ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

February 25, 2014

စိတ်နေသဘောထား

Attitude စိတ်နေသဘောထား စံနာမူပြုကျမ်းစာတစ်ခုဖြစ်သည်။ Couple and Bible ကမ္ဘာဦးကျမ်း အခန်း၂၄ တွင် အာဗြာဟံ၏သား က္ကုဇက်အတွက် ကြင်ယာရှာသည့် အဖြစ်အပျက်ကို ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါသည်။ မိမိသားသမီးများ ကြင်ယာလိုအပ်ပါက ဘုရားသခင်အား အဆက်မပြက်ဆုတောင်းခြင်းဖြင့် စတင်ရသည်။ သွက်လက်၊ချက်ချာ၊ မိဘလူကြီးရိုသေသော၊ ချောမောလှပါသော ရေဘက္ကာ ဆိုသည့် မိန်းကလေးငယ်အား တစိမ်းတစ်ဦးဖြစ်သည် အာဗြာဟံ၏ လူယုံကျွန်တစ်ဦး လာရောက်တောင်းရမ်းသည်ကို မိဘများက သဘောတူသည်။ သမီးဖြစ်သူ သဘောဟု ဆိုသောအခါ သမီးဖြစ်သူက ဘုရားသခင်အလိုတော်ကို လက်ခံပြီး က္ကုဇက် ရှိရာဒေသသို့ လိုက်လာ လက်ထပ်ပေါင်းသင်းသည့် လှပသော အိမ်ထောင်ထူထောင်သည့် သမ္မာကျမ်းစာ မင်္ဂလာပုံပမာ တကယ့်အဖြစ်ပျက် ဖြစ်သည်။ ဖတ်ကြည့်ပါ။ ကမ္ဘာဦးကျမ်း အခန်း၂၄ ထိုနည်းတူ ရိုမင်ကက်သလစ်ကျမ်းစာ တိုဘိဆိုသည်၏ ဇတ်လမ်းသည်လည်း အံ့သြဘွယ်ဖြစ်သည်။ ဘုရားကို အလွန်ရိုသေ၊ ချစ်မြတ်နိုး၊ နာခံ၊လိုက်လျှောက်သောသူ၊ အလွန်စေတနာစိတ်ရှိသူ၊ ပေးကမ်းရက်ရောသူ တိုဘိ ဆိုသူ သူဌေးတစ်ဦး ရှိသည်၊ အစ္စရေးလူမျိုးများအား စစ်နိုင်သော ဘုရင်တစ်ဦး ရှာမာနေဇာ ဖမ်းဆီးခံရပြီး၊ ကျွန်အဖြစ်ရောက်ခဲ့ရသည်။ ကိုယ့်လူမျိုးများကို မတရားသတ်ဖြတ်ခံရသည့် လူသေများကို လိုက်လံမြှတ်နှံပေးသူ၊ နောက်ဆုံး မျက်စိကွယ်ပြီး ဆင်းရဲဒုက္ခရောက်စဉ် သားဖြစ်သူအား ကြင်ယာရှာပေးသော အလွန်ကျော်ကြားလှသည့် စာရိတ္တပြုပြင်ရေး အစ္စရေးလူမျိုးများ စံနမူနာထားရသော ဇတ်လမ်းကြီးဖြစ်သည်။ နောက်ဆုံးတွင် နှစ်ပေါင်းများစွာ မျက်စိကွယ်သွားသော အဖိုးကြီး တိုဘိ၊ ငါးကြီးအဆီလိမ်းရာမှ ပြန်လည်မျက်စိမြင်ပြီး၊ သားလည်း လှပသောကြင်ယာရရှိ၊ ချမ်းသာကြွယ်ဝသည့် ဘ၀သို့ ရောက်ရှိသွားခြင်း၊ ဆင်းရဲ၊ ချမ်းသာ အမြဲတမ်း ဘုရားသခင်ကို ချီးမွမ်း၊ကျေးဇူးတင်နေသော တိုဘိဇတ်လမ်းလည်း အလွန်ဖတ်ကောင်းသော Attitude စိတ်နေသဘောထား 15 minutes reading စံနမူနာပြုကျမ်းစာတစ်ခုဖြစ်သည်။

