ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

March 10, 2014

ကျမ်းစာမှာတွေ.ရသော ဆယ်ဖို.တစ်ဖို.၊ပူဇော်သက္ကာ

Tithes Gen-(14:20) အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ထိုမင်း (မေလ ခိဇဒက်)အားဆယ်ဘို့တဘို့ လှူလေ၏။And blessed be the most high God,which hath delivered thine enemies into thy hand. And he gave him tithes of all.
 Lev: -(27:31) စပါးဖြစ်စေ၊သစ်သီးဖြစ်စေ၊ မြေက ဖြစ်သမျှသောအသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာ တော်ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။ And if a man will at all redeem ought of his tithes, he shall add thereto the fifth part thereof. ၃၁ ဆယ်စုတစုကိုရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ပေး ရမည်။
 တရားဟော 18:24/26/28- ၄ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သက္ကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊
 လေဝိသားအမွေခံစရာ အဘို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလအမျိုးသား တို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။ ၂၆ သင်တို့အမွေ ခံစရာ ငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာ ဆယ်ဘို့ တဘို့ကို သင်တို့သည် ခံယူသောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ပြန်၍ တဘို့ကို ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။ ၂၈ ထိုသို့ သင်တို့သည် ဣသရေ လအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရား အား ပူဇော် သက္ကာ ပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန်အား လှူရကြမည်24/But the tithes of the children of Israel, which they offer as an heave offering unto the LORD, I have given to the Levites to inherit: therefore I have said unto them, Among the children of Israel they shall have no inheritance. 26/ Thus speak unto the Levites, and say unto them, When ye take of the children of Israel the tithes which I have given you from them for your inheritance, then ye shall offer up an heave offering of it for the LORD, even a tenth part of the tithe. 28/ Thus ye also shall offer an heave offering unto the LORD of all your tithes, which ye receive of the children of Israel; and ye shall give thereof the LORD'S heave offering to Aaron the priest. 
Deut တောလည် 12:11နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရား ရွေးကောက်တော်မူသောအရပ်ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့ မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီမြှောက်ရာပူဇော်သက္ကာ၊ ထာဝရဘုရားအာ: 12:11- Then there shall be a place which the LORD your God shall choose to cause his name to dwell there; thither shall ye bring all that I command you; your burnt offerings, and your sacrifices, your tithes, and the heave offering of your hand, and all your choice vows which ye vow unto the LORD:
 တောလည် ၁၂း၆ ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာ ယဇ်အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွားတွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။ ၁၂း၆- And thither ye shall bring your burnt offerings,and your sacrifices,and your tithes, and heave offerings of your hand,and your vows,and your freewill offerings, and the firstlings of your herds and of your flocks.
 တောလည်-၂၆း၁၂ သုံးနှစ်တွင်ဆယ်ဘို့တဘို့ပေးရသောတတိယနှစ်
 ရောက်သော အခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ကောက် ယူ၍၊ လေဝိသား၊တပါးအမျိုးသား၊မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေးမွေး ပြီးမှ၊ When thou hast made an end of tithing all the tithes of thine increase the third year, which is the year of tithing, and hast given it unto the Levite, the stranger, the fatherless, and the widow, that they may eat within thy gates, and be filled.
ရာချုပ(်ဒု)-၃၁း၁၂-လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သောဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသား ကောနနိသည် တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။ And brought in the offerings and the tithes and the dedicated things faithfully: over which Cononiah the Levite was ruler, and Shimei his brother was the next.
 နေဟေမိ-103း7-38အဦးလုပ်သောမုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ၊ ဗိမာန်တော်အခန်းသို့င်း၊လယ်လုပ်
 သောမြို့ရွာ ရှိသမျှတို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိသား တို့ထံသို့င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏ And that we should bring the firstfruits of our dough, and our offerings, and the fruit of all manner of trees, of wine and of oil, unto the priests, to the chambers of the house of our God; and the tithes of our ground unto the Levites, that the same Levites might have the tithes in all the cities of our tillage. 10:38 And the priest the son of Aaron shall be with the Levites, when the Levites take tithes: and the Levites shall bring up the tithe of the tithes unto the house of our God, to the chambers, into the treasure house.
 နေဟမိ-၁၂း၄၄ ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားခံအပ်သော အပူဇော်သက္ကာ၊ အဦးသီးသောအသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ၍ သိုထားစရာ ဘဏ္ဍာတိုက်များကို အုပ်ရသော တိုက်စိုးတို့ကို ခန့်ထားကြ၏။ And he had prepared for him a great chamber,where aforetime they laid the meat offerings, the frankincense,and the vessels,and the tithes of the corn,the new wine,and the oil,which was commanded to be given to the Levites, and the singers, and the porters; and the offerings of the priests.
 နေဟမိ-၁၃း၅ ဘောဇဉ်ပူဇော်သက္ကာ၊နံ့သာပေါင်း၊တန်ဆာမျိုးကိုင်း၊
