ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

May 31, 2014

Walking in the Spirit: The Key to Absolute Victory

Life is full of twists and turns, and we are constantly faced with decisions that can either move us further into the will of God for our lives or farther away from it. 
In these last days, it is going to be imperative that we be able to hear God’s voice and follow the leading of the Holy Spirit every step of the way. In fact, I will go so far as to say that your very life could depend on it. Walking in the Spirit is the way God designed us to live as Believers. We possess recreated spirits that are infused with the life and wisdom of God. The Holy Spirit resides in our born again spirits, and when we renew our minds with the Word, we can begin to receive “downloaded” information from heaven that can lead us into a life of abundance, prosperity, protection, and peace. The Word of God instructs us to “walk in the Spirit” in Galatians 5:16. What does it mean to walk in the Spirit? Walking in the Spirit is twofold. First, it means to walk according to the Word of God. Jesus said in John 6:63, “It is the spirit that quickeneth; the flesh profiteth nothing: the words that I speak unto you, they are spirit, and they are life.” Jesus’ words are spiritual because He is the Word of God. Therefore, when we walk according to the Word of God, we are walking “in the Spirit.” So we know that walking in the Spirit means walking according to the written Word of God. The second aspect of walking in the Spirit is related to following the leadership of the Holy Spirit. The Holy Spirit is our teacher, and the Word says that He will lead and guide us into all truth (John 16:13). The Holy Spirit only speaks what He hears the Father say, so when you become tuned into His voice and direction, you can be confident that you are going in the right direction. Living a Spirit-led life, every moment of every day, is the other component of walking in the Spirit. It is the fail-proof way to achieve victory and success in your day-to-day life. Walking in the Spirit is not something the Lord casually asks us to do; we are charged to do it. We are not supposed to be led by our flesh, our unrenewed soul, or any other voice besides the voice of God’s Word. Many people cannot distinguish the voice of the Holy Spirit and, consequently, they are not able to be led by Him. Recognizing the Holy Spirit’s voice comes from spending time in the Word. His voice will always be in agreement with what is written in the Bible. God’s methods of operation have not changed, which is why the Holy Spirit is never going to tell you to do something that violates the written Word of God. Another way to sharpen your spiritual ears is to pray in the Spirit, or pray in tongues. Praying in tongues allows you to pray to God, spirit to Spirit. When you pray in your heavenly language, you are bypassing your soul (mind, will, and emotions) and communicating on the purest spiritual level possible. Praying in tongues makes your spirit more sensitive and allows you to tap into direct revelation from heaven. The Holy Spirit prays through you when you pray in tongues, interceding for people and situations you don’t even know about. This is a direct line of communication to the spiritual realm that always gets results. Walking in the Spirit takes a commitment to choose God’s way of doing things over the way of the flesh. In fact, when we walk in the Spirit, we will not fulfill the lusts of the flesh. It is God’s formula for overcoming the temptations and attacks of the enemy. Keeping ourselves immersed in the Word and praying frequently in the Holy Spirit are the sure-fire ways to maintain a Spirit-led existence. Regardless of your level of spiritual development, you can always go to higher heights, and deeper depths in God. You can determine the intensity and acceleration of your growth by your commitment to God’s Word and your commitment to prayer. Walking in the Spirit liberates you from the desires of the carnal mind, and frees you to live a supernatural existence that’s in a constant state of going from glory to glory. Your life will never be the same.

May 29, 2014

✞ခရစ်တော်တဖန်ပြန်ကြွလာခါနီးဖြစ်ပျက်မဲ့လဏ္ခာ✞

ခရစ်တော်ဘုရားတဖန်ပြန်ကြွလာခါနီးဖြစ်ပျက်မဲ့လဏ္ခာထဲမှာ.. 
မသဲ၂၄း၂၀ထိုနေ့ရက်၌ကိုယ်ဝန်ဆောင်သောမိန်းမနှင့်နို့စို့သူုငယ် ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ 
လုကာ၂၁း၂၀ယေရှရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံ လျက်ရှိသည်ကို သင် တို့သည် မြင်သောအခါ ထိုမြို့သည်ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ 
AD 70 မှာပြည့်စုံခဲ့ပါတယ် ။်ရောမစစ်ဗိုလ်ချုပ်ကြီးတိတု Titus ဟာယေရှရှလင်မြို့ကိုAD 70မှာလာရောက်ပိတ်ဆို့တိုက်ခိုက်ခြင်း အားဖြင့်ပြည့်စုံခဲ့ပါတယ်။ 
ခရစ်တော်ရဲ့နောက်လိုက်တွေကိုညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်း။ မာသဲ ၂၄း၉၊လု၂၁း၁၂- ၁၃ ✞ထိုကာလ၌လူများတိုသည် သင်တို့ကိုညှင်းဆဲခြင်း၊အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံကြလိမ့်မည်။ 
ယေရုရှလင်မြို့ပျက်စီးပြီးတဲ့နောက်ခရစ်ယာန်တွေရောမ တစ်နိုင်ငံလုးံ ပျံ့နှံ့သွားကြတယ်။ 
နီရိုးဘုရင်လက်ထက်မှ ဒိုင်အိုခလီးရှင်းဘုရင်လက်ထက်တိုင် နှစ်ပေါင်း၂၅၀တိတိ ခရစ်ယာန်တွေကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တယ်။
 ✞စွယ်စုံကျမ်းအဘိဓာန်တွင်ကြည့်ပါက ကလေးများမြောက်တင် လှံစွပ်နဲ့ထိုး လူကြိး ကြိုးချည် မြင်းနဲ့ တရွတ်တိုက် ဆွဲပြေး ရောမမြို့ပတ်ပတ်လည် ခရစ်ယန်တွေကိုတိုင်မှာချည်၊ ကတ္တရာဆေးလောင်းပြီးရောမမြို့ အလင်းရောင် အတွက် မီးရူးတိုင် ဖြစ်ခဲ့ကြရတယ်။ သတ်နည်းတွေကျန်သေးတယ်နော။ထားလိုက်အုးံ..... ဒီလိုနဲရောမနိုင်ငံကိုအုပ်ချုပ်တဲ့ဘုရင်တွေဟာ ရောမအသင်းတော်ကြီး
ကို တည်ထောင်ခဲ့တယ်။ အဲဒီအသင်းတော်ကြီးလဲAD538မှ၁၇၉၈ထိနှစ်ပေါင်း၁၂၆၀တိုင်တိုင် ညှင်းဆဲသတ်ဖြတ်ခဲ့ပြန်တယ်။ ခရစ်ယာန်သန်းပေါင်း၇၀ကျော်အသွေး နဲရင်းခဲ့ကြရတယ်။ အဲဒီအချက်အားလုံး ကျမ်းစာထဲမှာပါတယ်။Re 12:6 အားလုံးပြည့်စုံခဲ့ပါတယ်။

အန္တိခရစ်ကိုမသိဘဲကိုးကွယ်မိနေသလား??