ယခုခေတ်-ပါလက်စတိုင်း

ပါလက်စတိုင်းလူမျိုး ယခုခေတ်မှာ ပါလက်စတိုင်းလူမျိုးဆိုတာ နိုင်ငံမရှိတဲ့လူမျိုးလို့ သတ်မှတ်ထားပါတယ်။ ပါလက်စတိုင်းလူမျိုး အများစုဟာ အစ္စရေးနိုင်ငံ (သိမ်းပိုက်ခံ West Bank & Gaza Strip) ၊ ဂျော်ဒန်နိုင်ငံ၊ လက်ဘနွန်နိုင်ငံ စသည်တို့မှာနေထိုင်ပြီး၊ ကမ္ဘာအနှံအပြားမှာ ၁၁သန်းလောက် ပြန်ကျဲနေထိုင်လျှက်ရှိပါတယ်။ အစ္စရေးလူမျိုးများလိုပဲ တိုင်းတပါးအုပ်ချုပ်မှုများမှာ နှစ်ပေါင်းထောင်နဲ့ချီနေထိုင်ခဲ့ပြီး ၁၉၄၇ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံအမည်နဲ့ အစ္စရေး၊ပါလက်စတိုင်း လူမျိုး၂ခုကို ဗြိတိသျှနဲ့ကုလသမဂ္ဂတို့က ထူထောင်ပေးခဲ့ပါတယ်။ ၂ဖက်စလုံးမကျေမနပ် စစ်တိုက်ခိုက်ရင်း အစ္စရေးက အပြီးပိုင်သိမ်းယူပြီး အစ္စရေးနိုင်ငံထူထောင်လိုက်ပါတယ်။ သမိုင်းကြောင်းကို ကြည့်ရင် အစ္စရေး (ဂျူးလူမျိုးသမိုင်း) လိုပဲ၊ ရာဇ၀င်အရှည်ကြီးဖြစ်ပါတယ်။ ခုနှစ်ရာစု အာရပ်၊မူဆလင်များ ပါလက်စတိုင်းဒေသကို မသိမ်းပိုက်မှီက ခရစ်ယာန်၊ ဂျူး ဘာသာဝင်များဖြစ်ကြပြီး၊ အခုအများစုဟာ မူဆလင်ဘာသာဝင်များဖြစ်ပါတယ်။ ခရစ်ယန်များစွာလည်း ရှိပါတယ်။ အာရပ်ပါလက်စတိုင်း Palestine Arabic စကားကို ပြောဆိုကြပါတယ်။ အစ္စရေးနိုင်ငံတွင်းမှာရှိတဲ့ ပါလက်စတိုင်းများကတော့ ခေတ်ပေါ်ဟေဗရူး (အစ္စရေးဘာသာစကား) ကိုပြောတတ်ကြပါတယ်။ ပါလက်စတိုင်းများ သူတို့နယ်မြေလို့ ကြေညာထားတဲ့ မြေပုံဖြစ်ပါတယ်။ ပါလက်စတိုင်းလူမျိုးများ နေထိုင်တဲ့နေရာများ အစ္စရေး၊ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန် စတဲ့နိုင်ငံများရဲ့ နယ်မြေများပါဝင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကုလသမဂ္ဂရဲ့ စာရွက်ထဲမှာပဲ နယ်မြေရှိပြီး၊ နိုင်ငံပျောက်နေပါတယ်။ သို့သော် ကုလသမဂ္ဂမှာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်၊ ပြောရေးဆိုခွင့် ရရှိထားပါတယ်။ သမ္မာကျမ်းစာဖိလိတ္တိလူမျိုး Don Fleming ရဲ့ အဘိဓါန်မှာ ဖိလိတ္တိလူမျိုးဟာ ယခုခေတ် ပါလတိနပြည်လို့ ခေါ်တဲ့နယ်မြေဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ခါနာန်လူမျိုးများ လို့ခေါ်ပြီး၊ ခါနာန်ဘုရား၊ ဗာလဘုရား၊ ဒါဂုန်ဘုရားနှင့် ဗေဇေဗုလဘုရားများကို ကိုးကွယ်ကြပါတယ်။ ဖိလိတ္တိမြို့ငါးမြို့မှာ ဂါဇ။ အားဇုတ်၊ အာရှ၊ ကေလုန်၊ ဂါသ နဲ့ ဧကလုန်မြို့တို့မှာ အများအပြားနေထိုင်ခဲ့ကြပါတယ်။ က္ကုသရေလလူမျိုး (အစ္စရေး) နဲ့ ဖိလိတ္တိလူမျိုးများ တိုက်ပွဲများ၊ ငြိမ်းချမ်းရေးများ အတူနေထိုင်ခဲ့ပါတယ်။ မောရှေခေါင်းဆောင်တဲ့ လက်ထက်က က္ကူသရေလများ၊ ယောရှုခေါင်းဆောင်မှုနဲ့ ခါနာန်ပြည်ကို အောင်နိုင်တဲ့အခါ ဖိလိတ္တိလူမျိုးများ နယ်မြေကို မသိမ်းနိုင်ခဲ့ပါ။ ရှောလုမင်းလက်ထက် ဖိလတ္တိလူမျိုးများက က္ကုသရေလပြည်ကို ၀င်ရောက်တိုက်ခိုက်ပြီး ပဋိညာဉ်သေတ္တာကို သိမ်းယူသွားခဲ့သော်လည်း ဒုက္ခများစွာပေးတဲ့အတွက် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါဝိတ်မင်းလက်ထက်မှာ တိုက်ပွဲများဖြစ်ပြီး၊ ဆော်လမွန်မင်းလက်ထက်မှာ ငြိမ်းချမ်းခဲ့ပါတယ်။ က္ကုသရေလနဲ့ဖိလိတ္တိ သမ္မာကျမ်းစာမှတ်တမ်း တိုက်ပွဲကြီးများ။ ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း Philistines capture the Ark of the Covenant (1 Samuel 4:1–10) ဖိလတ္တိစစ်ရှုံးခြင်း၊ Philistines defeated at the Battle of Eben-Ezer (1 Samuel 7:3–14). ဂျော်နသန် (ရှောလုမင်းရဲ့သားတော်) စစ်ရှုံးခြင်း Jonathan and his men were routed by Philistines (1 Samuel 14). ဒါဝိတ်နှင့်ဂေါလိယ David defeats Goliath in single combat at near the Valley of Elah, (1 Samuel 17). ဟေဇကိမင်း Hezekiah defeated the Philistines (2 Kings 18:5-8) Ehrlich, Carl S. (1996). The Philistines