ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

March 14, 2014

Doctrine သြဝါဒ နှင့် Exegesis သဒ္ဒါနည်း

Doctrine သြဝါဒ မူဝါဒ နှင့် Exegesis သဒ္ဒါနည်း ။
 Exegesis ဆိုတဲ့ စကားလုံးဟာ အပြင်သို့လို့ အဓိပ္ပါယ်ရတဲ့ ဂရိစကား ek နဲ့ ဦးဆောင်ခေါ်သွားသည်လို့အဓိပ္ပါယ်ရတဲ့ hegeomai ဆိုတဲ့စကားနှစ်ခုပေါင်းပြီး ဖြစ်လာတဲ့စကားပါတဲ့ စကားလုံးတွေကိုအသေးစိတ် ခွဲခြမ်းလေ့လာတဲ့နည်းပါ။ ကျမ်းချက်မှာပါတဲ့ အဓိက စကားလုံးရဲ့ဦးဆောင်မှုကို အဓိပ္ပါယ်ဖွင့်တာပါ။ ဥပမာ... သတ်သည် ဆိုတဲ့ ကြိယာပါတဲ့ ကျမ်းချက် ကျမ်းစာပိုဒ်ကိုလေ့လာရင် ဘုရားက လူ့အသက်မသတ်ရလို့ (ထွ ၂၀: ၁၃) ပညတ်ထားပြီး တော ၃၁: ၁၇ ရောက်တော့ သတ်ကြလော့ လို့ ပြောပါတယ်။ English စာမှာ kill လို့ပဲ ၂ ခုလုံးကိုသုံးထားပေမဲ့ မူရင်းကျမ်းမှာတော့ ထွက် ၂၀: ၁၃ ရဲ့ သတ်သည်လို့ အဓိပ္ပါယ်ရတဲ့Ratsach ဟေဗြဲ စာလုံးကတော့ ကြိုတင်ကြံစည်ပြီးကျူးလွန်တဲ့ လူသတ်မှုကိုသုံးတာ။ ဒါကြောင့် ပညတ်တော်က ကြိုတင်ကြံစည်ပြီးသတ်တာကိုသာ တားမြစ်ကြောင်း သိနားလည်ရမှာဖြစ်ပါတယ်။ မူရင်းကျမ်းတွေဖြစ်တဲ့ ဟေဗြဲ နဲ့ ဂရိ စကားတွေအရေးပါတာကိုသိရမှာဖြစ်တယ။် မထင်ရှားတဲ့စကားလုံးတွေ တွေ့လာရင် ကျမ်းစာရဲ့ ရှေ့နောက်ကို ဖတ်ရမှာလဲဖြစ်တယ်။ Contest လို့ခေါ်တဲ့ ရှေ့နောက်လေ့လာခြင်းက အဓိကပါပဲ တအုပ်လုံးကိုခြုံငုံမိဘို့လိုပါတယ်။ Doctrine သြဝါဒ မူဝါဒနည်းကလဲ Exegesis သဒ္ဒါနည်းနဲ့ခပ်ဆင်ဆင်ပါပဲ။ ပေါလုရဲ့ ကျေးဇူးတော်နဲ့ပါတ်သက်တဲ့သြဝါဒ တခုလုံးဟာ ကမ္ဘာဦးကျမ်းလာ မျိုးစေ့ Seed အပေါ်အခြေခံတည်ဆောက်ထားတာတွေ့ရတယ်။ ပြီးတော့ ကယ်တင်ခြင်းဆိုရင် ကယ်တင်ခြင်းရတယ်ဆိုတာကိုလဲ သတင်းကောင်းကျမ်းစာကျောင်းဆင်းတွေအားလုံး ကယ်တင်ခြင်းဆိုတာရတာမဟုတ်။ ကယ်တင်ခြင်းရောက်တယ်လို့ ပြောကြတယ် ပိုပြီးထိရောက်တယ်။ ကျေးဇူးတော်လို့ပြောရင် ကျေးဇူးတော် ၂ မျိုးကို သိစရာရှိနေတယ်။ ချေဖျက်ပေးခြင်းကျေးဇူးတော်နဲ့ တည်ဆောက်ပေးခြင်းကျေးဇူးတော်ဟာ တပြိုင်ထဲဖြစ်တာမို့ ကယ်တင်ခြင်းရောက်တယ်ဆိုတာ ပိုမှန်တယ်။ Hermeneutics ဆိုတဲ့ အဓိပ္ပါယ်ဖွင့်နည်းသိပ္ပံ ဆိုတဲ့စကားလုံးဟာ Hermes ဆိုတဲ့စကားကလာတာ Hermes ဆိုတာ ဂရိတွေယုံကြည်မှုတခုဖြစ်တဲ့ Mercury နတ်ဘုရားရဲ့ စကားကိုလူတွေဆီပို့ပေးတဲ့သူဖြစ်တယ် Mercury နတ်ဘုရားဆိုတာ သိပ္ပံတီထွင်ကြံဆမှု စကားပြောကောင်းခြင်းစာရေးကောင်းခြင်း အနူပညာ စတာတွေကို ပိုင်ပါသတဲ့ သမ္မာတရားကို ရေးတယ် ပြောတယ်သင်တယ် ဆိုတာ ဘုရားရဲ့စကားကို လူတွေနားလည်အောင် အနက်ဖွင့် ဘာသာပြန် ခွန်အားပေးတာပါ။ လူတွေကို ရပ်တည်ချက်မှန်အောင် တည်ဆောက်ပေးတာပဲဖြစ်ပါတယ်။ Systematic Theology အဆိုကတော့ စနစ်ကျတဲ့ ဖွင့်ပြချက်ဆိုတာ အမေရိကန်နှိုင်ငံမှာ မှန်သလို အီသီအိုပီးယားနှိုင်ငံမှာလဲ မှန်တယ်လို့ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ၁+ ၁ = ၂ ဆိုတာမျိုးပေါ့ ဘယ်နှိုင်ငံ ဘယ်ဒေသမှာပဲဖြစ်ဖြစ် တစ် နဲ့ တစ် ပေါင်းရင် နှစ်ပါပဲ။ သမ္မာကျမ်းကို လေ့လာအနက်ပြန်တဲ့အဓိကနည်း ၂ နည်းရှိပါတယ်။ ၁. ချဉ်းကပ်ပုံ ချဉ်းကပ်နည်း။ ၂. ယူဆချက် ယုံကြည်ချက်အခြေခံတဲ့နည်း တို့ဖြစ်ပါတယ်။ ၁. ချဉ်းကပ်ပုံ ချဉ်းကပ်နည်း။ က. Isagogics သမိုင်းနည်း ခ. Categories အမျိုးအစားခွဲလေ့လာနည်း။ ဂ. Doctrine သြဝါဒ မူဝါဒ နှင့် Exegesis သဒ္ဒါနည်း ( Doctrine နှင့် Exegesis ကို ဘာကြောင့်ပေါင်းလိုက်တာလဲဆိုတာ ကျနော်ရှင်းပြရင် နားလည်သွားပါလိမ့်မယ်)။ က. Isagogics သမိုင်းနည်း is ဆိုတာနဲ့ ago ဆိုတဲ့ စာလုံး ၂ ခုပေါင်းထားတာဖြစ်ပြီး မိတ်ဆက်ခြင်းလို့ခေါ်တယ်။ Isagoge ဆိုတဲ့ English စာလုံးကို ဒီနေ့ထုတ် အဘိဓါန်တွေမှာရှာမရနှိုင်တော့ပါဘူး။ ၁၉၅၅ နှစ်ရှေ့ပိုင်းထုတ်တဲ့ အဘိဓါန်တွေမှာသာတွေ့ရနှိုင်ပါတယ်။ Isagogics ဆိုတာ ရာဇဝင်သမိုင်း နဲ့ ရိုးရာယဉ်ကျေးမှုကို နောက်ခံထားလေ့လာတာပဲ။ ဘယ်အချိန် ဘယ်ဒေသ မှာရေးခဲ့တာ ဘယ်သူတွေကိုအဓိက ထားတယ်ဆိုတာပေါ့။ ဥပမာ...... ခရစ်ဝင်ကျမ်း ၄ အုပ်လုံးမှာ ဆင်တူရိုးမားဖြစ်နေတာတွေ့သော်လည်း ဘုရားကခွင့်ပြုပြီးဘာကြောင့် သမ္မာကျမ်းမှာ ၄အုပ်လုံးတည့်ထားတာလဲကြည့်ရအောင်ရှင်မသဲခရစ်ဝင်ကျမ်းက ဂျူးလူမျိုးတွေအတွက် အဓိကထားရေးတာဖြစ်ပြီး ခရစ်တော်ကို ဘုရင်အနေနဲ့တင်ပြတာမာကုခရစ်ဝင်ကျမ်းက ရောမတွေအတွက်ရေးတာဖြစ်ပြီး ခရစ်တော်ကို အစေခံအနေနဲ့ တင်ပြထားတာပါလုကာခရစ်ဝင်ကျမ်းကဂရိလူမျိုးအတွက်ရေးတာဖြစ်ပြီး ခရစ်တော်ရဲ့နှိမ့်ချခြင်းသဘောကို တင်ပြထားတာပါ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကတော့ ကမ္ဘာလောကတခုလုံးအတွက်ရေးထားတာဖြစ်ပြီး ခရစ်တော်ကို ဘုရားဖြစ်ကြောင်း သက်သေပြထားခြင်းဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှင်ယောဟန်ခရစ်ဝင်ကျမ်းပဲ လေ့လာရင်ရတယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ဘုရားဖြစ်ခြင်း ဘုရင်ဖြစ်ခြင်းကို သိဘို့လိုသလို အစေခံခြင်းနှိမ့်ချခြင်းသိနေပြီး ဟိုတုန်းကနဲ့ ဒီနေ့ ကျနော်တို့ ဘာကွာနေလဲ ဆင်ခြင်ဘို့ပါပဲ၆၆ အုပ်လုံးဟာ သူ့အချိန်နဲ့သူ ရေးထားတာမို့ အချိန်ကာလ နေရာဒေသ နဲ့ ယနေ့ကွာခြားလာတဲ့အပေါ်မှာ ဘုရားရဲ့ဖွင့်ပြချက် ကွာခြားလာတာမြင်အောင် သိအောင် လေ့လာထားမှသာ ကျနော်တို့နဲ့ ပါတ်သက်နေသေးတာ မြင်ရပြီး ဘုရားရဲ့တန်ခိုးတော်ကစီးဆင်းလာမှာဖြစ်ပါတယ်။ ပိုထိရောက်ပါတယ်ချက်ခြင်းမထင်ရှားသေးပေမဲ့ မျိုးစေ့ချထားသလို တဖြေးခြင်း ထင်ရှားလာမှာပါပဲ Categories အမျိုးအစားခွဲလေ့လာနည်း။ ဒီနည်းကတော့ သမ္မာကျမ်းထဲမှာပါတဲ့ သီးသန့်နယ်ပယ် တခုခြင်းကိုခွဲလေ့လာတာပါ။ ကျမ်းစာမှာပါတဲ့ သွန်သင်ချက်တိုင်းကို စုံလင်စွာသဘောပေါက်ထားဘို့လေ့လာတာ ကျမ်းစာမှာပါတဲ့ ရှေ့နောက်သွန်သင်ချက်တွေကို သေချာမလေ့လာရင် ချိန်ခွင်လျှာမညီဘူး ဖြစ်တတ်ပါတယ် ဥပမာ... လင်မယားကွာရှင်းခြင်းနဲ့ ပါတ်သက်ပြီး မယားနှင့်ကွာလိုလျှင် ဖြတ်စာကိုပေးစေ ဟူသော ပညတ်စကားရှိပြီ ဆိုတဲ့ မသဲ ၅: ၃၁ ကိုအခြေခံစဉ်းစားရင် ကျမ်းစာရဲ့ဆိုလိုရင်းကိုသဘောပေါက်ဘို့မလွယ်ဘူး အခြားကျမ်းချက်တွေဖြစ်တဲ့ တရား ၂၄: ၁-၄ မသဲ ၁၉: ၃-၁၂ ၁ကော ၇:၂၆-၂၈ စတာတွေကို သိထားလေ့လာထားမှသာ သဘောပေါက်နားလည်မှာဖြစ်ပါတယ် ကျမ်းချက်တွေအားလုံးကိုသိမှ ချိန်ခွင်လျှာ ညှိယူလို့ရမှာဖြစ်ပါတယ် ဒီနေရာမှာ ကျနော့် ယုံကြည်ချက်ကို နည်းနည်းပြောခြင်ပါတယ် လင်မယားကွဲခြင်း ချစ်သူချင်းကွဲခြင်း ဆိုတာ ဘုရားရဲ့မူလ အလိုတော်တော့မဟုတ်ဘူး ဘာလို့လဲဆိုတော့ ကမ္ဘာဦး ၂: ၂၃-၂၄ အရပဲ မွေးတဲ့ မိဘ ကိုတောင်စွန့်လာပြီးမှ ဘာကြောင့်ကွဲကြမှာလဲ လင်ရော မယားပါ လူ့သဘာဝအရ ရိုးအီခြင်းမရှိအောင် ခေတ်ကာလတောင်းဆိုမှုကို အမြဲသုံးသပ် လေ့လာနေရမှာပါ ပြောခြင်တာက မယားကလဲ နေ့စဉ် မီးဖိုချောင်နဲ့ အိမ်မှုကိစ္စမှာ အချိန်ကုန်မနေဘို့ လင်ယောက်ျားကလဲ နေ့စဉ် စီးပွားရှာရင်းအချိန်ကုန်မနေဘို့ ပါပဲ ဒါပေမဲ့ ခေတ်ကာလရဲ့ လူဦးရေနဲ့ ရွေးချယ်မှုများလာတဲ့အပေါ်မှာ ဝန်ခံရမှာပါပဲ ဒီနေရာမှာတော့ မှန်ကန်စွာ ဆုံးဖြတ်နှိုင်ဘို့ Dispensation လို့ခေါ်တဲ့ ခေတ်ကာလပိုင်းခြားခြင်းကိုလဲ သိထားဘို့လိုပါတယ် ဥပမာ... ဓမ္မဟောင်းမှာ တိရစ္ဆာန်ကို ယဇ်ပူဇော်ပေမဲ့ ဓမ္မသစ်မှာ မလိုအပ်တော့တာ ဥပုဒ်နေ့ဟာ့ စနေမဟုတ်တော့ပဲ သခင်ဘုရားနေ့ တနင်္ဂနွေ ဖြစ်သွားတာ မောရှေရဲ့ ထွက်မြောက်ရာကျမ်းမှာလဲ ၇ လပိုင်းကို ၁လ လို့ ပြင်ဆင်သတ်မှတ်တာ ခေတ်ကာလကို မသိလို့ ဖြစ်ပါတယ် (ထွ ၁၂: ၁) ဘာလို့လဲဆိုတော့ လင်မယားကွဲခြင်းမှာ ခေတ်ကာလသွန်သင်ချက်တွေမတူဘူး လက်ထပ်ခြင်း ကွာရှင်းခြင်းတွေဟာ ဒီနေ့ အသင်းတော်ခေါင်းဆောင်တွေအပေါ် ဘုရားရဲ့ သီးသန့်သွန်သင်ချက်တွေ ရှိနေနှိုင်ပါတယ် ဘုရားကျောင်းကြီးတွေမှာ မညီသောတံဘိုးထမ်းတာလက်ခံပေးနေပေမဲ့ ဘာအပြစ်မှ ကျမလာတာ မခံရတာဟာ ဘုရားရဲ့ ဂရုဏာကျေးဇူးကို ပိုပြီးဆင်ခြင်မိစေတယ် လိင်တူချင်း လက်ထပ်တာ လက်ခံဆောင်ရွက်မပေးအောင်လဲ ဆုတောင်းခြင်းကြီးအောင် သွန်သင်နေပြီလို့ သတိပေးနေပါတော့တယ်

No comments:

Post a Comment