အန္တိခရစ်ကိုမသိဘဲကိုးကွယ်မိနေသလား 
အန္တိခရစ်ဆိုဒါအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်.တနည်းအားဖြင့်စာတန်၏လူဖြစ် ပါတယ်။စာတန်ဆိုတာ လိမ်ညာခြင်း၏ခင်ကြီးဆိုတာ အားလုံးသိကြမှာပါ( ယောဟန်၈း၄၄)မှာဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ဒီအန္တိခရစ်နှင့်ပတ်သက်လို့ ဒံယေလအနာဂတ္တိကျမ်းအရ ၂ ခုတွေ့ရမှာဖြစ်ပါတယ်။ ၁။ဘုရားသခင်၏ ပညတ်တရားကိုပြောင်းလဲခြင်း။ ၂။ဘုရားသခင်၏ ကာလအချိန်ကိုပြောင်းလဲခြင်း။ဖြစ်ပါတယ် 
 ( ဒံယေလ ၇း၂၅)မှာဖော် ပြထားပါတယ်။ 
ဘုရားသခင်၏ပညတ်တရားကိုပြောင်းလဲစေခြင်း  
Alexander the great သေပြီးတဲ့နောက် သူ၏အင်ပါယာသည် ၄ ခြမ်းကွဲခဲ့ပါတယ်။အနှစ် ၁၅၀ အကြာ ၁၇၅ BC တွင် Antiochus iv Epiphanes ဟုအမည်ရသော ရောမဘုရင်သည် ကိုယ်ကျိုးကိုရှာလျက် ဘုရားသခင်၏လူတွေကို ရက်စက်စွာ သတ်ဖြတ်|ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆန့်ကျင်လျက်|မသန့်ရှင် သော သားကောင်းတို့ကိုယဇ်ပူဇော်၍ နတ်ဘုရားတို့ကို တည်စေပြီး ဘုရားသခင်၏ ဗိမာန်တော်ကိုညစ်ညူးစေခဲ့ပါတယ်။ဘုရားသခင်၏ စစ်မှန်တဲ့ ကျမ်းစာလိပ်တို့ကို လည်းမီးရှို့ဖျက်စီးခဲ့ကြပါတယ်။နှုတ်ကပတ်တော်တို့ကိုလည်း မလိုက်နာ၇န်အမိန့် ထုတ်တားမြစ်ခဲ့ပါတယ်။သူတို့ရဲ့လုပ်ရပ် သူတို့၇ဲ့အာဏာဟာ ကမ္ဘာအနှံပြန်ပွားစေခဲ့ပါ တယ်။သခင်ယေရှုနဲ့သူ၏တမန်တော်မျာသည် ဖခင်ထာဝရဘုရား၏ နှုတ်ကပတ်တော်တို့ကို အင်မတန်နှစ်သက်ပြီ သူတို့ကိုယ်တိုင်လိုက်လျောက်အသက် ရှင်ခဲ့ကြပါတယ်( ယောဟန် ၁၀း၂၉-၃၀)မှာတွေ့ရှိရမှာဖြစ်ပါတယ်။သူတို့ဟာအခြားသူ တွေကိုလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်းမသွေမတိမ် လိုက်လျောက်ရန် သွန်သင်ခဲ့ကြသူများလည်းဖြစ်ကြပါတယ်။သို့သော်လည်းဘဲ မိစ္ဆာပရောတို့၏လွဲမှား သော ယူဆချက်အရ ၃ရာစု AD ဝန်းကျင်လောက်မှစ၍ သခင်ခရစ်တော်ကို ထာဝရ ဘုရား၏ နှုတ်ကပတ်တော်တို့ကိုဖျက်စီးသောသူ|ချိုးဖောက်သောသူဟု၍ လူအများတို့ ကိုသွန်သင်ခဲ့ကြပါတယ်။ထိုသူတို့ဟာ ကျမ်းစာထဲကယေရှု မဟုတ်ပဲ တရားသစ် ယေရှုအသစ်ကိုတည်ထောင်ခဲ့ကြတယ်။ဒါကြောင့် ရှင်ပေါလုက ဤအကြောင်းအရာ အရာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို အောက်ပါကျမ်းချက်နဲ့ သတိပေးခဲ့ပါတယ် ( ၂ ကော ၁၁း၎)မှာတွေ့နိုင်ပါတယ်။ ဘုရားသခင်၏ကာလအချိန်ကိုပြောင်းလဲခြင်း 