in Transition: A History from ca. 1000-730 BC စာအုပ်မှာ BC1475 မှ (ခရစ်မပေါ်မှ နှစ်ပေါင်း ၁၄၀၀)ကတည်းက ဖိလိတ္တိလူမျိုးများ ရှိခဲ့ကြောင်းရေးထားပါတယ်။ BC 10th ဒါဝိတ်မင်း၊ ဆော်လမွန်မင်းခေတ်အထိ အင်အားကြီးခဲ့ပြီး နောက်ပိုင်း BC 7th နောက်ပိုင်းမှာတော့ ဖိလိတ္တိလူမျိုးများ အားအင်နဲပါးသွားပြီး၊ အခြားလူမျိုးများနဲ့ ရောလျှက်ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။ ဖိလိတ္တိလူမျိုးများရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားပြောဆိုမှုများ အစအနရှာမရအောင် ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့် ခရစ်တော်ဖွားမြင်တဲ့အချိန်မှာ ဖိလိတ္တိလူမျိုးဆိုတာ မရှိတော့ပါဘူး။ နိဂုံးအနေနဲ့ ကောက်ချက်ချရမယ်ဆိုရင် ပါလက်စတိုင်းနဲ့ဖိလိတ္တိ လူမျိုးနှစ်မျိုး စာလုံးပေါင်းများကို လေ့လာလျှင် မတူညီကြပါ။ အသံထွက်လည်း တူမည်မဟုတ်ပါ။ မြန်မာ Burmese; ပါလက်စတိုင်း - ဖိလိတ္တိ အင်္ဂလိပ် English; Palestine - Philistines ဂရိ Greek Παλαιστίνη - Φιλισταίοι အီတလီ Italy; Palestina - Filistei ဟေဘရူး (အစ္စရေး) နှင့် အာရပ် ဘာသာစကား၂ခုတွင်လည်း ဘာသာရပ်ကျွမ်းကျင်သူများ လေ့လာနိုင်ပါတတယ်။ အချို့သမ္မာကျမ်းစာလေ့လာသူများနဲ့ ဂျူးသမိုင်းဖတ်ရှု၊ ရေးသားသူများက ဒီလူမျိုး၂ခုကို အတူတူလို့ ရေးကြ၊ပြောကြပါတယ်။ နေထိုင်ကျက်စားခဲ့တဲ့ နေရာကတော့ အတူတူပဲဖြစ်လို သွေးနှောမှုရှိမှာတော့ သေချာပါတယ်။ ဥပမာ မြန်မာပြည်က မွန်လူမျိုးနဲ့ပျူလူမျိုး၂ခုလို၊ မြန်မာပြည်မှာ နေထိုင်ခဲ့တာတော့ အတူတူဖြစ်ပေမဲ့၊ အခုအချိန်မှာတော့ ပျူလူမျိုးဆိုတာ အခုခေတ်မှာ မရှိတော့ပါဘူး။ အလားတူပဲ ဖိလိတ္တိလူမျိုးဆိုတာ အခုခေတ်မှာ မရှိတော့ပါဘူး။ အထက်ပါလေ့လာမှုအရ ယခုခေတ် ပါလက်စတိုင်းလူမျိုး နဲ့ သမ္မာကျမ်းစာဖိလိတ္တိလူမျိုး တို့ဟာ မတူကြောင်း တင်ပြလိုက်ပါတယ်။

