ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

February 25, 2014

ယခုခေတ်-ပါလက်စတိုင်း

ပါလက်စတိုင်းလူမျိုး ယခုခေတ်မှာ ပါလက်စတိုင်းလူမျိုးဆိုတာ နိုင်ငံမရှိတဲ့လူမျိုးလို့ သတ်မှတ်ထားပါတယ်။ ပါလက်စတိုင်းလူမျိုး အများစုဟာ အစ္စရေးနိုင်ငံ (သိမ်းပိုက်ခံ West Bank & Gaza Strip) ၊ ဂျော်ဒန်နိုင်ငံ၊ လက်ဘနွန်နိုင်ငံ စသည်တို့မှာနေထိုင်ပြီး၊ ကမ္ဘာအနှံအပြားမှာ ၁၁သန်းလောက် ပြန်ကျဲနေထိုင်လျှက်ရှိပါတယ်။ အစ္စရေးလူမျိုးများလိုပဲ တိုင်းတပါးအုပ်ချုပ်မှုများမှာ နှစ်ပေါင်းထောင်နဲ့ချီနေထိုင်ခဲ့ပြီး ၁၉၄၇ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံအမည်နဲ့ အစ္စရေး၊ပါလက်စတိုင်း လူမျိုး၂ခုကို ဗြိတိသျှနဲ့ကုလသမဂ္ဂတို့က ထူထောင်ပေးခဲ့ပါတယ်။ ၂ဖက်စလုံးမကျေမနပ် စစ်တိုက်ခိုက်ရင်း အစ္စရေးက အပြီးပိုင်သိမ်းယူပြီး အစ္စရေးနိုင်ငံထူထောင်လိုက်ပါတယ်။ သမိုင်းကြောင်းကို ကြည့်ရင် အစ္စရေး (ဂျူးလူမျိုးသမိုင်း) လိုပဲ၊ ရာဇ၀င်အရှည်ကြီးဖြစ်ပါတယ်။ ခုနှစ်ရာစု အာရပ်၊မူဆလင်များ ပါလက်စတိုင်းဒေသကို မသိမ်းပိုက်မှီက ခရစ်ယာန်၊ ဂျူး ဘာသာဝင်များဖြစ်ကြပြီး၊ အခုအများစုဟာ မူဆလင်ဘာသာဝင်များဖြစ်ပါတယ်။ ခရစ်ယန်များစွာလည်း ရှိပါတယ်။ အာရပ်ပါလက်စတိုင်း Palestine Arabic စကားကို ပြောဆိုကြပါတယ်။ အစ္စရေးနိုင်ငံတွင်းမှာရှိတဲ့ ပါလက်စတိုင်းများကတော့ ခေတ်ပေါ်ဟေဗရူး (အစ္စရေးဘာသာစကား) ကိုပြောတတ်ကြပါတယ်။ ပါလက်စတိုင်းများ သူတို့နယ်မြေလို့ ကြေညာထားတဲ့ မြေပုံဖြစ်ပါတယ်။ ပါလက်စတိုင်းလူမျိုးများ နေထိုင်တဲ့နေရာများ အစ္စရေး၊ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန် စတဲ့နိုင်ငံများရဲ့ နယ်မြေများပါဝင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကုလသမဂ္ဂရဲ့ စာရွက်ထဲမှာပဲ နယ်မြေရှိပြီး၊ နိုင်ငံပျောက်နေပါတယ်။ သို့သော် ကုလသမဂ္ဂမှာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်၊ ပြောရေးဆိုခွင့် ရရှိထားပါတယ်။ သမ္မာကျမ်းစာဖိလိတ္တိလူမျိုး Don Fleming ရဲ့ အဘိဓါန်မှာ ဖိလိတ္တိလူမျိုးဟာ ယခုခေတ် ပါလတိနပြည်လို့ ခေါ်တဲ့နယ်မြေဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ခါနာန်လူမျိုးများ လို့ခေါ်ပြီး၊ ခါနာန်ဘုရား၊ ဗာလဘုရား၊ ဒါဂုန်ဘုရားနှင့် ဗေဇေဗုလဘုရားများကို ကိုးကွယ်ကြပါတယ်။ ဖိလိတ္တိမြို့ငါးမြို့မှာ ဂါဇ။ အားဇုတ်၊ အာရှ၊ ကေလုန်၊ ဂါသ နဲ့ ဧကလုန်မြို့တို့မှာ အများအပြားနေထိုင်ခဲ့ကြပါတယ်။ က္ကုသရေလလူမျိုး (အစ္စရေး) နဲ့ ဖိလိတ္တိလူမျိုးများ တိုက်ပွဲများ၊ ငြိမ်းချမ်းရေးများ အတူနေထိုင်ခဲ့ပါတယ်။ မောရှေခေါင်းဆောင်တဲ့ လက်ထက်က က္ကူသရေလများ၊ ယောရှုခေါင်းဆောင်မှုနဲ့ ခါနာန်ပြည်ကို အောင်နိုင်တဲ့အခါ ဖိလိတ္တိလူမျိုးများ နယ်မြေကို မသိမ်းနိုင်ခဲ့ပါ။ ရှောလုမင်းလက်ထက် ဖိလတ္တိလူမျိုးများက က္ကုသရေလပြည်ကို ၀င်ရောက်တိုက်ခိုက်ပြီး