ရှင်းသမျှ၊ ဖြစ်ပျက်သမျှ အရာအားလုံး (Visible things) သည် မမြင်ရသော (Invisible things) အတွက် ပုံရိပ်နမူနာ trailer တွေဖြစ်တယ် ဆိုတာ နားလည်ရတယ်။ WC တလျှောက် Spain/Brazil/Netherlands/Argentina အသင်း သားတွေသာမက သက်ဆိုင်သူ နိုင်ငံသားအားလုံးလည်း ဝမ်းနည်းမျက်ရည် ထိန်းမရ အောင်ကျခဲ.ကြတယ်။အောင်ပန်းဆွတ်ခူးပြီး ပြုံးပျော်နိုင်သူက သန်း၈၀သော ဂျာမဏီ ပြည်သူတွေပါ။ ကျန်၃၁ နိုင်ငံပြည်သူတွေ ကတော. နောက်၎နှစ်၊၄မိုး မေ.နိုင်စရာ အကြောင်းမရှိအောင် အရှူံးဒါဏ်ရာတွေ ရင်နဲ.အပြည်.ရခဲ.ကြပြီ။ ထိုအသင်းတွေထဲမှာ ရင်တမမနဲ. သည်းလှိုက်ရင်ဖို အဖြစ်ဆုံးကတော. ပနယ်တီ ကန်သည်. အသင်းတွေဖြစ်ပါတယ်။ NED လည်း Cos & Arg နဲ. ကန်ခဲ.ရတယ်။ ထိုကဲ.သို. ပနယ်တီကန်သည်.အထဲမှာ စိုးရိမ်မှု အပေါင်းကို နိုင်ငံသားတွေ အားလုံး ထပ်တူထပ်မျှ ခံစားကြပါတယ်။ ထိုထက်ပိုပြီး အသင်းသားကစားသမားတွေက ပိုပြီး စိုးရိမ်ကြပါတယ်။ ထိုထက်မက ကန်မည်.လူစာရင်းပါ ၅ဦးက တာဝန်ပို ကြီးသော ကြောင်. ပူပင်ရတာဖြစ်ပါတယ်။ ထိုထက် နည်းပြ လုပ်သူရဲ. ရွေးချယ်မှုက အရေးကြီး ဆုံးဖြစ်သည်.အတွက် Coachက အများဆုံး ရင်ခုန်မှုကို ပိုင်ဆိုင်ရပါတယ်။ ထိုသူ အားလုံးထဲမှာတော. ၁၀၀မှာ ၁၀၀% တာဝန်ရှိသည်. တဦးတည်းသော ဂိုးသမား၏ လျှပ်တပျက် ဆုံးဖြတ်မှုမှန်ကန်ခြင်းသည်သာ အရေးကြီး ဆုံးနံပါတ် (၁)ဖြစ်လာသည်.အတွက် ဂိုးသမားသည် တကမ္ဘာလုံးရှိ ပွဲကြည်.ပရိတ်သတ်၊ ကစားသမား၊နည်းပြထက် စိုးရိမ် စရာအကောင်းဆုံး Dead-line မှာရှိနေသူဖြစ်တယ်။ တစက္ကန်. အတွင်းမှာပဲ ပျော်ပွဲခံတဲ.အောင်ပွဲနဲ. ရှုံးပွဲခံတဲ. ငိုပွဲဟာ တပြိုင်တည်း တသံထဲထွက်ပေါ်လာပါ တော.တယ်။ အောင်ပွဲ ကောင်းကင်ဘဝဂ်ထိ ချိမ်.ချိမ်.သဲ ကျင်းပနေချိန်မှာ အခြားတဖက်မှာတော. မင်းကြောင်.၊ သူ.ကြောင်.ဆိုတဲ. အပစ်တင်ဝေဖန်နာကျဉ်းမှု နဲ.အတူ ကြုံးဝါးသံနဲ.သွေးချောင်းစီးမှုအထိ ရင်နစ်ကြေကွဲခဲ.ရသူ ငိုပွဲဆင်နွဲရသူ လူဦးရေက အဆပေါင်း ထောင်သောင်းမကသော ပြည်သူအများစုပါ။ ယုံကြည်သူများနဲ. မယုံကြည်သူများ၏ နောက်ဆုံးအဆုံးအဖြတ် ပနယ်တီလည်း မကြာခင်လေးမှာ ကန်ရပါတော.မယ်။ ဒီအချိန်မှာ စိတ်အပူဆုံး၊ အစိုးရိမ်ဆုံးသူကတော. ကျွန်တော်တို.ကို အုပ်ထိန်းတော်မူသော ခေါင်းဆောင် ခရစ်တော်ပင်တည်း။ တစက္ကန်.ပင်မကြာသည်. Rapture ပြီးတာနဲ. စာတန် အသင်းဘက်ကို ကမ္ဘာ.လူဦးရေအများဆုံးက သွားမှာဖြစ်လို. နတ်ဆိုးကတော. ခုချိန်ပျော်နေမယ်။ ခရစ်တော်ကတော. သူ. အသွေးတော်ဖြင်. ရွေးဝယ်သော သူသိပ်ချစ်သော၊ ကမ္ဘာပြည်သူ ပြည်သား အပေါင်းကို တဦးတယောက်မျှ ပျက်စီးခြင်း တည်းဟူသော စာတန်နောက်သို. မလိုက်စေချင်ပါ။ သန်းပေါင်း ခုနှစ်ထောင်ကျော် ထဲမှာ ဘယ်နှစ်ဦးက ခရစ်တော်နဲ. အတူ အောင်ပွဲခံပြီး ဘယ်နှစ်ရာခိုင်နှုန်းက စာတန်နောက် လိုက်မယ် ဆိုတဲ. နောက်ဆုံး ပနယ်တီနဲ. မကြာ ခင် အဆုံးဖြတ်ပေးတော.မယ် ဆိုတာ ခံစားရင်း မေတ္တာနဲ. ဝေမျှလိုက်ပါတယ်။

No comments:

Post a Comment