ကျွန်တော်တို့ ယခုခေတ်တွင် ရောမ calender အားဖြင့် လူအများစုဟာအ သက်ရှင်နေကြတယ်ဆိုတာတွေ့နိုင်ပါတယ်။ရောမ calender ဆိုတာ ဒီနေသုံးနေတဲ့ အင်္ဂလိပ် calender ဒါကိုပြောဒါဖြစ်ပါတယ်။ဒီမိစ္ဆာပရောဖက်တွေဟာ ဘုရားသခင် ၏ ဖန်ဆင်တဲ့နေ့တွေကိုပြောင်းလဲခဲ့ကြပါတယ်။ဘုရားသခင်၏ calender သည် ရောမ calender နဲ့မတူပါဘူး။ဘုရားသခင်၏ calender သည် ကမ္ဘာဦးကထဲက ရှိခဲ့ ပါတယ် ။ကောင်းကင်|မြေကြီး|သမုဒ္ဒရာ|တိရိစ္ဆာန် |လူသတ္တဝါ စသည်တို့ကို ခြောက်ရက်နဲ့ဖန်ဆင်းပြီး ၇ ရက်နေ့မှာတော့ အနားယူခဲ့တယ်။ဒါတွေကြည့်ခြင်းအား ဖြင့် ဘုရားသခင်ဟာ သူဖန်ဆင်သမျှတွေကို တွက်ချက်ရန်အချိန်တွေ ၇က်တွေကို ထားရှိခဲ့ပါတယ်( ကမ္ဘာ ၁း၁၄)မှာဖော်ပြထားပါတယ်။ဒါတင်ကသေဘဲ ဘုရားသခင်ဟာ သူထံယုံကြည်ကိုးစားသူများ တနှစ်ကို သုံးကြိမ်သူ့ထံသို့ တိုးဝင်ချဉ် ကပ်ရန် နေထူးနေမြတ်များကိုလည်း သတ်မှတ်ညွန်ကြားခဲ့ပါတယ်( ထွက်မြောက် ၂၃း၁၄)( ဝတ်ပြုရာ အခန်းကြီး ၂၃)တို့မှာလေ့လာနိုင်ပါတယ်။သို့သော်လဲဘဲ ရောမ ဘုရင် constantine သည် AD ၃၂၅ ခန့်တွင် သခင်ခရစ်တော်ကိုယုံကြည့်လက်ခံ သည်ဟု အယောင်ဆောင်ပြီး ရောမ အသင်းတော်ကိုတည်ထောင်ခဲ့သည်။ဘုရား သခင်၏ ကောင်းကြီးပေးတဲ့နေ့|သန့်ရှင်းတဲ့နေ|နေ့ထူးနေမြတ်တွေကိုပြောင်းလဲလျက် အခြားအရာများနှင့်အစားထိုးခဲ့ကြပါတယ်။ဘုရားသခင်၏ ၇ ရက်မြောက်နေ့ သတ္တမနေ့ ဥပုသ်နေ့၇က်ကို အခြား၇က်နှင့်အစားထိုးပြောင်းလဲခဲ့ပါတယ်
( ယေဇကျေ၂၂း၂၆)မှာတွေ့ရပါတယ်။၁၅ ရာစု AD ဝန်ကျင်တွင် ရောမ ဘာသာ၏မှား ယွန်းမူတို့ကို လူအချို့ တို့သည်သိလာပြီး တချို့ ခွဲထွက်ခဲ့ကြပါတယ်။သို့သော်လည်း ရောမ တို့၏ အကျင့်ဓလေ့မျာဟာ ယနေတိုင်ထိ ဆက်လက်ပါရှိလာကြောင်းတွေပရှိရ ပါတယ်။ထိုကြောင့် စိတ်မကောင်းစရာ ယနေခရစ်ယာန်များသည် တီထွင်ခဲ့သော ရောမ အသင်းတော်၏ ဓလေ့ထုံးစံတို့ကို သိလျက်နဲ့ ဆက်လက်ကိုးကွယ်လိုက်နာ လျက်ရှကြသည်။ဒါကြောင်း ချစ်သောညီအကိုမောင်နှမများ ဤအကြောင်းအရာတို့ ကိုဆက်လက်လေ့လာလျက် ကိုယ်ဟာကိုပြန်ပေးပါ အန္တိခရစ်ဟာဘယ်သူလဲ?။ ကျမ်းစာအရ ဘုရားသခင်၏ ပညတ်တော်တို့ကိုပြောင်းလဲစေခြင်း| ဘုရာသခင်၏ကာလအချိန်တို့ကို ပြောင်းလဲစေသောသူ တိုက်တွန်းနိုဆော်သောသူ များကို အထူးသတိထားရန်အရေးကြီးပါသည်။ဒါကြောင့် စင်ကြယ်သောအရာ|မစင် ကြယ်သောအရာ ရောနှောခြင်းကိုရပ်၍ |မိစ္ဆာပရောဖက်တို့ လမ်းကိုမလိုက်ပဲ စစ်မှန်တဲ့ သမ္မာတရား|စစ်မှန်တဲ့ ဘုရားသခင်ထံပြန်ဖို ဘုရားသခင်အလိုတော်ရှိ တယ်..ကျွန်တော်တို့ကို ဘုရားသခင်စီလိုကြိုနေတယ် မိတ်ဆွေ..... (ဗျာဒိတ် ၁၈း၎) မိစ္ဆာပရောဖက်ထဲကထွက်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ

အစာရှောင်ဆုတောင်းခြင်း..