ပဋိညာဉ်သေတ္တာကို သိမ်းယူသွားခဲ့သော်လည်း ဒုက္ခများစွာပေးတဲ့အတွက် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါဝိတ်မင်းလက်ထက်မှာ တိုက်ပွဲများဖြစ်ပြီး၊ ဆော်လမွန်မင်းလက်ထက်မှာ ငြိမ်းချမ်းခဲ့ပါတယ်။ က္ကုသရေလနဲ့ဖိလိတ္တိ သမ္မာကျမ်းစာမှတ်တမ်း တိုက်ပွဲကြီးများ။ ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း Philistines capture the Ark of the Covenant (1 Samuel 4:1–10) ဖိလတ္တိစစ်ရှုံးခြင်း၊ Philistines defeated at the Battle of Eben-Ezer (1 Samuel 7:3–14). ဂျော်နသန် (ရှောလုမင်းရဲ့သားတော်) စစ်ရှုံးခြင်း Jonathan and his men were routed by Philistines (1 Samuel 14). ဒါဝိတ်နှင့်ဂေါလိယ David defeats Goliath in single combat at near the Valley of Elah, (1 Samuel 17). ဟေဇကိမင်း Hezekiah defeated the Philistines (2 Kings 18:5-8) Ehrlich, Carl S. (1996). The Philistines in Transition: A History from ca. 1000-730 BC စာအုပ်မှာ BC1475 မှ (ခရစ်မပေါ်မှ နှစ်ပေါင်း ၁၄၀၀)ကတည်းက ဖိလိတ္တိလူမျိုးများ ရှိခဲ့ကြောင်းရေးထားပါတယ်။ BC 10th ဒါဝိတ်မင်း၊ ဆော်လမွန်မင်းခေတ်အထိ အင်အားကြီးခဲ့ပြီး နောက်ပိုင်း BC 7th နောက်ပိုင်းမှာတော့ ဖိလိတ္တိလူမျိုးများ အားအင်နဲပါးသွားပြီး၊ အခြားလူမျိုးများနဲ့ ရောလျှက်ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။ ဖိလိတ္တိလူမျိုးများရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားပြောဆိုမှုများ အစအနရှာမရအောင် ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့် ခရစ်တော်ဖွားမြင်တဲ့အချိန်မှာ ဖိလိတ္တိလူမျိုးဆိုတာ မရှိတော့ပါဘူး။ နိဂုံးအနေနဲ့ ကောက်ချက်ချရမယ်ဆိုရင် ပါလက်စတိုင်းနဲ့ဖိလိတ္တိ လူမျိုးနှစ်မျိုး စာလုံးပေါင်းများကို လေ့လာလျှင် မတူညီကြပါ။ အသံထွက်လည်း တူမည်မဟုတ်ပါ။ မြန်မာ Burmese; ပါလက်စတိုင်း - ဖိလိတ္တိ အင်္ဂလိပ် English; Palestine - Philistines ဂရိ Greek Παλαιστίνη - Φιλισταίοι အီတလီ Italy; Palestina - Filistei ဟေဘရူး (အစ္စရေး) နှင့် အာရပ် ဘာသာစကား၂ခုတွင်လည်း ဘာသာရပ်ကျွမ်းကျင်သူများ လေ့လာနိုင်ပါတတယ်။ အချို့သမ္မာကျမ်းစာလေ့လာသူများနဲ့ ဂျူးသမိုင်းဖတ်ရှု၊ ရေးသားသူများက ဒီလူမျိုး၂ခုကို အတူတူလို့ ရေးကြ၊ပြောကြပါတယ်။ နေထိုင်ကျက်စားခဲ့တဲ့ နေရာကတော့ အတူတူပဲဖြစ်လို သွေးနှောမှုရှိမှာတော့ သေချာပါတယ်။ ဥပမာ မြန်မာပြည်က မွန်လူမျိုးနဲ့ပျူလူမျိုး၂ခုလို၊ မြန်မာပြည်မှာ နေထိုင်ခဲ့တာတော့ အတူတူဖြစ်ပေမဲ့၊ အခုအချိန်မှာတော့ ပျူလူမျိုးဆိုတာ အခုခေတ်မှာ မရှိတော့ပါဘူး။ အလားတူပဲ ဖိလိတ္တိလူမျိုးဆိုတာ အခုခေတ်မှာ မရှိတော့ပါဘူး။ အထက်ပါလေ့လာမှုအရ ယခုခေတ် ပါလက်စတိုင်းလူမျိုး နဲ့ သမ္မာကျမ်းစာဖိလိတ္တိလူမျိုး တို့ဟာ မတူကြောင်း တင်ပြလိုက်ပါတယ်။

No comments:

Post a Comment