February 10, 2014

(ဟေဗြဲမှလေ.လာသမျှ)

ဟေဗြဲ ၁း၁၁ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက် သော်လည်း ကိုယ်တော်သည်အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊ ၁၂ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။ ၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီ တိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သောကောင်းကင် တမန်ကိုတခါမျှမိန့်တော်မူဘူးသနည်း။ ၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကိုပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည်မဟုတ်လော့။
 ဟေဗြဲ ၂း၁၈ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည် သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။
 ဟေဗြဲ ၃း၁၉ သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့် သာမဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။ ၄း၂ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြား ရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင်. အကျိုးကိုမပေး။ ၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ ၁၃ ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာ တစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ် အကာမရှိဘဲ၊ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏။ ၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
 ဟေဗြဲ ၅း၁၂ သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့် သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ရှေ့ဦးစွာ သင်ရသောတရားနုတို့ကိုသူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကိုမသုံးဆောင်၊
 နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။ ၁၃ နို့ကိုသာ သုံးဆောင်သော သူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်း တရား၌လေ့လာခြင်းမရှိ။ 
 ဟေဗြဲ၆း၁၁-၁၂ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့်သည်းခံခြင်း အားဖြင့်ဂတိတော် တို့ကိုအမွေခံရသော သူတို့နည်းတူကျင့်နိုင်မည်အကြောင်း၊ ထိုသို့သောလုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသောမြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည်အလိုရှိကြ၏။
 ဟေဗြဲ ၇း၉ ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကိုပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။ ၁၀ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည်မိမိအဘ၏ ကိုယ်၌ ရှိသတည်း။
 ဟေဗြဲ ၈း၉ ငါသည်ဤလူမျိုး၏ ဘိုးဘေး တို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ် တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသောပဋိညာဉ် တရား၌ သူတို့သည်မတည်ကြ။ ငါသည်လည်းသူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။ ၁၀ နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ် ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။
 ဟေဗြဲ ၉း၁၂ ငါတို့အဘို့ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။ ၁၃ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓွာ၌စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊ ၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။ 
 ဟေဗြဲ ၁၀း၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်း ဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည် ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။၃၇ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီရောက်တော်မူလိမ့်မည်။ ၃၈ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင်အမိန့်တော် ရှိ၏။၃၉ ငါတို့မူကား ပျက်ဆီခြင်းသို့ရောက် အံ့သောငှါ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်း သို့ ရောက်အံ့သောငှါ ယုံကြည်သောသူဖြစ်ကြ၏။
 ဟေဗြဲ ၁၁း၁ ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။၎ အာဗေလသည်၊ ကာဣန ပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော် မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူ သောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏၁၇ အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။၁၈ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသောသူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကိုပူဇော်၏။ ၁၉ ထိုသို့ပူဇော်သောအခါ သေခြင်းမှထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ၂၃ မောရှေကိုဘွားမြင်ပြီးမှ အဆင်းလှသောသူငယ်ဖြစ်သည်ကို မိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်းအား ဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။ ၂၇ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏၊ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရား သခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။ ၂၈ သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။ ၂၉ ဣသရေလ လူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့နည်းတူ အဲဂုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။ ၃၀ ရေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံး ဝိုင်း၍လှည့်ပြီးမှ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။ ၃၁ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့်အတူ မပျက်ဆီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။ ၃၉ ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။ ၄၀ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့အလိုငှါ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။ Life is like a race. Let us run hard, and concentrate on the end of the race. v2 Let us keep looking to Jesus. He is the source of our *faith. He is at the end of our path of *faith. He is working to make our path perfect.We are like runners in a race. The race is our lives and all of us must run it as a runner competes in a race. He trains himself so that he becomes strong. He makes sure that his weight is not too heavy. While he is running, he does not carry or wear anything that he does not need. He runs to win. The runner throws off anything that would slow him down. So we must throw off anything that would make our trust in God weaker. These are things that may not be bad in themselves. But they do not make us stronger Christians. Then there are the *sins that we find so easy to do. We must be careful that we do not fail and do them. 
To live as God wants us to live, we have to be patient and never give up. We have to continue, strong in our trust in God, until our life here on earth comes to an end. 
Verse 2 We must always keep looking to Jesus. He shows us what *faith is and our *faith comes from him. He will help us to trust God to lead us along the path that God has planned for us. Jesus’ own path led him to die on a cross. 
The *Jews considered that death on a cross brought great shame upon the one who died. But Jesus was looking beyond death. He saw the joy that was to come when he went back to his Father in heaven. There he would share his joy with all God’s people. 
 ဟေဗြဲ ၁၂း၆ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ ၂၅ သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည် မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။
 ဟေဗြဲ ၁၃း၅ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။