အစာရှောင်ဆုတောင်းခြင်းဆိုသည်မှာ ဥပုဒ်စောင့်ခြင်းပင်ဖြစ်သည်။ 
 အလွန်အရေးကြီးသော အချိန်အခါများတွင် စုပေါင်း အစာရှောင်ခြင်းသည် တလုံးတဝတည်း ဘုရား သခင်အောက်တွင် ညီညွတ်မှုကို ရစေပါ သည်။ နိုင်ငံ၊လူမျိုးအတွက် အမျိုးပြုတ်၊ တိုက်ခိုက်ခံ ရမည့် အခြေအနေမျိုးတွင် ခေါင်းဆောင်မှုဖြင့် တိုက် အရေးကြုံလာချိန် သမ္မာကျမ်းစာအရ စုပေါင်းအစာရှောင် ဆုတောင်းခြင်း၊လျှော်တေအဝတ်ကိုဝတ်ဆင်ခြင်း စသဖြင့်လုပ်ဆောင်ခြင်းဖြင့် ဘုရားနားညောင်းတော် မူသည်။ ကယ်မတော်မူပါသည်။ ညနေစာလုံးဝ မစားပဲနေခြင်း၊ နံနက်စာ မစားပဲနေခြင်း၊ တစ်ရက်လုံး ဘာအစာမှမစားပဲနေခြင်း၊ အရည် (ရေနှင့်နို့)ကိုသာ သောက်သုံးခြင်း၊ အပြင်းထန်ဆုံး မှာ ရေနှင့်အစာ လုံးဝမစာပဲနေခြင်း စသဖြင့်အစာရှောင်ခြင်းမျိုးဖြစ်သည်။ အစာရှောင်ခြင်းနှင့်အစာငတ်ခံ ဆန္နပြခြင်း မှာ ရေနှင့်ဆီလို ခြားနားပါသည်။ သမ္မာကျမ်း စာဖြစ်ရပ်များစွာ ရှိပါသည်။ ရှင်ဘုရင်ယောရှဖတ်နှ င့်က္ကုသရေလနိုင်ငံအား အင်အားများပြားလှသော ရန်သူများက ဝိုင်းရံတိုက်ခိုက် ချိန် ယောရှဖတ်နှင့် တစ်နိုင်ငံလုံး အစာရှောင်ရန်အချိန်ကို ယုဒပြည်တစ်လျှောက်လုံး ကြေညာစေတော်မူသည်။ တလုံးတစ်ဝတည်း အစာရှောင်ဆုတောင်းရန် ဖိတ်ခေါ်သည်။ စစ်အင်အားမမျှမှန်းသိလျက် ရင်ဆိုင်ရန်စစ်မြေပြင်သို့ထွက်ခွာသည်။ ရန်သူတို့အချင်းချင်းတိုက်ခိုက်ပြီး အားလုံး အတုံးအရုံးသေဆုံးသွားချိန် မတိုက်ရပဲစစ်အောင်နိုင်ခဲ့သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းကို ကျယ်လောင်သောအသံနှင့်ကြွေးကြော်ခဲ့သည်။ ၆ရာ၁၈ က္ကသရေလနိုင်ငံပြန်လည်ထူထောင်ရန် ဘာဗုလုံမြို့မှထွက်ခွာလာချိန် လမ်းတွင်တိုက်ခိုက်၊ လုယက်မှုများကို ဘယ်လိုမှရှောင်နိုင်မည်မဟုတ်။ ဘုရားသခင်ကိုသာ အပ်နှံဆပ်ကပ်ပြီး လူငယ်၊ကလေး၊ လူကြီးအားလုံးတို့ ချိုးခြံစွာကျင့်ခြင်းငှာ မြစ်နားတွင် အစာရှောင်ရန်အချိန်ကိုကြေငြာသည်။ အစာရှောင်၍ဆုတောင်းလျက်နေကြသည်။ ဘုရားသခင်သည် နားထောင်တော်မူသည်။ ယေရုဆလင်မြို့သို့ ရက်ပေါင်းများစွာခရီးရှည်ကြီးကို ဓါးပြ။သခိုး၊ရိုင်းစိုင်းသောလူမျိုးများရန်မှ လွတ်ကင်းစေ ခဲ့သည်။ ထိုသို့အောင်နိုင်ခြင်းသည် ဝိညာဉ်လက်နက် စုပေါင်းအစာရှောင်ဆုတောင်းခြင်း ကျေးဇူးဖြစ်သည်။ ဧဇရ ၈း၂၁ ဧသတာ ဝတ္တုတွင်လည်း ပါရှားပြည်ကြီးတွင် ယုဒလူမျိုး အမျိုးတုံးအောင် သတ်ဖြတ်မည့် အမိန့်စာထုတ်ခံရသောအခါ၊ ခေါင်းဆောင် မော်ဒကဲနှင့်ဧသတာတို့အားဖြင့်၊ ယုဒလူမျိုးအားလုံး ၃ရက် အစာရှောင် ဆုတောင်းခြင်း၊ လျော်တေအဝတ် ဝတ်ဆင်ခြင်းဖြင့် ထမ်ငးနှင့်ရေမစားမသောက်ကြရန် တညီတညွတ်တည်း လုပ်ဆောင်ကြသည်။ ထိုသို့အစာရှောင်ဆုတောင်းခြင်း အကျိုးမှာ ဧသတာဝတ္တုကို ဆက်ဖတ်ကြည့်ပါက တွေ့နိုင်သည်။ ရန်သူ စာတန်နောက်လိုက်ဖြစ်သူ ဟာမန်နှင့် အပေါင်းအပါများသာ ပါရှားဘုရင်ကြီးက သုတ်သင် ရှင်းလင်းရန် တန်ပြန်အမိန့်စာထုတ်ခံရသည်။ ရန်သူများ ပျက်စီး၊သေကြေသွားပြီး ယုဒလူမျိုးများ အောင်မြင်ရသည်။ နိနဝေမြို့ကြီးတွင် လူများသည် ဆိုးသွမ်း၊ ရုပ်ထုကိုးကွယ်၊ တရားစီရင်၊ ဖျက်ဆီးခံရတော့မည်ဟု သိရှိသောအခါ နိနဝေမြို့သားများက