ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

May 29, 2014

အန္တိခရစ်ကိုမသိဘဲကိုးကွယ်မိနေသလား??

အန္တိခရစ်ကိုမသိဘဲကိုးကွယ်မိနေသလား 
အန္တိခရစ်ဆိုဒါအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်.တနည်းအားဖြင့်စာတန်၏လူဖြစ် ပါတယ်။စာတန်ဆိုတာ လိမ်ညာခြင်း၏ခင်ကြီးဆိုတာ အားလုံးသိကြမှာပါ( ယောဟန်၈း၄၄)မှာဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ဒီအန္တိခရစ်နှင့်ပတ်သက်လို့ ဒံယေလအနာဂတ္တိကျမ်းအရ ၂ ခုတွေ့ရမှာဖြစ်ပါတယ်။ ၁။ဘုရားသခင်၏ ပညတ်တရားကိုပြောင်းလဲခြင်း။ ၂။ဘုရားသခင်၏ ကာလအချိန်ကိုပြောင်းလဲခြင်း။ဖြစ်ပါတယ် 
 ( ဒံယေလ ၇း၂၅)မှာဖော် ပြထားပါတယ်။ 
ဘုရားသခင်၏ပညတ်တရားကိုပြောင်းလဲစေခြင်း  
Alexander the great သေပြီးတဲ့နောက် သူ၏အင်ပါယာသည် ၄ ခြမ်းကွဲခဲ့ပါတယ်။အနှစ် ၁၅၀ အကြာ ၁၇၅ BC တွင် Antiochus iv Epiphanes ဟုအမည်ရသော ရောမဘုရင်သည် ကိုယ်ကျိုးကိုရှာလျက် ဘုရားသခင်၏လူတွေကို ရက်စက်စွာ သတ်ဖြတ်|ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆန့်ကျင်လျက်|မသန့်ရှင် သော သားကောင်းတို့ကိုယဇ်ပူဇော်၍ နတ်ဘုရားတို့ကို တည်စေပြီး ဘုရားသခင်၏ ဗိမာန်တော်ကိုညစ်ညူးစေခဲ့ပါတယ်။ဘုရားသခင်၏ စစ်မှန်တဲ့ ကျမ်းစာလိပ်တို့ကို လည်းမီးရှို့ဖျက်စီးခဲ့ကြပါတယ်။နှုတ်ကပတ်တော်တို့ကိုလည်း မလိုက်နာ၇န်အမိန့် ထုတ်တားမြစ်ခဲ့ပါတယ်။သူတို့ရဲ့လုပ်ရပ် သူတို့၇ဲ့အာဏာဟာ ကမ္ဘာအနှံပြန်ပွားစေခဲ့ပါ တယ်။သခင်ယေရှုနဲ့သူ၏တမန်တော်မျာသည် ဖခင်ထာဝရဘုရား၏ နှုတ်ကပတ်တော်တို့ကို အင်မတန်နှစ်သက်ပြီ သူတို့ကိုယ်တိုင်လိုက်လျောက်အသက် ရှင်ခဲ့ကြပါတယ်( ယောဟန် ၁၀း၂၉-၃၀)မှာတွေ့ရှိရမှာဖြစ်ပါတယ်။သူတို့ဟာအခြားသူ တွေကိုလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်းမသွေမတိမ် လိုက်လျောက်ရန် သွန်သင်ခဲ့ကြသူများလည်းဖြစ်ကြပါတယ်။သို့သော်လည်းဘဲ မိစ္ဆာပရောတို့၏လွဲမှား သော ယူဆချက်အရ ၃ရာစု AD ဝန်းကျင်လောက်မှစ၍ သခင်ခရစ်တော်ကို ထာဝရ ဘုရား၏ နှုတ်ကပတ်တော်တို့ကိုဖျက်စီးသောသူ|ချိုးဖောက်သောသူဟု၍ လူအများတို့ ကိုသွန်သင်ခဲ့ကြပါတယ်။ထိုသူတို့ဟာ ကျမ်းစာထဲကယေရှု မဟုတ်ပဲ တရားသစ် ယေရှုအသစ်ကိုတည်ထောင်ခဲ့ကြတယ်။ဒါကြောင့် ရှင်ပေါလုက ဤအကြောင်းအရာ အရာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို အောက်ပါကျမ်းချက်နဲ့ သတိပေးခဲ့ပါတယ် ( ၂ ကော ၁၁း၎)မှာတွေ့နိုင်ပါတယ်။ ဘုရားသခင်၏ကာလအချိန်ကိုပြောင်းလဲခြင်း 