February 7, 2014

မေတ္တာဖြင့်အသက်ရှင်သော ကောင်းသောအကျင့်

မေတ္တာဖြင့် အသက်ရှင်သော ကောင်းသောအကျင့် သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သော အကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။ (မဿဲ ၅း၂၀)
 မှောင်မိုက်ကမ္ဘာထဲတွင် အလင်းရောင် ထွန်းလင်းတောက်ပလာသကဲ့သို့ ယနေ့ခေတ် ယုံကြည်သူများ၏ အသက်တာကို ကမ္ဘာလောကကြီးထဲတွင် အများတကာ မြင်နိုင်စေရန် မားမားမတ်မတ်ရပ်တည်စေချင်ပါသည်။ လောက ၏ စုံစမ်းနှောက် ယှက်ခြင်းများက ကျွန်တော်တို့၏ အသင်းတော်နှင့် လူတို့၏ အသက်တာထဲတွင် တံခါးမရှိ၊ ဓါးမရှိ ၀င်ချင်သလို ၀င်ရောက် လာတတ် ပါသည်။ သို့သော် ထိုအရာများက ကျွန်တော်တို့၏ အသက်တာထဲက အလင်း ကို ပိုမို ထွန်းလင်းတောက်ပလာ စေပါသည်။ ခရစ်တော်က ကျွန်တော်တို့၏ အသက်တာကို ဤလောက၏အလင်းနှင့် ဆားအဖြစ် ခွဲခန့်မှတ်သားထားပါသည်။ ခရစ် တော် ၏ အဆင့်အတန်း သတ်မှတ်ချက်က ကျွန်တော်တို့အတွက် အလွန် မြင့်မားလွန်းပါသည်။ ထို့ကြောင့် ခရစ်တော်က နောက်လိုက် တပည့်တော်များကို အထက်ပါ ကျမ်းချက်အားဖြင့် သတိပေးခဲ့ပါသည်။ ဤရေးသားချက်ကြောင့် ဤစာမျက်နှာကို ရေးသားသူများသည် ပညတ် သမားဖြစ်ကောင်းဖြစ်နိုင်သည် ဟု အထင်မလွှဲ လိုက်ပါနှင့်။ ဖာရိရှဲများနှင့် ကျမ်းတတ်များသည် ထိုခေတ်အချိန်ကာလက အကောင်းဆုံး ပုဂ္ဂိုလ်များ ဖြစ် ခဲ့ကြသည်။ သူတို့သည် ပညတ်တော်များနှင့် ကောင်းသောအကျင့်များကို တန်ဘိုးထား ကျင့်သုံးခဲ့ကြသည်။ သူတို့သည် ပညတ်တော် များကို အခြေပြုပြီး ငြင်းခုံဆွေးနွေးရခြင်းကို တန်ဘိုးထား မြတ်နိုးခဲ့ကြသည်။ သူတို့၏ အသက်တာကို မောရှေ၏ ပညတ်တော်များနှင့် ဘောင်ခတ်ထားပြီး ထိုအခြေအနေကိုပင် ဂုဏ်ယူဝင့်ကြွားနေကြသည်။ သူတို့သည် ဘုရားသခင်၏ အမြင်ကို အမြဲတမ်း တန်ဘိုးထားခဲ့ကြပြီး ဘုရားသခင်၏ မျက်မှောက်တော်မှ သူတို့ကိုယ်သူတို့ ပျောက်ကွယ်မည်ကို စိုးရိမ်နေကြသူများ ဖြစ်သည်။ သခင်ယေရှုသည် မေတ္တာနှင့် ပတ်သတ်သော အတွေးအခေါ်အလွန် မြင့်သည် ပညတ်တော်များအကြောင်းကို ဟောပြောခဲ့သည်။ သူ၏ တပည့်တော်များ အတွက် ထိုအကြောင်းများကြောင့် အရှက်တရား ခံစားစေချင်သည်။ ခရစ်တော်သည် ကျွန်တော်တို့အား မြေပြင်ပေါ်မှ လူသားများ အားလုံးကို ကိုယ့်အသွေးအသားကဲ့သို့ ချစ်စေချင်သည်။ ဖာရိရှဲနှင့် ကျမ်းတတ်တို့က ဘာသာရေး အမြင်၊ ဘာသာရေး သွန်သင် ချက်ကြောင့် ချစ်ခြင်းမေတ္တာထားကာ အသက်ရှင်သော်လည်း တစ်ကယ့် စစ်မှန်သော ယုံကြည်သူတစ်ယောက်အတွက် ထိုမျှမက တစ်ပါး သူကို ချစ်မြတ်နိုးဘို့ ကိုယ်တော်က အလိုရှိပါသည်။ ထိုမေတ္တာဖြင့် ဤလောက ၏ ဆားဟူသော ခရစ်တော်မြှောက်စား မှုသည် အမှန်တကယ် အသက်တာတွင် ထင်ရှားပါလိမ့်မည်။