နောင်တရပြီး၊ လူကြီးအပေါင်းတို့က အစာရှောင်မည့်အချိန်၊နေ့ရက်ကို ကြေညာကာ လျှော်တေအဝတ် ဝတ်ဆင်ကြသည်။ ကြိုးစား၍ဆုတောင်းကြသဖြင့် ဘုရားသခင်သည် ပြင်းပြသောအမျက်တော်ကိုပင် ငြိမ်းစေပါသည်။ နိနဝေမြို့သားများလည်း ဖျက်ဆီးခံရမည့်ဘေးမှ လွတ်ငြိမ်းချမ်းသာရခဲ့ပါသည်။ (ယောန ၃း၅) အလားတူ ဓမ္မဟောင်းကျမ်းများတွင် ဟေရှာယ၊ ဒံယေလ၊ ယေလ စသည့် ပရောဖက်များ၏ အစာရှောင်၊ဆုတောင်းခြင်းများစွာ တွေ့ရသည်။ ဓမ္မသစ်ကျမ်းစာတွင် အစာရှောင်ဆုတောင်းခြင်း များစွာမတွေ့ရသော်လည်း သခင်ယေရှုမွေးစအချိန် အန္နအမည်ရှိ ပရောဖက်မ၏ အဆက်မပျက် အစာရှောင်၊ဆုတောင်းပေးခဲ့သည် (လု ၂း၃၇)။ ရှင်ပေါလုသည်လည်း ဒမက်သက်သွားရာလမ်းတွင် မျက်စိကွယ်စဉ်ကာလ ၃ရက်တိုင် အစာမစားပဲ ဆုတောင်းလျက်နေသည်။ ထိုအချိန် အာနန္နိအားဖြင့် ရှင်ပေါလုမျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိပြန်မြင်လေသည်။ သခင်ယေရှု၏ အစာရှောင် ဆုတောင်းခြင်း ကျမ်းပိုဒ်များကို မသဲ၆း၁၆တွင် အစာရှောင်သောအခါ မျက်နှာညိုးငယ်ခြင်းမ&ှိကြနှင့် .. ဟု တွေ့နိုင်သည်။ ဓမ္မသစ်ကာလ နောက်ပိုင်း တလုံးတဝ အစာရှောင်ခြင်း၊လူထုအစာရှောင်ခြင်းများကို တွေ့နိုင်သည်။ မက်သဒစ်အသင်းတော် အစပိုင်းတွင် မှန်မှန်အစာရှောင်ခြင်းကို ဦးစားပေးကြပါသည်။ John Wesly ကိုယ်တိုင် အစာရှောင်ခြင်းကို စည်းကမ်းတကျလုပ်ခဲ့သည်။ဗုဒ္ဓဟူး၊ သောင်္ကြာနေ့များတွင် ညနေ၄နာရီထိ အစာရှောင်ဆုတောင်းကြသည်။ အစာရှောင်၊ဆုတောင်းရာတွင် ဆုတောင်းစာရင်းမှတ်ပြီး လုပ်သင့်သည်။ စာရင်းမှတ်ရာတွင် 
၁။ မိမိဝိညာဉ်ရေးလိုအပ်ချက်များအတွက် 
၂။ မိမိ မိသားစုလိုအပ်မှုများအတွက် 
၃။ အသင်းတော်၏လိုအပ်မှုများအတွက် 
၎။ မိမိတိုင်းပြည်၏လိုအပ်မှုများအတွက် 
(ဥပမာ - မြန်မာနိုင်ငံ) 
၅။ လောက၏လိုအပ်မှုများအတွက် . စသဖြင့်ဖြစ်ပါ သည်။ စာရင်းမှတ်ထားမှုများကို နောင်တချိန် ပြန်လည်ကြည့်ရှုပါက ဆုတောင်းချက်များစွာ ဘုရားသခင်နားညောင်းတော်မူသည်။ ပြည့်စုံသည်ကို တွေ့ရပါသည်။ အမေရိကန်နိုင်ငံသမိုင်းနှင့်အစာရှောင်ဆုတောင်းခြင်းများ အာဂန္တုများ အမေရိကန်ပြည်သို့ ရောက်ရှိလာစအချိန် အများစုသည် လူငယ်အမျိုးသား၊ အမျိုးသမီးများဖြစ်သည်။ ဥပမာ ၁၆၂၁ ခုနှစ်တွင် William Bradford ကို မြို့တော်ဝန်အဖြစ် ခန့်အပ်သောအခါ အသက် ၃၁နှစ်သာ ရှိသေးသည်။ Plymouth Plantation ဟုခေါ်သော Bradford စာအုပ်တွင် သူတို့၏ ဝိညာဉ်ရေးအတွေ့အကြုံများဖြင့် ဦးဆောင်သွားဖြင်း။
 ခြားနားချက်များကို ပြုပြင်ပြောင်းလဲရာတွင် အာဂန္တုများက ဘုရားသခင်၏နိယာမ များဖြင့်၊ ကနဦးအသင်းတော်ပုံစံများဖြင့် စတင်ခဲ့ကြသည်။ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ခြိုးခြံစာကျင့်သုံးခြင်း၊ အချိန်သတ်မှတ်ပြီး အစာရှောင်ဆုတောင်းခြင်းဖြင့် များစွာသောမျက်ရည်များ ကျခဲ့ကြသည်။ ဧဇရနှင့်အဖွဲ့ ယေရုဆလင်မြို့သို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ ခံယူကြသည်။ Bradford ကိုယ်တိုင် ဖေါ်ပြသော လူထုအစာရှောင်ခြင်းတစ်ခုမှာ စိုက်ပျိုး ထားသောပြောင်းပင် များမိုးမရွာ၊ခြောက်သွေ့နေစဉ် ၁၆၂၃နွေရသီအချိန် ကိုယ်ကိုနှိမ့်ချ၊ စိတ်နှလုံးအကြွင်းမဲ့၊ ဆုတောင်းခြင်းဖြင့် အံ့သြဘွယ် တဖြေးဖြေးမိုးတစစ၊ ရွာသွန်းလာသည်ကို ဝမ်းမြောက်ဘွယ်တွေ့ရှိရသည်။ ရက်အင်ဒီယန်းများလည်း အလွန်အံ့အား သင့်သွားပြီး ကျေးဇူးတော်ချီးမွမ်းကြပါသည်။ Plymouth ကိုလိုနီတွင် ၁၆၃၆ နိုဝင်ဘာလ(၁၅)ရက်နေ့ ကို မြို့ဝန်မင်းနှင့်သူ၏လက်ထောက်များသည် အစာရှောင်ကြသည်။ မိမိကိုယ်ကို နှိမ့်ချခြင်း အတွက်လည်းကောင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်လည်းကောင်း ဥပဒေတစ်ခုထုတ်ပြန်ကာ အစာရှောင် ဆုတောင်းကြသည်။ ထိုအခြေခံအုတ်မြစ်များသည် အမေရိကန်နိုင်ငံကို နှစ် ရာပေါင်းများစွာ ယနေ့တိုင် တည်ဆောက်နေကြဆဲဖြစ်သည်။ ဂျော့ဝါရှင်တန် ပထမဆုံးသမ္မတ ကာလတွင် ဇွန်လ(၁)ရက်ကို ဘာမှမလုပ်ရသည့်နေ့အား အစာရှောင်ရာနေ့၊ မိမိကိုယ်ကို နှိမ့်ချဆုတောင်းသော နေ့ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ သမ္မတဂျော့ဝါရှင်တန်ကိုယ်တိုင် သူ၏နေ့စဉ်မှတ်တမ်းတွင် တစ်နေ့လုံးအစာရှောင်သည် ဟူ၍ရေးသားထားပါသည်။ သမ္မတဂျော့ဝါရှင်တန်သည် ဆုတောင်းခြင်းကိုသာ ယုံကြည်သည်မဟုတ်၊ ဆုတောင်းချက်အဖြေရရှိသောအခါ ထိုဘုရားသခင်ကို အသိအမှတ်ပြု၊ ချီးမွမ်းသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတအနေနှင့် ၁၇၉၅ခု ဖေဖေါ်ဝါရီလ (၁၉)ရက်ကို နိုင်ငံတော်၏ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ဆုတောင်းခြင်းနေ့အဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။ ဒုတိယသမ္မတ ဂျွန်အဒမ်လက်ထက်တွင်လည်း ၁၇၉၈ခုနှစ်၊ မေလ(၉)ရက်နေ့ကို ခြိုးခြံစွာပြုသောအစာရှောင်၊ ဆုတောင်းခြင်းနေ့အဖြစ် ကြေငြာခဲ့သည်။ စတ္တုထသမ္မတ ဂျိမ်းမက်ဒီဆင် လက်ထက်တွင် ၁၈၁၅ ဇန္တဝါရီလ (၁၂)ရက်ကို ပြည်သူလူထု၊ နှီမ့်ချ၍အစာရှောင်သောနေ့အဖြစ် ကြေငြာခဲ့သည်။ သမ္မတလင်ကွန်း လက်ထက်တွင် ကျွန်စနစ်ကိုရပ်ဆိုင်းရန် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ (၃)ကြိမ်တိုင်အောင် သမ္မတလင်ကွန်းက အစာရှောင်ခြင်း ကြေငြာခဲ့သည်။ အမျိုးသားတစ်ရပ်လုံး တညီတညွတ်တည်း ဖြစ်ရန်အတွက် ၊ ငြိမ်သက်ခြင်းကိုပြန်လည်ထူးထောင်ရန်ဖြစ်သည်။ အိမ်ထောင်ဦးစီးအားလုံး ကြေငြာချက်တွင် တိကျထည့်သွင်းခြင်းဖြင့် အိမ်တွင်တလုံးတဝတည်း အစာရှောင်ဆုတောင်း၊ ပုံရပ်ပြသ လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် အစာရှောင်ဆုတောင်းခြင်း စစ်အာဏာရှင် စနစ်တွင် မြန်မာနိုင်ငံ၊ မှောင်မိုက်တန်ခိုး၊ ဝိညာဉ်ဆိုးများ ကြီးစိုးခဲ့သည်။ ယုံကြည်သူ ခရစ်ယာန်များစွာ နေ့ညမပျက်၊ အစာရှောင် ဆုတောင်းခြင်း များစွာ ပြုလုပ်ခဲ့သည်။ မျက်ရည်ဖြင့် ဆုတောင်းသံများကို ဘုရားသခင် နားညောင်းတော်မူခဲ့သည်။ဆုတောင်းချက်များ ပြည့်ဝလာပြီးသည့်နောက် ကျွန်ုပ်တို့ အဆက်မပျက် ဆက်လက် ဆုတောင်းရန်လိုနေဆဲဖြစ်သည်။ မိတ်ဆွေတို့၏ အသင်းတော်၊မိတ်သဟာရများ မြန်မာပြည်ခေါင်းဆောင်များအတွက် အထူးဆုတောင်းခြင်း၊ အစာရှောင်ဆုတောင်းခြင်းများ ဆက်လက်လုပ်ဆောင်သွားရန်အရေးကြီးနေဆဲဖြစ်ပါသည်။ အသင်းတော်တစ်ခုသည် မြန်မာနိုင်ငံအတွက် ဗုဒ္ဓဟူးနေ့တိုင်း နံနက်၁၂နာရီအထိ အစာမစားပဲ အစာရှောင်ဆုတောင်းခြင်းကို ယနေ့ တိုင်လုပ်ဆောင်နေဆဲဖြစ်သည်။ ကချင်ပြည်နယ်စစ်ပွဲများ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးအတွက် တဆက်တည်းဆုတောင်းခြင်း Chain Prayers ကို ရက်သတ္တပါတ်လုံး ဆုတောင်းနေသော အသင်းတော်၊ မိတ်သဟာရ များစွားရှိပါသည်။ မြန်မာနိုင်ငံတွင် ရုတ်တရက်၃နှစ်အတွင်း(1911-1914) ဖြစ်ပျက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ စစ်အာဏာရှင်စနစ်မှာဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရာတွင် ဈေးကြီးလှသောမြန်မာပြည် ဖြစ်သွားရသည်ကို လူကြီးမင်းအားလုံးအသိပင်ဖြစ်ပါသည်။ ဘိလပ်မြေ၊ သံ၊ သဲဈေးများ၊ အိမ်ခြံမြေဈေးနှုန်းများ အိမ်နီးချင်းနိုင်ငံများထက် ၂ဆ၊ ၃ဆမျှ ဈေးကြီးသွားရခြင်းသည် ဖွံဖြိုးဆဲနိုင်ငံများ၏ပြုပြင်ပြောင်းလဲမှု အားနည်းချက်ဖြစ်သည်။ မြန်မာပြည်တွင်းမှာ အစိုးရမင်းများ၊ နိုင်ငံခြားမှရောက်လာသော ဝိသမလောဘ၊ ခွဲဝေယူသည့်စနစ်ဖြင့် ခရိုနီစီးပွားရေးစနစ်ကြီး ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုသို့လုပ်ကိုင်စားသောက်နေသူများ ၃နှစ်ကြာပြီဖြစ်သောကြောင့် တော်သင့်ပြီဖြစ်ကြောင်း၊ စီးပွားရေးလမ်းမှန်သို့ ပြန်လှည်ဦးတည်ပေးရန် စိတ်စေတနာကောင်းရှိသော နိုင်ငံခေါင်းဆောင်များက ကြိုးစားနေကြပါသည်။ လက်ရှိကမ္ဘာ့အရေးဖြစ်သော ယူကရိန်းနှင့်ရုရှားပုံစံ ဖြစ်နေမလား စိုးရိမ်ကြသော်လည်း၊ မြန်မာခေါင်းဆောင်များနှင့်လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးစတင်နေပါသည်။ ကချင်၊ ဝ၊ ကိုးကန့်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန် စသည့် တိုင်းရင်းသားနယ်စပ်အခက်အခဲများစွာရှိသည်။ တစ်ဦးချင်းစီ အားနည်းချက်များစွာရှိသည်။ သို့သော် မြန်မာနိုင်ငံအုပ်ချုပ်သူခေါင်းဆောင်များ၏ ပါးနပ်၊ဥာဏ်အမျှော်မြင်ရှိမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပြေလည်သွားမည်ဟု မျှော်လင့်သည်။ အကျိုးတူ စီးပွားရေးခွဲဝေမှု ပြည်နယ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအသစ်များဖြင့် တရားမျှတသော ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့ ဆက်လက်ဆုတောင်းရပါမည်။ အစိုးရသစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဖြင့် အုပ်ချုပ်သောအခါတွင် မတရာမှု၊ မမျှတမှု၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး..စသဖြင့် သာယာဝပြောသောလူ့ဘောင်သစ်သို့ အမှန်တကယ် ရောက်ရှိရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားညှိနှိုင်းလုပ်ဆောင်သွားရန် အရေးတကြီးလိုအပ်နေသည်။ လက်ရှိ မြန်မာပြည်တွင် ဝိသမလောဘသမားများ၏ စီးပွားရေးလုပ်ငန်းများကို ထိမ်းချုပ်ရန် နိုင်ငံတော်အစိုးရမင်းများ လုပ်ဆောင်လာဖို့ ဆိုသည်မှာ ပြည်သူလူထုအပေါင်းနှင့် ယုံကြည်သူများ ဆက်လက်ပြီး အစာရှောင်ဆုတောင်းခြင်း (ဥပုဒ်စောင်.ဆုတောင်းခြင်း)ဖြင့်သာ ဘုရားသခင်နားညောင်းနိုင်မည်ဖြစ်ပါသည်။ 
Deriek Prince ရေးသားသည့် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းဖြင့် စာအုပ်မှကောက်နုတ်တင်ပြပါသည်..