ကျွန်တော်တို့ ယခုခေတ်တွင် ရောမ calender အားဖြင့် လူအများစုဟာအ သက်ရှင်နေကြတယ်ဆိုတာတွေ့နိုင်ပါတယ်။ရောမ calender ဆိုတာ ဒီနေသုံးနေတဲ့ အင်္ဂလိပ် calender ဒါကိုပြောဒါဖြစ်ပါတယ်။ဒီမိစ္ဆာပရောဖက်တွေဟာ ဘုရားသခင် ၏ ဖန်ဆင်တဲ့နေ့တွေကိုပြောင်းလဲခဲ့ကြပါတယ်။ဘုရားသခင်၏ calender သည် ရောမ calender နဲ့မတူပါဘူး။ဘုရားသခင်၏ calender သည် ကမ္ဘာဦးကထဲက ရှိခဲ့ ပါတယ် ။ကောင်းကင်|မြေကြီး|သမုဒ္ဒရာ|တိရိစ္ဆာန် |လူသတ္တဝါ စသည်တို့ကို ခြောက်ရက်နဲ့ဖန်ဆင်းပြီး ၇ ရက်နေ့မှာတော့ အနားယူခဲ့တယ်။ဒါတွေကြည့်ခြင်းအား ဖြင့် ဘုရားသခင်ဟာ သူဖန်ဆင်သမျှတွေကို တွက်ချက်ရန်အချိန်တွေ ၇က်တွေကို ထားရှိခဲ့ပါတယ်( ကမ္ဘာ ၁း၁၄)မှာဖော်ပြထားပါတယ်။ဒါတင်ကသေဘဲ ဘုရားသခင်ဟာ သူထံယုံကြည်ကိုးစားသူများ တနှစ်ကို သုံးကြိမ်သူ့ထံသို့ တိုးဝင်ချဉ် ကပ်ရန် နေထူးနေမြတ်များကိုလည်း သတ်မှတ်ညွန်ကြားခဲ့ပါတယ်( ထွက်မြောက် ၂၃း၁၄)( ဝတ်ပြုရာ အခန်းကြီး ၂၃)တို့မှာလေ့လာနိုင်ပါတယ်။သို့သော်လဲဘဲ ရောမ ဘုရင် constantine သည် AD ၃၂၅ ခန့်တွင် သခင်ခရစ်တော်ကိုယုံကြည့်လက်ခံ သည်ဟု အယောင်ဆောင်ပြီး ရောမ အသင်းတော်ကိုတည်ထောင်ခဲ့သည်။ဘုရား သခင်၏ ကောင်းကြီးပေးတဲ့နေ့|သန့်ရှင်းတဲ့နေ|နေ့ထူးနေမြတ်တွေကိုပြောင်းလဲလျက် အခြားအရာများနှင့်အစားထိုးခဲ့ကြပါတယ်။ဘုရားသခင်၏ ၇ ရက်မြောက်နေ့ သတ္တမနေ့ ဥပုသ်နေ့၇က်ကို အခြား၇က်နှင့်အစားထိုးပြောင်းလဲခဲ့ပါတယ်
( ယေဇကျေ၂၂း၂၆)မှာတွေ့ရပါတယ်။၁၅ ရာစု AD ဝန်ကျင်တွင် ရောမ ဘာသာ၏မှား ယွန်းမူတို့ကို လူအချို့ တို့သည်သိလာပြီး တချို့ ခွဲထွက်ခဲ့ကြပါတယ်။သို့သော်လည်း ရောမ တို့၏ အကျင့်ဓလေ့မျာဟာ ယနေတိုင်ထိ ဆက်လက်ပါရှိလာကြောင်းတွေပရှိရ ပါတယ်။ထိုကြောင့် စိတ်မကောင်းစရာ ယနေခရစ်ယာန်များသည် တီထွင်ခဲ့သော ရောမ အသင်းတော်၏ ဓလေ့ထုံးစံတို့ကို သိလျက်နဲ့ ဆက်လက်ကိုးကွယ်လိုက်နာ လျက်ရှကြသည်။ဒါကြောင်း ချစ်သောညီအကိုမောင်နှမများ ဤအကြောင်းအရာတို့ ကိုဆက်လက်လေ့လာလျက် ကိုယ်ဟာကိုပြန်ပေးပါ အန္တိခရစ်ဟာဘယ်သူလဲ?။ ကျမ်းစာအရ ဘုရားသခင်၏ ပညတ်တော်တို့ကိုပြောင်းလဲစေခြင်း| ဘုရာသခင်၏ကာလအချိန်တို့ကို ပြောင်းလဲစေသောသူ တိုက်တွန်းနိုဆော်သောသူ များကို အထူးသတိထားရန်အရေးကြီးပါသည်။ဒါကြောင့် စင်ကြယ်သောအရာ|မစင် ကြယ်သောအရာ ရောနှောခြင်းကိုရပ်၍ |မိစ္ဆာပရောဖက်တို့ လမ်းကိုမလိုက်ပဲ စစ်မှန်တဲ့ သမ္မာတရား|စစ်မှန်တဲ့ ဘုရားသခင်ထံပြန်ဖို ဘုရားသခင်အလိုတော်ရှိ တယ်..ကျွန်တော်တို့ကို ဘုရားသခင်စီလိုကြိုနေတယ် မိတ်ဆွေ..... (ဗျာဒိတ် ၁၈း၎) မိစ္ဆာပရောဖက်ထဲကထွက်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ

No comments:

Post a Comment