(ဧဖက်/ဖိလိပိ/ ကောလောသဲ /၁သက် /၂သက်)မှ

ဧဖက်၁း၁၁ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။
 ဧဖက်2; ၄ သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ ၅ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။ အကြောင်း မူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည် အကြောင်း ဖြစ်သတည်း။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ ၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ ၁၃ သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
ဧဖက်5; ၁၆ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ၁၇ ထိုကြောင့် သတိမရှိ သောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။ ဖိလိပိ3;၁၃ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတခု ဟူမူကား၊ နောက်ကျ သောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ၁၄ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။
 ဖိလိပိ4;၄ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်; ပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း သည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။ ၁၉ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည်အတိုင်း၊သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်
 ကောလော၁း၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ ၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။ ၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။၁၆ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ ၁၈ အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏။ ၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ ၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။ ၁၃ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌၎င်း သေလျက်ရှိနေ သော သင်တို့ကိုခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏။ ၁၄ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။
 ကောလော၃း၂ မြေကြီး ပေါ်မှာရှိသောအရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်း ခြင်းရှိကြလော့။ ၅သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍၊ ၁၀ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ် ဆောင်သောသူ ဖြစ်ကြ၏။
၁၃ တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော် သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။
၁သက်သာ ၃း၁၂ ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့ အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်ပါရမီ၌ မြဲမြံခိုင်ခန့်စိမ့်သောငှါ၊ ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်ကို၎င်း၊ သူတပါး အပေါင်းတို့ကို၎င်းချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည် အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော်။ ၁သက်၎း၇ ဘုရား သခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကိုခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။ ထိုကြောင့်၊ ငါတို့ကို ငြင်းပယ်သောသူသည် လူကိုသာငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။ ၆း၆ သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။၈ နေ့၏သား ဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။၁၈ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။ ၂၃ ငါတို့သခင် ယေရှုခရစ် ကြွလာတော်မူသောအခါ၊ သင်တို့၏ကိုယ်ခန္ဓွာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။ ၂သက်၂း၃ အဘယ်သူမျှ သင်တို့ကို အဘယ်သို့အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။၃း၆ ညီအစ်ကိုတို့၊ ငါတို့ထံ၌ ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကို ရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ၏။

February 4, 2014

၂ကော မှ ယနေ.ကျမ်းစာလေ.လာချက်များ

2corint2:14> ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကိုအစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း။ 
2corin 3: ၂ သင်တို့သည်ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သော ငါတို့စာပင်ဖြစ်ကြ သတည်း။ 
2corin 3;14 ဓမ္မဟောင်းကျမ်းစာကို ဘတ်ကြသောအခါ အနက်အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ 
2corin4; ၄ ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။ 
2corin 4; ၁၄ သခင်ယေရှုကိုထမြောက်စေတော်မူသော သူသည် ယေရှုအားဖြင့် ငါတို့ကိုလည်းထမြောက်စေ၍၊ သင်တို့နှင့် အတူအထံတော်၌သွင်းတော်မူမည်ဟု ငါတို့သိကြ၏။ 
2corin 4; ၁၆ ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ပြုပြင်ခြင်းကိုခံရ၏။
 2corin 5; ၉ ထိုကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ၊သခင်ဘုရားနှစ်သက်တော်မူသောသူဖြစ်ခြင်းငှါ
 စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။ ၁၀ အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓွာ၌ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်းအကျိုးအပြစ် ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်။ ၁၇ လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်
 ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ၁၈ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့်ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသောအခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။ ၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။ ၂၀ ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟုဘုရားသခင်သည်ငါတို့အား ဖြင့်
 နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင် ကြ၏။ ၂၁ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း
 2corin 6; ၁၇ ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည်လက်ခံမည်။ ၁၈ သင်တို့၏ အဘဖြစ်မည်။ သင်တို့သည်လည်းငါ၏ သားသမီး ဖြစ်ကြလိမ့်မည် ဟုအနန္တတန်ခိုး နှင့်ပြည့်စုံသော ထာဝရ ဘုရားမိန့် တော်မူ၏။ 
2corin8; ၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏
 2corin 9; ၇ လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။
 နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော် မူ၏။ ၈ ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ ၉ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့်ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏ 
2corin12; ၉ ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ၁၀ သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသောအားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်း သောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။