ပညတ်တော်အတိုင်းလေဝိသား၊ သီချင်းသည်၊တံခါးစောင့်တို့အားပေးရသော ဆန်စပါး၊စပျစ်ရည်၊ဆီဆယ်ဘို့တဘို့ကိုင်း၊ ယဇ်ပုရောဟိတ်တို့အား လှူရသောအလှူတို့ကိုင်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိ အဘို့ပြင်ဆင်၏။ And he had prepared for him a great chamber, where aforetime they laid the meat offerings, the frankincense, and the vessels, and the tithes of the corn, the new wine, and the oil, which was commanded to be given to the Levites, and the singers, and the porters; and the offerings of the priests. 
အာမုတ် ၄း၎ ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့သွား၍ များစွာသောပြစ်မှားခြင်း ကို ပြုကြလော့။ နံနက်တိုင် ပူဇော်သောယဇ်ကိုင်း၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကိုင်း ဆောင်ခဲ့ကြလော့။ Come to Bethel, and transgress; at Gilgal multiply transgression; and bring your sacrifices every morning, and your tithes after three years: 
မာလခိ ၃း၈ လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော့။ သို့သော်လည်း သင်တို့သည် ငါဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ကို၎င်း လုယူကြပြီ။ Bring ye all the tithes into the storehouse, that there may be meat in mine house, and prove me now herewith, saith the LORD of hosts, if I will not open you the windows of heaven, and pour you out a blessing, that there shall not be room enough to receive it.
 Luke 18:12- အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟု ဆုတောင်းပဌနာပြု၏။ I fast twice in the week, I give tithes of all that I possess. 
Hebrew 7:5 ယဇ်ပုရောဟိတ်မင်း အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်းဆယ်ဘို့တဘို့ကို ခံရသောအခွင့်ရှိကြ၏ And verily they that are of the sons of Levi, who receive the office of the priesthood, have a commandment to take tithes of the people according to the law, that is, of their brethren, though they come out of the loins of Abraham:
 Hebrew 7;6 သူတို့အမျိုးမဟုတ် သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့တဘို့ကိုခံလေ၏။ ဂတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းကြီးပေးလေ၏။ But he whose descent is not counted from them received tithes of Abraham, and blessed him that had the promises. 
Hebrew 7:8 ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ ကိုခံလေ့ရှိ၏။ထိုအခါ မူကားအသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသော သူသည် ဆယ်ဘို့တဘို့ကိုခံရ၏။And here men that die receive tithes; but there he receiveth them,of whom it is witnessed that he liveth.
Hebrew 7:9 ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကိုပေးပြီဟု ဆိုစရာအခွင့်ရှိ၏။ And as I may so say,Levi also,who receiveth tithes,payed tithes in Abraham. 
Tithe (လှူ ဖွယ်၊ပူဇော်သက္ကာ)
Lev 27:30 စပါးဖြစ်စေ၊သစ်သီးဖြစ်စေ၊ မြေက ဖြစ်သမျှသောအသီးအနှံ ဆယ် စုတစုသည် ထာဝရဘုရား၏ဘဏ္ဍာ တော်ဖြစ်၏။ထာဝရဘုရားအဘို့ သန့်ရှင်း ရမည်။And all the tithe of the land,whether of the seed of the land, or of the fruit of the tree,is the LORD'S:it is holy unto the LORD. Lev 27:32 နွားဖြစ်စေ၊သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ထာဝရဘုရား အဘို့ သန့်ရှင်းရမည်။ And concerning the tithe of the herd,or of the flock, even of whatsoever passeth under the rod, the tenth shall be holy unto the LORD. 
Number 18:26 သင်တို့အမွေ ခံစရာ ငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာ ဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူသောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ ဘို့ပြန်၍ တဘို့ကို ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။ Thus speak unto the Levites, and say unto them, When ye take of the children of Israel the tithes which I have given you from them for your inheritance, then ye shall offer up an heave offering of it for the LORD, even a tenth part of the tithe.
 Deut 12:17 စပါး၊ စပျစ်ရည်၊ ဆီဆယ်တို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာတစုံတခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။Thou mayest not eat within thy gates the tithe of thy corn,or of thy wine,or of thy oil,or the firstlings of thy herds or of thy flock,nor any of thy vows which thou vowest,nor thy freewill offerings,or heave offering of thine hand: Deut 14:22 လယ်ယာ၌ တစ်နှစ်တစ်နှစ်တွင် သိမ်းရသော အသီးအနှံ ဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည်။ Thou shalt truly tithe all the increase of thy seed, that the field bringeth forth year by year. Deut 14:23 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသောသားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အစဉ် ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်/ And thou shalt eat before the LORD thy God, in the place which he shall choose to place his name there, the tithe of thy corn, of thy wine, and of thine oil, and the firstlings of thy herds and of thy flocks; that thou mayest learn to fear the LORD thy God always.
 Deut 14:28 တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။ At the end of three years thou shalt bring forth all the tithe of thine increase the same year, and shalt lay it up within thy gates: 
2chr 31:5 ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသောစပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည် အစရှိသော မြေအသီးအနှံကိုင်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကိုင်း၊ များစွာဆောင်ခဲ့ကြ၏။ And concerning the children of Israel and Judah, that dwelt in the cities of Judah, they also brought in the tithe of oxen and sheep, and the tithe of holy things which were consecrated unto the LORD their God, and laid them by heaps

No comments:

Post a Comment