ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

March 24, 2014

*လူမှုရေးနားမလည်သော ယေရှု နှင့် စိတ်ကောက်တတ်သောမာရိ *

ကိုယ်တော်က သား၏အစာကိုယူ၍ ခွေးအားမပေးချအပ်ဟု
 ပြန်ပြောတော်မူ၏( မသဲ ၁၅: ၂၆) 
လာဇရုနာသည်ကို ကြားတော်မူလျှင် ကြွတော်မမူပဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏ (ယော ၁၁:၆) ( မသဲ ၁၅: ၂၆)
 မှာ ယုံကြည်ခြင်းဖြစ်နေ အားကောင်းနေတဲ့ ခါနာန်မိန်းမကသူ့သမီး နတ်ဆိုးနှိပ်စက်ခြင်းကနေလွတ်ဘို့ ယေရှုနောက်ကိုလိုက်ပြီးဟစ်ကြော်တောင်းပေမဲ့ ယေရှုက စကားပြန်မပြောတဲ့အပြင် ခွေးနဲ့ နှိုင်းပြီးပြောတာတွေ့ရတယ် ဒါပေမဲ့ နှိမ့်ချတဲ့ နှလုံးသားနဲ့ ဆက်တောင်းတဲ့အခါမှာ လိုအပ်တဲ့ ကောင်းချီးကိုရတယ် ကျနော်တို့ တခါတခါ ဆုတောင်းခြင်းမှာ ချက်ခြင်းအဖြေမရတဲ့အခါ ဘုရားအလိုမရှိဘူးထင်တတ်ပြီး ဆုတောင်းလက်လျော့တတ်ကြတယ် ယုံကြည်ခြင်းကျသွားတာမဟုတ်ပေမဲ့ နှိမ့်ချခြင်းမရှိရင် လက်လျော့လိုက်ရင် သီးမခံရင် ဆုတောင်းခြင်းမှာ အဖြေမရတတ်ဘူးဆိုတာ သတိပြုရမှာပဲဖြစ်ပါတယ် (ယော ၁၁:၆) မှာကြတော့ ဒီမိသားစုက ဘုရားနဲ့လက်ပွန်းတတီးနေတဲ့သူတွေ သခင်ဘုရားနားမှာ ဘဏ္ဍာ စွမ်းအား ပေးဆပ်နေသူတွေဖြစ်တယ် မာသက အိမ်တော်အမှုနဲ့ဝေယာဝစ္စတွေ ကြိုးစားလုပ်ပေးသူဖြစ်ပြီး မာရိက အဘိုးတန်ဆီမွေးနဲ့ ခြေတော်ကိုလိမ်းပေး ဆံပင်နဲ့သုတ်ပေးသူဖြစ်တယ် ဘုရားစကားကိုအမြဲနားထောင်သူလဲဖြစ်တယ် (ယော ၁၂: ၂-၃) ပြောခြင်တာက နှိမ့်ချခြင်းလဲရှိတယ် ဘုရားကိုလဲကိုးစားတယ် ဒါကြောင့် မသေခင်မှာထဲက အနာငြိမ်းဘို့ လူလွတ်အကြောင်းကြားပေမဲ့ သခင်ဘုရားကမလာဘူးအံ့သြစရာက လာဇရုကို သခင်ဘုရားကချစ်တယ် (ယော ၁၁: ၃) ဘုရားကချစ်လဲချစ် ရင်းနှီးမှုလဲရှိပေမဲ့ ချက်ချင်းမလာဘူး တခါတခါ ကျနော်တို့ ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ပါတယ် အမှုတော်မှာလဲပါဝင်နေတာပါပဲ ဆုတောင်းခြင်းအဖြေမရတဲ့အခါ နားမလည်အောင်ဖြစ်တတ်တယ် ဘုရားက ကျနော်တို့အပေါ်မှာ သာ၍ ထင်ရှားတဲ့ ဘုန်းတော်ကိုချပေးခြင်တာပါ ကျနော်တို့တောင်းတာထက် ပိုကြီးမားတဲ့ ဆုကျေးဇူးကိုပေးခြင်တဲ့အခါ သာမန် ဆုတောင်းတာမျိုးကို အလွယ်တကူမပေးတတ်ဘူးဆိုတာ မြင်စေခြင်တယ် သာ၍ကြီးသောအမှု ဆုကျေးဇူးရမယ်ဆိုတာမမြင်တဲ့အခါ နားမလည်နှိုင်တဲ့အခါ မာရိလိုပဲစိတ်ပျက်ဝမ်းနည်းအားလျော့သွာတတ်တယ် ဘုရားကိုအမှုမထားခြင်တော့ဘူး မာရိက သခင်ဘုရားကြွလာတဲ့အခါ ထွက်မကြိုဘူး စိတ်ကောက်နေတယ် (ယော ၁၁: ၂၀) ကျနော်တို့လဲ တခါတခါ မာရိလိုပဲ ဆက်ကပ်ပါဝင်နေရင်းကနေ အလိုမကျရင် အမှုတော်ထဲကနေ ရှောင်ဖယ်ခြင်တတ်တယ် ရင့်ကျက်ပေမဲ့ ကလေးဆန်တတ်တယ် ဘုရားကမခေါ်မချင်းမလာဘူး ခေါ်မှလာခြင်တယ်(ယော ၁၁: ၂၈) ငါတို့ဒီလောက်လုပ်ပေးတာတောင် ငါတို့အတွက်ကျတော့ ဘာမှလုပ်မပေးချင်ဘူးလို့ အထင်ရောက်သွားရင် စိတ်ပျက်သွားတတ်တယ် ငါဆိုတဲ့အပေါ်မှာရပ်မိခြင်းကြောင့် ကြီးမားတဲ့ဆုလာဒ်နဲ့ လွဲတတ်တယ် ဆိုတာ သတိပြုရမှာဖြစ်တယ် မိမိပါဝင်ဆက်ကပ်ခြင်းမှာ မသိမသာ မာနထောင်လွားမိတတ်တာကိုသတိပြုရမယ် လောကမှာ ကျရှုံးခြင်းရခြင်းဟာ ဘုရားအလိုတော်မဟုတ်ဘူးဆိုတာ အထက်က သာဓကမှာ ထင်ရှားစွာမြင်ရမှာပဲဖြစ်တယ် ကျရှုံးတဲ့အခါ အလိုတော်ပဲလို့ လွယ်လွယ်ဝန်မခံမိဘို့ သတိပေးခြင်ပါတယ် အောင်မြင်ခြင်းနဲ့ ဘုန်းတော်ထင်ရှားစေခြင်းကသာ ဘုရားအလိုတော်ဖြစ်တယ်ဆိုတာ စွဲစွဲမြဲမြဲ ယုံကြည်မျှော်လင့်ဘို့ အလွန်အရေးကြီးပါတယ် မျှော်လင့်တာထက်သာပြီး အောင်မြင်စေခြင်တာကသာ ဘုရားအလိုတော်ဖြစ်တယ် နှိမ့်ချ သီးခံ၍ ပါဝင်ဆက်ကပ်ရင်း /ဘုန်းတော်ထင်ရှားသူများဖြစ်ကြပါစေ/
 ကျေးဇူးတော်မှတပါး အခြားမရှိပါ

No comments:

Post a Comment