February 3, 2014

ဒီနေ.ကျမ်းစာလေ.လာသမျှ (၁ကော)

1ကော၃း၃ ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည်မဟုတ်လော။
 1ကော၃း၈ စိုက်ပျိုးသောသူနှင့် ရေလောင်း သောသူသည် တလုံးတဝတည်းဖြစ်၍၊ အသီးအသီးမိမိလုပ်သည်အတိုင်းမိမိအကျိုးကိုခံရလိမ့်မည်။ 1ကော၃း၁၁ ယေရှုခရစ် တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှ တပါးအခြား သောတိုက် မြစ်ကိုအဘယ်သူမျှမချနိုင်။
 1ကော၃း၁၄ ထိုတိုက်မြစ် အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ 1ကော၃း၁၆ သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း၊ မသိကြသလော။
1ကော၃း၁၇ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏၊ ထိုသူကိုဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏။
၁ကော ၆း၁၇ ဘုရားသခင်၌ မှီဝဲ သောသူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ်၏။
၁ကော ၆း၁၉ အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓွာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင် ကြောင်းကို၎င်း၊ မသိကြသလော။ ၂၀ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားကြစေလော့။ ၁ကော ၆းရ လူအသီးအသီးတို့သည်ဘုရားသခင်
 ပေးသနားတော်မူသည်အတိုင်း အသီးအသီးသောဆုကျေးဇူးကို ခံရကြ၏။ ၁ကော ၈း၂ အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏၊ ထိုသူသည် သိအပ်သည်အတိုင်းအလျှင်းမသိသေး။
၁ကော ၉း၁၆ မဟောဘဲမနေနိုင်၊ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။၁၈-ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲ နေစေခြင်းငှါ ပြုလျှင် ငါ၌အကျိုးရှိ၏။
၁ကော ၉း၂၅ ငါတို့မူကား မညှိုးနွမ်းမပျက်ဆီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။။၂၇ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။
၁ကော ၁၀း၃ ဓမ္မအစာကို အတူစား ကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ၄ ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ် သတည်း။၅ သို့သော်လည်း ထိုသူတို့တွင် များစွာသောသူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်ဆီးခြင်းသို့ ရောက်ကြ၏။ ၆ ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအ ကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေဖြစ်ကြ၏။
 ၁ကော ၁၀းရ - လူတို့သည် စားသောက်လျက် -၈ရုတ်တုကို ကိုးကွယ်သကဲ့သသို.မတရားသောမေထုန်ကို -၉မစုံစမ်း မနှောင့်ရှက်ဘဲ နေကြကုန်အံ့-၁၀မြည်တမ်းခြင်း။၁၁-ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ရေးထား လျက်ရှိသတည်း။
 ၁ကော ၁၀း၁၇ မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏ ၁ကော၁၃း၎ မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။
၁ကော၁၄း၂၀ ညီအစ်ကိုတို့ သင်တို့သည် ဥာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့သူငယ် ဖြစ်ကြလော့။ ဥာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့။
၁ကော ၁၄း၃၃ ဘုရားသခင်သည်ရုန်းရင်းခတ်သော အမှုကို ပြုစုတော်မမူ။၃၄ သင်တို့၏မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသောအခွင့် မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။
၁ကော၁၆း၁၀ သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသောကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသောတမန်တော် အပေါင်းတို့ထက်၊ ငါသည် သာ၍ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူ ရှိသောဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။