May 23, 2014

ခ၇စ်တော်၌ သင် ဘယ်သူလဲ?

 အောက်ပါကျမ်းပိုဒ်သည်လူတိုင်း အလွတ်၇တဲ. ကျမ်းပိုဒ်နော်။ကျမ်းစာလာသည်ကား၊
 ဖြောင့်မတ်သောသူမရှိ၊တယောက်မျှမရှိ။ Rm 3:10/Ps10:7/53:1/Is59:7,1:6/Gen 6:12.....။ 
 ရောမ၃း၁၀မှာမ၇ပ်ပဲ.. အောက်ကိုဆက်ဖတ်မယ်ဆို၇င်... *Rm3:24 ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့်အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။ ဓမ္မသစ်က ကျမ်းစာလာသည်ကားဟူသမျှ ဓမ္မဟောင်းမှ ပြောပြီးသားကို ပြန်လည်အတည်ပြု ခြင်းဖြစ်တယ်။
ထို.ကြောင်.ကမ္ဘာဦး ၆ ကတည်းက ဘု၇ားစကားနားမထောင်ဘူး၊ဘုရားနောင်တ၇လောက်အောင်လူတွေ အပြစ်နွံနစ်ကာ၊ဖြောင်.မတ်သူမရှိဘူးလို. ပြောတာကို ရှင်ပေါလုက ပြန်လည်အတည်ပြုထောက်ခံဖေါ်ပြဖြင်းဖြစ်တယ်။
အောက်ပါကျမ်းစာက... * ဖြောင့်မတ်သောသူမူကား၊မိမိယုံကြည်ခြင်းအားဖြင့်
အသက်ရှင်လိမ့်မည်။ (Rm1:17Kl3:11/Heb 10:38/ Heb11:1/Hab2:4)လို.ပြောတဲ.အတွက် ခ၇စ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူ ငါသည် ဖြောင်.မတ်သူဖြစ်တယ်ဆိုတာအမြဲတမ်းနုတ်ဖြင်.ဝန်ခံ၊
သတိ၇နေဖို.လိုတယ်။ ဘု၇ားကျောင်းသွား၊ဆုတောင်း၊ အလှူထဲ.လို. ဖြောင်.မတ်သူမဟုတ်သလို.. မသောက်စား၊မမူးရူးခြင်းကြောင်.လဲ ဖြောင်.မတ်သူဖြစ်မလာပါ။
သို.သော်..ယုံကြည်ခြင်းရှိသောအာဗဟံသည်
 ဖြောင်.မတ်သူဖြစ်သကဲ.သို. ဖြောင်.မတ်သူသည် သင်းဝင်သူတို.ရှိ၇ာဗိမ္မာန်တော်သို.သွားပြီး မိတ်သဟာယဖွဲ.ချီးမွမ်း၊ဆုတောင်းကာ၊လှူဒါန်းလေ.ရှိပါတယ်။ ဘယ်သူမှမဖြောင်.မတ်သလို၊ငါလဲမဖြောင်.မတ်ဘူး
ဆိုတဲ.အတွေးဝင်ပြီးသင်.ပါးစပ်ကဝန်ခံပြောဆိုတာနဲ.အမျှ စာတန်တော. အောင်ပွဲခံပြီ။ေ၇ာ၃း၁၀သည် ကိုယ်အပြစ်လုပ်ဖို. ရှေ.နေသဖွယ်ဖြစ်နေတတ်တယ်။ ခ၇စ်တော်ကိုယ်တိုင် အသေခံခဲ.ပြီးပြီပဲ။ ။ဖြောင်.မတ်၇ာလမ်းသို.လှမ်းကာ သင်.၇ဲ.နေ၇ာမှန် အသွေးတော်၏အ၇ိပ်ကို ခိုနားဖို.အားပေးလိုတယ်။ ခ၇စ်တော်၌ “In Christ" ကိုယ်ဟာ ဘယ်သူလဲ ဆိုတာမသိသရွှေ.ကျမ်းစာကို ဘယ်လောက် ဖတ်ဖတ် နားလည်မှာမဟုတ်ဘူ.း။ ချစ်သောညီအစ်ကိုအားလုံး ဤMessageတိုလေးက စကားပြောပါစေ။ အစဉ်သင်.ဖြစ်မယ်ဆို၇င် သင်.နှလုံးသားထဲသို. ခ၇စ်တော် ကို ဖိတ်ခေါ်ပါ။ မိတ်ဆွေ တခါမှ မခံစား ဘူးတဲ.ငြိမ်သက်ခြင်းရရှိခံစားနိုင်ကြပါစေ။ ((သင်သည် ဖြောင်.မတ်သောသူဖြစ်တယ်ဆိုတာ..မမေ.နဲ.နော်))