ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

March 1, 2014

Heaven’s Oscars (Dr. David Jeremiah)

Heaven’s Oscars (Dr. David Jeremiah) 
The Rapid Progress of Christianity in it’s Early day.
1,The Zeal of the early Christian. 
2.The Power of miracles. 3.The Pure morals of Christian. 4.The Compact Church Organization. 
5.The belief in future rewards and punishment. Ps.58;12ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏၊၊ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင်သည် ဧကန်အမှန် ရှိတော်မူသည်။
 Ps62:12အိုထာဝရ ဘုရား ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏၊၊ ကိုယ်တော်သည် လူအသီးသီးတို့အား သူတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏၊၊ 
Matt 5;11-12 ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ 
 Rev 22:12ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့ သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ 
Heb 6;10 သင်တို့သည် သန့်ရှင်းသူတို့ ကို အထက်ကလုပ်ကျွေးသည် သာမက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော် ကို ထောက်၍ပြသော မေတ္တာကို၎င်း၊ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူ သည်မဟုတ်။ 
LK 18:29-30 ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၍၊ ထိုသူသည် ယခုကာလ၌ အဆများ စွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရလတံ့ဟု မိန့်တော်မူ၏ 
MK 9:41 သင်တို့သည် ခရစ်တော်နှင့်ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အားရေတခွက်ကိုမျှပေး၏၊ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆို၏။
 MK 10:29-30 ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်င်း၊ ဧဝံဂေလိတရားကြောင့်င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသောတပါးပါးကိုစွန့်၏။ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှင်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုင်း၊ နောင်ဘဝ၌ထာဝရအသက်ကို၎င်း ခံရလတံ့။ 
1.The day of Heaven’s Rewards.  
Rom 14:12 သို့ဖြစ်၍၊ ငါတို့ရှိသမျှ သည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။
 2Cor 5:10 ငါတို့ရှိသမျှသည် ကိုယ်ခန္ဓွာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်းအကျိုးအပြစ် ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်။ 
EPh;6:8 ကောင်းသောအကျင့်ကို ကျင့်သောသူမည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကို ခံရလိမ့်မည်ဟု သိမှတ်ကြလော့။ 
1Cor 3:11-15 ယေရှုခရစ် တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှ တပါးအခြား သောတိုက် မြစ်ကိုအဘယ်သူမျှမချနိုင်။ ၁၂ ထိုတိုက်မြစ် အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သော သူရှိသမျှ၊ ၁၃ အသီးအသီးလုပ်သော အလုပ်သည် ထင်ရှား လိမ့်မည်။ အဘယ်သို့နည်း ဟူမူကား၊ ဘော်ပြချိန်နေ့ ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်း လုပ်သောအလုပ်သည် အဘယ်သို့ သောအလုပ်ဖြစ်သည်ကို မီးသည်စစ်အကြောစုံစမ်းလိမ့်မည်။ ၁၄ ထိုတိုက်မြစ် အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ ၁၅ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ 
2.The Distinction of our Heaven’s Rewards.  
Gal 1:4 ထိုသခင်သည် ငါတို့ အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆိုးညစ်သောပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှါ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ်အပ်ပေးတော်မူ၏။ 
1Cor 15:3 ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား
 ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
 1John 2:12 ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။ 
Rom 8:1ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့်ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သော သူတို့သည် အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏
 EPh 2:8-10 ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ၉ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ ၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊
 ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ 
1Cor 4: 5 ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်းစေ ၍ စိတ်နှလုံးအကြံအစည်များကိုထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောခါ၊ အသီးအသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်း ကျေးဇူးကိုခံရကြလတံ့။ 
3.The description of Heaven’s Rewards. 
 A.The victors Crown. 1Cor 9:25 ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူ မည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကိုချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်ဆီးတတ် သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်ဆီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။၂၇ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ် စက်လေ့ရှိ၏။ 
1Cor 9:24 မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း၊ တယောက်တည်းသာ လျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။
 B.The Crown of rejoicing 
1Theslo 2:19 ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။
 C.The Crown of Rightoeusness  
2Timo 4:8 ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌ လည်းအပ်ပေးတော်မူမည်။ 
D.The Crown of Life 
James 1;12 စုံစမ်းနှောင့်ရှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်း ခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကိုရလိမ့်မည်။
 Rev 2:၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင် ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ 
E.The Crown of Glory 
1Peter 5:4 သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည် 
4.The Difference Heaven’s Rewards can make 
A.Remenber that the Lord Himself is your Chief Reward. (Gen15:1) ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်း အာဗြံ၊ မစိုးရိမ်နှင့်။ ငါသည်သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊ “I’m your shield,your exceedingly great reward.” 
 B.Resist doing doing works Outwardly for the Purpose of recieving a Reward. 
 Matt 6:1 လူများတို့မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကိုသူ့ရှေ့မှောက်၌
မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ်ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။ ၃ သင်သည် အလှူဒါန ကိုပေးသောအခါ ပေးကြောင်းကိုမထင်ရှား စေခြင်းငှါ၊ လက်ျာ လက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ ၄ မထင်ရှားသော အရာ ကို မြင်တော် မူသောသင်၏အဘသည် အကျိုးကိုထင်ရှား စွာပေးတော် မူလတံ့။ 
C.Reflect Upon the ultimate Goal of Any Rewards We May Receive Rev.4:10-11 10 the twenty-four elders fall down before Him who sits on the throne and worship Him who lives forever and ever, and cast their crowns before the throne, saying:11 “You are worthy, O Lord,To receive glory and honor and power; For You created all things,And by Your will they exist and were created.”

No comments:

Post a Comment